သွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ ဦးနှောက်ကို သွေးလွှတ်မှု ပုံမှန်မဟုတ်ပဲ သွေးရိုက်ချက်ပြင်းတဲ့ Stroke အမည်ရ ရောဂါ။ ယင်းရောဂါသုံးခုစလုံးသာ လူတစ်ယောက်တည်းမှာရှိရင် ပျမ်းမျှအားဖြင့် သူ့ရဲ့အသက် ဟာ အလိုအလျောက် ၂၃ နှစ် လျော့ပြီးသား ဖြစ်ကြောင်း ဆိုပါတယ်။
သွေးချို၊ နှလုံးနှင့် ဦးနှောက်သွေးကြောထိ Stroke တို့ဟာ လူအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါများ ဖြစ်ပါတယ်။ ယင်းရောဂါများ ဖြစ်တဲ့ အကြောင်းအရင်းကလည်း စားသောက်မှု အစားအစာ မသန့်ရှင်းခြင်း၊ အစားအသောက်အာဟာရ မျှမျှတတမစားခြင်း၊ အားကစားမပြုလုပ်ခြင်း၊ အရက်၊ ဆေးလိပ် အစရှိ သဖြင့်တို့ကို လွန်လွန်ကဲကဲ သောက်သုံးခြင်းတို့မှ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုပါတယ်။ အကယ်၍ ယင်း ရောဂါ သုံးခုကို အသက် ၄၀ မကျော်ခင်ကတည်းက ဖြစ်ထားတယ်ဆိုရင် အသက် ၂၃ နှစ်ဟာ အလို အလျောက် နုတ်ပြီသား ဖြစ်ကြောင်း သုံးသပ်ပြထားပါတယ်။ ယင်း သုတေသနကို အသက် ၄၀ အောက် အမျိုးသမီး အမျိုးသမီးများဖြင့် စစ်တမ်းကောက် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိတို့ဟာ ကျန်းမာရန် အစားအသောက်ကို ဆင်ခြင်စားသောက်ခြင်း၊ အားကစား ပြုလုပ်ခြင်း၊ အရက်၊ ဆေးလိပ်များကို ပါးစေသမျှ ပါးစေခြင်း တို့ဖြင့် ကျန်းမာရေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment