Tuesday, November 10, 2015

ကျေးဇူးတင်ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ

၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက် အားပေးကူညီထောက်ခံခဲ့ကြသော မိဘပြည်သူများ၊ အဖွဲ့အစည်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိပါသည်။ နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲအောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အတူ မိမိတို့ပါတီမှအောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပူးပေါင်းလက်တွဲပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြု မှတ်တမ်းတင် ကြေငြာအပ်ပါ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ