Showing posts with label ရွေးကောက်ပွဲသတင်း. Show all posts
Showing posts with label ရွေးကောက်ပွဲသတင်း. Show all posts

Tuesday, September 29, 2015

ဝ/ မိုင်းလားနယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကော်မရှင် ဥက္ကဌနှင့် ဆွေးနွေး

ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တိုင်းနှင့် မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ၀ ၊ မိုင်းလား တာဝန်ရှိသူများ စက်တင်ဘာလ ၂၉ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် မိုင်းလားဘက်မှ လက်ခံကျင်းပမည် မဟုတ်ကြောင်း အကြောင်းတပါ တည်း အကြောင်းပြန်ကြားခဲ့သည်ဟု မိုင်းလားဒေသအား အုပ်ချုပ်နေသည့် NDAA မိုင်းလား အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။

''သူတို့ဘက်ကတော့ မိုင်းလားနယ်ထဲ ကျင်းပချင်တယ်။ တကယ်လို့ မြို့ပေါ် မရရင်လည်း အစပ်နားက တိုက်နယ် ရွာတွေနားအထိ မဲပုံးလာထောင်ချင် တယ်လို့ ပြောတယ် ။ ကျနော်တို့သဘောထားကတော့ အရင်တုန်းက အတိုင်းပါပဲ။ ကျင်းပဖို့ကလည်း မသင့်တော်သေးဘူးလေ

Wednesday, September 23, 2015

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်

ရွေးကောက်ပွဲကျင်းပရန် တစ်လခွဲခန့်သာလိုတော့သည်။

ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှုများ၊ မဲပေးရမည့်စာရင်းတွင် မပါဝင်မှုများ အကြောင်း လူအများက စိတ်ဝင်တစား ဝေဖန်နေကြသော်လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုကိုတော့ မေ့နေကြဆဲ ဖြစ်သည်။

ယင်းမှာ နိုင်ငံရေးပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်မှုပင်။

နိုင်ငံရေးပြိုင်ဘက်များကို အပြတ်ရှင်းခြင်း (သို့မဟုတ်) အသက်မသေသည့်တိုင် နိုင်ငံရေးလောကမှ ထွက်ခွာသွားအောင် ခြိမ်းခြောက်နှောင့်ယှက်သည့် ဓလေ့က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ကျင်းပသည့် ၁၉၅၆ ရွေး ကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့် မင်းလှလေးလောင်း ပြိုင်လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ် ဦးအောင်သာ သတ်ဖြတ်ခံရမှုတို့သည် လက်သည် တရားခံမပေါ်ဘဲ ပြီးပြတ်ခဲ့ရသည်။

နောက်လေးနှစ်အကြာ ကျင်းပသော ၁၉၆၀ ရွေးကောက်ပွဲတွင်လည်း အမည်မဖော်နိုင်သည့် လက်သည်တရားခံအချို့ ထပ်မံထွက်ပေါ်လာပြီး ငါန်းဇွန်မြို့နယ်၌ သတ်ဖြတ်မှုများ ထပ်မံကျူးလွန်ခဲ့ ပြန်သည်။

ထို့ကြောင့် လာမည့်လပိုင်းတွင် ကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း လွှတ်တော်သို့ သွားရာလမ်း၌ လုံခြုံရေးကို သတိပေါ့လျော့ရန် မသင့်ပေ။

လက်ရှိအချိန်တွင် လွှတ်တော်အမတ်များအတွက် အသက်အန္တရာယ်ထိခိုက်နိုင်သည့် ခြိမ်းခြောက်မှုမျိုး မမြင်တွေ့ရသေးသော်လည်း သတိထားရမည့် အန္တရာယ်ပြုမူမှုများတော့ ရှိနေသည်။

အမတ်လောင်းများသည် အတိတ်ကဖြစ်ရပ်များကဲ့သို့ အစဖျောက်သတ်ဖြတ်မှုများ မခံရတော့သော်လည်း သူတို့၏ ရုပ်ပုံများနှင့် ကြော်ငြာဆိုင်းဘုတ်များကတော့ လုပ်ကြံသတ်ဖြတ်ခံနေရပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် NDF ပါတီမှ ကိုယ်စားလှယ်လောင်း၏ ဓာတ်ပုံကို မည်သူလာရောက် ဖြုတ်ယူသွားသည်ကို မသိရသေးကြောင်း ၀င်ရောက်ယှဉ်ပြိုင်သူ ဦးမောင်မောင်ကြီးက ပြောသည်။

‘‘အမှတ် (၈)ရပ်ကွက်မှာရှိတဲ့ ကွမ်းယာဆိုင်နဲ့ ဆီဆိုင်ကြားမှာ ကျွန်တော့်ပုံနဲ့ နောက်ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပုံတွေ ချိတ်ထားတာအခုချိန်ထိ ဘယ်သူဖြုတ်သွားမှန်း မသိသေးဘူး။ ရဲစခန်းတော့သွားပြီး မတိုင်တော့ပါဘူး။ နောက်ဆို သေသေချာချာ သတိထားလုပ်ဖို့အတွက်ကိုပဲ စီစဉ်နေပါတယ်’’ဟု ဦးမောင်မောင်ကြီးက ပြောသည်။

ခြိမ်းခြောက်လုပ်ကြံခံရမှုများသည် လွှတ်တော်အမတ်လောင်းများပင် မဟုတ်၊ ၎င်းတို့၏ မိခင်ပါတီများ သည်လည်း ပစ်မှတ် ဖြစ်လာခဲ့ကြရသည်။

၂၀၁၀ အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုး၏ ဆိုင်းဘုတ်များသည်လည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။ မန္တလေးပြည်ကြီး တံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင် ဆိုင်းဘုတ်တင်ထားသော ပြည်ခိုင်ဖြိုးပါတီ၏ အလျား ၁၀ ပေ၊ အနံ ၄ပေရှိ ပါတီ ဗီနိုင်းဆိုင်းဘုတ်ကို စက်တင်ဘာ ၂၀ ရက်က ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဘလိတ်ဓားနှင့်လှီးဖြတ်ဖျက်ဆီးခြင်းခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ စုံစမ်းသိရ သည်။

ထို့အပြင် ကောလင်းမြို့နယ်တွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရပြီး သာပေါင်းမြို့နယ်၊ ကန့်ဘလူမြို့ နယ်တို့တွင်လည်း အလားတူဖြစ်စဉ်များ ကြုံခဲ့သည်။

လက်ရှိအချိန်အထိ နိုင်ငံရေးပါတီများနှင့် အမတ်လောင်းများ၏ ရွေးကောက်ပွဲ ကြော်ငြာဆိုင်းဘုတ် ၃၀ခန့် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။

အဆိုပါအမှုများနှင့် ပတ်သတ်၍ သံသယရှိသူအချို့အား ခေါ်ယူစစ်ဆေးမှုများရှိခဲ့သော်လည်း တစ်စုံတစ်ယောက်ကိုမျှ အရေးယူနိုင်ခြင်း မရှိခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးရပ်တည်ချက်ချင်းမတူသော်လည်း ပြည်ခိုင်ဖြိုး ကဲ့သို့ပင် ခြိမ်းခြောက်ခံခဲ့ရမှုများလည်း ရှိခဲ့သည်။

မလှိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခွဲတွင် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ခန့်က ‘‘ပြောင်းလဲချိန်တန်ပြီ’’ ဇာတ်ကားဖြင့် မဲဆွယ်စည်းရုံး ဟောပြောရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ခေါင်းမိုးကို လောက်လေးခွဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခံခဲ့ ရသည်။

ခြိမ်းခြောက်နှောင့်ယှက်မှုများက ပါတီမရွေး။ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည်လည်း အဆိုပါအဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လိန်ပင်ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က NDF ပါတီဝင်တစ်ဦး၏ နေအိမ်ရှေ့ ခြံစည်းရိုး ၌် စိုက်ထူထားသည့် NDF ပါတီဆိုင်းဘုတ်ကို ယင်းကျေးရွာမှ အမျိုးသားတစ်ဦးက အော်ဟစ်ကာ သစ်သားတုတ်ဖြင့် ဆိုင်ဘုတ်ကို ဆုတ်ဖြဲ၍ အနီးရှိ ဆည်တော်ကြီးမြောင်းအတွင်းသို့ လွှင့်ပစ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သူ၏ နောက်ကွယ်တွင် မည်သည့်နိုင်ငံရေးပါတီများ သွေးထိုးလှုံ့ဆော် မှုများရှိ၊ မရှိစုံစမ်းစစ်ဆေး၍ ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်များပြုလုပ်မည်ဖြစ်ကြောင်း NDF ပါတီ ဗဟို လုပ်ငန်းကော်မတီဝင် ဦးခင်မောင်သန်းက ပြောသည်။

ပြင်းထန်သည့် အားပြိုင်မှု များနှင့် ထောက်ခံသူရော၊ ကန့် ကွက်ခဲ့သူများပါရှိနေသည့် မဲဆန္ဒနယ်များသို့ သွားလာနေကြရသည့် အမတ်လောင်းများအတွက် လုံခြုံရေးယူပေးမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများက ပြောသည်။

‘‘ကျွန်တော်တို့ကို လုံခြုံရေးအတွက်ဆိုပြီး ခေါင်းစဉ်တပ်ပြော တာမရှိပေမယ့် မဲဆွယ်စည်းရုံး ရေးဆင်းတဲ့အခါ ကိုယ်စားလှယ်လောင်းတွေ စုစုစည်းစည်းနဲ့သွားဖို့ ပါတီက မှာထားပါတယ်။ ဒါကိုကပဲ လုံခြုံရေးအတွက် မှာကြားတယ်လို့ ယူဆပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမဲ ဆန္ဒနယ်(၁)မှ ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်းက ပြောသည်။

ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရသည့်ကိစ္စများနှင့် ပတ်သက်၍ သူ့အခွင့်အရေးကိုယ့် အခွင့်အရေး၊ သူ့ပါတီဆိုင်းဘုတ် ကိုယ့်ပါတီဆိုင်းဘုတ်ကို အပြန်အလှန် လေးစားပြီး သန့်ရှင်းစွာ ယှဉ်ပြိုင်သင့်ကြောင်း ၎င်းကအ ကြုံပြုသည်။

‘‘ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီနိုင်ငံ ဘယ်လိုတည်ဆောက်မလဲ ဗျာ’’ ဦးနိုင်ငံလင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် လုံခြုံရေးအတွက် လိုအပ်ပါက မည်သည့် ပါတီဝင်မဆို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံး၊ ရဲစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ လာရောက်အကူအညီတောင်းခံနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းဗိုလ် က ပြောသည်။

‘‘ဘယ်ကိုယ်စားလှယ်လောင်းတွေမဆို မိမိတို့ မြို့နယ်မှာစည်းရုံးရေးဆင်းလို့ လုံခြုံရေး တောင်းလို့ရပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ မြို့ နယ်ရဲစခန်းတွေမှာလည်း အကူအညီတောင်းလို့ရတယ်။ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာလည်း အကူအညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့ကတော့ မိုင်းရှင်း လင်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ပေးမှာပါ’’ဟု ၎င်းက ပြောသည်။

မြို့ကြီးများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများအတွက် ရဲတပ်ဖွဲ့ထံ လုံခြုံရေး တောင်းခံနိုင် သော်လည်း အစိုးရအာဏာစက်နှင့် အလှမ်းဝေးသည့်ဒေသများမှ အမတ်လောင်းများအတွက်တော့ စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။

ရှမ်းပြည်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် လုံခြုံရေးကြောင့် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားကြရန် အမတ်လောင်းများအား သတိပေးထားသည်။

RCSS/SSA သည် ရှမ်းပြည်နယ် ကွန်ဟိန်း၊ မောက်မယ်၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မိုင်းပန်စသည့် ဒေသများတွင် အာဏာသက်ရောက်သည့် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

‘‘အစိုးရဘက်အခြမ်းဆိုလည်း သိပ်ပြဿနာမရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင်အခြေစိုက်တယ်ဆိုလည်း သိပ်ပြဿနာမရှိဘူး။ နှစ်ဖက်စလုံးရှိတဲ့နေရာဆိုရင် သတိထားရတယ်။ နောက်တစ်ခုက ဒေသက လူမျိုးစုတစ်ခုအခြေစိုက်တဲ့ နယ်မြေဖြစ်ပေမယ့် အမတ်က အခြားလူမျိုးဆိုရင်လည်း သတိထားရ မယ်’’ဟု ရှမ်းပြည်တောင်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

လက်နက်ကိုင်များရောထွေးနေသည့် ဒေသမှ အမတ်လောင်းများအတွက် စိုးရိမ်စိတ်က ရွေးကောက်ပွဲနီးမှ မဟုတ်။ ရွေးကောက်ပွဲ မစတင်မီကာလများကတည်းက ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်ကျေးဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သူ လေးဦးနှင့်ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိ ကြောင်း နမ့်စန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆိုသည်။

နိုင်ငံရေးလုပ်ကြံမှုများသည် ရွေးကောက်ပွဲနီးကပ်လာပါက ပိုမိုပြင်းထန်လာတတ်ပြီး အနိုင်ရလိုသော်လည်း ပြိုင်ဘက်အမတ်လောင်းအား အနိုင်ရနိုင်ခြေမရှိသော အာဏာမက်မောသူများ၏ နောက်ဆုံး နည်းလမ်းဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုတွင် အရေးပါသည့် အဖြစ်အပျက်တစ်ခုအဖြစ် ရည်ညွှန်းကြသည့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် လပိုင်းမျှသာလိုတော့ သည်။ လွှတ်တော်သို့သွားရန် ကြိုးစားနေသည့် အမတ်လောင်းများအတွက် ခြိမ်းခြောက်မှုများက တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သော ခြိမ်းခြောက်မှုများ က ကြုံတွေ့နေရပြီ ဖြစ်သည်။

ပြည်ခိုင်ဖြိုးနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဟု ရွှေပြည်သာကိုယ်စားလှယ်ပြောကြား

လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြော သည်။

‘‘ကျွန်တော်တို့နိုင်မှ ပါတီနိုင်မယ်။ ပါတီနိုင်မှ ကြံ့ခိုင်ရေး အစိုးရပေါ်လာမယ်။ ကြံ့ခိုင်ရေးအစိုးရပေါ်လာမှ တိုင်းပြည်ကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်’’ဟု လာမည့် ရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက

Monday, September 21, 2015

မဲစာရင်းတွင်အမည်ပါရေးအဓိကဖြစ်ပြီး အခြားအချက်အလက် မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ဦးတင်အေးပြော

လာမည့်ရွေး ကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲစာရင်း၌ အမည်ပါရှိရေး သည် အဓိကဖြစ်ပြီး အခြားအ ချက်အလက်များ မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ မဲစာရင်း ကပ်ထားမှုများကို သွားရောက်စစ်ဆေးရာတွင် ကော်မရှင်ဥက္ကဋ္ဌ က ပြည်သူများနှင့်တွေ့ဆုံခိုက် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်သားများနှင့် တပ်မိသားစုများ ဆန္ဒမဲပေးရာတွင် အမှန်တကယ် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများသာ ကြိုတင်မဲပေးရမည်ဖြစ်ပြီ

Thursday, September 17, 2015

ရွေးကောက်ပွဲအပေါ် သံရုံးများ၏ စိုးရိမ်မှု အစိုးရ ပြတ်ပြတ်သားသား ပယ်ချဟု ထုတ်ပြန် ရွေးကောက်ပွဲ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ

ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးကိုးခုမှ ရွေးကောက်ပွဲနှင့်ပက်သက်ပြီး ပူးတွဲထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာအစိုးရက ပြတ်ပြတ်သားသား ပယ်ချလိုက်သည်ဟု စက်တင်ဘာ ၁၆ရက်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနက တုံ့ပြန်ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် သံရုံးးကိုးခုက ရွေးကောက်ပွဲနှင့် ပက်သက်ပြီး ထုတ်ပြန်ချက်သည့် အပြုသဘောမဆောင်ဘဲ မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်ကို အစိုးရက စိုးရိမ်မကင်းဖြစ်မိသည်ဟု ပါရှိသည်။

"နိုင်ငံများ စိုးရိမ်မကင်းဖြစ်ရသည့် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ကိစ္စရပ်ကြီးငယ်များကို တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ၊ တရားမျှတစွာ ဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ထားပြီးဖြစ်သည်" ဟု အစိုးရက ထုတ်ပြန်ချက် အတွင်း

You are here Home » 2015 General Election ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်သည် အ၀ါရောင်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်း၍ လုံခြုံရေး တိုးမြှင့်ထားသော စက္ကူအမျိုးအစားဖြစ်ကာ မဲလက်မှတ်များ စတင်ရိုက်နှိပ်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်သည် အ၀ါရောင်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကာ လုံခြုံရေး တိုးမြှင့်ထားသော စက္ကူအမျိုးအစားဖြစ်ပြီး မဲလက်မှတ်များ စတင်ရိုက်နှိပ် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲလက်မှတ်များ ရိုက်နှိပ်ရန် လုပ်ငန်းအပ်နှံ၍ စတင်ရိုက်နှိပ် ဆောင်ရွက်နေမှုများအား စက်တင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၌ မီဒီယာများအား တွေ့ဆုံ ရှင်းလင်းခဲ့သည်။

အဆိုပါ မဲလက်မှတ်များ ရိုက်နှိပ်ရန် အင်ဒိုနီးရှားနိုင်ငံမှ စက္ကူတင်သွင်းခွင့်အား မီဂါလင့်ကုမ္ပဏီက တင်ဒါအောင်မြင်၍ တင်သွင်းခဲ့ခြင်းဖြစ်ပြီး စက္ကူတန်ချိန် ၁၀၅၀ တန်ဖြစ်ကာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၄၃၅ ဖြစ်ကြောင်း၊ စက္ကူအမျိုးအစားမှာ

Wednesday, September 16, 2015

ရခိုင်တွင်ပြိုင်မည့် NLD ပါတီအမတ်လောင်း ၆၆ ဦး စည်းရုံးရေးမဆင်းနိုင်သေး

လာမည့်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် မြို့နယ်အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အမတ်လောင်း၆၆ ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း စစ်တွေခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသံဃာကျော်ကပြောကြားသည်။

"မြို့နယ် ၁၇ ခု စလုံးမှာ ၀င်ပြိုင်သွားမယ်။ လွှတ်တော်သုံးရပ်စလုံးမှာပေါ့။ ပြည်နယ်လွှတ်တော် အမှတ် (၁)၊အမှတ် (၂) ၊အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တစ်မြို့နယ်မှာ ၄ ယောက် ၀င်ပြိုင်ပါမယ်။ ဒါပေမယ့် မောင်တောမှာပြည်နယ် လွှတ်တော်ကတစ်ယောက်နဲ့ မြေပုံ ပြည်နယ်လွှတ်တော် တစ်ယောက်တော့ပယ်ချခံရလို့မပြိုင်ဘူး။ဆိုတော့အားလုံးပေါင်းလိုက်ရင် ၆၆ ဦးဖြစ်ပါတယ်။"ဟု ပြောသည်။

Tuesday, September 15, 2015

NLD အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့နိုင်ရေး ကူညီရန် ပုမ္ဗသီရိအမတ်မဲဆွယ်

မြန်မာနိုင်ငံတွင် သမိုင်းအလှည့်အပြောင်းတစ်ခုဖန်တီးနိုင်ဖို့အတွက် လာမည့်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အခွင့်အလမ်းဖြစ်ကြောင်းနှင့်ယင်းရွေးကောက်ပွဲတွင်အမျိုးသား ဒိမိုကရေစီအဖွဲ့ချုပ်ပြတ်ပြတ်သားသားအောင်ပွဲခံမည်ဆိုလျင်အစိုးရဖွဲ့ခွင့်ရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခ)မောင်တင်သစ်ကမဲဆွယ် စည်းရုံးဟောပြောမှုတွင်ပြောကြားခဲ့သည်။

ကျွန်တော်တို့ဒီမိုကရေစီကိုတစ်ကယ်သွားချင်တယ်ဆိုရင်ဒီမိုကရေစီအင်အားစုတွေရဲ့လက်ထဲကိုနိုင်ငံရေးအာဏာရောက်လာဖို့လိုတယ်။ကျွန်တော်တို့က်ထဲကို နိုင်ငံရေးအာဏာမရောက်သရွေ့ တစ်ကယ်စစ်မှန်တဲ့ ဒီမိုကရေစီကိုသွားဖို့ကျွန်တော်တို့မဖြစ်နိုင်ဘူး။အဲ့တော့အခုရွေးကောက်ပွဲကတော့ကျွန်တော်တို့ရဲ့ အခွင့်အလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံလောက်တဲ့လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရခဲ့မယ်ဆိုရင်အစိုးရဖွဲ့ခွင့်ရရှိလာမယ်”ဟု စက်တင်ဘာလ ၁၅ ရက်က ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ ရပ်ကွက်တွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးမှုတွင်ဒေသခံမဲဆန္ဒရှင်များအားပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကြေညာစာတမ်း ဒီချုပ် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲအနိုင်ရရှိပြီး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ပါက လက်ရှိဝန်ကြီးဌာနများကို လျှော့ချဖွဲ့စည်းမည်ဖြစ်ပြီး အဂတိကင်းစင်ရေးထိထိ ရောက်ရောက် ဆောင်ရွက် ရန် မူဝါဒချမှတ်ထားကြောင်း သတင်းရရှိသည်။ဒီချုပ်ပါတီဆောင်ရွက်မည့် မူဝါဒများထည့်သွင်းရေးသား ထားသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် အထက်ပါအတိုင်းထည့်သွင်းဖော်ပြထား ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၄ရက်၌ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ 

လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် မိမိတို့ NLD ပါတီ အနိုင်ရ၍ အစိုးရဖွဲ့စည်းနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ဆောင်ရွက်မည့်ကိစ္စရပ်များကို ကဏ္ဍအလိုက်ခွဲခြား၍ ယခု ကြေညာစာတမ်းတွင်ဖော်ပြထားကြောင်း ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အဆိုပါစာတမ်း၏ အမှာ စာ၌ ရေးသားဖော်ပြထားသည်။ 

Monday, September 14, 2015

မျိုးစောင့်ဥပဒေကို ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်မဲပေးရန် မ.ဘ.သ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ပြောဆို+

မျိုးစောင့်ဥပဒေ မဲခွဲစဉ်က မထောက်ခံသူများ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ အနိုင်ရလျှင် မျိုးစောင့်ဥပဒေကို ဖျက်သိမ်းနိုင်သောကြောင့် ကာကွယ်မည့်ကိုယ်စားလှယ်လောင်းများကိုသာ မဲပေး ရွေးချယ်ရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)ဗဟိုဥက္ကဋ္ဌ ရွာမပဋိယတ္တိ စာသင် တိုက်ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသက သဝဏ်လွှာပေးပို့ကြောင်း အကျော်ဆရာတော် ဦးရေဝတကမိန့်ကြားသည်။

စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် ပုလဲရတနာ လမ်းရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်အတွင်းပြုလုပ်သည့် မျိုးစောင့်ဥပဒေလေးရပ်အတည်ပြု ပြဋ္ဌာန်း သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတွင် ယင်းသို့ ပေးပို့သည့်သဝဏ်လွှာဖတ်ကြားရာတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

တစ်သီးပုဂ္ဂလအမတ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အပေါ် တစ်သီးပုဂ္ဂလအမတ်အချို့တုံ့ပြန်


တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအားမဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် မပြောသင့်သည့်စကားကိုပြောကြားခဲ့သဖြင့်စိတ် မကောင်း ဖြစ်ရကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအ ချို့ကပြောကြားသည်။


‘‘အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။ တစ်သီးပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့မရတာကြောင့်မို့ တစ်သီးပုဂ္ဂလတွေအတွက် မဲပေးမယ့်အစား အစိုးရဖွဲ့လို့ရမယ့် ပါတီတွေကိုပဲမဲပေးစေချင်ပါတယ်။ ဒါမှကိုယ့်ရဲ့မဲတွေက တန်ဖိုးရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင်လုပ်ကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကရှားတောမြို့တွင်ပြုလုပ်သော မဲဆွယ်စည်းရုံး ရေး ဟောပြောပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Sunday, September 13, 2015

ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာ ပြိုင်သူ ၇ ဦးရှိ

နိုဝင်ဘာလ ၈ရက်နေ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ပြည်သူ့ လွှတ်တော်နေရာအတွက်လွှတ်တော်ကိုယ်စားလှယ်လောင်း၇ ဦးယှဉ်ပြိင်ကြမည်ဟုဖြူးမြို့နယ် ရွေးကောက် ပွဲကော်မရှင်ခွဲမှသိရသည်။

အဆိုပါမြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်နိုင်ငံတော်သမ္မတအကြံပေးဦးကိုကိုကျော်၊ သူရဦးရွှေမန်း၊ NLDပါတီမှဦးသန့်ညွှန့်၊ တ.စ.ည ပါတီမှ ဒေါ်နန်းခင်ဦး၊ NDF ပါတီမှ ဒေါ်တင်မာဝင်း ၊တောင်သူလယ်သမား ဖွံ့ဖြိုးတက်ရေးပါတီမှဒေါ်နန်းစန်းစန်းယု၊ တသီးပုဂ္ဂလကိုယ်စားလှယ်ဒေါ်မြတ်နုခိုင်စိုးတို့ ဖြစ်သည်။

ရခိုင်တွင် ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ မဲဆွယ်စည်းရုံး စတင်

ရခိုင်ပြည်နယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများနှင့်တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် များမှာ ယခုရက်ပိုင်းအတွင်းကနေစပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်က အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) မှာစစ်တွေမြို့ရှိပါတီ၏ ဗဟိုရုံးချုပ်တွင် “ ရခိုင်ပြည်အေးချမ်းသာယာဖို့ရခိုင်အမျိုးသားပါတီကိုမဲပေးကြပါစို့၊ငါတို့ပြည်ကို ငါတို့ လက် တွေနဲ့ ဝိုင်းဝန်းအလှဆင်ကြမယ်” မဲဆွယ်စည်းရုံး ဆိုင်းဘုတ်ကြီးကို တပ်ဆင်ထားကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ ဆောင်ပုဒ်ဖြင့် မဲဆွယ်မည်

ပြုပြင်ပြောင်းလဲတိုးတက်ဖို့ ဦးအောင်သိန်းလင်းကိုမဲပေးစို့" ဆောင်ပုဒ်ဖြင့် ၎င်း၏မဲဆန္ဒနယ်မြေအတွင်း မဲဆွယ်စည်းရုံးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်ဦးအောင်သိန်းလင်းက စက်တင်ဘာ ၁၃ ရက်တွင်မဇ္ဈိမကိုပြောသည်။

"ရှေ့အပတ်စနေနဲ့ တနင်္ဂနွေမှာ တောင်ဥက္ကလာကတစ်လမ်းချင်းစီကို ကားနဲ့ပတ်ပြီးမဲဆွယ်စည်းရုံးမှု လုပ် မယ်။ ပြုပြင်ပြောင်းလဲဖို့ ဦးအောင်သိန်းလင်းကို မဲပေးစို့ဆိုတဲ့ဆောင်ပုဒ်နဲ့ပါ" ဟု ၎င်းကဆိုသည်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ