အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို မဲမပေးရန် အမျိုးဘာ သာသာနာ စောင့်ရှောက်ရေး အဖွဲ့ (မ .ဘ.သ) ဗဟိုအဖွဲ့ဝင် မြတောင် ဆရာတော်က တိုက်တွန်း မိန့်ကြားလိုက်သည်။
စက်တင်ဘာလ (၂၀) ရက်နေ့က ပြုလုပ်သော မျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲတွင် တက်ရောက်လာသော ဆရာတော် သံဃာတော်များနင့် လူပုဂ္ဂိုလ် (၁၅၄၂၇) ဦးအား တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အစ္စလာမ် ဘာသာ ပံ့ပိုးပေးထားတဲ့ ပါတီကိုရော မဲပေးလို့ ရမလား၊ မဲပေးမလား၊ မပေးဘူးလား'' ဟု မြတောင် ဆရာတော်က မိန့်ကြားခဲ့ပြီး တက်ရောက် လာသူများက ''မပေးပါဘူး ဘုရား'' ဟု ပြန်လည် လျှောက်တင်ခဲ့သည်။ ထို့နောက် ဆရာတော်က 'ဘယ်ပါတီလဲ' ဆက်လက်မေးရာ တက်ရောက်လာသူများက “ NLD ပါတီပါ ဘုရား'' ဟု ဖြေကြားရာ ဆရာတော်က ''


