Tuesday, November 10, 2015

ကျေးဇူးတင်ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာ

၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက် အားပေးကူညီထောက်ခံခဲ့ကြသော မိဘပြည်သူများ၊ အဖွဲ့အစည်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိပါသည်။ နိုင်ငံရေးပါတီအသီးသီးမှ ရွေးကောက်ပွဲအောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အတူ မိမိတို့ပါတီမှအောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပူးပေါင်းလက်တွဲပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြု မှတ်တမ်းတင် ကြေငြာအပ်ပါ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ

Thursday, October 22, 2015

အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင်တိုင်း တွင် တာဝန်ရှိသည်



မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သောနိုင်ငံဖြစ်သည်။အရှေ့တောင်အာရှဒေသတွင် တည်ရှိပြီး GEO:POLITICSနှင့်ကြည့်ကြည့်၊ ECO:POLITICS နှင့်ကြည့်ကြည့်အချက်အချာကျသော နေရာဒေသတွင်တည်ရှိနေသည်။ ကမ္ဘာပေါ်တွင်လူဦးရေ အများဆုံးသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်နယ်နိမိတ် ထိစပ်လျက်လည်းရှိနေသည်။ တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်သောနိုင်ငံလည်းဖြစ်သည်။မိမိနှစ် သက်ယုံကြည်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသောနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အများ စုဖြစ်သည်။ တိုင်းရင်းသားဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ရခိုင်၊ရှမ်းတည်းဟူသော တိုင်းရင်းသားများစုပေါင်းနေထိုင်ကြသည်။အားလုံးကိုပေါင်းစု၍ 'မြန်မာ'ဟုခေါ်ဆိုသည်။ တိုင်းရင်းသား မျိုးနွယ်ရှစ်မျိုးတို့ကို မြန်မာအက္ခရာစဉ်အတိုင်း ကချင်ကအစပြုထားခြင်းဖြစ်သည်။ သူကရှေ့ဆုံးရောက်နေ သည်။ ငါကနောက်ဘက်ရောက်နေသည်ဟု ဝိဝါဒမကွဲပြားစေရန် အမြော်အမြင်ကြီးစွာစီစဉ်ထား ခြင်းဖြစ်သည်။ ကချင်ကလည်း ကကြီးအက္ခရာနှင့် စသည်။ ကယားကလည်း ကကြီးအက္ခရာနှင့် စသည်။ သို့သော် ကယားက ဒုတိယနေရာတွင်ရှိနေသည်။ ကချင်တွင် ကကြီးအက္ခရာနှင့်ကပ်လျက် 'ချင်'ဟူသည့် စာလုံးမှာ ခခွေးအက္ခရာ ဖြစ်၍ ကယားတွင် 'ယား'ဟူသောစာလုံးမှာ ယပက်လက်အက္ခရာဖြစ် သော ကြောင့် ကချင်ကိုရှေ့တွင်ထားခြင်း ဖြစ်သည်။ မြန်မာအက္ခရာစဉ်အတိုင်း ခေါ်ဝေါ်သုံးစွဲခဲ့ရာ ရှမ်းမှာ နောက်ဆုံး တွင်ရှိနေခြင်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီတွင် ချစ်မြတ်နိုးဖွယ်ဂုဏ်ဒြပ်များရှိနေပြန်သည်။ကချင်တိုင်းရင်းသားများ က ဇွဲရှိသည်။ ကယားတိုင်းရင်းသားများက ရိုးသားသည်။ ကရင်တိုင်းရင်းသားများက ဖော်ရွေပျူငှာ သည်။ ချင်းတိုင်းရင်းသား များက သတ္တိရှိသည်။ ဗမာများက သွက်လက် ဖျတ်လတ်သည်။ မွန်တိုင်းရင်းသားများက ဘာသာ တရားကိုင်းရှိုင်းသည်။ ရခိုင်တိုင်းရင်းသားများက မျိုးနွယ်ကိုစောင့်ထိန်းသည်။ ရှမ်းတိုင်းရင်းသား များက အလှူဒါန ရက်ရောသည် စသည်ဖြင့် ကိုယ်စီကောင်းမြတ်သော ဂုဏ်ပုဒ်အသီးသီးရှိကြ သည်။ အားလုံးကိုပေါင်းစု၍ 'မြန်မာ'ဟုခေါ်ဆို ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော်လည်း ဘာသာပေါင်းစုံ၊ ကိုးကွယ်မှုပေါင်းစုံရောပြွမ်း နေသည်ကိုလည်းတွေ့ရသည်။ ယခုလက်ရှိကလေးငယ်များ၏ရင်ထဲတွင် မြတ်ဗုဒ္ဓ၏အဆုံးအမများ ကိန်းဝပ် နေမှ အနာဂတ် မြန်မာနိုင်ငံတော်သည် အေးအေးချမ်းချမ်းရှိလိမ့် မည်ဖြစ်သည်။ မိဘအုပ်ထိန်းသူများသည် မိမိတို့၏ ရင်သွေးငယ်များကို အတန်းပညာကျူရှင်များသို့ တက်ရောက်စေသည့်နည်းတူ ဘာသာရေး သင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးလ်များလည်း အလေးထားတက်ရောက်စေသင့်သည်။ မိဘအုပ်ထိန်းသူများကဘာသာရေးကို အလေးဂရုမပြုခြင်းကြောင့်ကလေးငယ်များမှာဘာသာရေး လျော့နည်းလျက် အမျိုးဘာသာသာ သနာအပေါ် အသက်နှင့်အမျှထိန်းသိမ်းစောင့် ရှောက်လိုစိတ်များ လျော့ပါး သွားနိုင်သည်ကိုသတိ ပြုရပေမည်။

လွန်ခဲ့သောနှစ်နှစ်ခန့်က ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများဘာသာရေးပဋိ ပက္ခဖြစ် ခဲ့သည်။ ထိုသို့ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘာသာရေး၊ အမျိုးသား ရေးများ နိုးကြားလာခဲ့သည်။ ဘာသာရေး၊ အမျိုးသားရေးသတိပေးသည့် တေးသီချင်းများလည်း ရေးစပ်သီကုံးလာကြသည်။ ဓမ္မပူဇာ တရားပွဲများတွင် ကြားလာရသည်။
''တခြားဘာသာတိုးတက်ရေးကို တခြားလူများဆောင်ရွက်သည်။ ဗုဒ္ဓဘာသာရှင်လူ အများ သွေးအေးလို့ မနေသင့်ပြီ။ သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ကြုံလိမ့်မည်။ အကျိုးမျှော်ကာရည် နှိုးဆော်ပါသည်''စသည့် တေးသွားအပြင် ''ဘာသာတူရာဆိုင်မှာသာ ဈေးဝယ်ယူပါမည်။ ဘာသာတူရာ သူကိုသာ ဖူးစာပြုပါမည်'' နောက်တစ်ပုဒ်မှာ ဝီရရသ ပါလွန်းလှသည်။
''ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ရင်ကာရမည်''စသည့်တေးသွားများသည် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် တပ်လှန့်သတိပေးသည့်တေးသွားများဖြစ်သည်။ရခိုင်ဒေသ၌ ဘင်္ဂါလီများ ကိစ္စဖြစ်ပွားပြီးနောက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ မျိုးစောင့်ဥပဒေလေးမျိုးကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးခဲ့သည်။ မျိုးစောင့်ဥပဒေလေးမျိုးတွင်-
(၁) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင် ရာကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ (၂ဝ၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၈)
(၂) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ။ (၂ဝ၁၅ ခုနှစ် ပြည်ထောင် စုလွှတ်တော်ဥပဒေ အမှတ်-၄၈)
(၃) မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာဥပဒေ။ (၂ဝ၁၅ ခုနှစ်ပြည်ထောင်စုလွှတ် တော်ဥပဒေ အမှတ်-၅ဝ)
(၄) တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ၊(၂ဝ၁၅ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၅၄)တို့ ပါဝင်ပါသည်။
အထက်ဖော်ပြပါမျိုးစောင့်ဥပဒေ၌
(၁) ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ မည်သူနှင့်လက်မထပ်ရဟု ကန့်သတ် ချုပ်ချယ်ခြင်းမရှိပါ။
(၂) မျိုးစောင့်ဥပေဒသည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက်ကန့်သတ် ချုပ်ချယ်သည့် ဥပဒေမဟုတ်အကာ အကွယ်ပေးသည့်ဥပဒေသာဖြစ်သည်။
(၃) မျိုးစောင့်ဥပဒေမရှိလျှင် ဘာသာခြားများ၏ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံနေရသောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများ အခွင့်အရေးဆုံးရှုံး နစ်နာခဲ့ရသည်။
(၄) မျိုးစောင့်ဥပဒေသည် ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကို ကာကွယ်ပေးခြင်း သာဖြစ်သည်။ အခြားဘာသာ၊ အခြား လူမျိုးများကို နှောင့်ယှက်ဟန့်တားခြင်းမရှိ။
(၅) အတင်းအကျပ် ဘာသာကူးပြောင်းခြင်းမျိုးမရှိတော့ဘဲ မိမိတို့ယုံကြည်ချက်ဖြင့် လွတ်လပ်စွာကိုးကွယ် ခွင့်ရှိ သည်။
(၆) မြန်မာနိုင်ငံတွင် လူဦးရေထိန်းညှိပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကျပ်တည်းမှုများပါ လျှော့ချနိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ လူမျိုးရေးဝါဒ ဝါးမျိုမှုကိုပါ လျော့ကျစေနိုင်သည့် အတွက် မျိုးစောင့်ဥပဒေ သည် ညီညွတ်ခြင်း၊ မျှတခြင်းနှင့်အတူ ငြိမ်းချမ်းမှုကိုပါ ဖော်ဆောင်ပေးသည့် ဥပဒေပင်ဖြစ်ပါသည်။

မျိုးစောင့်ဥပဒေလေးမျိုးသည် မြန်မာ မိန်းကလေးများအတွက် သင့်မြတ်ကောင်းမွန်ပါလျက် လူအချို့က ကန့်ကွက်နေသည်ကိုလည်း ကြားနေရသည်။ မြန်မာမိန်းကလေးများကို အကာအကွယ်ပေးထားသည့် ဥပဒေဖြစ်ပါလျက် အဘယ့်ကြောင့် ကန့်ကွက်သည်ကို မရွေးတတ်အောင်ပင် ဖြစ်ရသည်။ ထိုမျိုးစောင့် ဥပဒေကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဗဟိုကဦးဆောင်ကျင်းပသော ထောက်ခံ ပွဲများကိုလည်း တွေ့မြင်နေရသည်။ ထိုအမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို မျိုးချစ် ဘာသာ ချစ်ဆရာတော်များက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၇-၆-၂ဝ၁၃ ရက်နေ့တွင်စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့ မြန်မာတစ် နိုင်ငံလုံးတွင် မဘသအဖွဲ့ပေါင်း ၂၅ဝ ကျော် ဖွဲ့စည်းခဲ့ပြီးကြောင်း သိရှိရ သည်။ မဘသအဖွဲ့ ကြီးသည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မဘသသည်မည်သည့်ပါတီ၊မည်သည့်အဖွဲ့ အစည်းကိုမျှကိုယ်စားမပြု၊မိမိတို့၏တိုင်းပြည်နှင့် လူမျိုး အတွက်သာ ကိုယ်စားပြုသည့်အသင်း ကြီးဖြစ်သည်။
မဘသအဖွဲ့ကြီးသည် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးကချမှတ်ထားသည့် သာသနာ တော် သန့်ရှင်း တည် တံ့ပြန့်ပွားရေးတာဝန်ကြီး သုံးရပ်တွင် တည်တံ့ရေး၊ ပြန့်ပွားရေးတာဝန်များ ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းဖြစ်သည်။ တည်တံ့ပြန့်ပွားရေးတာဝန်ထမ်းဆောင်ရန်မှာ-
၁။ သာသနာတော်ကို မကြည်ညိုသူများ ကြည်ညိုလာစေရန်။
၂။ ကြည်ညိုပြီးသူများ ပိုမိုသဒ္ဓါတရား ပွားများရန်။ ဆောင်ရွက်ရမည်မှာ ဘာသနာ့ဝန်ထမ်းများ၏တာဝန်ပင် ဖြစ်သည်။ သာသနာတော်တည်တံ့ပြန့် ပွားရေးအတွက်-
၁။ မိမိအတွက်သာမက သူတစ်ပါး အတွက်ပါ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့တာဝန်များကိုထမ်းဆောင်ရ မည်။
၂။ သာသနာတော်ကို အားပေးကူညီ ထောက်ပံ့မည့် ဒကာ၊ ဒကာမများ ကိုလည်း ပိုမိုကြည်ညိုသဒ္ဓါ တရားပွား များရန် ဓမ္မဝိနယနှင့်အညီ စည်းရုံး သိမ်းသွင်း၍ဟောပြောရမည်။ ဖြန့်ဝေ ရမည်။
၃။ သာသနာ့လုပ်ရပ်များ၊ သာသနာ့ဝန်ထမ်းများနှင့်အားပေးကူညီသူများအပေါ်ကျရောက်နိုင်သည့် အန္တရာယ်များကိုလည်း ကာကွယ်စောင့်ရှောက် ပေးရမည်။
အထက်ဖော်ပြပါ တာဝန်များကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးက စွမ်းဆောင်နိုင်သမျှ ဆောင်ရွက်နေခြင်းဖြစ်သည်။

                                                                                     မောင်မောင်မိုးအောင်

Wednesday, October 7, 2015

Ronaldo မှာ မိမိ အင်တာတွင် ကစားစဉ်က အမြဲနောက်ပြောင်လေ့ရှိပြီး ရီးရဲလ်တွင် လာကစားရန် ဖိတ်ခေါ်လေ့ရှိဟု Kovacic ဖွင့်ဟ


Kovacic ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာရတဲ့ အကြောင်းရင်းကို ဖွင့်ဟလိုက်ပါတယ်။ သူဟာ အင်တာမီလန်မှာ ကစားစဉ်က သူ့ကို အီတလီမြေမှာ ကစားရကောင်းလားဆိုပြီး အမြဲနောက်ပြောင်လေ့ရှိတဲ့ Cristiano Ronaldo ကြောင့်ပါလို့ ဖွင့်ဟလိုက်တာပါ။

Tuesday, October 6, 2015

ဝေးလ်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှချီးမြှင့်သည့် ဆုသုံးဆုကို ရီးရဲလ်ကစားသမား Gareth Bale ဆွတ်ခူး


တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ ဝေးလ်ဘောလုံးအဖွဲ့ချုပ် ဆုပေးပွဲမှာ Gareth Baleဟာ ဆုသုံးဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ Gareth Bale ဟာ ကလပ်အသင်းမှာတင်မကပဲ နိုင်ငံအသင်းမှာပါ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေကြောင့် အခုလိုမျိုးဆုတွေကို ရရှိခဲ့တာပါ။
Bale ဟာ ဝေးလ်လက်ရွေးစင်အသင်းကို ၂၀၁၆ ယူရိုပြိုင်ပွဲကို ရောက်ရှိဖို့  လက်တစ်ကမ်းအခြေအနေကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးပေးခဲ့ပြီး ၁၉၅၈ နောက်ပိုင်း ကမ္ဘာ့အဆင့် အဓိကပြိုင်ပွဲတွေနဲ့ ဝေးကွာနေမှုကို ရပ်တန့်ပေးနိုင်ဖွယ်ရှိနေပါတယ်။

ဆယ်ကျော်သက်အရွယ်တွေမှာ အိပ်ရေးပျက်ခြင်းက အရွယ်ရောက်သွားချိန်မှာ ကိုယ်အလေးချိန်တိုးတက်မှုကို ပိုမိုအားပေး



အိပ်စက်တဲ့အကြောင်းတွေကို သီးခြားတင်ပြလေ့ရှိတဲ့ Sleep ဂျာနယ်ရဲ့ အဆိုအရ  ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ပြီးချိန်မှာ  ပုံမှန်အိပ်ချိန်ထက်  နောက်ကျပြီးအိပ်ရင်  အရွယ်ရောက်သွားချိန်မှာ အလေးချိန်တိုးနိုင်ချေ ပိုမို များပြားတယ်လို့  သိရပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဦးဆောင်လေ့လာသူ Lauren Asarnow က သူ့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ လေ့လာမှုကို ပြုလုပ်ချိန်မှာပဲ အခုလိုတွေ့ရှိလိုက်ရတာပါ။ 

ကားချင်းတိုက်မိရာက ၅၃ အထူးယာဉ် အုတ်နံရံဖောက်ထွက်ပြီး လယ်ဆည် ၀န်ကြီးဌာနခြံဝင်းထဲရောက်သွား



လုပ်ငန်းသုံးယာဉ်တစ်စီးနဲ့ ခရီးသည်တင်မထသ ၅၃ အထူးယာဉ်တစ်စီးတို့ ကိုးမိုင်အေ၀မ်း မှတ်တိုင်အနီးတိုက်မိရာက အရှိန်မထိမ်းနိုင်တဲ့ ၅၃ အထူးယာဉ်ဟာ လမ်းဘေးအုတ်နံရံကို ဖောက်ထွက်ပြီးလယ်ယာ စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပိုင်ဝင်းထဲဝင်ရောက်သွားပါတယ်။ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ မျက်မြင်တွေရဲ့ပြောပြချက်အရ လုပ်ငန်းသုံးကန်တာယာဉ်ဟာ ဆောက်လုပ်ရေးကုမ်္ပဏီ တစ်ခုကဖြစ်ပြီး ကမ္ဘာအေး ပုလဲကွန်ဒိုအနီးကနေ အင်းစိန်ဘက်ကို ပြည်လမ်း အတိုင်း မောင်းနှင်လာတာပါ။

Monday, October 5, 2015

ရု​ရှား​လေ​ယာဉ်​ကို ​တူ​ရ​ကီ ​ကြား​ဖြတ် ​ဟန့်​တား​ခဲ့



ပြီး​ခဲ့​တဲ့ ​စ​နေ​နေ့​က ​တူ​ရ​ကီလေ​ပိုင်​နက်အ​တွင်း ​ရု​ရှား​တိုက်​လေ​ယာဉ်​တစ်​စီး ​ဝင်​ရောက်လာ​တဲ့​အ​တွက် ​တူ​ရ​ကီ​ရဲ့ ​အက်ဖ် ၁၆ ​တိုက်​လေ​ယာဉ်​တွေ ​အ​ရေး​ပေါ် ​ပျံ​တက် ​ခဲ့​ရ​တယ်​လို့ ​တူ​ရ​ကီ ​နိုင်​ငံ​ခြား​ရေးဝန်​ကြီး​ဌာ​န​က ​ပြော​ပါ​တယ်။
ရု​ရှားက​တော့ ​သူ​တို့လေ​ယာဉ်​ဟာ ​လမ်း​ကြောင်း​မှား​ပြီး ​ဝင်​လာ​တာဖြစ်​ကြောင်း၊ ​တူ​ရ​ကီ ​အ​စိုး​ရ​ကို​လည်း ​ရှင်း​လင်း​ပြော​ဆို​ပြီး ​ဖြစ်​ကြောင်း ​ပြော​ပါ​တယ်။

တိုင်ဖွန်း မူဂျီဂေးကြောင့် တရုတ်မှာ လူ ၆ ဦးသေဆုံး


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း မူဂျီဂေးကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၂၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တရုတ်သတင်းမီဒီယာက ဆိုပါတယ်။ ကျန်ဂျင်းမြို့ကို တိုင်ဖွန်းဝင်ရောက်ခဲ့ပြီး လေပြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဒိနောက်မှာတော့ မူဂျီဂေးမုန်တိုင်းဟာ အားပျော့သွားပြီး ကွမ်ဇီပြည်နယ်ဘက်ကို ရွေ့လျားသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုမှာ ဇက်ကျိုးသွားတဲ့ကလေးငယ်ကို ဆရာဝန်တွေပြန်ဆက်ပေးပြီး ထူးဆန်းစွာ အသက်ဆက်ရှင်နိုင်ခဲ့


အသက် ၁၆ လသားအရွယ်ကလေးငယ်လေးဟာ ယာဉ်တိုက်မှုတစ်ခုမှာ ဇက်ကျိုးသွားခဲ့ပြီးနောက် ဆေးပညာသမိုင်းမှာ ထူးဆန်းစွာ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
အမေဖြစ်သူ Rylea ၊ Jaxon နဲ့  အသက် ကိုးနှစ်အရွယ် အစ်မ Shayne တို့ ရဲ့ ကားဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ တစ်နာရီ မိုင် ၇၀ နှုန်းမောင်းလာတဲ့ယာဉ်တစ်စီးနဲ့ အပြင်းအထန် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကနေ Brisbane မြို့ မှာရှိတဲ့ ဆေးရုံဆီ ကလေးငယ်ကို ရဟတ်ယာဉ်နဲ့ ပို့ ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုက အရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ဦးခေါင်းအတွင်းပိုင်း ပြတ်တောက်မှု (internal decapitation) အဖြစ် Jaxon ရဲ့ ဦးခေါင်းဟာ လည်ပင်းရိုးကနေ အထက်ကို ဆွဲဟသွားတယ်လို့  ကျောရိုးခွဲစိတ်အထူးကုဆရာဝန် Dr Geoff Askin က ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက နည်းပြဖြစ်သူ Brendan Rodgers ကို ရာထူးမှထုတ်ပယ်ခဲ့ နည်းပြသစ်ဖြစ်လာရန် Jurgen Klopp ရေပန်းစားနေ

လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့တဲ့ မာဆေးဆိုက်ဒါဘီအပြီးမှာ နည်းပြ  Brendan Rodgersကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီအစရှစ်ပွဲသာရှိသေးပေမယ့် မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်တာပါ။ 
လီဗာပူးလ်အသင်းဟာ နွေအပြောင်းအရွှေ့မှာ ပေါင်သန်း ၈၀ အထိသုံးစွဲခဲ့ပေမယ့် Rodgersက ထိုက်တန်တဲ့ အောင်မြင်မှုကို မရယူပေးနိုင်ခဲ့ပါဘူး။

Sunday, October 4, 2015

အပူချိန်မြင့်တက်မှုကြောင့် အပူပိုင်းဒေသများ ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

ရာသီဥတုပြောင်းလဲ လာမှုနှင့်အတူ အပူချိန်များမြင့် တက်လာသဖြင့် မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများတွင် ပျက်စီး ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုဖြစ် စဉ်ကြောင့် ရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ အပူချိန်သည် ပုံမှန် အထက် ၅ ဒီဂရီမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း၊ မုတ်သုံမိုး ၃၀ ရာခိုင်နှုန်းလျော့နည်းလာခြင်း နှင့်အတူ ရေအရင်းအမြစ်များ ကျဆင်းလာခြင်းကြောင့် အပူပိုင်းဒေသဖြစ်သော စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး တိုင်းတို့တွင် ရေရှားပါးမှုပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
‘‘မန္တလေးတိုင်းရဲ့ သဘာဝကိုက မိုးအရနည်းတဲ့ဒေသ။ မိုးရေချိန် ၅ လက်မလောက် လျော့ပါးသွားရင် ဒေသတစ်ခုလုံး စီးပွားရေးအများကြီး ထိခိုက်ပါတယ်။ သိပ်ထိခိုက်လွယ်တဲ့ ဒေသပေါ့။ မန္တလေးက လူတွေ သိထားရမှာ တစ်ခုရှိတယ်။ မန္တလေးတင် မဟုတ်ပါဘူး။ အပူပိုင်းဒေသ (စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း) ဒီဒေသတွေမှာက မိုးပေါ်က ရွာချတဲ့ရေနဲ့၊ ပူလို့ မြေပြင်က အငွေ့ပြန်တဲ့ရေက ဒီ ဒေသက အငွေ့ပြန်တဲ့ ရေက ပိုများတယ်။ ဒါကြောင့် ဒီဒေသဟာ ရွှေ ကို မလို၊ ငွေကိုမလို၊ ရေကိုသာ လိုတယ်လို့  ပြောရတဲ့ဒေသ။ အဲဒီတော့ ရေရှားလိမ့်မယ်။ အဲဒါ သတိထားဖို့လိုပါတယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် သုံးခုဖြစ်သည့် ဟိမဝန္တာတောင်ခြေမှ ရေခဲမြစ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပျောက်ဆုံးသွားပြီဖြစ်ပြီး မြေအောက်ရေမှာလည်း အပူချိန်မြင့်တက်လာခြင်းနှင့်အတူ သစ်တော ပြုန်းတီး မှုများကြောင့် လျော့နည်းနေပြီဖြစ်ကြောင်း၊ မုတ်သုံမိုးမှာလည်း လွန်ခဲ့တဲ့နှစ်များအတွင်း ၃၀ ရာခိုင်နှုန်း လျော့နည်းလာခဲ့သောကြောင့် ရေအရင်းအမြစ်များ လျော့နည်းလာကြောင်း ဆိုသည်။

ရာသီဥတုဖောက်ပြန်လာခြင်း၏ ဆိုးကျိုးများကို အခြေခံလူတန်းစားများဖြစ်သော တောင်သူများ အဓိကခံစားကြရမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ လူတိုင်းအသိပညာဗဟု သုတရှိရန် အရေးကြီးကြောင်း ဒေါက်တာထွန်းလွင်က အကြံ ပြုတိုက်တွန်းသည်။ နေအပူကို အန်တုနေသူ များ

7Day Daily

NLD ၏ ထိုင်ခုံနေရာချထားမှု အငြင်းပွားဖွယ်ရာဖြစ်...ဒီလိုလူမျိုးကို သမ္မတနေရာပေးလိုက်ရင်တော့ ဘာတွေဖြစ်ကုန်မလဲ စဉ်းစားသာကြည့်ပေတော့

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကျောင်းဆောင်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်ရန် ကြွရောက်ခဲ့သော ရှင်ဆန္ဒာဓိက အား NLD မှ မြင့်မြတ်သောနေရာတွင် ထားရှိခြင်း မပြုသည့်အပေါ် သံဃာ များအကြား ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာလျက် ရှိသည်။

ဤသို့ နေရာချထားစီစဉ်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မခံသင့်ကြောင်း၊ ဆရာတော်အနေဖြင့် စီစဉ်ပေးသည့်အတိုင်း နေရာယူရခြင်းဖြစ်၍ မည်သည့်စောဒကတက်မှုမှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မျက်နှာမကောင်းကြောင်း၊ ၄င်းအခမ်းအနား ပြီးသည်နှင့် ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်၍

Wednesday, September 30, 2015

လိမ္မော်သီး ဖျော်ရည်က ကော်ဖီထက် ပိုနိုးကြားစေ

လိမ္မော်သီးဖျော်ရည်ဟာ ကော်ဖီထက် ပိုးနိုးကြားစေကြောင်း သိရပါတယ်။ မနက်မှာ ကော်ဖီသောက်ထားတဲ့သူထက် လိမ္မော်သီး ဖော်ရည် တစ်ခွက် သောက်ထားတဲ့သူဟာ မွမ်းလွဲပိုင်း အချိန်မှာ ပိုပြီးတော့ နိုးကြား ပါတယ်။

၂၄၀ မီလီလီတာ ရှိတဲ့ ဖျော်ရည်ပမာဏကို သောက်သုံးခြင်းက တစ်နေ့တာ အတွက် လုံလောက်ကြောင်း ဆိုပါတယ်။ ယင်း သောက်သုံးမှုကြောင့် လန်းဆန်းနေစေခြင်း၊ အာရုံစူးစိုက်မှု အား ကောင်းစေခြင်း နဲ့ အချိန်ပိုကြာ အလုပ်လုပ်နိုင်ခြင်းတို့ကို တွေ့ရှိရကြောင်း လေ့လာသူများက ဖော်ပြ ပါတယ်။ သူဟာ ဦးနှောက်ဆဲလ်များရဲ့ သွားလာမှုကို ပုံမှန် အတိုင်း ဖြစ်စေပြီး ဦးနှောက်သို့ သွေးလည်ပတ်ရန် ကောင်းစေအောင်လည်း ထောက်ပံ့ကြောင်း ဆိုပါတ

ဖခင်တွေ ကလေးငယ်ကို ပုံပြင်ဖတ်ပြခြင်းဟာ ထိုကလေးငယ်တွေကို ဘာသာစကား ထူးချွန်စေ

ဖခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ညဘက်မှာ အိပ်ယာဝင်ပုံပြင်တွေပြောပြခြင်းဟာ ကလေးငယ်တွေကို ဘာသာစကားပိုင်းမှာ ထူးချွန်လာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Harvard တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကလေးငယ်တွေရဲ့ ဘာသာစကားထူးချွန်မှုဟာ မိဘတွေရဲ့ ပုံပြင်ပြောပြမှု အပေါ်မှာ မူတည်နေသလို ကလေးငယ်တွေဟာ အမျိုးသမီးတွေ ပုံပြင်ပြောပြတာထက် အမျိုးသားတွေ ပုံပြင်ပြောပြတဲ့ အခါမှာပိုပြီး ကောင်းကျိုးတွေရှိနေတာကို ထိုသုတေသနက တွေ့ရှိခဲ့ကြပါတယ်။

မြန်မာ ရွေးကောက်ပွဲကို EU စောင့်ကြည့်မယ်

 မြန်မာနိုင်ငံမှာ ​ကျင်းပတဲ့ ​ရွေးကောက်ပွဲကို ​စောင့်ကြည့်ဖို့ ​ဥရောပ ​သမဂ္ဂ ​အီးယူက ​စောင့်ကြည့်သူတွေကို ​စေလွတ်မယ်လို့ ​ကြေညာလိုက်ပါတယ်။
အီးယူး ​စောင့်ကြည့်ရေး ​အဖွဲ့ထဲမှာ ​သုံးသပ်ဝေဖန်သူ ​၉ ​ဦးအပြင် ​ရေရှည်မှာ ​စောင့်ကြည့်သူ ​၃၀ ​ဦးနဲ့ ​ရေတိုအတွက် ​စောင့်ကြည့်သူ ​၆၂ ​ဦး ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

ဆီး​ရီး​ယား​မှာ ​ရု​ရှား ​လေ​ကြောင်း​တိုက်​ခိုက်​မှု ​စ​တင်



 ဆီး​ရီး​ယား ​နိုင်​ငံ​မှာ ​သ​မ္မ​တ ​အာ​ဆတ်​ရဲ့ ​ရန်​သူ ​အ​ဖွဲ့​တွေ ​အ​ပေါ် ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ကို ​ရု​ရှား ​နိုင်​ငံ​က ​စ​တင် ​လုပ်​ဆောင် ​လိုက်​ပြီ​လို့ ​အ​မေ​ရိ​ကန် ​ကာ​ကွယ်​ရေး ​ဌာ​န ​အ​ရာ​ရှိ ​တစ်​ဦး​က ​ပြော​ပါ​တယ်။
ရု​ရှား​ရဲ့ ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ဟာ ​ဆီး​ရီး​ယား ​အ​နောက်​ပိုင်း​က ​ဟုမ်းစ်​မြို့ ​တ​ဝိုက်​မှာ ​စ​တင် ​ခဲ့​တာ​လို့ ​အဲ​ဒီ ​အ​မေ​ရိ​ကန် ​အ​ရာ​ရှိ​က ​ဆို​ပါ​တယ်။

လာမည့်အပြောင်းအရွှေ့မှာ နာမည်ကျော်ကြယ်ပွင့်နှစ်ယောက်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်


အခုတလောမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေက စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။ သူတို့ရဲ့  ဂလက်ဆီအင်အားစု စီမံကိန်းမှာ ထပ်မံအားဖြည့်မှုတွေ ပြုလုပ်အုံးမယ်လို့ ကြားနေရလို့ပါပဲ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့နာမည်ကျော်တိုက်စစ်မှူး Ronaldo ရဲ့ အသင်းနဲ့ အနာဂတ် မသေချာတော့တာကြောင့် သူ့နေရာမှာ အစားထိုးနိုင်ဖို့ ကြယ်ပွင့်ကစားသမားတွေကို ထပ်မံအားဖြည့်ဖို့ လုပ်နေတာပါ။
အခုလို ထပ်မံခေါ်ယူဖို့  လေသံပစ်ထားတာကတော့ ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံစတား Eden Hazard နဲ့ ဘာစီလိုနာ

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင်အသင်းအတွက် အပြီးသတ် ကစားသမား ၂၄ ဦး လူစာရင်းကို စက်တင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တရားဝင်သတင်း ထုတ်ပြန်လိုက်သည်။

အဆိုပါ လူစာရင်းတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာခဲ့သော ရန်ကုန်နောက်ခံလူ ခင်မောင်လွင် ပြန်လည်ပါဝင်လာခဲ့သော်လည်း မြန်မာ ယူ-၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းမှာ ဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားပြီးချိန် ၌ တစ်ပွဲသရေ နှစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ်တစ်မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့်လေးနေရာတွင် ရောက်ရှိလျက် ရှိသည်။ မြန်မာအသင်းသည် လာမည့် အောက်တိုဘာ ၈ ရက်နှင့် ၁၃ ရက်တို့တွင် လက်ဘနွန်အသင်း၊ လာအိုအသင်းတို့နှင့် အိမ်ကွင်းပွဲစဉ်အဖြစ် ထိုင်းနိုင်ငံ

Tuesday, September 29, 2015

ဝ/ မိုင်းလားနယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကော်မရှင် ဥက္ကဌနှင့် ဆွေးနွေး

ရွေးကောက်ပွဲ လက်ခံကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တိုင်းနှင့် မိုင်းလား ဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် ၀ ၊ မိုင်းလား တာဝန်ရှိသူများ စက်တင်ဘာလ ၂၉ ရက်နေ့က ကျိုင်းတုံမြို့ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် မိုင်းလားဘက်မှ လက်ခံကျင်းပမည် မဟုတ်ကြောင်း အကြောင်းတပါ တည်း အကြောင်းပြန်ကြားခဲ့သည်ဟု မိုင်းလားဒေသအား အုပ်ချုပ်နေသည့် NDAA မိုင်းလား အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။

''သူတို့ဘက်ကတော့ မိုင်းလားနယ်ထဲ ကျင်းပချင်တယ်။ တကယ်လို့ မြို့ပေါ် မရရင်လည်း အစပ်နားက တိုက်နယ် ရွာတွေနားအထိ မဲပုံးလာထောင်ချင် တယ်လို့ ပြောတယ် ။ ကျနော်တို့သဘောထားကတော့ အရင်တုန်းက အတိုင်းပါပဲ။ ကျင်းပဖို့ကလည်း မသင့်တော်သေးဘူးလေ

မလာနဲ့တော့ဆိုတဲ့ ကိုရီးယားနဲ့ တူတဲ့ မြန်မာပြည်က ခါရာ

Mr.တစ်ဦးဖြစ်တဲ့ ခါရာက “မလာနဲ့တော့” ဆိုတဲ့ သီချင်းလေးက သူ့ရဲ့အားအရဆုံး သီချင်းလေးတစ်ပုဒ် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အခွေလေးမှာပါမယ့် “မလာနဲ့တော့”ဆိုတဲ့ သီချင်းလေးက ကျွန်တော့် အကြိုက်ဆုံး သီချင်းလေးလို့ ပြောလို့ရပါတယ်။ ခွဲခွာသွားတဲ့ ချစ်သူအတွက် အနစ်နာခံလိုက်တဲ့ ကောင်လေးတစ်ယောက် ရဲ့ အကြောင်းကို ဦးတည်ပြီး ရေးထားတာပါ။ ကျွန်တော်က MTV အနေနဲ့ တွဲပြီးထွက်ဖြစ်မှာဆိုတော့ ဒီသီချင်းလေး အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ အဲဒီ သီချင်းလေးမှာတော့ လက်ဝှေ့သမားလေး တစ်ယောက်အနေနဲ့ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင် ထားပါတယ်။ နောက်ပြီးတော့ ကျွန်တော့် သီချင်းအခွေလေးက

ဒီမိုကရေစီ ဖော်ဆောင်ရာမှာ စိတ်ရှည်ကြဖို့ ထိုင်းခေါင်းဆောင်ပြောကြား

ဒီမိုကရေစီပေါ်ထွန်းရေးကို ထောက်ခံကြောင်းနဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲနေတဲ့ကာလအတွင်း သည်းခံပေး ကြဖို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ အစောပိုင်းက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းကို ပယ်ချခံလိုက်ရ ပြီးနောက်မှာ ၀န်ကြီးချုပ်က အဲဒီလို ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲဖြစ်စဉ်၊ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့  နိုင်ငံရေးသမားတွေ နိုင်ငံရေးထဲကို ဘယ်လိုဝင်တယ်ဆိုတာအဆုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့  အနည်ငယ်လိုနေသေးတယ်လို့  မနှစ်မေလတုန်းက အရပ်သားအစိုးရကို ဖြုတ်ချလိုက်တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်ကြီး Prayut Chan-ocha က ပြောပါတယ်။

တခြားနိုင်ငံတွေနည်းတူ ထိုင်းနိုင်ငံသားတွေဟာလည်း ဒီမိုကရေစီကို လိုလားပြီး ပဋိပက္ခတွေ အဆုံးသတ်တာကို မြင်တွေ့လိုကြောင်း နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်က ဗွီအိုအေနဲ့ ပြုလုပ်တဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာ

ရွေးကောက်ပွဲ အကြောင်းပြကာ NLD အလှူငွေကောက်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးလျှင် စင်္ကာပူရောက် မြန်မာများရဲ့ ဘဝကို ဒေါ်အောင်ဆန်းစုကြည်က လုံးဝ ပြောင်းလဲအောင် လုပ်ပေးမည်ဟုဆိုကာ အလှူငွေ သိန်းပေါင်းများစွာ ကောက်ခံသွားကြောင်း သတင်းရရှိပါသည်။ အလှူငွေ ထည့်လိုက်ရသူများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
29 Sep 2015
(၁) ဦးဘိုဘိုနိုင် S$50
(၂) ဦးအောင်ညီလတ်+နန်းထိခလိန်းဖောင် S$100
(၃) ဦးသိန်းနိုင်+ဒေါ်ခင်အေးသန့် S$50
(၄) ဒေါ်အေးစုခိုင် S$10
(၅) ဒေါ်စုလှိုင်ထွန်း S$10
(၆) ဒေါ်နန်းမွေခမ်း S$10
(၇) ဒေါ်သန်းသန်းဌေး S$10
28 Sep 2015

ရွေးကောက်ပွဲတွင် မဲပေးမည့် အမတ်လောင်းနှင့် ပါတီများကို စဉ်းစားရွေးချယ်ရန် ကာဒီနယ် ချားလ်စ်ဘို တိုက်တွန်း

ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် နီးကပ်လာချိန်တွင် မြန်မာနိုင်ငံ၏ ကက်သလစ်ခရစ်ယာန် ဘာသာရေး အထင်ကရ အကြီးအကဲ တစ်ဦးက မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ မဲပေးရွေးချယ်မည့် ပါတီနှင့် အမတ်လောင်းများကို အလေးအနက် စဉ်းစားရွေးချယ်ရန် အကြံပြု တိုက်တွန်းပြောကြားခဲ့သည်။


မိမိတို့ ရွေးချယ်မည့် ပါတီနှင့် အမတ်လောင်းများသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် အမှန်တကယ်မြှင့်တင် ဆောင်ရွက်သူများဖြစ်စေရန် စဉ်းစားသင့်ကြောင်း ကာဒီနယ် (ပုပ် ရဟန်းမင်းကြီး၏ အတိုင်ပင်ခံ အမတ်အဖြစ် ရွေးချယ်ခံရသော ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်) ချားလ်စ်ဘိုက ဆိုသည်။

မြန်မာနိုင်ငံသားအားလုံးသို့ဟု လိပ်မူရေးသားထားသည့် အဆိုပြုစာလွှာတွင် ကာဒီနယ်ချားလ်စ်ဘိုက နိုဝင်ဘာ ၈ ရက် တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ သည် ဒီမိုကရေစီစနစ်ကို လက်တွေ့ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံသားအားလုံး ပါဝင်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း

ဆီးရီးယားတွင် အမေရိကန်နှင့် ပူးပေါင်းပြီး အိုင်အက်စ်တို့ကို တိုက်ရန် စဉ်းစားနေဟု ပူတင် ပြောကြား

အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနှင့် တွေ့ဆုံခဲ့သည့်နောက် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှ ပူးပေါင်းတိုက်ခိုက်ရန် အလေးအနက် စတင်စဉ်းစားနေပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။

အမေရိကန်နှင့် မဟာမိတ် နိုင်ငံများသည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်နေသော်လည်း ဆီးရီးယား အစိုးရနှင့် ပူးပေါင်းမှု မရှိချေ။ ယခုအခါ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်၏ အဓိက မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသည် အိုင်အက်စ်တို့ကို ချေမှုန်းရေး စစ်ပွဲတွင် ဆီးရီးယားကို လက်နက်များ စတင် ထောက်ပံ့နေပြီဖြစ်ရာ အမေရိကန်က ယင်းအခြေအနေကြောင့် အရှုပ်အထွေးများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။

စက်တင်ဘာ ၂၈ ရက်ကမူ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် အိုဘားမားနှင့် တွေ့ဆုံဖြစ်ခဲ့သည့်နောက်

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးများက ဟုမ္မလင်းမြို့ခံတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်

 
ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းတိုင်းဒေသကြီးမဲဆွယ်ခရီးစဉ်အတွင်း ဟုမ္မလင်းမြို့သို့ ရောက်ရှိချိန်တွင် လာရောက်နှုတ်ဆက်သည့် ဟုမ္မလင်းမြို့ခံတစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံရေးများက ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့သို့ ခန္တီးမြို့မှ ချင်းတွင်းမြစ်အတိုင်း ရေကြောင်းခရီးစဉ်ဖြင့် စက်တင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ရာ ဆိပ်ကမ်းအလုပ်သမားတစ်ဦးက လူအုပ်ထဲမှထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လက်ဆွဲနှုတ်ဆက်ရန် ကြိုးစားသဖြင့် NLD လုံခြုံရေးများက တွန်းထုတ်လိုက်ကြောင်း၊ ထိုလူက ဒေါ်အောင်ဆန်းစုကြည်အနီး ပြန်ကပ်ရန် ကြိုးစားချိန်တွင် လုံခြုံရေးများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့ခံ ဦးအောင်ထွန်းက ပြောကြား

Monday, September 28, 2015

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး တတိယအဆင့်အဖြစ် ဆောင်ရွက်သွားမည်ဟု ဦးတင်နိုင်သိန်း ပြော

ဒီမိုကရေစီအသွင်ကူးပြောင်းရေး တတိယအဆင့်အဖြစ် လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောသည်။

‘‘တတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့်ကနေပြီးတော့မှ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာတဲ့ အဆင့်ကို ဆက်လက်ကူးပြောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ အချိန် အတိုင်းအတာအရ လာမယ့် ငါးနှစ်သက်တမ်းမှာ ဆက်လက်ပြီးတော့မှ ကြိုးပမ်းဆောင်ရွက်သွားရမယ့် အပိုင်း ဖြစ်ပါတယ်’’ဟု စက်တင်ဘာ ၂၈ ရက်က နေပြည်တော် ဇေယျသီရိမြို့နယ် ပြည်စံအောင် ရပ်ကွက်တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲနှင့်ပါတီဝင်များ

NlD ဥပဒေအကြံပေး ဦးကိုနီ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ


NLD ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိပဲ အစ္စလာမ်ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့အတွက် မူဆလင်တွေအနေနဲ့ ဘာသာရေး လွတ်လပ်ခွင့် ဆောင်ကျဉ်းပေးမယ့် NLD ပါတီကို မဲပေးကြဖို့ တိုက်တွန်း

ဥရောပ ထိပ်သီးလိဂ်(၅)ခုတွင် ရှုံးပွဲမရှိသေးသည့်အသင်း (၇)သင်း ကျန်ရှိပြီး ပရီးမီးယားလိဂ်အသင်းများ ပါဝင်ခြင်းမရှိတော့

ဥရောပ ထိပ်သီးလိဂ်(၅)ခုတွင် ရှုံးပွဲမရှိသေးသည့် အသင်း(၇)သင်း ကျန်ရှိပြီး ယင်း(၇)သင်းတွင် ပရီးမီးယားလိဂ်အသင်းများ ပါဝင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၇) မကစားမီတွင် လက်စတာအသင်းက ရှုံးပွဲမရှိသေးသည့် အသင်း အဖြစ် ကျန်ရှိခဲ့သော်လည်း ပွဲစဉ်(၇)တွင် အာဆင်နယ်ကို ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိ သည့်အသင်း မကျန်ရှိ တော့ခြင်းဖြစ်သည်။

စီးရီးအေတွင်လည်း အင်တာမီလန်အသင်းက ရာနှုန်းပြည့်နိုင်ပွဲရခဲ့ရာမှ ယခုတစ်ပတ်တွင် ဖီအိုရင်တီးနား အသင်းအား ရှုံးနိမ့်ခဲ့ကာ ထိပ်သီးလိဂ်(၅)ခု တွင် ရှုံးပွဲမရှိသည့်အသင်း (၇)သင်းသာ ကျန်ရှိတော့ကြောင်း

NCA မထိုးတဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်မှ ပြည်တွင်းငြိမ်းချမ်းရေး ရမယ်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးဖို့ နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ဆီ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးသားဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ အစိုးရ ဘက်က အသင့်ဖြစ်နေသလောက် လက်နက်ကိုင်တွေဘက်က တစ်ယောက်တစ်ပေါက် ဖြစ်နေတာတွေ့ရ ပါတယ်။ NCA ထိုးမယ့်အဖွဲ့နဲ့ မထိုးမယ့်အဖွဲ့ဆိုပြီး နှစ်မျိုးကွဲနေတယ်။ လက်နက်ကိုင်တွေကို သမ္မတက ဖိတ်ခေါ်ကမ်းလှမ်းတာပါ။အမိန့်ပေးထိုးခိုင်းတာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ညှိနှိုင်းတာဖြစ်ပါတယ်။ ညှိနှိုင်းတာကို လက်မခံရင်တော့ ငြိမ်းချမ်းရေးမှာ လက်တွဲလို့ မရတော့ဘူးလေ။ ဒီတော့ ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်လိုက်တာ အကောင်းဆုံးပါပဲ။

ငြိမ်းချမ်းရေးမလိုချင်တဲ့ လက်နက်ကိုင်တစ်စုကို အပြုတ်တိုက်လိုက်မှသာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းဟာလည်း အနှောင့်အယှက် အတားအဆီးမရှိ ဖြောင့်ဖြူးမှာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲကျင်းပဖို့ရက်ကလည်း ရက်ပေါင်း ၄၀ သာ လိုတော့တဲ့အတွက် ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း၊

Sunday, September 27, 2015

ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ

ပျားရည်သောက်တော့မယ်ဆိုရင် နံက်စောစောအိပ်ယာထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမျှ မရှိတဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာမစားခင် နှစ်နာရီခန့်အလို နဲ့ ညအိပ်ယာဝင်ခါနီးချိန်တွေမှာလည်း သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ဟာ ပျားရည်ကို တစ်နေ့လျှင် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပါဘူး။ ဆေးညွှန်းပမာဏမှာ တစ်ကြိမ် သောက်တိုင်း ကြက်သီးနွေးခန့်ပူသော ရေနွေးဖြူ တစ်ဖန် ခွက်နှင့် ပျားရည် စစ်စစ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အရွယ်) ဖြစ်ပါတယ်။ ၄င်းဖျော်ရည်ကို အကြာကြီးအအေးခံ မထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။

ပျားရည်သောက်ရန် သင့်တော်သူများ

(၁) နို့တိုက်မိခင်များ

မီးဖွားပြီးစ နှင့် နို့ ချိုတိုက်ချိန်များမှာ ပျားရည်စားသင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစ သွေးသားနု ချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည်

ထိုင်း​ဆန်​တွေ ​မြန်​မာ​ပြည်​တွင်း ​ဈေး​ကွက်​ထဲ ​ထိုး​ဖောက်

ထိုင်းနိုင်ငံက ထွက်တဲ့ ဆန်တွေကို ရန်ကုန်မြို့ပေါ် ဈေးကွက်ထဲမှာ တွေ့လာနေရပါတယ်။

ဒါ​ဟာ ​မြန်​မာ​ပြည်​လို ​ဆန်​စ​ပါး ​အ​ဓိ​က ​စိုက်​ပျိုး ​ရောင်း​ချ​ရာ ​တိုင်း​ပြည်​ရဲ့ ​စီး​ပွား​ရေး ​မြို့​တော် ​မှာ ​ဆယ်​စု ​နှစ်​ပေါင်း​များ​စွာ ​အ​တွင်း ​ပ​ထ​မ​ဆုံး ​အ​နေ​နဲ့ ​အိမ်​နီး​ချင်း ​နိုင်​ငံ​ရဲ့ ​ဆန်​တွေ ​ဈေး​ကွက်​ထဲ ​ဝင်​ရောက် ​နေ​ရာ​ယူ ​လာ​တာ ​ဖြစ်​ပါ​တယ်။

ထိုင်း​ဆန် ​အ​မျိုး​စား IR-6 ​နဲ့ IR-8 ​ဆန်​တွေ​ဟာ ​တ​ရား​မ​ဝင် ​ကုန်​သွယ်​ရေး ​လမ်း​ကြောင်း ​က​နေ ​ဝင်​လာ ​ဖြစ်​တယ် ​လို့ ​ရန်​ကုန် ​မြို့​ခံ ​ကုန်​သည် ​တွေ ​က ​ပြော​ပါ​တယ်။

အဲ​ဒီ့ ​ဆန်​တွေ ​ဟာ ​မြန်​မာ​ပြည် ​ထွက် ​ဆင်း​သွယ်​လတ် ​နဲ့ ​ရ​တ​နာ​တိုး ​ဆန် ​တွေ ​နဲ့ ​အ​မျိုး​အ​စား ​တူ​ပါ​တယ်။

ဒါ​ပေ​မယ့် ​ထိုင်း​ဆန်​တွေ​ဟာ ​ဈေး ​ပို​မို ​သက်​သာ ​တဲ့ ​အ​ပြင် ​အ​ရည်​အ​သွေး ​ပို ​ကောင်း​တဲ့ ​အ​တွက် ​ဈေး​ကွက်​ထဲ ​နေ​ရာ​ရ ​လာ​တာ ​ဖြစ်​တယ် ​လို့ ​ဆန်​ကုန်​သည် ​တွေ​က ​ဆို​ပါ​တယ်။

ထိုင်း​ဆန် ​တစ်​အိတ်​ကို ​ရန်​ကုန် ​အ​ရောက် ​ကျပ် ၂​သောင်း ၄​ထောင် ​လောက်​ပဲ ​ရှိ​နေ​ချိန်​မှာ ​အ​မျိုး​စား​တူ ​မြန်​မာ ​ဆန် ​ဈေး​က ၂ ​သောင်း​ခွဲ ​လောက် ​ရှိ ​နေ​ပြီး ​ထိုင်း​ဆန်​နဲ့ ​ယှဉ်​ရင် ​အ​ကျိုး​အ​ကျေ ​များ​ပါ

တောင်သမန်အင်းနှင့် ဦးပိန်တံတားထိန်းသိမ်းရန် သမ္မတညွှန်ကြား



 


(၂၇.၉.၂၀၁၅)ရက်နေ့ နေ့လည်ပိုင်းက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အားဖူးမျှော်ကန်တော့ခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတကြီးသည် ဦးပိန်တံတားနှင့်တောင်သမန်အင်းကို လာရာက်ကြည့်ရှု စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ရှင်းလင်းပြသခဲ့ ကြပါသည်။

သမ္မတကြီးက တောင်သမန်အင်းအတွင်း ၀င်ရောက်လျှက်ရှိသော ရေဆိုးများကို တောင်အင်း မြောက်အင်း တွင် ရေသန့်စင်စက်ရုံတည်ဆောင်ပြီး ရေဆိုးကို သန့်စင်ကာ ဒုဋ္ဌ၀တီမြစ်အတွင်းသို့ စီးဝင်စေရန်နှင့် မြို့သူမြို့သားများကလည်းဒီအင်းကြီးကို Land Mark အဖြစ်သတ်မှတ်ကြပြီး သန့်သန့် ရှင်းရှင်း ကောင်းကောင်းမွန်မွန်ဖြစ်လိုစေချင်ကြကြောင်းနှင့် နိုင်ငံခြားသားများကလည်း သွားလာလေ့လာရင်း ဒေသခံများအတွက် အထောက်အကူရနေကြကြောင်း၊ ဦးပိန်တံတားအတွက် ရှေးမူမပျက်ပြန်လည်ပြင်ဆင်ရန် လိုအပ်သော ကျွန်းတိုင်အလုံးတစ်ရာကျော်ကို

ဆီးရီးယားအရေး အမေရိကန်နဲ့ရုရှားသမ္မတ တွေ့ဆုံဖို့ ရှိ

ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအရေးဟာ တနင်္လာနေ့ အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှားသမ္မတ Vladimir Putin တနှစ်ဝန်းကျင် ကာလအတွင်း ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံကြတဲ့အခါ ထိပ်တန်းဦးစားပေး ဆွေးနွေးကြမယ့်အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေးထွေညီလာခံရဲ့အပြင်ဘက်မှာ အလွတ်သဘော တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တွေ့ဆုံခဲ့ကြပြီး ဒီလိုတွေ့ဆုံမှုအတွင်း မစ္စတာ Obama နဲ့ မစ္စတာ Putin တို့ရဲ့ ဆွေးနွေးပွဲအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက

ယာဉ်ထိန်းရဲများ လက်ကိုင်ကျဉ်စက် စတင်အသုံးပြု

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် တစ်စုံတစ်ရာနှောင့်ယှက်ရန်ပြုမှုများ ကြုံတွေ့လာပါက ကာကွယ်ခုခံနိုင်ရေးနှင့် ယာဉ်ထိန်းရဲများလုံ ခြုံရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်အား စက်တင်ဘာ ၂၅ ရက်တွင် လက်ကိုင် ကျဉ်စက်တုတ်များ စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့၍ သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအား လက်ကိုင်ကျဉ်စက် တုတ်များ စတင်အသုံးပြုခွင့် ပေး ခဲ့ခြင်းဖြစ်သည်။ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများစစ်ဆေးအရေးယူစဉ် တာဝန်ဝတ္တရား နှောင့်ယှက်မှုများ နှင့် အသက်အန္တရာယ်ထိခိုက်လာ သည်အထိ ရန်ပြုမှုများဖြစ်ပေါ် လာပါက အသုံးပြုနိုင်ရန်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းယာဉ်ထိန်းရဲအရာရှိ တစ်ဦးကပြော

လုံခြုံလွတ်လပ်မှု အာမခံမယ့် ဒီမိုကရေစီ ဒေါ်စုတောင်းဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်လာခဲ့တဲ့ ၂၇ နှစ်မြောက်နေ့မှာ ဟုမ္မလင်းမြို့ကိုရောက်နေတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကိုပေးနိုင်တဲ့ ဒီမိုကရေစီစနစ် လိုအပ်တယ်လို့ ပြောကြားသွားပါတယ်။ NLD အနေနဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် မားမားမတ်မတ် ရပ်တည်လှုပ်ရှား နိုင်ခဲ့တယ်လို့လည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ (၂၇) နှစ်တာသက်တမ်းအတွင်း အာဏာရှင်စနစ်ရဲ့ ဗိုလ်ကျစိုးမိုးမှုအမျိုးမျိုးကို အန်တုယှဉ်ပြိုင်နိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် မားမားမတ်မတ်ရပ်တည်လှုပ်ရှားနိုင်ခဲ့တယ်လို့ မနေ့ကကျရောက်တဲ့ ပါတီ တည်ထောင်ခြင်း ၂၇ နှစ်မြောက်နှစ်ပတ်လည်နေ့မှာထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖေါ်ပြထား

Thursday, September 24, 2015

ဗုဒ္ဓဘာသာဝင်တိုင်း ကုလားထိရင်နာတတ်ကြတဲ့ ကုလားဘက်တော်သားတိုင်း ဖတ်ဖြစ်အောင်ဖတ်ကြပါ။

သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကား မိန့်ကြား ။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့သည် ၂၁-၈-၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့် ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်သည့် စကားများ လူကြီးမင်းများခင်ဗျား၊

ကောင်းသောနံနက်ခင်းပါ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။ တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ဘာသာတရားစတင်ပေါ်ပေါက်

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသော ဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦး လူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည်ကြောက်စိတ်ကိုအခြေခံ၍ နေကို ကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ြ

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်


ယင်းအချက်လေးချက်မှာ-

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်

ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

Wednesday, September 23, 2015

အားလုံး စဉ်းစားကြည့်ကြပေးတော့

ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ပဲ မြင်တွေ့ရ မယ်...
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဖုန်းဆင်းကတ်တွေ ၁၅ သိန်းပဲဖြစ်နေလိမ့်မယ်...

ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ကားဈေးတွေ သိန်းထောင်ကျော်နေလိမ့်မယ်....

ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ခင်ဗျားတို့အဘိုးအဘွားရဲ့ ပင်စင်လစာတွေ ကလေး ၁ ပတ် မုန့်ဖိုး စာပဲ ရကြလိမ့်မယ်....

ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... အစိုးရ၀န်ထမ်းလစာတွေ သောင်းဂဏန်းမှာသာ တစ် နေလိမ့်မယ်....

သားဦးလေးပိုင်ဆိုင်သွားတဲ့ ဝေလ

ဇနီးဖြစ်သူက သားဦးကလေးကို စက်တင်ဘာ ၂၃ ရက်တွင် ဝိတိုရိယဆေးရုံ၌ မွေးဖွားခဲ့ကြောင်းနှင့် သားဦးလေးပိုင်ဆိုင်ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း အဆိုတော်ဝေလက ပြောသည်။

‘‘အရမ်းဝမ်းသာနေတယ်။ ကိုယ့်ရှေ့မှာ ကိုယ့်ရဲ့ကိုယ်ပွားလေးတစ်ယောက် သေးသေးလေး ကိုယ့်ရှေ့မှာ ရှိနေတယ်။ အဲဒီ ကလေးလေးက ကိုယ်တစ်သက်လုံး စောင့်ရှောက်ရမယ့်ကလေးလေးဆိုတော့ အဲဒါလေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်’’ဟု ဖခင်တစ်ဦး၏ ခံစားမှုကို ပြောသည်။

ကလေးငယ်ကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ၅၇ မိနစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကိုယ်အလေးချိန်မှာ ၇ ပေါင် ၃ အောင်စရှိပြီး ကလေးရာ မိခင်ပါ ကျန်းမာကြောင်း ဝေလက ပြော သည်။ ‘‘ကိုယ်ဝန်စရှိကတည်းက ဒီ ကလေးလေးအတွက် ဘာတွေ လုပ်ပေးရမလဲဆိုတာကိုပဲ ကျွန်တော်တို့ နှစ်ယောက်တိုင်ပင်ဖြစ်တယ်။ နာမည်ကတော့ လောလောဆယ် စဉ်းစားတုန်းပဲရှိပါ တယ်’’ဟု ဝေလက ပြော

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်

ရွေးကောက်ပွဲကျင်းပရန် တစ်လခွဲခန့်သာလိုတော့သည်။

ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှုများ၊ မဲပေးရမည့်စာရင်းတွင် မပါဝင်မှုများ အကြောင်း လူအများက စိတ်ဝင်တစား ဝေဖန်နေကြသော်လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုကိုတော့ မေ့နေကြဆဲ ဖြစ်သည်။

ယင်းမှာ နိုင်ငံရေးပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်မှုပင်။

နိုင်ငံရေးပြိုင်ဘက်များကို အပြတ်ရှင်းခြင်း (သို့မဟုတ်) အသက်မသေသည့်တိုင် နိုင်ငံရေးလောကမှ ထွက်ခွာသွားအောင် ခြိမ်းခြောက်နှောင့်ယှက်သည့် ဓလေ့က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ကျင်းပသည့် ၁၉၅၆ ရွေး ကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့် မင်းလှလေးလောင်း ပြိုင်လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ် ဦးအောင်သာ သတ်ဖြတ်ခံရမှုတို့သည် လက်သည် တရားခံမပေါ်ဘဲ ပြီးပြတ်ခဲ့ရသည်။

နောက်လေးနှစ်အကြာ ကျင်းပသော ၁၉၆၀ ရွေးကောက်ပွဲတွင်လည်း အမည်မဖော်နိုင်သည့် လက်သည်တရားခံအချို့ ထပ်မံထွက်ပေါ်လာပြီး ငါန်းဇွန်မြို့နယ်၌ သတ်ဖြတ်မှုများ ထပ်မံကျူးလွန်ခဲ့ ပြန်သည်။

ထို့ကြောင့် လာမည့်လပိုင်းတွင် ကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း လွှတ်တော်သို့ သွားရာလမ်း၌ လုံခြုံရေးကို သတိပေါ့လျော့ရန် မသင့်ပေ။

လက်ရှိအချိန်တွင် လွှတ်တော်အမတ်များအတွက် အသက်အန္တရာယ်ထိခိုက်နိုင်သည့် ခြိမ်းခြောက်မှုမျိုး မမြင်တွေ့ရသေးသော်လည်း သတိထားရမည့် အန္တရာယ်ပြုမူမှုများတော့ ရှိနေသည်။

အမတ်လောင်းများသည် အတိတ်ကဖြစ်ရပ်များကဲ့သို့ အစဖျောက်သတ်ဖြတ်မှုများ မခံရတော့သော်လည်း သူတို့၏ ရုပ်ပုံများနှင့် ကြော်ငြာဆိုင်းဘုတ်များကတော့ လုပ်ကြံသတ်ဖြတ်ခံနေရပြီ ဖြစ်သည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် NDF ပါတီမှ ကိုယ်စားလှယ်လောင်း၏ ဓာတ်ပုံကို မည်သူလာရောက် ဖြုတ်ယူသွားသည်ကို မသိရသေးကြောင်း ၀င်ရောက်ယှဉ်ပြိုင်သူ ဦးမောင်မောင်ကြီးက ပြောသည်။

‘‘အမှတ် (၈)ရပ်ကွက်မှာရှိတဲ့ ကွမ်းယာဆိုင်နဲ့ ဆီဆိုင်ကြားမှာ ကျွန်တော့်ပုံနဲ့ နောက်ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းပုံတွေ ချိတ်ထားတာအခုချိန်ထိ ဘယ်သူဖြုတ်သွားမှန်း မသိသေးဘူး။ ရဲစခန်းတော့သွားပြီး မတိုင်တော့ပါဘူး။ နောက်ဆို သေသေချာချာ သတိထားလုပ်ဖို့အတွက်ကိုပဲ စီစဉ်နေပါတယ်’’ဟု ဦးမောင်မောင်ကြီးက ပြောသည်။

ခြိမ်းခြောက်လုပ်ကြံခံရမှုများသည် လွှတ်တော်အမတ်လောင်းများပင် မဟုတ်၊ ၎င်းတို့၏ မိခင်ပါတီများ သည်လည်း ပစ်မှတ် ဖြစ်လာခဲ့ကြရသည်။

၂၀၁၀ အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုး၏ ဆိုင်းဘုတ်များသည်လည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။ မန္တလေးပြည်ကြီး တံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင် ဆိုင်းဘုတ်တင်ထားသော ပြည်ခိုင်ဖြိုးပါတီ၏ အလျား ၁၀ ပေ၊ အနံ ၄ပေရှိ ပါတီ ဗီနိုင်းဆိုင်းဘုတ်ကို စက်တင်ဘာ ၂၀ ရက်က ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဘလိတ်ဓားနှင့်လှီးဖြတ်ဖျက်ဆီးခြင်းခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ စုံစမ်းသိရ သည်။

ထို့အပြင် ကောလင်းမြို့နယ်တွင် ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရပြီး သာပေါင်းမြို့နယ်၊ ကန့်ဘလူမြို့ နယ်တို့တွင်လည်း အလားတူဖြစ်စဉ်များ ကြုံခဲ့သည်။

လက်ရှိအချိန်အထိ နိုင်ငံရေးပါတီများနှင့် အမတ်လောင်းများ၏ ရွေးကောက်ပွဲ ကြော်ငြာဆိုင်းဘုတ် ၃၀ခန့် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။

အဆိုပါအမှုများနှင့် ပတ်သတ်၍ သံသယရှိသူအချို့အား ခေါ်ယူစစ်ဆေးမှုများရှိခဲ့သော်လည်း တစ်စုံတစ်ယောက်ကိုမျှ အရေးယူနိုင်ခြင်း မရှိခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးရပ်တည်ချက်ချင်းမတူသော်လည်း ပြည်ခိုင်ဖြိုး ကဲ့သို့ပင် ခြိမ်းခြောက်ခံခဲ့ရမှုများလည်း ရှိခဲ့သည်။

မလှိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခွဲတွင် စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ခန့်က ‘‘ပြောင်းလဲချိန်တန်ပြီ’’ ဇာတ်ကားဖြင့် မဲဆွယ်စည်းရုံး ဟောပြောရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ခေါင်းမိုးကို လောက်လေးခွဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခံခဲ့ ရသည်။

ခြိမ်းခြောက်နှောင့်ယှက်မှုများက ပါတီမရွေး။ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည်လည်း အဆိုပါအဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လိန်ပင်ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က NDF ပါတီဝင်တစ်ဦး၏ နေအိမ်ရှေ့ ခြံစည်းရိုး ၌် စိုက်ထူထားသည့် NDF ပါတီဆိုင်းဘုတ်ကို ယင်းကျေးရွာမှ အမျိုးသားတစ်ဦးက အော်ဟစ်ကာ သစ်သားတုတ်ဖြင့် ဆိုင်ဘုတ်ကို ဆုတ်ဖြဲ၍ အနီးရှိ ဆည်တော်ကြီးမြောင်းအတွင်းသို့ လွှင့်ပစ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သူ၏ နောက်ကွယ်တွင် မည်သည့်နိုင်ငံရေးပါတီများ သွေးထိုးလှုံ့ဆော် မှုများရှိ၊ မရှိစုံစမ်းစစ်ဆေး၍ ဥပဒေအရအရေးယူ ဆောင်ရွက်ခြင်များပြုလုပ်မည်ဖြစ်ကြောင်း NDF ပါတီ ဗဟို လုပ်ငန်းကော်မတီဝင် ဦးခင်မောင်သန်းက ပြောသည်။

ပြင်းထန်သည့် အားပြိုင်မှု များနှင့် ထောက်ခံသူရော၊ ကန့် ကွက်ခဲ့သူများပါရှိနေသည့် မဲဆန္ဒနယ်များသို့ သွားလာနေကြရသည့် အမတ်လောင်းများအတွက် လုံခြုံရေးယူပေးမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများက ပြောသည်။

‘‘ကျွန်တော်တို့ကို လုံခြုံရေးအတွက်ဆိုပြီး ခေါင်းစဉ်တပ်ပြော တာမရှိပေမယ့် မဲဆွယ်စည်းရုံး ရေးဆင်းတဲ့အခါ ကိုယ်စားလှယ်လောင်းတွေ စုစုစည်းစည်းနဲ့သွားဖို့ ပါတီက မှာထားပါတယ်။ ဒါကိုကပဲ လုံခြုံရေးအတွက် မှာကြားတယ်လို့ ယူဆပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမဲ ဆန္ဒနယ်(၁)မှ ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်းက ပြောသည်။

ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရသည့်ကိစ္စများနှင့် ပတ်သက်၍ သူ့အခွင့်အရေးကိုယ့် အခွင့်အရေး၊ သူ့ပါတီဆိုင်းဘုတ် ကိုယ့်ပါတီဆိုင်းဘုတ်ကို အပြန်အလှန် လေးစားပြီး သန့်ရှင်းစွာ ယှဉ်ပြိုင်သင့်ကြောင်း ၎င်းကအ ကြုံပြုသည်။

‘‘ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီနိုင်ငံ ဘယ်လိုတည်ဆောက်မလဲ ဗျာ’’ ဦးနိုင်ငံလင်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် လုံခြုံရေးအတွက် လိုအပ်ပါက မည်သည့် ပါတီဝင်မဆို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံး၊ ရဲစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ လာရောက်အကူအညီတောင်းခံနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းဗိုလ် က ပြောသည်။

‘‘ဘယ်ကိုယ်စားလှယ်လောင်းတွေမဆို မိမိတို့ မြို့နယ်မှာစည်းရုံးရေးဆင်းလို့ လုံခြုံရေး တောင်းလို့ရပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ မြို့ နယ်ရဲစခန်းတွေမှာလည်း အကူအညီတောင်းလို့ရတယ်။ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာလည်း အကူအညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့ကတော့ မိုင်းရှင်း လင်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ပေးမှာပါ’’ဟု ၎င်းက ပြောသည်။

မြို့ကြီးများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများအတွက် ရဲတပ်ဖွဲ့ထံ လုံခြုံရေး တောင်းခံနိုင် သော်လည်း အစိုးရအာဏာစက်နှင့် အလှမ်းဝေးသည့်ဒေသများမှ အမတ်လောင်းများအတွက်တော့ စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။

ရှမ်းပြည်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် လုံခြုံရေးကြောင့် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားကြရန် အမတ်လောင်းများအား သတိပေးထားသည်။

RCSS/SSA သည် ရှမ်းပြည်နယ် ကွန်ဟိန်း၊ မောက်မယ်၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မိုင်းပန်စသည့် ဒေသများတွင် အာဏာသက်ရောက်သည့် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

‘‘အစိုးရဘက်အခြမ်းဆိုလည်း သိပ်ပြဿနာမရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင်အခြေစိုက်တယ်ဆိုလည်း သိပ်ပြဿနာမရှိဘူး။ နှစ်ဖက်စလုံးရှိတဲ့နေရာဆိုရင် သတိထားရတယ်။ နောက်တစ်ခုက ဒေသက လူမျိုးစုတစ်ခုအခြေစိုက်တဲ့ နယ်မြေဖြစ်ပေမယ့် အမတ်က အခြားလူမျိုးဆိုရင်လည်း သတိထားရ မယ်’’ဟု ရှမ်းပြည်တောင်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။

လက်နက်ကိုင်များရောထွေးနေသည့် ဒေသမှ အမတ်လောင်းများအတွက် စိုးရိမ်စိတ်က ရွေးကောက်ပွဲနီးမှ မဟုတ်။ ရွေးကောက်ပွဲ မစတင်မီကာလများကတည်းက ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်ကျေးဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သူ လေးဦးနှင့်ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိ သေးခြင်းမရှိ ကြောင်း နမ့်စန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆိုသည်။

နိုင်ငံရေးလုပ်ကြံမှုများသည် ရွေးကောက်ပွဲနီးကပ်လာပါက ပိုမိုပြင်းထန်လာတတ်ပြီး အနိုင်ရလိုသော်လည်း ပြိုင်ဘက်အမတ်လောင်းအား အနိုင်ရနိုင်ခြေမရှိသော အာဏာမက်မောသူများ၏ နောက်ဆုံး နည်းလမ်းဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုတွင် အရေးပါသည့် အဖြစ်အပျက်တစ်ခုအဖြစ် ရည်ညွှန်းကြသည့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် လပိုင်းမျှသာလိုတော့ သည်။ လွှတ်တော်သို့သွားရန် ကြိုးစားနေသည့် အမတ်လောင်းများအတွက် ခြိမ်းခြောက်မှုများက တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သော ခြိမ်းခြောက်မှုများ က ကြုံတွေ့နေရပြီ ဖြစ်သည်။

အသတ်ခံရသော မြွေက လူကို ဝင်ပူးသည့် ထူးဆန်းသည့်ဖြစ်စဉ် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွား

စစ်ကိုင်းမြို့မှ မင်းကွန်းဘက်သို့ သွားရာလမ်း ရှင်ဖြူရှင်လှရပ်ကွက်တွင် စပါးကြီးမြွေတစ်ကောင်အား တွေ့ရှိ၍ ဒေသခံ တံငါလုပ်သူများက ၀ိုင်းဝန်း သတ်ဖြတ်ခဲ့ရာ သတ်ဖြတ်ခြင်းခံရသော မြွေက အမျိုးသမီး တစ်ဦးအား ၀င်ပူးကာ ငိုယိုဟစ်ကြွေး ကြုံးဝါးပြောဆိုခဲ့ခြင်းအား ဒေသခံ ဆရာတော်ထံ လျှောက်ထားရာမှ ပြောကြားမှုများမှာ တိုက်ဆိုင်စွာ မှန်ကန်နေသဖြင့် လူအများ စိတ်ဝင်စားလျက် ရှိနေကြောင်း သိရသည်။

“မြွေကြီးကို တွေ့တော့ ဒေသခံတွေက သတ်လိုက်ကြတယ်။ ညနေ ၄ နာရီလောက်ပေါ့။ ရှင်ဖြူရှင်လှ ရပ်ကွက်ထဲက အမျိုးသမီး တစ်ဦးက သူ့ကို လူတွေက ၀ိုင်းသတ်ပါတယ်ဆိုပြီး လူးလိမ့်ပြီး ငိုတယ်။ နင်တို့ကို မကျေနပ်ဘူး။ တစ်ရွာလုံး ရေနစ် သတ်မယ်လို့လည်း ကြုံးဝါးတယ်။ အဲဒါနဲ့ ဒီပါဧမြကျောင်းတိုက် ဆရာတော်ကို ပင့်ပြီး အဖြစ်အပျက်ကို လျှောက်ထားကြတယ်။ ဆရာတော်က ပရိသတ်ရေ ဖြန်းပြီး အကျိုးအကြောင်းကို မေးတော့ “တပည့်တော်တို့ဟာ သာသနာပြုဖို့ ဒီနေရာကို ရောက်လာတာပါ ဘုရား။ အစ်ကိုဖြစ်သူ မြွေကြီးတစ်ကောင်လည်း ပါပါတယ်။ အစ်ကိုဖြစ်သူ မြွေကြီးက

ထိုင်းနိုင်ငံတွင် တိုးရစ်ဗီဇာသစ် နိုဝင်ဘာ ၁၃ ရက် စတင်ထုတ်ပေးမည်

ထိုင်းနိုင်ငံသည် ခြောက်လခြောက်လဗီဇာသစ်အား နိုဝင်ဘာ ၁၃ ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ပြီး ယင်းတိုးရစ်ဗီဇာသစ်ဖြင့် နိုင်ငံတွင်း အကြိမ်ကြိမ်ဝင်ရောက်ခွင့်ရှိသော်လည်း တစ်ကြိမ်ကို ရက် ၆၀ သာ နေထိုင်ခွင့်ကန့်သတ်ထားသည်။

ကမ္ဘာတစ်ဝန်းရှိ သံရုံးများအားလုံး၊ ကောင်စစ်ဝန်ရုံးများတွင် ယင်းဗီဇာသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်လျက်ရှိပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အသေးစိတ်အချက်အလက် အား နိုင်ငံခြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာတွင် စက်တင်ဘာ ၂၂ ရက်က စတင်ဖော်ပြထားသည်။

တစ်ကြိမ်မှ သုံးကြိမ်သာဝင်ထွက်ခွင့်ပြုထားသည့် လက်ရှိဗီဇာကဲ့သို့ မဟုတ်ဘဲ ဗီဇာသစ်သည် နယ်စပ်ဖြတ်သန်းခွင့်ကို ဗီဇာသက်တမ်းကာလအတွင်း အကြိမ်ကြိမ်ဖြတ်သန်းခွင့်

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း တည်ထောင်ရန် ရန်ကုန်တိုင်း ကိုယ်စားပြု ဗဟိုကော်မတီဝင်များ ရွေးချယ်မည်

အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း (IBA.LONDON) ၏ ကူပံ့မှုဖြင့် တစ်နိုင်ငံလုံး ကိုယ်စားပြုသည့် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ပေါ်ပေါက်လာစေရန် ရန်ကုန်တိုင်း ကိုယ်စားပြု ဗဟိုကော်မတီဝင် ၁၀ ဦးကို အောက်တိုဘာ ၃၀ ရက်တွင် ရွေးချယ်သွားမည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ရန်ကုန်) ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရှေ့နေအသင်းကြီး ဖြစ်ပေါ်လာစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ ကိုယ်စားပြု ဗဟိုကော်မတီဝင်များ ရွေးချယ်ပြီးစီးခဲ့ပြီး ရန်ကုန်တိုင်း တစ်ခုတည်း ကျန်ရှိနေ၍ ယင်းသို့ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ရန်ကုန်) ၏ စည်းရုံးရေး ကြီးကြပ်ရေးကော်မတီဝင် ဦးကိုမြင့်က မဇ္ဈိမကို ပြောသည်။

''တခြား ပြည်နယ်အားလုံး ဖွဲ့ပြီးပြီ၊ ရန်ကုန်တိုင်းတစ်ခုပဲ ကျန်တယ်။ ရွေးကောက်ပွဲ ကိစ္စတွေကြောင့် ကျွန်တော်တို့ နောက်ကျနေတာပါ။ (IBA) က တစ်နိုင်ငံလုံး အတိုင်းအတာ

ထိရောက်သော ကဗျာတစ်ပုဒ်


လိပ်ကျွန်းလူသတ်မှု သက်သေခံပစ္စည်းမှာ မြန်မာနှစ်ဦး DNA မတွေ့ရ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်းစစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ရဲအရာရှိ အပါအ၀င် တရားခံပြ သက်သေ ၃ ဦးကို ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

လူသတ်မှုနဲ့ပတ်သက်လို့ သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တယ်လို့ ရဲအာဏာပိုင်တွေ သက်သေတင်ထားတဲ့ ပေါက်တူးမှာ စွပ်စွဲခံထားရတဲ့ လူငယ် ၂ ဦးရဲ့ DNA မျိုးရိုးဗီဇ မတွေ့ရဘဲ သေဆုံးသူ ၂ ဦးရဲ့ DNA အပြင် အမည်မသိသူ ၂ ဦးရဲ့ DNA တွေကို တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ 

တနှစ်ကျော်ကြာပြီဖြစ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးမှာ တရားခံပြ သက်သေတွေကို ထပ်မံစစ်ဆေးရာမှာ အင်္ဂါနေ့မှာတော့ ထိုင်းနိုင်ငံ အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့

ဘာငြင်းချင်သေးလဲ ဒေါ်စုကြည်

ဒီမိုတွေ ပြောပြောနေတဲ့ ဒေါ်စုက ဘာဘာညာညာ ကာကွယ်တာတွေအတွက် ဒေါ်စုကြည်အနေနဲ့ အမျိုးသားရေးနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား မပြောရဲဘူး။ ရိုဟင်ဂျာနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား မပြောရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလူတွေဟာည မြန်မာနိုင်ငံသားတွေလို့ သူခံယူထားတယ်...။ သူတို့အတွက် အရမ်းကြေကွဲဝမ်းနည်းရတယ် ဆိုတာ ဒေါ်စုကြည်ကိုယ်တိုင် ပြောထားတာ-

"It is very sad, because none of them has been to any other country apart from Burma. They did not feel that they belonged anywhere and it was sad for them that they were made to feel that they didn't belong in our country either," Aung San Suu Kyi said.

ပြီးတော့လည်း နိုင်ငံသားမပေးတဲ့ သမ္မတ ဦးသိန်းစိန်ကို ဝေဖန်တာလေး ဖတ်ကြည့်ကြပါဦး

She also said that the government of President Thein Sein should review Burma's citizenship laws, although she again failed to directly answer a question on whether she considered the Muslim Rohingyas, who had lived for generations in the country, to be

ပြည်ခိုင်ဖြိုးနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဟု ရွှေပြည်သာကိုယ်စားလှယ်ပြောကြား

လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြော သည်။

‘‘ကျွန်တော်တို့နိုင်မှ ပါတီနိုင်မယ်။ ပါတီနိုင်မှ ကြံ့ခိုင်ရေး အစိုးရပေါ်လာမယ်။ ကြံ့ခိုင်ရေးအစိုးရပေါ်လာမှ တိုင်းပြည်ကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်’’ဟု လာမည့် ရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် ဘတ်ဂျက်မရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအတွက် လုံခြုံရေး ဆောင်ရွက်ရာတွင် ဘတ်ဂျက်ငွေ တစ်ပြားမှ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန် ယူထားရသူ ဦးဝင်းထိန်က ပြောသည်။

ယမန်နေ့က ကျင်းပပြုလုပ်သည့် NLD အောင်နိုင်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စနှင့် ပတ်သက်ပြီး ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဘာနဲ့ ကာကွယ်ပေးလဲဆိုရင် ကိုယ်ခန္ဓာနဲ့ပဲ ကာကွယ်ရတာပါ။ ကျွန်တော်တို့ လုံခြုံရေးယူတဲ့ တော်တော်များများမှာ လစ်ဟာမှုတွေ ရှိတယ်'' ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က

Broccoli ( ပန်းဂေါ်ဖီစိမ်း) သို့မဟုတ် ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာ

သင်ဟာ Broccoli ( ပန်းဂေါ်ဖီစိမ်း) ကို ကြိုက်နှစ်သက်ပါသလား??? သူဟာ သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာဖြစ်တယ်ဆိုတာရော သင်သိပါသလား???

လူအများစုက ပန်းဂေါ်ဖီစိမ်းလို့ခေါ်တဲ့ ( Broccoli ) ကိုသင်ဟာ ကျက်နေအောင် ပြုတ်စားမယ်ဆိုရင် သင့်ရဲ့သွေးတွင်း cholesterol ကို အများဆုံးလျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဘာကြောင့်လည်းဆိုရင် Broccoli ( ပန်းဂေါ်ဖီစိမ်း) ဟာ သင့်ရဲ့ အစာလမ်းကြောင်းထဲ ရောက်ရှိတဲ့ အချိန်မှာ သည်းခြေက ထုတ်ပေးတဲ့ အက်စစ်တွေနဲ့ ပေါင်းစပ်တယ်လို့ သိရပါတယ်။ အဲ့လို အက်စစ်တွေနဲ့ ပေါင်းစပ်ခြင်းဟာ သင့်ရဲ့သွေးတွင်း cholesterol ကို လျှော့ချပေးတဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါ

ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်ကို နားလည်သူကိုသာ မဲပေးရန် တပ်မတော်သားများကို ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် ညွှန်ကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားများ မဲပေးရာတွင် ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကိုသာ အခြေခံစဉ်းစား မဲထည့်ကြရန် ညွှန်ကြားလိုက်သည်။

စက်တင်ဘာ ၂၂ ရက် ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်ရှိစဉ် တပ်မတော်အရာရှိများ တပ်မိသားစု ဝင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တပ်မတော်သားများအနေဖြင့် ဆန္ဒမဲပေးရာတွင် တိုင်းပြည်အပေါ် ကောင်းအောင် လုပ်နိုင်မည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်သူ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး အမြင် လေးမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကို အခြေခံစဉ်းစားရမည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်သည့်

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ