ရော့ခ်အဆိုတော် မျိုးကြီး၊ နောနော်တို့နှင့် ပူးပေါင်းကာ ခရစ်ယာန်ဓမ္မသီချင်းခွေတစ်ခွေ ထွက်ရှိနိုင်ရန် စီစဉ်နေကြောင်း ဂျေမီက ပြောကြားသည်။‘‘သီချင်းတွေတော့ တော်တော်ပြီးနေပြီ။ ကိုမျိုးကြီး၊ နောနော်၊ ကိုညီပုလေးလည်း ပါချင်ပါမယ်’’ဟု ယင်းအခွေနှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။
အနုပညာလှုပ်ရှားမှုများအနေဖြင့် အဆိုတော်အသစ်များအတွက် သီချင်းများရေးပေးဖြစ်ပြီး ၎င်းသီဆို ထားသည့် သီချင်းတစ်ပုဒ်ကိုလည်း စီးရီးခွေတွင် မသုံးဖြစ်ပါက ပရိသတ်များကို အခမဲ့ဖြန့်ဝေပေးသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောကြားသည်။
ဂျေမီက ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်သည့် Live In Yangon Party ဖျော်ဖြေပွဲတွင် ရဲလေး၊ G Tone ၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ BobbySoxer တို့နှင့်အတူ ပါဝင်သီဆိုခဲ့ပြီး မန္တလေးမြို့တွင်လည်း သြဂုတ်အတွင်း သွားရောက်ဖျော် ဖြေရန်ရှိသည်ဟု ဆိုသည်။
‘‘ထူးဆန်းတာက ဟိုးတစ်လောတုန်းက ဘုရားတရားတွေ ချည်းလုပ်ပြီး နားသလိုဖြစ်နေတာ။ နောက်ပြီး ကိုဘိုစန်းနဲ့ အလုပ်မလုပ်ဖြစ်တာလည်း ပါတယ်။ အခုပြန်ဆိုတော့လည်း အဆင်ပြေနေတာပဲ။ မနေ့တစ်နေ့ က ဆိုနေတဲ့အတိုင်းရေလည် အားပေးတယ်’’ဟု ဖျော်ဖြေပွဲများပြန်လည်သီဆိုဖြစ်သည့် ခံစားမှုကို ပြောသည်။
7Day Daily
No comments:
Post a Comment