Friday, October 31, 2014

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရည်မှန်းချက်မှာ “ နိုင်ငံတော်ကို အေးချမ်း သာယာပြီးခေတ်မီ ဖွံဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက်တည် တံ့ခိုင်မြဲရေး ” ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ကာ ကြိုးပမ်းလျှက်ရှိပါ သည်.။

ဒီမိုကရေစီအသွင်းကူးပြောင်း နိုင်ခဲ့ပြီဖြစ်ရာ လွှတ်တော် ၊ အစိုးရ ၊ တရားလွှတ်တော်တို့ ပေါ်ထွန်းလာခဲ့ သည်။ နိုင်ငံရေးနှင့် လူမှုစီးပွားရေးတို့သည်လည်း ညင်သာချောမွေ့စွာ ပြောင်းလဲလာပြီး အောင်မြင်တိုး တက်လျှက်ရှိပါသည်။

ယနေ့လွှတ်တော်အဆင့်ဆင့်သည် တိုင်းရင်းသားပေါင်းစုံ၊ ပါတီပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားပါသည်။ လွှတ်တော်များ၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဖြစ်ထွန်းစေရန်၊ တရာမျှတပြီး ပြည်သူများလိုက်နာနိုင်သော ဥပဒေဖြစ်စေရန်နှင့်နိုင်ငံ တကာကွန်ဗင်းရှင်းများ ၊ (Treaty ) နှင့်ကိုက်ညီစေရန် အလေးထား၍ ဥပဒေများပြင်ဆင်ခြင်း၊ ပယ် ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်လျှက်ပါသည်။ 

အစိုးရအဖွဲ့နှင့် တရားရေးအဖွဲ့သည်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ပြည်သူဗဟိုပြု လူမှုစီးပွားပြုပြင် ပြောင်းလဲမှု၊ အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်လျှက် ရှိပါသည်။ 

ယနေ့ကာလသည် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်ဖြစ်ထွန်းစကာလဖြစ်ရာ ပါတီစွဲ ၊ ၀ါဒစွဲ၊ ဒေသစွဲ ၊ လူမျိုးစွဲ၊ ဘာသာစွဲ အစရှိသော အစွဲများကင်းစင်စွာဖြင့် နိုင်ငံနှင့်နိုင်ငံသားအကျိုးကို အားလုံးပူးပေါင်း ဆောင်ရွက် သွားရန်လိုပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုနှင့်အတူ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ လက်ရှိရရှိ ထားသော အခြေအနေကောင်းများမှ ယုတ်လျော့မသွားစေဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင်မြင် စေရန် ပါတီများ၊ လွှတ်တော် ၊အစိုးရအဖွဲ့၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါသည်။

မြန်မာဒီမိုကရေစီဖော်ဆောင်မှု အုတ်မြစ်များဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး၊ စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်းသင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းရေး ၊ နိုင်ငံသား များ၏ မူလအခွင့်အရေးများရရှိရေးတို့ကို ဆောင်ရွက်လျှက်ရှိရာ တည်ငြိမ်အေးချမ်းမှုသည် အထူးပင် အရေးကြီးပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်  တန်းတူညီမျှရေး၊ အုပ်ချုပ်မှုဆိုင်ရာ ခွဲခြားမှုမရှိရေး အတွက် အလေးပေးဆောင်ရွက်နေပါသည်။

ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံ (၂) ခုအကြားတွင် တည်ရှိပြီး တိုင်းရင်းသား မျိုးနွယ်စု (၁၀၀)ကျော် စုပေါင်းနေထိုင်ကြသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်း ရေး သည် အလွန်အရေးကြီးပေသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် “ ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ” တည်းဟူသော အရေး (၃)ပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည်သည့်အပြင် အမျိုးသားရေး မူဝါဒ အဖြစ် ခံယူကျင့်သုံးလျှက်ရှိပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကိုလည်း လိုလားပါသည်။ ယနေ့ကာလသည် တိုင်းရင်းသားပြည်သူများ၏ လိုလား ချက်ဖြစ်သော ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုမူဝါဒ များကို ဖော်ဆောင်နေသည့် ကာလဖြစ် ပါသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တည်ဆောက်ရာတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုခြင်း၊ ငြင်းဆန်ခြင်းများကို ရှောင်ရှာပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့်ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ဖော်ဆောင်ရမည်ဖြစ်ပါသည်။

နိုင်ငံတော်အတွင်း နှစ်ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူများအနေဖြင့် ကြီးမားသော လူမှုဒုက္ခများ ကြုံတွေ့ခံစားကြရသည်။ ထိုအနိဋ္ဌာရုံများမှ ကင်းလွတ် စေရန်အတွက် တိုင်းရင်းသားပြည်သူများအားလုံးတန်းတူရည်တူ စည်းလုံးညီညွတ်စွာပူးပေါင်း၍ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို မဖြစ်မနေဖော်ဆောင်ရန်လိုပါသည်။ သို့မှသာလက်နက်ကိုင်ပဋိပက္ခ များချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးတည်ဆောက် နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အခြေတည်ခိုင်မာမှသာနိုင်ငံနှင့်နိုင်ငံသား များ၏လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ ဆက်လက်ဖြစ်ထွန်းမှုကလည်း ဖွံ့ဖြိုးတိုး တက်ရေးကို အထောက် အကူပြုသည်။ ထို့ကြောင့်(Stake holder)များအကြား ယုံကြည်မှုတည် ဆောက်ရန်လိုပါသည်။ ဆန့်ကျင် ဘက်အကျိုးဆက်များ မဖြစ်ပေါ်စေရန် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တွက်ဆဆင်ခြင်၍ စည်းလုံးညီညွတ် စွာဆောင်ရွက်ကြရပေမည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်အစိုးရပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လို လားသည့် ပါတီအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဦးထိပ်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။

တွေ့ဆုံပွဲမှသည်....

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရန် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင်ဆောင်ရွက်ရန်၊ နိုင်ငံေ၇းပြသနာအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေး အဖြေရှာရန်



နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သော နိုင်ငံရေးခေါင်းဆောင်များဆွေးနွေးပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ရန် နိုင်ငံရေးပြဿနာ အားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။

ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်၍ နည်းလမ်းကောင်းများရှာဖွေနိုင်ရန် ဆက်လက်တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆွေးနွေးပွဲ အပြီး လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ သို့သော် ဆွေးနွေးပွဲမှကြေညာချက် ထုတ်ပြန်ခြင်း မရှိပေ။ဆွေးနွေးပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ် ဆောင်ရန် စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း ဦးရဲထွဋ်က ပြောသည်။

‘‘အခြေအနေကောင်းတယ်လို့ပြောရမှာပေါ့။ ၂၀၁၅ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်မယ်လို့ မျှော်လင့်တယ်။ အားလုံးလည်း ဒီလိုပဲ ဆန္ဒရှိတယ်။

ဒီလိုတွေ့ဆုံမှုမျိုးတွေဆက်ဖြစ်ဖို့ သမ္မတကကြိုးစားမယ်လို့ ပြောတယ်’’ဟု ဆွေးနွေးပွဲသို့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)ကိုယ်စားပြုတက်ရောက်ခဲ့သော ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် သဘောထားမတိုက်ဆိုင်မှုအချို့ရှိသော်လည်း မိမိသည် တပ်မတော်ကိုချစ်ခင်ကြောင်းပြောခဲ့သည်ဟုလည်း ဦးရဲထွဋ်က ပြောသည်။

ဆွေးနွေးပွဲမစမီ သမ္မတကအမျိုးသားနိုင်ငံရေးအင်အားစု များအားလုံးပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများရှာဖွေကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန်တိုက်တွန်းပြောကြားခဲ့ ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သမ္မတက ၂၀၁၄ နှစ်ကုန်ပိုင်း၊ ၂၀၁၅ အစပိုင်းတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူချက် လက်မှတ်ရေးထိုးနိုင်ရန်အရေးကြီးပြီး နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်မှသာ ၂၀၁၆ တွင် တက်လာမည့်အစိုးရကို မည်သူပဲတာဝန်ယူသည်ဖြစ်စေ တိုင်းရင်းသား အဖွဲ့များနှင့် ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

Thursday, October 30, 2014

သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်လိုက်ပါပြီ






မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးမှ ဦးဆောင် ကာ မျိုးစောင့် ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ်က မန္တလေးမြို့ တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်များနှင့် လူထုများအပါအ၀င် မိတ္ထီလာ၊ နေပြည်တော်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ဆည်စသည့် မြို့ရွာများမှ သံဃာတော်များ၊ သီလရှင် ဆရာလေးများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ပြီး ဆန္ဒပြပွဲစီစဉ်သည့် မဘသဆရာ တော်များက အင်အားတစ်သိန်းကျော်ဆန္ဒထုတ်ဖော်မည်ဟု သတင်းထုတ်ပြန်ပြီး ဆန္ဒပြပွဲလာ ရောက်ကြည့် ရှုသူ မြို့ခံအချို့ က အင်အားသုံးသောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြောဆိုကြ သည်။



နေ့လယ် ၁ နာရီမှ ၄ နာရီ အထိ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် ၈၅ လမ်းနှင့် ၃၅ လမ်း ထောင့်မှ အိမ်တော်ရာဘုရား အထိ ၃၅ လမ်းတစ်လျှောက် ကြွေးကြော်သံများဖြင့် လမ်း လျှောက်ဆန္ဒထုတ် ဖော်ခဲ့ခြင်း ဖြစ်ပြီး အိမ်တော်ရာဘုရားဝင်း အတွင်း ၁၄ ခန်းဓမ္မာရုံတွင် မျိုး စောင့်ဥပဒေဆိုင်ရာ လူထုဟော ပြောပွဲပြု လုပ်ခဲ့သည်။

အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ဘာသာကူး ပြောင်းရာတွင် အခြားဘာသာဝင် များအနေဖြင့် ၎င်းတို့ကိုးကွယ် သည့် ဘာသာအလိုက် အကာအကွယ်ပေးထားသည့် ဥပဒေများ ရှိသည့်အတွက် ဗုဒ္ဓဘာသာအမျိုး သမီးများအနေဖြင့်လည်း ယင်းသို့ ဥပဒေအရ အကာအကွယ်ရစေ ရန်အတွက် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း မဘသ(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးအတွင်းရေးမှူး ဦးဣန္ဒြာစက္က က မိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မှာ လူ့အခွင့်အရေးကို တားမြစ် ပိတ်ပင်ခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာ သာအတွက် တရားနည်းလမ်း အရ အခွင့်အရေးတောင်းဆို ခြင်းသာဖြစ်သည်ဟု စာရေးဆရာ မယဉ်ယဉ်နုက အိမ်တော်ရာ ဘုရား လူထုဟောပြောပွဲတွင် ပြောသည်။

မဘသဆရာတော်များက မျိုးစောင့်ဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လွှတ်တော်ကိုယ် စားလှယ်များကို တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ ကန့် ကွက်ရှုတ်ချနေသူများကိုလည်း လာရောက်ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ဆန္ဒပြပွဲအပြီး ထုတ်ပြန် သေ အချက်သုံးချက်ပါကြေညာ ချက်တွင် ဖော်ပြထားသည်။

မျိုးစောင့်ဥပဒေမပြဋ္ဌာန်း နိုင်သေးသရွေ့ နိုင်ငံအတွင်းရှိ အခြားမြို့ရွာများတွင်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုပွဲများ ဆက် လက်ပြုလုပ်သွားမည်ဟု မဘသ ဆရာတော်များကမိန့်သည်။
Credit to- 7Day Daily

Wednesday, October 29, 2014

နိုင်ငံ့ခေါင်းဆောင်များ၏ သမိုင်းဝင်မည့်တွေဆုံပွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပြည်ထောင်စုလွှတ်တော်နာယကကြီး သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီအသီးသီးမှခေါင်းဆောင်များတို့သည်(၃၁.၁၀.၂၀၁၄)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင်နိုင်ငံတော်သမ္မတအိမ်တော်၌တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်းသိရှိရပါသည်။




Tuesday, October 21, 2014


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းလူသတ်မှုကိစ္စ သံသယနဲ့ဖမ်းဆီးစစ်ဆေးခြင်းခံရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ အမှု နဲ့ ပတ်သတ်ပြီး လိုက်ပါဆောင်ရွက်နေသူတွေ နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့လူငယ်နှစ်ဦးရဲ့ မိဘတွေရဲ့ အသုံးစရိတ်လိုအပ်နေတယ်လို့ သိရှိရတဲ့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားအမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာ ကုမ္ပဏီ) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်ထွန်းတို့က တစ်ဦးလျှင် ကျပ်သိန်းတစ်ရာစီ စုစုပေါင်း ကျပ်သိန်းသုံးရာ လှူဒါန်းမှုကို ယနေ့ (၂၁ရက်) ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
Author သက်စုအောင်

စစ်မှုထမ်းဟောင်းနှင့် တပ်မတော်သားဟောင်းများ ဆူးလေတွင် ဆန္ဒပြ



၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၁ရက်

ပြည်သူလေးစားလောက်သည့် တပ်မတော်တစ်ရပ် ဖော်ဆောင်ပေးရန် စစ်မှုထမ်း ဟောင်းများ ၊ တပ်မတော်သားဟောင်း များစုပေါင်းကာ ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားအနီးတွင် အောက်တိုဘာ (၁၉) ရက်က လူအင်အား သုံးဆယ်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသား များပြန်လွှတ် ပေးရန်၊ ထောင်ကျ ခံနေရသည့် တပ်မတော် သားများကို ပြန်လွှတ်ပေးရန် ၊ Professional ကျသော တပ်မတော်အဖြစ် ထူထောင် ပေးရန်၊(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်အသစ် ရေးဆွဲရာ တွင် တပ်မတော်ကတာဝန်သိသိဖြင့် ပါဝင်ရန်နှင့် ပြည်သူများ လေးစားသည့် တပ်မတော် အဖြစ်အကောင် အထည်ဖော်ပေးရန်တို့ကို ဆန္ဒထုတ်ဖော်စဉ် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ) ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင် ထူထောင်ခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်း၏ရည်ရွယ်ချက်များနှင့် တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော်ယာဉ် ပေါ်တွင် ပြဇာတ်အနေဖြင့် နိုဝင်ဘာလတွင် လှုပ်ရှားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည် ။

Thursday, October 16, 2014

မှန်ကန်သော စိတ်စေတနာတူညီကြသည့် တပ်မတော်နှင့် မီဒီယာ အတူတကွပူးပေါင်းဆောင်ရွက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဌ နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ အောက်တိုဘာ ၁၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယ ဥက္ကဌ ဦးခင်မောင်လေးနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံရာတွင် တပ်မတော်နှင့် သတင်းမီဒီယာများ အကြားသတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာစီးဆင်းမှုရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်ဖက် ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် နားလည်မှု၊ ယုံကြည်မှုတို့အား တည်ဆောက်ရန်၊ တပ်မတော်နှင့် မီဒီယာ အကြားအပြန်အလှန်အားကိုးအားထားပြုနိုင်သည်အထိ အားနည်းချက်၊ ချို့ယွင်းချက်များအား ပြုပြင် ဆောင်ရွက် သွားရန်တို့အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ငြိမ်အေးချမ်း ရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အား တပ်မတော်၏ မှန်ကန်သည့် Intentionအဖြစ်ရပ်တည် လုပ်ဆောင်နေမှုအခြေအနေများ၊ လက်ရှိသွားနေသည့်ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရေး ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်စေလိုသည့် မှန်ကန်သော စိတ်စေတနာတူညီကြသည့် တပ်မတော်နှင့် မီဒီယာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့အား အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် တို့တက် ရောက်ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကော်စီ(ယာယီ)မှ ဒုတိယဥက္ကဌ ဦးခင်မောင်လေး နှင့်အတူ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊အဖွဲ့ဝင်များဖြစ်ကြသော ဦးသီဟစော၊ ဦးရဲမင်းဦး၊ ဦးကိုကိုနှင့် ဦးဇော်သက်ထွေး တို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဌ ဦးခင်မောင်လေးတို့သည် အဖွဲ့ဝင်များနှင့်အတူစုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Wednesday, October 15, 2014

အီဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ် လူသေကောင်များက ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်


အာဖရိက နိုင်ငံက အီဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ်လူသေကောင်များ က ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်ကြတဲ့ ဖြစ်ရပ်တွေကြောင့်ရွာသား များ ကြောင်ရွံ့ နေကြတဲ့သတင်းကို နိုင်ငံတကာသတင်းစာတွေ မှာ ဖေါ်ပြနေကြသည်ကို တွေ့ ရပါသည်။

"ဇန်ဘီ "ဆို့ပါလျှင် အာဖရိကန် လူမျိုးတိုင်းက (ဖုတ်ကောင်) လို့ သိနေကြပါသည်။ "ဘူဒို "ဆိုသည့် လူမျိုးစုတစုရဲ့ အောက်လမ်းပညာပါ၊ လတ်လတ်ဆတ်ဆတ်သေဆုံးတဲ့သူတွေရဲ့ အလောင်းကို သချှီုင်းမှာ အောက်လမ်းပညာသုံးကာ ဆေးစီရင်ပြီးနောက် ဇန်ဘီ(ဖုတ်ကောင်) အဖြစ် အသက်သွင်းကြ သည်။
ဘူးဒိုနတ်ဆရာများကို အားလုံးက ကြောက်နေကြရသည်မှာ ဇန်ဘီများအား အမိန့် ပေးခိုင်း စေနိုင် သောကြောင့်ဖြစ်သည်။

ဖုတ်ကောင်များက နာခြင်းမရှိ-ပူခြင်းအေးခြင်း ခံစားမှုမရှိဘဲ နတ်စရာများ လုပ်ခိုင်းသည့် အတိုင်းလိုက် လုပ်ကြပါသည်။ သိရသည်မှာ ဖုတ်ကောင်များကို သုံးရက်ခိုင်းပြီး အလောင်းကောင် ဘ၀သို့ ပြန်ရောက် သွား မည်ဟုဆိုသည်။
ရှေးအခါက လူမျိုးစု အချင်းချင်း တိုက်ခိုက်မှုများတွင်၎င်း ၀န်လေးသည့် ပစ္စည်းများသယ် ဆောင်ရာတွင်၎င်း ဇန်ဘီများအားထည့်သွင်း အသုံးပြု တတ်ကြောင်း၊အာဖရိက မှာ လူသေတဲ့ အခါ ရိုးရာတခုရှိပါသည်၊ အလောင်းကိုပုပ်သွားသည်အထိဆွေမျိုးများက စောင့်ကြည့်ပေးသည့်ဓလေ့ဖြစ်၏ ၊ ထိုသို့ ပုပ်သွားပြီးမှမြေမြုပ်ကြသည်မှာ ဘူဒိုနတ်ဆရာများ လူသေကောင်ကို လာရောက်အသက် မသွင်းနိုင်ရန်ဖြစ်သည်။

ယခုဖြစ်နေသည် ဇန်ဘီ(ဖုတ်ကောင်)မှာ ဘူဒိုများကြောင့်မဟုတ်- အီဘိုလာပိုးတကိုယ်လုံးပြန့် နှံပြီး ချက်ခြင်းအကြောဆွဲသေကုန်ကြသည် သေဆုံးသူများမှာ ထူးဆန်းစွာ ဇန်ဘီ ဘ၀သို့ ကူး သွားခြင်းဖြစ်ပါ သည် အလောင်းများပုံ၍ မီးရှို့ ရန် ဓါတ်ဆီလောင်းနေစဉ်မှာ အလောင်းကောင်သုံး ရောက်ခန့်  လူသေကောင်များတွင်းမှ တိုးထွက်လာလျှက် လမ်းမပေါ်သို့ ပြေး ထွက်သွားသည်ကို ကိုယ်တွေ့ မြင်တွေ ခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်သားတဦးမှ သတင်းဌာန သို့ ပြောဆိုခဲ့ သည်။

ဖြစ်နိုင်သည်မှာ ယခုဖြစ်ရပ်မှာ ဘူဒို အောက်လမ်းဆရာများ ပရောဂကြောင့်မဖြစ်နိုင်- သေဆုံးသူများအား သင်္ချီုင်းမှ ၀ိညဉ်များက ၀င်ရောက်ပူးကပ်သွားကြခြင်းလည်းဖြစ်နိုင်သည်။

ထိုကဲ့သို့ သေဆုံးပြီးချင်း ဖုတ်ကောင်ဘ၀သို့ ရောက်သွားခဲ့သည်ကို ငယ်စဉ်ဘ၀ကမိမိနေထိုင်သောမြို့ တွင် ကိုယ်တွေ့ ကြုံခဲ့ရဘူးသည် ၊ ဆရာဝန်က သေဆုံးသွားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည့် ပိန်ချောက်နေ သည့် အဖွားအိုမှာ ကုတင်မှ ထထိုင်ပြီး အစာတောင်းစားခဲ့သည့်အပြင် အိပ်ယာထဲတွင် တချိန်လုံး လဲနေသည် အဖွားအိုမှာ ထလမ်းလျှောက်လာ၏ ညဘက်တွင် မီးဖိုတွင်းမှ ထမင်းဟင်းများကိုတိုင် ထယူစား နိုင်သည်။အရင်က စကားတိုးတိုးတိုးသားပြောဆိုနိုင်သည့်အမေအိုမှာ အသံကျယ်ဖြင့် ခတ်မာမာပြောနေ ခဲ့သည်။ညပိုင်းတွင် တညလုံးမအိပ်ပါ အစားကိုသာတွင်တွင်တောင်နေသည် ကြာသည့်အခါ အိမ်သားများ မင်္သကာဖြစ်လာတော့သည်။

မိသားစုမှာ ခရိယာန် ဘာသာဝင်များဖြစ်၍ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင်..အိမ်နီးချင်းများ ကား သာမန်ဖြစ်ရပ်မဟုတ်သည်ကိုသိ၍ အကြံပေးသဖြင့် အထက်ဂိုဏ်းဆရာကြီးတဦးအား ပင့်ဆောင် အကူညီတောင်းခဲ့ ရသည်။

ဆရာကြီးအိမ်ဝရောက်သည်နှင့် အမေကြီးမှာ ဆဲဆိုနေလေပြီ..အိပ်ယာဘေးမှ ထွေးခံနှင့် ဆရာကြီး အားပေါက်သေး၏။လူနာအခြေအနေကိုသိသော ဆရာကြီးက ပြင်ပမှ အပမှီခြင်း ဖုတ်ဝင်နေ သည်ဖြစ် ကြောင်း၊ အဖွားအိုသေဆုံးခဲ့သွားပါ့ပြီ သို့ သော် အဖွားအိုသေဆုံးခဲ့ပြီး မကျွတ်မလွတ်နိုင်သေးသည့် ၀ိညဉ် မှဝင်ရောက်ပူးကပ်ခြင်းဖြစ်ကြောင်းရှင်းပြီးသော် အဖွားအိုခေါင်းအုံးအောက်တွင် အင်းကွက်ချဆေးစီရင် ထားသည့် သတ္တုပြားသုံးပြား အားခေါင်းအုံး အိပ်ခိုင်းပါသည်။ထိုညမှာပင် အဖွားအော်ဟစ်ခါငြိမ်ကျ သွားပြီးနောက် ချက်ချင်းပင်အလောင်းကို မြေမြုပ် လိုက်ကြသည်။

ယခု အာဖရိက နိုင်ငံများတွင်ဖြစ်နေသည် ဇန်ဘီ ဖုတ်ကောင်များ သတင်းက တကယ်သွေးပျက် စရာပင်ဖြစ်သည် ၊လူများလမ်းမပေါ်မထွက်ရဲအောင် တိတ်ဆိတ်နေပါသည်၊လမ်းမပေါ်တွင် လူသေများ နေရာတိုင်းတွေ့ နေရပြီး တချို့ မှာ မသေမရှင်တွားသွားနေကြသည်ကိုလည်းတွေရသည်၊

ဖုတ်ကောင်များနှင့် တိုက်ခိုက်ခြင်း ရုပ်ရှင်များ-ဂိမ်းများ ပုံစံကဲ့သို့ ပင် အပြင်မှာအမှန် တကယ်ဖြစ်ပျက်နေ သည်ကို လက်တွေ့ မကြုံ၍ ယုံနိုင်ကြလိမ့်မည်ကား မဟုတ်ပေ။

မင်းဗမာ ဘာသာပြန်ဆိုသည်။

Tuesday, October 14, 2014

သ၀ဏ်လွှာပေးပို့

အထိန်းသိမ်းခံမြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်ပြီး
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် ထိုင်းအမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံသို့
သ၀ဏ်လွှာပေးပို့

နေပြည်တော် အောက်တိုဘာ ၁၃
ထိုင်းနိုင်ငံတွင် လက်ရှိမြန်မာနိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က လက်မှတ်ရေးထိုးကာ ထိုင်းနိုင်ငံရှိအမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌ ထံသို့ ယနေ့သ၀ဏ်လွှာပေးပို့ခဲ့သည်။
၎င်းသ၀ဏ်လွှာအပြည့်အစုံမှာ - 


၁။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူလဋ္ဌာနီခရိုင် ခိုတောင်ကျွန်းပေါ်တွင် စက်တင်ဘာ ၁၄ရက်က ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသားကမ္ဘာလှည့် ခရီးသွားနှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလူငယ်နှစ်ဦးကို သံသယ ဖြင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

၂။ ထိုင်းနိုင်ငံ၌ ဖမ်းဆီးခြင်းခံထားရသော မြန်မာလူငယ်များသည် တရားဥပဒေ၏ ရှေ့မှောက်တွင်မျှတ သော လူသားအခွင့်အရေးရရှိရမည်ဖြစ်ပါသည်။ သို့ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား လွှတ်တော်အနေဖြင့် ဤအမှုကိစ္စကို အလေးထားလေ့လာလျက်ရှိပါသည်။ အဆွေတော်နှင့်တကွ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံ၏ အရေးပါသောအခန်ကဏ္ဍကို အလေးထားလျက်။
ဦးခင်အောင်မြင့်ဥက္ကဋ္ဌအမျိုးသားလွှတ်တော် ဟုဖြစ်သည်။
အဆိုပါသ၀ဏ်လွှာပေးပို့မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက “သာမန်အားဖြင့်တော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့သ၀ဏ်လွှာကို လွှတ်တော်ကိုတင်ပြပြီးမှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာအားလုံး ကို မခြွင်းမချန်အပြည့်အ၀ဆောင်ရွက်နေတာဖြစ်ပါတယ်။ လွှတ်တော်ဝိုင်းအနေနဲ့လည်း ဒီလို သ၀ဏ်လွှာပို့ သင့်တယ်ဆိုတဲ့နေရာမှာ အမျိုးသားလွှတ်တော်ရဲ့ ထောက်ခံချက် ရရှိဖို့အတွက် ဦးခင်မောင်ရည်က အရေးကြီးအဆိုတင်သွင်းမှာဖြစ်ပါတယ် ” ဟုပြောကြားခဲ့သည်။

ထို့်နောက် ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၆) မှအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဥပဒေ ကြမ်းကော်မတီဥက္ကဋ္ဌ မြန်မာ - ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ရည်က “အမျိုးသားလွှတ်တော်ဥက္ကကြီးက သ၀ဏ်လွှာပါးခြင်းသည် ပြည်သူ့ဆန္ဒပြည်သူ့မျှော်လင့်ချက်ကို လွှတ်တော် ကဖော်ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်ကြောင့် ဒီသ၀ဏ်လွှာကို ပေးပို့သင့်ပါကြောင်း၊ အမျိုးသား လွှတ်တော်ကြီး က တစ်ခဲနက်တညီတညွတ်တည်း ထောက်ခံပါကြောင်း ကျွန်တော်ကအဆိုတင်သွင်းအပ် ပါတယ်” ဟုပြောကြားသည်။

ယင်းနှင့်စပ်လျဉ်းသည့် အဆိုကိုတင်သွင်းခဲ့ပြီးနောက် တင်သွင်းအဆို နှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးထွန်းက ထောက်ခံ ခဲ့ပြီး အဆိုအားအမျိုးသား လွှတ်တော်၌ အတည်ပြုနိုင်ရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူမရှိ ထောက်ခံ ခဲ့ကြသည်။

Monday, October 13, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း သြစတေးလျအမျိုးသားတက္ကသိုလ်ပါမောက္ခချုပ်အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းသြစတေးလျအမျိုးသားတက္ကသိုလ်ပါမောက္ခချုပ်ပရော်ဖက်ဆာဂရက်ကျွန်အီဗန်ဦးဆောင်သောအဖွဲ့အား ၁၃.၁၀.၁၄ရက်နေ့ညနေ ၄း၃၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံပြည်သူ့ လွှတ်တော်ခန်းမတွင် လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ပခုက္ကူတွင်ဆိုင်ကယ်ချင်းတိုက်မိ အမျိုးသမီးတစ်ဦးသေဆုံး

ပခုက္ကူမြို့အမှတ်(၄) ရပ်ကွက် ထန်းတန်းလမ်း ဟေမာန်နှင်းမိုတယ်အနီးတွင် ယခုလ ၈ ရက် ည ၉ နာရီခွဲ က ယာဉ်တိုက်မှုဖြစ်ပွါးရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်မှာ ကီးဘူးမနားအသက် (၁၇) နျစ် အမှတ်(၃) ရပ်ကွက်နေ ပခုက္ကူမြို့နယ်နေသူ မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက်တည်းနေ လိန်းကီး အသက်(၁၆)နှစ်၊စိန်ပေတူး အသက်(၁၈)နှစ်တို့ စီးနင်းလိုက်ပါလာသည့်ရိအမ်ဘို ၁၂၅ အနက်ရောင်ဆိုင် ကယ်သည် မျက်နှာချင်းဆိုင်မှ မဇင်မာဝေ အသက်(၃၇) နှစ် အမှတ်(၁၅) ရပ်ကွက် ပခုက္ကူမြို့နယ်နေသူ မောင်းနှင်ပြီး နောက်မှသားဖြစ်သူ ထက်ဝေယံ အသက်(၁၃)နှစ်လိုက်ပါလာသည့် ဖီတွန်၁၁၀ အစိမ်းရောင်ဆိုင်ကယ်အားဝင်ရောက်တိုက်မိခဲ့သဖြင့် မဇင်မာဝေမှ ဦးခေါင်းဝဲဘက်ချိုစောင်း ဖူးရောင် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ များဖြင့်သေဆုံးခဲ့ပြိး မောင်ထက်ဝေယံတွင် ယာနားထင်ထက်ဖူး ရောင်ဒဏ်ရာ၊နှာခေါင်းသွေးထွက်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကီးဘူးမနားအား ပခုက္ကူမြို့နယ်ရဲစခန်းက ယာဉ်(ပ)၉၁/၂၀၁၄၊ပုဒ်မ၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ခိုးရာပါဆိုင်ကယ်များစောင့်ဆိုင်းဖမ်းဆီးရာမှ မူးယစ်ဆေးများပါဖမ်းမိ

မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်ကြည်ရှိန်ခေါင်းဆောင်ပြီး တကကလှိုင်ဝဏ္ဏ္ဏသန့်၊ တကမောင်ညွန့်၊ ဒုတကသန်းထွန်း၊ အသိသက်သေအောင်ဆန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းရှိန်၊ ပေါင်းချောင်းရပ် ရာအိမ်မှူးဦးမင်းလှတို့နှင့်အတူ မိတ္တီလာမြို့မရဲစခန်းက (ပ)၅၇၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့်အလိုရှိနေသောတရားခံများအား ဖမ်းဆီးရမိရေးအတွက် ယခုလ ရ ရက်ညနေကမိတ္ထီလာတောင် ကန်ပတ်လမ်း မြန်မာ့စီးပွါးရေးဘဏ်ရှေ့မှ မသင်္ကာသူများအား စောင့်ဆိုင်းနေခဲ့သည်။ 
ထိုစဉ်ခိုးရာပါသက်သေခံဆိုင်ကယ်အား ပေါက်ချောင်းရပ်ကွက်မှ စီးနှင်းလာသူမိုးသန့်ဇင်၊ သန်းနိုင်ဦး(ခ) စွေစောင်းနှင့်ရဲနိုင်ဦး (ခ) ဖိုးလုံးတို့သုံးဦးအား ၀ိုင်းဝန်းပိတ်ဆို့ဖမ်းစီးရာ ဆိုင်ကယ်ကိုထားပြီး စီးပွါးရေး ဘဏ်အတွင်းသို့ ၀င်ရောက်ထွက်ပြေးသဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီးနောက် ၄င်းတို့ သုံးဦးကို ရှာဖွေစစ်ဆေးရာ သန်းနိုင်ဦး(ခ) စွေစောင်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီ အိတ် ကပ် အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ငါးပြားကို ရှာဖွေတွေ့ရှိခဲ့သည်။ 
      ယင်းဆေးပြားအားသုံးစွဲရန် နှင့်ရောင်းချရန် ဖိုးလုံးထံမှဝယ်ယူခဲ့ကြောင်းအစစ်ခံခဲ့သည်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ မိုးသန့်ဇင်၊ သန်းနိုင်ဦး(ခ) စွေစောင်းနှင့်ရဲနိုင်ဦး(ခ) ဖိုးလုံးတို့ သုံးဦးအား ဒုရဲအုပ်ဇော်ထွန်းမင်းက တရားလိုပြုပြီး မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ မူးယစ်(ပ)၄/၂၀၁၄၊ မူးစိတ်ပုဒ်မ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားသည်။ မိုးသန့်ဇင်၊ သန်းနိုင်ဦး(ခ) စွေစောင်း နှင့် ရဲနိုင်ဦး(ခ) ဖိုးလုံးတို့ သုံးဦစီးနင်းလာသောဆိုင်ကယ် အိပ်ဇောကြားမှ အရိုး ရ လက်မ၊ အသွား ၂၄ လက်မ စုစုပေါင်း ၃၁ လက်မအရှည် ဓါးချွန်တစ်ချောင်းအားတွေ့ရှိသဖြင့် မြို့မရဲစခန်းက (ပ)၅၇၅/၂၀၁၄၊ လက်နက်ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။ 

    မိုးသန့်ဇင်ဝတ်ဆင်ထားသော အနက်ရောင်ဘောင်းဘီအိတ်အတွင်းမှ အသွား ၃ ဒသမ ၅ လက်မ၊ အရိုး ၄ ဒသမ ၅ လက်မ စုစုပေါင်း ရှစ်လက်မအရှည် ဓါးမြောင်တစ်ချောင်းအားတွေ့ရှိသဖြင့် မိုးသန့်ဇင်အား မြို့မရဲစခန်းက(ပ) ၅၇၄/၂၀၁၄၊ လက်နက်ပုဒ်မ ၁၉ဖြင့် အမှုဖွင့်အရေးယူထားသည်။ မိုးသန့်ဇင်နှင့် သန်းနိုင်ဦး(ခ)စွေစောင်းတို့ညီအစ်ကို နှစ်ဦးသည် ယခုလ ၄ ရက်က မကျီးကုန်းရပ်ကွက်ထဲမှ ဟွန်ဒါ ကလစ်ဆိုင်ကယ်အား လုယူခဲ့သဖြင့် မြို့မရဲစခန်းက (ပ)၅၇၃/၂၀၁၄၊ ပုဒ်မ၃၈၂ဖြင့်အလိုရှိနေသော တရားခံများဖြစ်သည်။

နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အလျင်လိုရွာ ဆင်မရတနာဘုရားကုန်း တော်၌ အုတ်ခွက်ဘုရား ၁၂၂ ဆူတူးဖော်တွေ့ရှိ

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ဆင်မရတနာလုရားကုန်းပေါ်၌ အုတ်ခွက်ဘုရား ၁၁၂ ဆူကိုယမန်နေ့နံနက် ၈ နာရီ က တူးဖော်တွေ့ရှိခဲ့ကြောင်းဘုရားဂေါပက ဥက္ကဌ ဦးဇော်လွင်က ပြောသည်။
အဆိုပါဘုရားများတွေ့ရှိခဲ့ခြင်းနှင့်စပ်လျဉ်း၍ ”ကျွန်တော်တို့ယခုလ ၁၁ ရက် နံနက် ၈နာရီလောက်မှ ဆွမ်းချက်မယ့်အဆောင် ဆောက်လုပ်ဖို့အတွက် တိုင်စိုက် ဖို့တွင်းတူးတဲ့အခါ နဂိုရှိတဲ့ တ၀ဂူ ဘုရားနဲ့ နှစ်ပေ လောက်အကွာမှာ တွင်းတူးတော့ တစ်ပေလောက်ပဲ တူးရတယ်။ ဘုရားတွေကို တွေ့ခဲ့တာပါပဲ။ အားလုလံးဘုရား ၁၁၂ ဆူ ဖြစ်ပါတယ်။ ဘုရားဆင်းတုတွေကိုတော့ ဘယ်ခောတ်ကလက်ရာလဲဆိုတာ အတိကျမခန့်မှန်းနိုင်ပေမယ့် ပုဂံခောတ်လက်ရာတွေဖြစ်ဖို့တော့များပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီလာက်ရှိဘုရားကုန်းဟာ အလောင်းစည်သူမင်းလက်ထက် ကတည်းက တည်ရှိနေ ခဲ့တာဖြစ်တယ်လို့ ရှေးလူကြီးတွေပြောခဲ့တာကို မှတ်သား ဖူးလို့ ဒီလိုယူဆတာဖြစ်ပါတယ်”ဟုဂေါပကဥက္ကဌ  ဦးဇော်လွင်ကပြောသည်။
တူးဖော်ရရှိသောဘုရား ၁၁၂ဆူတို့အနက် ၇၃ ဆူမှာပကတိအတိုင်း တွေ့ရှိရခြင်းဖြစ်ပြီး ၃၉ ဆူမှာ လက်ရာ ပျက်ကာကျိုးပဲ့လျက်တွေ့ရှိခြင်းဖြစ်ပြီး ဘုရား များကို တွေ့ရှိခဲ့စဉ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်း ကြား ပြီးနောက် သက်ဆိုင် ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ လာရောက်ကြည့် ရှု ခဲ့ကြ ကာ ဘုရားများကို မပျောက်ပျက်အောင်သေချာစောင့်ရှောက်ပေး ထားရန်မှာကြား ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အဆိုပါဘုရားများကိုဆင်မရတနာဘုရားပရိဂုဏ်အတွင်းရှိအောင်ဆုထူးစံဓမ္မာရုံ၌အပူဇော်ခံကိုး ကွယ်ထားလျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယကမ်းခြေသို့စတင်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော်တွင်အခြေပြုတိုက်ခတ်လာသော အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဟဒ်ဟဒ်သည် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေသို့ ယနေ့စတင်ဝင်ရောက်ခဲ့သည်။ မုန်တိုင်းကြိုတင် သတိ ပေးချက်ကြောင့် အဆိုပါကမ်းခြေရှိဒေသခံ ၁၅၀၀၀၀ ခန့်မှာ ကြိုတင်ပြောင်းရွှေ့ခဲ့ရပြီး အာဏာပိုင် များက ဒုက္ခသည်စခန်းရာပေါင်းများစွာကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် အိန္ဒိယအရှေ့တောင်ပိုင်းရှိ အော်ရစ်ဆာပြည်နယ်နှင့် အန်ဒရာပြည်နယ်များသို့ ၀င်ရောက်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေ၀သခန့်မှန်းရေးဌာန (IMD) ကခန့်မှန်းထားပါသည်။ အဆိုပါ မုန်တိုင်း သည် တစ်နာရီလျှင်မိုင် ၁၂၀ခန့်ထိ တိုက်ခတ်နိုင်ကြောင်း IMD ကခန့်မှန်းထားပါသည်။
အော်ရစ်ဆာပြည်နယ် အာဏာပိုင်များသည် ထပ်တိုးရွှေ့ပြောင်းသူ သုံးသန်းခန့်ကို ဘေးလွတ် နေရာများ သို့ ရွှေ့ပြောင်းပေးရန် ကြိုးစားနေကြောင်းသိရသည်။ အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည် ယမန်နေ့ ကတည်းက အိန္ဒိယကမ်းခြေကို လှိုင်းကြီးစေခဲ့ပြီး အိန္ဒိယရေတပ်အနေဖြင့် ကူညီရန်အသင့် အနေ အထား ပြင်ဆင်ထားကြောင်းသိရသည်။ ထို့အပြင်အိန္ဒိယအစိုးရသည် သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့များ ကို အဆိုပါပြည်နယ်နှစ်ခုသို့ စေလွှတ်ထားကြောင်းသိရသည်။

မြန်မာပရိတ်သတ်များ ကျေနပ်စေရမည်ဟု ယူ-၁၉ နည်းပြပြောကြား

အုပ်စုရပ်တည်မူအဖြေကိုထိပ်တိုက်တွေ့ဆုံမူရလဒ်ဖြင့်ဆုံးဖြတ်မည်မြန်မာယူ-၁၉ အသင်း နည်းပြဂတ်ဇီဆီက ထိုင်းအသင်းကို အနိုင်ရခဲ့သောပွဲစဉ် တွင် မြန်မာပရိတ်သတ်များအာပေးမူမှာ အသင်းအတွက် များစွာအကျိုးရှိစေခဲ့ပြီး လာမည့်ပွဲစဉ်များတွင်လည်း မြန်မာပရိတ်သတ်ကျေနပ်စေမည့် ရလဒ်မျိုးပိုင်ဆိုင် စေရမည်ဟု ပြောကြားခဲ့ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် ၀က်ဘ်ဆိုက်တွင်ဖော်ပြ သည်။
ထိုင်းကို အနိုင်ရရှိခဲ့သောပွဲအပြီး၌ပြူလုပ်ခဲ့သော သတင်းစားရှင်းလင်းပွဲတွင် ”ထိုင်းနဲ့တွေ့တဲ့ပွဲတိုင်းက ကျွန်တော်တို့အတွက် အမြဲလိုလိုပွဲကောင်းတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော့အသင်းဟာ ဗိုလ်လု ပွဲတစ်ပွဲလို သဘောထားစကားခဲ့ပါတယ်။ ကျွန်တော့စကားသမားတွေဟာ ဘာဖြစ်အောင်လုပ်ရ မလဲဆို တာ သေချာသိခဲ့ပါတယ်။ ထိုင်းအသင်းကို ပွဲအစပိုင်းမှာတင် ဖိအားပေးနိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ ရည်ရွယ်တဲ့ အ တိုင်းလုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ဟာမြန်မာဘောလုံးလောကအကြောင်းကို သိအောင်လုပ်နိုင်ခဲ့တဲ့နေ့လို့ ထင်ပါ တယ်။ မြန်မာပရိတ်သတ်အားလုံးကို ကျေးဇူးတင်တယ်လို့ လေးလေးနက်နက်ပြောလိုပါ တယ်။ ကျွန်တော်တို့ကတိအတိုင်း ပရိတ်သတ်တွေကျေ ကျပ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ပေးထား တဲ့ကတိကို ဆက်လက်ထိန်းပြီး မြန်မာပရိသတ်တွေ ပျော်ရွှင် ကျေနပ်ရေအောင် ကြိုးစားသွားမှာပါ ” ဟု ပြောသည်။
မြန်မာယူ-၁၉ အသင်းသည် နှစ်ပွဲကစားပြီးချိန်တွင်ရမှတ်(၄)မှတ်ဖြင့် အုပ်စုကို ဦးဆာင်လျှက်ရှိပြီး အုပ်စုရပ် တည်မှု အဖြေကို ထိပ်တိုက်တွေ့ဆုံမူရလဒ်ဖြင့် ဆုံးဖြတ်ရန် အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထား၍ ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေ အနေကောင်းနေပြီဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ဥဇဘတ်၊ သြစတြေးလျနှင့် ယူအေအီးတို့ထဲမှ တစ်သင်းသင်းနှင့် တွေ့ဆုံဖွယ်ရှိသည်

Sunday, October 12, 2014

မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံမူပမာဏသုံးဆမြင့်နင်ရန် ကမ္ဘာ့ဘဏ်စီစဉ်

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဆိုင်ရာအကြီအကဲ Axel Van Trotsenburg က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ထားသောပမာဏကို သုံးဆမြင့်တင်ရန် စီစဉ် ထားကြောင်းပြောကြားခဲ့သည်ဟု Emerging-markets သတင်းဌာနက ယနေ့ဖော် ပြသည်။
ကမ္ဘာ့ဘဏ်သည်မြန်မာနိုင်ငံရှိကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမူမြင့်တင်ရန် စီစဉ် ထားသည်ဟု Axel Van Trotsenbury ကပြော သည်။ ကမ္ဘာ့ဘဏ်သည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ အအေရိကန်ဒေးလာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံ ကာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်လျှက်ရှိပြီး လာမည့်သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကို မမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ တိုးမြှင့်သွားရန် ရည်ရွယ် ထားသည်ဟုဆိုသည်။
Axel Van Trosenbury က ”ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေး ၀န်ဆောင်မူစနစ်မျိုး ဖန်တီးပေးနိုင်အောင် ကြိုးစားသွား မှာပါ။ မြန်မာနိုင်ငံမှာဖော်ဆောင်နေတဲ့ ကျန်းမာ ရေးကဏ္ဍအသွင် ပြောင်းစီမံကိန်း တွေအတွက် အနည်းဆုံးအမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက်အကူ အညီပေးဖို့ ရှိပါတယ်။ ပညာရေးကဏ္ဍ၊ လျှစ်စစ်စွမ်းအင်ထုတ်လုပ်ရေး ကဏ္ဍနဲ့ အခြေခံအဆောက် အအုံ တည်ဆောက်ရေးကဏ္ဍ တွေမှာလဲ မြန်မာနိုင်ငံဟာ အကူညီတွေအများအပြား လိုအပ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်မှ အဆင်ပြေပါလိမ့်မယ်” ဟုပြောသည်။

ဆွမ်းခံကြွလာသော ဦးပဉ္စင်းအား စိတ်မနှံမသူမှ ရိုက်နှက်၍ သေဆုံး

၂၀၁၄ခုနှစ် အောက်တိုဘာလ(၁ဝ)ရက်နေ့ (ဝ၉းဝဝ)နာရီချိန်ခန့်တွင် ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ (၆)၊ မူကြို ကျောင်းလမ်း၊ အိမ်အမှတ်(၂၄၆)ဦးခင်မောင်ဝင်းနေအိမ်မှ ဆွမ်းခံကြွလာပြီး ထွက်လာသော ကျွန်းပင် ရပ်ကွက်၊ ပရဟိတ ကျောင်းမှ ဦးပဉ္စင်း ဦးတေဇောဘာသ သက်တော်(၆၇)၊ ဝါတော်(၁၆)ဝါအား မူကြို ကျောင်းဂိတ်တဲ ဟောင်း အနီးတွင် စိတ်ပေါ့သွပ် သူဟုယူဆရသော ဘုန်းရ(၃၅)နှစ်(ဘ)ဦးဘိုဇင်(ဗမာ/ဗုဒ္ဓ) မကွေးတိုင်း ၊စကုမြို့၊ ဘုရားလှ ရပ်ကွက်နေသူမှ အသင့်ကိုင်ဆောင်ထားသော အရှည်(၃)ပေ သစ်သား အရိုးဖြင့်ပြု လုပ် ထားသော မြေတူရွှင်းပြားဖြင့် (၆)ချက်ခန့်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ စိတ်မနှံသူဟုယူဆရသော ဘုန်းရ၏ ရိုက်နှက်မှုကြောင့် ဦးပဇင်း၏ ညာဘက်နားရွက် ပေါက်ပြဲဒဏ် ရာတစ်ချက်၊ ဦးခေါင်း ဘယ်ညာချိုစောင်းပေါက်ပြဲဒဏ်ရာ(၂)ချက်ရရှိခဲ့ကြောင်း၊ အဆိုပါ စိတ်ပေါ့သွပ်သူ ဟုယူ ဆရသော ဘုန်းရ အား ရပ်ကွက်နေပြည်သူ(၄ဝ) ဦးခန့်မှ ဝိုင်းဝန်ဖမ်းဆီးခဲ့ပြီး ဒဏ်ရာရရှိသူ ဦးပဉ္စင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ကုသခဲ့ရာ (၁၁၃ဝ) နာရီချိန်တွင် ပြည်သူ့ဆေးရုံ၊ ခွဲစိတ်ဆောင်၊ အတွင်းလူနာဌာန၌ ပျံလွန်တော် မူခဲ့၍ ရပ်ကွက် အုပ်ချုပ် ရေး မှူးနှင့် ကျွန်းပင်သာရပ်ကွက်၊ပရဟိတကျောင်းမှ ဒါကာ/ဒါကာမများမှ ရုပ်ကလပ်အား ပြန်လည်ပင့်ဆောင် နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ဦးပဉ္စင်းအားရိုက်နှက်ခဲ့သူ ဘုန်းရ(စိတ်ပေါ့သွပ်ဟုယူဆရသူ)အား ပြည်သူ့ဆေးရုံရှိ အချုပ် ခန်းတွင် ယာယီချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။

Saturday, October 11, 2014

နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ




ပဲခူးတိုင်းဒေသကြီး၊သနပ္ပင်မြို့နယ်၊မင်းရွာကျေးရွာတွင် (၁၂.၁၀.၂၀၁၄)နေ့ နံနက်(၈း၀၀)အချိန်က နိုင်ငံတော် သမ္မတအား ကျေးဇူးတင်၊တောင်းဆိုဆန္ဒ ထုတ်ဖော်ပွဲကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ သနပ္ပင်မြို့နယ်အတွင်းရှိ မင်းရွာကျေးရွာ၊တာဝကျေးရွာ၊ကျောင်းစုကျေးရွာ၊ ကျူချောင်းကျေးရွာနှင့်ကျွန်းကြီးကျေးရွာမှ တောင်သူလယ်သမားစုစုပေါင်းအင်အား(၁၀၀၀)ကျော်မှ မင်းရွာ ကျေးရွာရှိ မာဃဆွမ်းလောင်းဓမ္မာရုံရှေ့မှ ရွာလယ်လမ်းအတိုင်းလှည့်လည်၍ နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ၊ဆင်းရဲနွမ်းပါမှုလျှော့ကျအောင်ဆောင်ရွက်ပေးသော သမ္မတကြီး တိုင်းပြည် တာဝန်ကို စထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ၊ နွေစပါတိုးချဲ့စိုက်ပျိုးနိုင်ရေး အောက်ရေရရှိအောင် ဆောင်ရွက် ပေးသောနိုင်ငံတော်အစိုးရအားကျေးဇူးတင်ပါသည်၊ ပဲခူးစစ်တောင်း တူးမြောင်းပြန်လည်ပြုပြင်ပေးသော လယ်/ဆည် ပြည်ထောင်စုဝန်ကြီးအားကျေးဇူးတင်ပါသည်၊ကျွန်းကြီးကျေးရွာမှ အောက်ကျူချောင်းကျေးရွာ သို့ရေနှုတ်မြောင်းတူးဖော်ပေးပါရန် တောင်းခံအပ်ပါသည်၊ စသောဆိုင်းဘုတ်များကိုင်ဆောင်လျှက်မင်းရွာ ရေလွှဲပေါက်တံတားအထိငြိမ်းချမ်းစွာလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး နံနက်(၁၀း၃၀)အချိန်တွင်ဆန္ဒထုတ် ဖော်ပွဲအောင်မြင်စွာပြီးဆုံးသွားကြောင်းသတင်းရရှိသည်။

Thursday, October 2, 2014

Facebook ပေါ်တွင်အားပေးထောက်ခံမှု ရရှိခဲ့သောဆရာအား ကမ္ဘာ့ဆရာများနေ့တွင် “လူမှုထူးချွန်ဆရာ” ဆုချီးမြှင့်မည်




 နေပြည်တော် အောက်တိုဘာ ၃

 ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာ အမှတ်(၅၉) အခြေခံပညာမူလတန်းကျောင်းတွင် (၂၀၀၆ မှ ၂၀၁၄)အထိ လက်ထောက်ကျောင်းအုပ်အဖြစ် ၈ နှစ်ခန့်အမှုထမ်းခဲ့ပြီး စေတနာ ၀ါသနာ အနစ်နာဖြင့် တပည့်များ၏ ပညာရေးကို အစဉ်တစိုက် စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ကာ ကျေးရွာ၏ သာရေး၊ နာရေး၊ လူမှုရေး ပရဟိတလုပ်ငန်းများကို တွဲဖက်လုပ်ဆောင်ခဲ့သော ဆရာ ဦးသန်းလှိုင်( B.A.,Geo;)သည် မြောင်မြို့နယ် အုန်နှဲဘုတ်ကျေးရွာသို့ ပြောင်းရွေ့မိန့်ကျရောက်လာချိန်တွင် တပည့်များသာမက ကျေးရွာသူ/ကျေးရွာသားများက နှမျောတသ၀မ်းနည်းပြီး ခွဲခွါရမည့်အချိန်တွင် ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ကြလေသည်။

၂၉.၉.၂၀၁၄ ရက်နေ့တွင် ကျင်းပသည့် ဆရာဦးသန်းလှိုင်၏ ရုဏ်ပြုနုတ်ဆက်ပွဲနေ့ မြင်ကွင်းကို ကိုအောင်ဇော်မြင့်က မှတ်တမ်းတင်ခဲ့ပြီး facebook တွင်တင်ထားခဲ့ရာ ဦးစောလှထွန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သူ၏ facebook အကောင့်တွင် ထပ်မံတင်ပြခဲ့ရာ မှူးဇော်က ထပ်မံ Share ခဲ့သဖြင့် နိုင်ငံအ၀ှမ်းရှိ facebook သုံးစွဲသူများ သိရှိက Comment ပေးခြင်း၊ like လုပ်ခြင်း၊ Share ခြင်းဖြင့် ချက်ခြင်းပင် ထင်ရှားကြော်ကြားသွားခဲ့သည်။


ဆရာဦးသန်းလှိုင်၏ ဆောင်ရွက်ချက်နှင့် ကြည်နူး ၀မ်းနည်းဖွယ်မြင်ကွင်းကို ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အဆင့်ဆင့်တို့က သိရှိသွားခဲ့ပြီး (၁) ဆရာတစ်ဦးက တပည့်များအပေါ်ထားရှိသောစေတနာ တပည့်များက ဆရာအပေါ်ထားရှိသော ကျေးဇူးတရားနှင့် သံယောဇဉ်တည်းဟူသော မြန်မာ့လူမှုအဖွဲ့အစည်း၏ ပြယုဂ်။ (၂) ကျေးရွာလူထု သက်ကြီး၊ သက်ငယ်ပါမကျန် ကျေးရွာဖွံ့ဖြိုးရေးနှင့် ပရဟိတလုပ်ငန်းများကြောင့် ခွဲခွါပြောင်းရွေ့သွားရသည့်အချိန်တွင် ဆရာ့အပေါ် နှမြောတသ ဖြစ်ကြရှာသည့် သံယောဇဉ်ကြိုးမျှင်ပြယုဂ်တို့ကို အသိမှတ်ပြုခဲ့ကြသည်။

ထို့ကြောင့် ၅.၁၀.၂၀၁၄ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကြီးကို နိုင်ငံတော်အဆင့် နေပြည်တော် MICC ခန်းမတွင် ခန်းနားထည်ဝါစွာ ကျင်းပမည့်အချိန်တွင် “လူမှုထူးချွန် ဆရာ“ အဖြစ် တစ်နိုင်ငံလုံးတွင် ၂ ဦးတည်းသာရွေးချယ်သော ဆုတွင် တစ်ဦးအပါအ၀င်အဖြစ်ရွေးချယ်ခံရသည်။ ယင်းဆုကို လက်ခံရယူရန် ၃.၁၀.၂၀၁၄ ရက်နေ့ နံနက် ၅း၃၀ အချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာသော ဆရာဦးသန်းလှိုင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်၊ ကိုအောင်ဇော်မြင့်နှင့်အဖွဲ့ကို ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ အခြေခံပညာဦးစီးဌာန ရုံးချုပ်မှ ဆရာဦးဇော်ဝင်းတို့က ကြိုဆိုခဲ့ပြီး ခေတ္တတည်းခိုမည့် အားကစားကျေးရွာသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

( ယခု Post ကို မည်သည့်မီဒီယာမှမဆို တဆင့်ကူးယူ ဖေါ်ပြနိုင်ပါကြောင်းနှင့် နိုင်ငံတစ်ဝှမ်းမှ Facebook သုံးစွဲသူအပေါင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်.)
Oppositeyes

ထိုင်းနိုင်ငံတွင်ဗြိန်တိန်နှစ်ဦးကို သတ်သူကမြန်မာအလုပ်သမားဖြစ်ကြောင်းဝန်ခံ



သတင်းကောင်းတော့ မဟုတ်ပါဘူး။ သတင်းဆိုးတစ်ခုပါပဲ။ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား တစ်ဦးနဲ့ နိုင်ငံသ တစ်ဦးတို့ရဲ့ ရုပ်အလောင်းကို Ko Tao မှာ မြင်တွေ့ ရတယ်ဆိုတဲ့ သတင်းကို သိသူလည်း သိကြပါလိမ့်မယ်။ ယင်း လူသတ်မှု အတွက် ဝန်ခံသွားသူ ကတော့ မြန်မာ အမျိုးသား တစ်ဦး ဖြစ်ကြောင်း ထိုင်းနဲ့ UK မီဒီယာ များက ဖော်ပြနေပြီ မို့လို့ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီး Hannah Witheridge နဲ့ အသက် ၂၄ နှစ်အရွယ်ရှိ David Miller တို့ဟာ ကမ်းခြေမှာ အသတ်ခံရခြင်း ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူကိုတော့ တစ်ယောက်က ရေနှစ်သတ်ပြီး ကျန်နှစ်ယောက်က Hannah ကို အဓမ္မ ပြုကျင့်ပြီး သတ်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းအတွက် Ko Tao ကျွန်းငယ်လေးမှာ DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ချေ ၁၀၀ ထဲမှာ မြန်မာ အများ ပါဝင်ပါတယ်။ နောက်ထပ် ၁၀ ယောက်တည်းမှာလည်း ပါဝင်ပြီး ယင်းထဲက မြန်မာ တစ်ယောက်ဟာ အပြစ်ရှိကြောင်း တရားဝင် ဝန်ခံခဲ့ ပါတယ်။ 

ဒါကြောင့်မို့ ထွက်ပြေး တိမ်းရှောင်နေသေးတဲ့ နောက်ထပ် နှစ်ယောက်ကိုလည်း လိုက်လံ ဖမ်းဆီးလျက် ရှိပြီး ၁၄ နာရီအတွင်း မိစေရမယ်လို့ ထိုင်းအာဏာပိုင် တို့က ကတိပေးပါတယ်။ ယင်း ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံနဲ့ ဗြိတိန်တို့ကြား ဆက်ဆံရေး ထိခိုက်ပြီး ခရီးသွားလုပ်ငန်းကိုပါ အကြီးအကျယ် ထိခိုက်စေမှာပါ။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ၁၀ ရာခိုင်နှုန်းသော ဝင်ငွေဟာ ခရီးသွားလာရေး လုပ်ငန်းမှ ရရှိခြင်း ဖြစ်ပါတယ်။ ယခု လူသတ်မှုမှာ ပါဝင်သူ များက မြန်မာပြည်မှ လာရောက်တဲ့ ရွှေ့ ပြောင်းလုပ်သားများ ဖြစ်ကြောင်း ဆိုပါတယ်။ 

ဒီတော့ နောက်ဆက်တွဲအနေနဲ့ကတော့ အားလုံး သိကြမှာပါ။ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံ ဆက်ဆံရေး၊ မြန်မာပြည် နဲ့ ဗြိတိန် ဆက်ဆံရေးတို့ကိုပါ ထိခိုက် နိုင်ပြီး နာမည် ဆိုး တစ်ခု တွင်သွား နိုင်ပါတယ်။ ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးဟာ ၎င်းတို့ နိုင်ငံသား အားလုံးအတွက် ခြေရာခံ ပေးနိုင်မယ့် သက်ကယ် လက်ပတ်များ ကို ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ Metro မှာ ဖော်ပြတဲ့ သတင်းကိုhttp://metro.co.uk/2014/10/02/burmese-worker-admits-killing-british-tourists-in-thailand-4890006/ ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။ 
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

မလေးရှားရှိ ATM စက်များမှဒေါ်လာ ၁ဒသမ၂သန်း ခိုးယူခံရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၃ဝ။
လက်တင်အမေရိက ဂိုဏ်းတစ် ခုသည် မလေးရှားနိုင်ငံ ဆီးလန်ဂေါ် ဂျိုဟော်နှင့် မာလက်ကာတို့မှ ATM စက် ၁၄ခုမှ မလေးရှားငွေ သုံးသန်း (စင်ကာပူဒေါ်လာ၁ဒသမ၁၆) သန်းနီးပါး ခိုးယူခဲ့သည်။
ထို ATM စက်များသည် Affin ဘဏ်၊ Ai Rojihi ဘဏ်နှင့် Isiam ဘဏ်တို့မှ ဖြစ်ပြီး ထိုဘဏ်များ၏ သီးခြားအကောင့်များမှာ ခိုးယူမခံခဲ့ ရပေ။ သူခိုးများသည် SIM ကတ် တွင် ငွေထည့်နိုင်သော ယူရိုပေးမာ စတာကတ်ဗီဇာ(EMV)အတွက် ဘဏ် အထောက်အထားအတုရှိ ကြောင်း ယူဆရပြီးထိုအထောက်အ ထားများကို နည်းပညာဖြင့်ပြန် လည် ပြုပြင်ခဲ့သည်။
ထိုအဖွဲ့သည် ATM စက်အ သုံးပြုရာတွင် နည်းစနစ်ဟောင်းများ ကို အသုံးပြုသူများကို ပစ်မှတ်ထား ကြောင်း သိရသည်။
ဆိုက်ဘာလံ ခြုံရေးကျွမ်းကျင်သူများ၏ ပြောကြား ချက်အရ ATM စက်များတွင် နည်းပညာလှည့်ကွက်သုံးကာ ငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။
''လူဆိုးအဖွဲ့ဟာ ဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေကို သိနေဖို့လို အပ်တယ်''ဟု ကျွမ်းကျင်သူတစ်ဦး ကဆိုသည်။
မလေးရှားသည် EMV ငွေထည့်ကတ်ကို ပြောင်းလဲအသုံးပြု သော ပထမဆုံးနိုင်ငံဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်အစောပိုင်းက ကတ်အတုများ မြို့အနှံ ပျံ့နှံနေခဲ့သည်။
ATM သူခိုးများအား ဖမ်းဆီး ရန်ရဲများအထူးစစ်ဆင်ရေးတစ်ခု စတင်ပြုလုပ်ခဲ့သည်။ သူခိုးအဖွဲ့မှာ နိုင်ငံအတွင်းတွင် ရှိနေဆဲဟုယူဆ ရကြောင်း ဖက်ဒရယ်ရာဇဝတ်မှုစုံ စမ်းစစ်ဆေးရေး လက်ထောက်ဒါ ရိုက်တာကပြောသည်။
ATM စက်တစ်ခုတွင် အသုံး ပြုခဲ့ကြောင်း ယူဆရသည့် SIM ကတ်တစ်ခုကို ရဲများကရှာဖွေတွေ့ ရှိခဲ့ပြီး ထို SIM ကတ်ကို စုံစမ်းစစ် ဆေးရန် ပို့ဆောင်သွားမည်ဖြစ်သည်။
Ref:TST
‪#‎Democracytoday‬

နိုင်ငံတကာသို့ ၃၀ ကျပ်ဖြင့် SMS ပေးပို့နိုင်ဟု Telenor ပြော

Telenor ၏ မိုဘိုင်းဖုန်းလိုင်းများသည် တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းလိုင်းများဆီသို့ SMS (စာတိုစနစ်) ပေးပို့နိုင်ကြောင်း၊ ထိုကဲ့သို့ SMS ပေးပို့ရာတွင် ဈေးနှုန်းအနေဖြင့် ၃၀ ကျပ် သတ်မှတ်ထားကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်လိုက်သည်။
လက်ရှိအချိန်၌ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများအတွင်း နိုင်ငံ ၅ နိုင်ငံဆီသို့ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန် Roaming ကွန်ရက်ကို ဖွင့်လှစ်ပေးထားပြီး နိုင်ငံတကာသို့ မိုဘိုင်းဖုန်း ခေါ်ဆိုမှု အဖြစ် နိုင်ငံပေါင်း ၂၃၄ နိုင်ငံဆီသို့ ခေါ်ဆိုမှုပြုလုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံ ၅ နိုင်ငံသို့ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သော Telenor ဆင်းမ်ကတ်များသည် နိုင်ငံပေါင်း ၂၄၃ နိုင်ငံဆီသို့ အထွက်ခေါ်ဆိုမှု ပြုလုပ်လိုပါက နိုင်ငံအပေါ်မူတည်၍ တစ်မိနစ်လျှင် အနည်းဆုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ကျသင့်မည်ဟု Telenor က သတင်း ထုတ်ပြန်ထားသည်။ နိုင်ငံပေါင်း ၂၃၄ နိုင်ငံအနက် ခေါ်ဆိုမှုပြုလုပ်ရန် ခက်ခဲသည့် အက်စတိုးနီးယားနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိနစ်လျှင် ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး ခေါ်ဆိုမှုပြုလုပ်ရန် လွယ်ကူသည့် ကနေဒါနိုင်ငံသို့ ခေါ်ဆိုလိုပါက တစ်မိလျှင် ၁၀၀ ကျပ်သာ ကျသင့်မည်ဟုလည်း သိရသည်။
Telenor သည် မန္တလေးမြို့၌ ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ပြီဖြစ်ပြီး ပြည်တွင်း SMS စနစ်အတွက် တစ်စောင်လျှင် ၁၅ ကျပ် သတ်မှတ်ထားသည်။ အသံခေါ်ဆိုမှုအတွက် မည်သည့်အော်ပရေတာ ကိုမဆို ခေါ်ဆိုသည့်အခါ တစ်မိနစ်လျှင် ၂၅ ကျပ် ကျသင့်သည်ဟု သိရသည်။Telenor ၏ ပြိုင်ဘက်အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo သည် မိုဘိုင်းဖုန်းခေါ်ဆိုမှုကို ၎င်း၏ အော်ပရေတာတူ ဖုန်းလိုင်း အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားသော အော်ပရေတာ၏ မိုဘိုင်းဖုန်းလိုင်းကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။
Ooredoo ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်အရ ၎င်းတို့ မိုဘိုင်းဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ပြည်ပနိုင်ငံများနှင့် Roaming ကွန်ရက်ရရှိရန် ကြိုးစားနေကြောင်း၊ Roaming ကွန်ရက်ကို ရရှိပါက ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Internet Jonal

Wednesday, October 1, 2014

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

 
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈။)
၁၃၇၆ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၇ ရက်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)
        ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း"ဆိုသည့် စကားရပ်ကို "နိုင်ငံသား ဖြစ်ခြင်း" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၃။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဃ) တွင် ပါရှိသော "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့ သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ် အမှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် အမှတ် သို့မဟုတ် ယာယီ သက်သေခံ လက်မှတ်အမှတ်"ဆိုသည့် စကားရပ်ကို "ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၎။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) တွင် ပါရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း" ဆိုသည့် စကားရပ်ကို "နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၅။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ ၏နောက်တွင် ပုဒ်မ ၂၅-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

"၂၅-က။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေမပြဋ္ဌာန်းမီ မူလနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ရှိခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့် ဥပဒေနှင့် အညီ ဖွဲ့စည်းထားသည့် နိုင်ငံရေး ပါတီနှင့် ပါတီဝင်များ ဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းပါတီများကို ဤပြင်ဆင်သည့် ဥပဒေနှင့်အညီ ပြင်ဆင် လုပ်ကိုင်ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် အချိန် ကာလ တစ်ခုကို ကော်မရှင်က ညှိနှိုင်း သတ်မှတ်ပေးရမည်။"
        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်                                          
နိုင်ငံတော်သမ္မတ                                        
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

 
နေပြည်တော် အောက်တိုဘာ ၁
မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုတဲ့အခါမှာ အဆင့်တစ်ခုကို ရောက် ရှိနေပြီ ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ်ဆိုတာ လက်ခံ ထားပါတယ်။ ကျွန်တော့် အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက်ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း တခုအဖြစ် တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြားရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်နေဖို့ အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။

နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေးအတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထား တိုက်တွန်းလိုတဲ့ အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ မာရသွန် ပြေးပွဲ များမှာ ပန်းတိုင်နဲ့နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲ ဒီကနေ့ မိမိတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံရေး အင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါ လည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့ အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကား ပါးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာများစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေး တည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့အစည်း ချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသားအရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အတွေအကြုံ များစွာရရှိခဲ့ပါတယ်။

ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေး မဟာဗျူဟာ အမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် လေ့လာသင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမို ပူးပေါင်းဆောင်ရွက် ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင် လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလားအလာများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

နိုင်ငံတကာမိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရ ဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၃၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီး များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေး စနစ်များကနေ လုပ်သားအင်အား နည်းနည်းသာသုံးရတဲ့၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင် မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက် လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှု တိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ်ရှိပါတယ်။  ပထမတစ်ခုကတော့ ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေသိပ်သည်းဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန် လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်း အတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက် လာနိုင်ခြေများကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေ ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သာမက အာဆီယံဒေသ အနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။

ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော် ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည် ထူထောင်ရေးတွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်းဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန် ရင်ဆိုင်နိုင်ဖို့ ဒေသတွင်း မဟာဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခုစာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတုဆိုးဝါးဖောက်ပြန်မှုတွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေ လုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည်ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုများဟာ သိပ်ပြီးစိုးရိမ်စရာ မရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ တစ်ဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလို လုပ်ရပ်တွေကြောင့် ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများကို နားလည် လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင် လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

မျိုးနွယ်စုနဲ့ ကိုးကွယ် ယုံကြည်မှုများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့ အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကို အခြေခံပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။
နိုင်ငံတော်သမ္မတရုံး

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ