Monday, June 30, 2014

ချစ်သူကို သေနတ်ဖြင့် ပစ်သတ်ချိန်တွင် ပစ္စတိုးရီးရက်စ်၏ စိတ်အခြေအနေ ဖောက်ပြန်မှုမရှိခဲ့


ချစ်သူကို သတ်ဖြတ်မှုဖြင့် တရားရင်ဆိုင်နေရသည့် တောင်အာဖရိက နာမည်ကျော် မသန်စွမ်း အပြေးသမား အော်စကာ ပစ္စတိုးရီးရက်စ်၏ အမှုကို ရုံးချိန်းယူ ဆက်လက်စစ်ဆေးရာ ၎င်းအနေဖြင့် အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခတ်ချိန်တွင် စိတ်ကစဥ့်ကလျား အခြေအနေမျိုး လုံးဝမရှိကြောင်း စိတ်ပညာရပ်ဆိုင်ရာ အစီရင်ခံစာတစ်ရပ် တရားရုံးသို့ တင်သွင်းခဲ့ကြောင်း သိရှိရသည်။
ရီဗာစတင်းကမ့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ချိန်တွင် ပစ္စတိုးရီးရက်စ်သည် စိတ်ပူပင် ဖိစီးမှုများ ရှိနေကြောင်း တရားခံ ရှေ့နေများဘက်မှ ခုခံ လျှောက်လှဲခဲ့သော်လည်း ယခုအစီရင်ခံစာက ၎င်း၏ စိတ်အခြေအနေနှင့် ပတ်သက်ပြီး မူမမှန်မှု မရှိကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
(၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းက ပစ္စတိုးရီးရက်စ်သည် ပရီတိုးရီးယားမြို့ရှိ ၎င်း၏ နေအိမ်တွင် တောင်အာဖရိကမော်ဒယ်လ် စတင်းကမ့်ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ပစ္စတိုးရီးရက်စ်က ၎င်းသည် စတင်းကမ့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံထားသော်လည်း ထိုစဉ်က ရေချိုးခန်းထဲတွင် ရှိနေသော အမျိုးသမီးကို ကျူးကျော်ဝင်ရောက်လာသည့် မသမာသူ တစ်ဦးဟု အထင်မှားကာ စိတ်ပူကာ ပစ်မိခဲ့ခြင်းဟု တရားရုံးတွင် လျှောက်လှဲထားသည်။
သို့သော်လည်း သေနတ်ဖြင့် အချက်အတော်များများ ပစ်ခတ်ခဲ့ချိန်တွင် အမျိုးသမီး၏ အော်သံကို အဘယ်ကြောင့် သတိမမူမိကြောင်း တရားလို ရှေ့နေများက ပြန်လည်ထောက်ပြ မေးခွန်းထုတ်ခဲ့သည်။ ယခုတင်သွင်းသည့် စိတ်ပိုင်းဆိုင်ရာ လေ့လာမှု အစီရင်ခံစာကို တရားလိုဘက်ကရော၊ တရားခံဘက်ကပါ လက်ခံခဲ့ကြောင်းလည်း သိရသည်။
အစီရင်ခံစာတွင် အသက်(၂၇)နှစ်ရှိ ပစ္စတိုးရီးရက်စ် အနေဖြင့် ရာဇဝတ်မှု တစ်ခုကို စိတ်လိုက်မာန်ပါ ပြုမူရလောက်သည်အထိ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ မှားယွင်းအားနည်းမှု မရှိကြောင်း ကောက်ချက်ချ ဖော်ပြထားသည်။ ထို့ကြောင့်လည်း တရားခံ အကျိုးဆောင် အဖွဲ့သည် ပစ္စတိုးရီးရက်စ် ငယ်စဉ်က ၎င်း၏ ခြေထောက်များကို ဖြတ်တောက် ကုသပေးခဲ့ရသည့် ဒေါက်တာ ဂယ်ရီ ဗားစ်ဖဲလ်၏ ထွက်ဆိုချက်ကို မျှော်လင့်အားကိုးရတော့မည် ဖြစ်သည်။
ပစ္စတိုးရီးရက်စ်သည် မွေးရာပါ ခြေသလုံးရိုးများ ပါမလာသဖြင့် အသက်(၁၁)လသား အရွယ်ကတည်းက ခြေထောက်များကို ခွဲစိတ်ဖြတ်တောက်မှု ခံယူခဲ့ရသည်။ ဒေါက်တာ ဗားစ်ဖဲလ်သည် မသန်စွမ်းသူ ဘဝက ပစ္စတိုးရီးရက်စ်အပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိနိုင်ကြောင်း သက်သေခံ ထွက်ဆိုရမည် ဖြစ်သည်။
အသက်(၂၉)နှစ်ရှိ စတင်းကမ့်သည် ဥပဒေ ဘွဲ့ရတစ်ဦးဖြစ်ပြီး ပစ္စတိုးရီးရက်စ်နှင့် (၃)လကြာမျှ တွဲနေပြီးနောက် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။ သူမသည် ရေချိုးခန်းထဲတွင် ရှိနေစဉ် တံခါးအပြင်ဘက်မှနေ၍ သေနတ်ဖြင့် ဖောက်ထွင်းပစ်ခတ် ခံခဲ့ရသည်။
ပစ္စတိုးရီးရက်စ်သည် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ခံယူရန်အတွက် ပရီတိုးရီးယားမြို့ရှိ Weskoppies စိတ်ကျန်းမာရေး ဆေးရုံတွင် အပြင်လူနာအဖြစ် တစ်လကြာ အစစ်ခံခဲ့ရသည်။ တောင်အာဖရိက တရားစီရင်ရေးတွင် ဂျူရီလူကြီးများ ပါဝင်ဆုံးဖြတ်မှု မရှိသောကြောင့် ပစ္စတိုးရီးရက်စ်၏ ကံကြမ္မာသည် တရားသူကြီးနှင့် လက်ထောက်နှစ်ဦး၏ ဆွေးနွေးတိုင်ပင်မှု ရလဒ်အပေါ်တွင်သာ အဓိက တည်မှီနေသည်။
အကယ်၍ ပြစ်မှုထင်ရှားပါက ပစ္စတိုးရီးရက်စ် အနေဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ထိ ချမှတ်ခံရဖွယ် ရှိနေကြောင်းလည်း သိရသည်။ ထိုသို့မဟုတ်ဘဲ လူသတ်မှု စွဲချက်မှ လွတ်မြောက်သွားသည့်တိုင် တရားရုံးက လူသတ်မှု ဖြစ်စေလောက်သည့် ပါဝင်ပတ်သက်မှုဖြင့် ပြောင်းလဲစွဲချက်တင်မည့် အလားအလာ ရှိနေပြီး ယင်းအတွက် အမြင့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ်(၁၅)နှစ်ဖြစ်သည်။
ပစ္စတိုးရီးရက်စ်သည် သတ္တုခြေတုနှစ်ခုကို ခြေထောက်အောက်ပိုင်းတွင် တပ်ဆင်ပြေးလွှာပြီး မသန်စွမ်း အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့သည့် တောင်အာဖရိက ဂုဏ်ဆောင် အားကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် အိုလံပစ် ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် သန်စွမ်းကျန်းမာသည့် အပြေးသမားများနှင့် တန်းတူယှဉ်ပြိုင်သည့် ပထမဆုံး ခြေနှစ်ဖက်စလုံး ကင်းမဲ့သော မသန်စွမ်း အပြေးသမား အဖြစ်လည်း (၂၀၁၂)ခုနှစ်၊ နွေရာသီ အိုလံပစ်တွင် သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးထားနိုင်ခဲ့သည်။
_Ref: BBC

ဘရာဇီးအသင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူသည်ကို စောင့်ကြည့်ရင်း ပရိသတ်တစ်ဦး နှလုံးထိခိုက်သေဆုံး


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရွေးစင်အသင်း၏ ပင်နယ်တီ အဆုံးအဖြတ် ခံယူမှုကို စောင့်ကြည့်ရင်း ဘရာဇီး ပရိသတ်တစ်ဦး နှလုံးဖောက်ပြန် သေဆုံးသွားကြောင်း သိရှိရသည်။
ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး အသင်းသည် ချီလီနှင့် (၁၆)သင်း ရှုံးထွက်အဆင့် ယှဉ်ပြိုင်ကစားရာ အချိန်ပို ပြီးဆုံးသည်အထိ တစ်ဂိုးစီ သရေသာ ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း တောင်အမေရိက နှစ်သင်းအနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ရသည်။
ဘီလိုဟိုရီဇွန်တေးရှိ ပရိသတ် (၆၂၀၀၀) ဝင်ဆံ့သော မီနိုင်ရာအို ကွင်းကြီးမှ ဘားခန်းတစ်ခုတွင် အဆိုပါပွဲကို TVမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေသည့် အသက်(၆၉)နှစ်အရွယ် ပရိသတ်မှာ စိတ်လှုပ်ရှားမှု လွန်ကဲလာပြီး နှလုံးထိခိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင်ပင် အသက်ဆုံးရှုံးသွားခဲ့သည်။
Estado de Minas သတင်းစာက ချီလီနှင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူနေချိန်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရသူ ဘရာဇီးပရိသတ် (၉၈)ဦးထိ ရှိခဲ့ပြီး ယခုပုဂ္ဂိုလ်ကမူ ကံဆိုးစွာဖြင့် အသက်ပါ ဆုံးပါးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။
ဘရာဇီး အသင်းသည် အဆိုပါ ပင်နယ်တီ အဆုံးအဖြတ်တွင် ချီလီကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ကာ နောက်ထပ် တောင်အမေရိက ပြိုင်ဘက်တစ်သင်းဖြစ်သည့် ကိုလံဘီယာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
_Ref: Dailymail

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု


ရန်ကုန်- ဇွန်လ ၃၀ ရက်ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်အဆို ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့လွှတ်တော်က အတည်ပြုလိုက်ပြီ သမ္မတဆီကို သဝဏ်လွှာပြန်ပို့ထားတယ်’’ဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြကျော်က ပြောသည်။
ဇွန်လ ၂၅ ရက် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းက တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌက ၎င်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုပြုထားသော နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ ကန့်ကွက်လို သူများအနေဖြင့် ဇွန်လ ၂၇ ရက် နောက်ဆုံးထား၍ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာကို လွှတ်တော်သို့ပေးပို့ရမည်ဖြစ်သည်။
သို့ရာတွင် ကန့်ကွက်သူလုံးဝမရှိသည့်အတွက် ဇွန်လ ၃၀ အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြု လိုက်ပြီဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောသည်။
နိုင်ငံတော်သမ္မတက အမိန့်ပြန်တမ်းစာထုတ်ပြန်ပေးပို့ပြီးပါက ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။
credit to 7Day

"ရိုဟင်ဂျာဆိုတာ မရှိဘူး.. ရိုဟင်ဂျာဆိုတာ သောင်းကျန်းသူပဲ.. RSO ဆိုတာပဲရှိတယ်.. ကုလားဆိုး သောင်းကျန်းသူ လို့ ခေါ်တယ်..." ~ ဦးခင်ညွန့်

credit to myanmar express

ဖက်ခွက်စား အနုပညာရှင်တွေ ကုလားစပွန်ဆာကြောင့် ပြည်သူကို ဖင်လှန်ပြလာကြပြီ


The Open Sky ဆိုတဲ့ ဇာတ်ကား ပြသခွင့်မရတဲ့ အတွက် ရုပ်ရှင်လောကမှ ကုလားအထောက်ပံ့ ယူထားသူတွေ ဆွေ့ဆွေ့ခုန် အရှိုက်ထိ စားခွက်ပျောက်မှာကြောက်လာကြလို့ ကြမ်းတမ်းစွာ တုန့်ပြန်လာကြကုန်ပြီ

ဒါလားဟဲ့ အနုပညာရှင်

ဇာတ်လမ်းက မိတ္ထီလာ ဖြစ်စဉ်မှာ ရဟန်းသံဃာကို ရက်ရက်စက်စက်သတ်တာ ကို
ဖျောက်ဖျက်ပြီး မြန်မာများရဲ့ တုန့်ပြန်မှုတွေကိုသာ တစ်ဖက်သက် ရိုက်ကူးထားတဲ့ ဇာတ်လမ်းမို့ အသားထဲက လောက်ထွက် မင်းထင်ကိုကိုကြီး ရိုက်တဲ့ ဒီဇာတ်ကားကို ပဋိပက္ခတွေ ထပ်တိုးမလာစေဖို့ ကန့်ကွက်နေတာ

ဒါကို ပြသခဲ့လျှင် ဖြစ်စဉ်အမှန် မသိသူတွေ လွှဲမှားသိမြင်နိုင်မှာထက် လူမျိုးရေး ပဋိပက္ခတွေ
ထပ်မံ ဖြစ်လာဖို့ ပြဿနာ ဖန်တီးတဲ့ ဇာတ်လမ်းမျိုး ဖြစ်နေတာ အသေအချာပဲဆိုတာ
ထမင်းစားတဲ့ လူတိုင်းသိတယ်

ဒီလို မဖြစ်အောင် ကန့်ကွက်ခဲ့တဲ့ ထမင်းစားတဲ့ အမျိုးသားရေး စိတ်ဓါတ် ရှိသူ၊
ကိုယ့်လူမျိုး ဘာသာတရားအတွက် ဦးဆောင် တိုက်ပွဲဝင်နေသူတွေ၊ လက်တွဲပါဝင်နေကြတဲ့ အမျိုးသားရေး သမားတွေကို ကုလားအထောက်အပံ့ယူထားတဲ့ မင်းထင်ကိုကိုကြီး တို့ ကြည်ဖြူသျှင်တို့က အုပ်စုဖွဲ့ပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်လာကြကုန်ပြီ

ကုလားအထောက်အပံ့ယူပြီး ပြသခွင့်မရလို့ ကုလားဘက်က ဖိအားတွေကြောင့်
အခက်ခဲ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ
ကြည်ဖြူသျှင်ဟာဆိုရင် အမျိုးသားရေးသမားတွေက တိုင်းပြည်ဆူပူမှု ဖြစ်အောင် တမင်ဖန်တီးနေပါတယ် ဆိုပြီး ပြောဆိုရေးသားနေပါတယ်.

ကြည်ဖြူရှင် ဆိုတဲ့ မိန်းမ အနုပညာရှင်ကရော ကုလားစာစားပြီး
ကုလားချီးအန်ကျလာတာကတော့ ပြည်သူကို အဆိပ်ခတ်နေတာ မဟုတ်ဘူးလား

ကြည်ဖြူသျှင် ရေ အမျိုးသားရေးမပါတဲ့ ဒါရိုက်တာလောက်အဆင့်နဲ့
ကမ္ဘာကျော်ဖို့ မပြောနဲ့ အာရှ ကျော်ဖို့တောင် မလွယ်ဘူး

အားကျတတ်လိုက်တဲ့ ကိုရီးယား

ကိုရီးယားဇာတ်လမ်းတွေလည်း လေ့လာပါအုံး ကိုရီးယားတို့ရဲ့ ယဉ်ကျေးမူ စီးပွားရေး လူမူရေး
နိုင်ငံရေးကို အမျိုးသားရေး စိတ်ဓာတ်တွေ နဲ့ ကမ္ဘာသိအောင် ရိုက်ကူးကြတာဟ
မင်းထင်ကိုကိုကြီး တို့ ကြည်ဖြူရှင်တို့ ကျမှပဲ မြန်မာပျက်စီးမယ့်အရေး အသားပေးရတယ်လို့
ကုလားဘောငုံနေတယ်ဆိုရင်လည်း အေးအေးဆေးဆေးငုံထားကြ

တကယ်လို့များ ဒီဇာတ်လမ်းကို နင့်လင်တွေကုလားအလိုကျ ပြသခွင့်ပေးခဲ့လျှင် တိုင်းပြည်ဆူပူမှုနဲ့ လူမျိုးရေး ပြဿနာတွေ ထပ်မံဖြစ်ပွားမှာကို မလိုလားလို့ အမျိုးသားရေးသမား ဆိုသူတွေက တားမြစ်တယ်ဆိုတာ ထမင်းစားနေတဲ့သူတွေအားလုံး နားလည်ကြမှာပါ.
ချီးစားကြီးတဲ့ ခွေးတောင် ချီးကျွေးတဲ့ အိမ်ရှင်အတွက် ဟောင်ဖော်ရသေးတယ်လို့ပဲ ပြောလိုက်ပါရစေ။
myanmar express

Sunday, June 29, 2014

ယာယီစိုက်ထားသည့် တရုတ်နယ်ခြားမှတ်တိုင် သျှမ်းပြည်ဝန်ကြီးချုပ်မှ ဖယ်ရှားခိုင်း



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် စိုက်ထူထားသော တရုတ် မြန်မာနယ်စပ် ယာယီနယ်ခြား တိုင်အား ယာယီဆွဲနှုတ် ဖယ်ရှားထားရန် သျှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ်က နမ့်ခမ်းခရီး စဉ်မှ ညွှန်ကြားလိုက်သည်။

သျှမ်းပြည်နယ် ၀န်ကြီးချုပ်နှင့် အဖွဲ့များသည် နမ့်ခမ်းမြို့နယ်ရှိ တရုတ်နိုင်ငံ နယ်ခြားမျဉ်းဟု တိုင်းတာ ကာ ယာသီသတ်မှတ် ခံထားရသော နယ်စပ်ငုတ်တိုင်များကို ယမန်နေ့က သွားရောက် စစ်ဆေးပြီး ထိုသို့ ပြောဆို လိုက်သည်။

“ကုန်းဆာကျေးရွာ ကူးတို့ဆိပ်မှာ ဝန်ကြီးချုပ်ကသွားစစ်တော့ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက် အကူပြုအဖွဲ့ဝင် ဆရာအောင်ဝင်းက မြေပုံနဲ့တကွအကျယ်တဝင့်ရှင်းပြတယ်။ သျှမ်းပြည်ဝန်ကြီးချုပ် က လည်းမှန်ကန်စွာ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ တရုတ်ဘက်က ကျူးကျော်စိုက်ထူ ထားတဲ့မှတ်တိုင်တွေကိုလည်း သူပြန်သွားရင်ဆွဲနှုတ်လိုက်ပါလို့ မှာသွားပါတယ်။” ဟု စယ်ဟိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း နမ်ခမ်းမြို့သို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ်စဝ်အောင်မြတ်နှင့်အတူ သျှမ်းပြည် နယ် ဝန်ကြီးများအဖွဲ့က ဂျွန်လ ၂၈ ရက်က ရောက်ရှိခဲ့ပါသည်။

သျှမ်းပြည်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကောင်းနောင်မိုရပ်ကွက်ရှိ ကျားဖြူခန်းမတွင် ကွတ်ခိုင်၊ မူစယ် နှင့် နမ့်ခမ်းမြို့ အုပ်ချုပ်အထောက်အကူအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ စုစုပေါင်း (၃၀၀)ကျော်ကလာရောက်တွေ့ဆုံကာ ရပ်ရေးရွာရေးများတင်ပြဆွေးနွေးခဲ့ကြပြီး သျှမ်းပြည် နယ် ဝန်ကြီးချုပ်ကအဆိုပါ သုံးမြို့နယ်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း( ၄၀၀) နှင့် ကျောင်းသုံး ဗလာစာ အုပ် ဒါဇင် (၃၀၀) စီပေးအပ်ကူညီခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နမ့်ခမ်းဒေသခံက ပြောပါသည်။

တွေ့ဆုံပွဲအပြီး သျှမ်းပြည်ဝန်ကြီးချုပ်အဖွဲ့ များသည် တရုတ်ပြည်ပိုင်မြေ သတ်မှတ်ခံရသော ကုန်းဆာ ကျေးရွာရှိ ရွှေလီမြစ်ကမ်းဘေးတွင် သွားရောက်လေ့လာခဲ့သည်။

တရုတ်ပြည်ပိုင် နယ်နမိတ် ဟု သတ်မှတ်ထားခံရ သော ကျေးခွန်၊မန့်နောင်၊ကုန်းဆာကျေးရွာ ဒေသခံ များနှင့် နမ့်ခမ်းမြို့ လယ်သမားအဖွဲ့ များ ပါဝင်သော လူအင်အား တစ်ထောင်ကျော်ခန့်သည် ၀န်ကြီး ချုပ်သွားရာ ကုန်း ဆာကျေးရွာ ကူးသို့ဆိပ်လမ်းတွင် သျှမ်းပြည် ၀န်ကြီးချုပ်နှင့်အဖွဲ့များကို သျှမ်းရိုးရာ အိုးစည်များတီးခတ်ကြို ဆိုကြပြီး ၄င်းတရုတ်ပိုင်မြေဟု သတ်မှတ်ခံရသော ဘိုးဘွားပိုင်မြေများကို မှန်ကန်စွာပြန်လည်သတ်မှတ်ပေးပါရန် စာရွက်ကိုယ်စီကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြောင်း ကုန်းဆာကျေးရွာနေ စိုင်းအိုက် က ဆိုသည်။

“ ဒေသခံ ရွာသူရွာသားများ က သျှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များအားလှိုက်လှဲစွာကြိုဆိုပါ၏။ ဘိုးဘွားပိုင် မြေများကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပါ။ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ်ကို ယခင်ရှိရင်း စွဲအတိုင်း ဆောင်ရွက် ပေးရန်တောင်းဆိုသည် စသော စာရွက်များကိုယ်စီ ကိုင်ဆောင်ကြတယ်” ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့သို့ရောက်ရှိလာသော ၀န်ကြီးများမှာ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး စိုင်းနော်ခမ်း၊ သျှမ်းပြည်စည်ပင်ကော်မတီဝန်ကြီးဦးနေလင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးအောင်သူ နှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး စိုင်းဆာလူ တို့ဖြစ်ကြပါသည်။
credit to စိုင်းလုံ

Friday, June 27, 2014

အချစ်ဆိုတာ

 အချစ်ဆိုတာ
သင်ဘယ်လောက် လမ်းခွဲဖို့ကြိုးစားကြိုးစားစား
သင့်အနားမှာပေကပ်နေတဲ့ ချစ်သူမျိုးရှိလား
သင့်မှာစိုးရိမ်စရာတခုခုရှိတဲ့အခါ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး သင့်ကိုစိုးရိမ်တတ်တဲ့ချစ်သူမျိုးရှိလား
သင်စိတ်ဆိုးမဲ့အကြောင်းအရာမျိုးဆို
ဘယ်လောက်ပဲလုပ်ချင်လုပ်ချင် ထိန်းချုပ်တတ်တဲ့ချစ်သူမျိုးရှိလား
သင်အမှားအယွင်းတခုခုဖြစ်ပြီဆို
သိပ်တောင်မရှင်းပြရပဲ သင့်ကိုခွင့်လွှတ်နားလည်တတ်တဲ့ချစ်သူမျိုးရှိလား
သင်ကလေးဆန်တဲ့အပြုအမူတွေကို
လူကြီးတယောက်လိုအမြဲစိတ်ရှည်လက်ရှည်နဲ့ဆက်ဆံတတ်တဲ့ ချစ်သူမျိုးရှိလား
သင်ပျော်ရွှင်ဖို့
ပေါတောတောအပြုအမူတွေနဲ့သင့်ကိုပျော်ရွှင်စေတတ်တဲ့ချစ်သူမျိုးရှိလား
သင်စိတ်ကောက်ပြီဆို
မတွက်ကပ်ပဲသင့်ကိုအရင်စခေါ်တဲ့ချစ်သူမျိုးရှိလား
တခါတလေသင်အရမ်းလိုအပ်တဲ့အခါ
သင်နားကိုမညီးမညူအပြေးရောက်လာချင်တဲ့ချစ်သူမျိုးရှိလား
အခွင့်အရေးဘယ်လောက်ရရ
သင်ကလွဲပြီးဘယ်သူ့ကိုမှစိတ်မကစားတတ်တဲ့ချစ်သူမျိုးရှိလား
အဲဒီလိုချစ်သူမျိုး
သင်ပိုင်ဆိုင်ထားရလား ပိုင်ဆိုင်ထားရရင် သင်စိတ်ချမ်းသာရတယ်
အဲဒီလိုကိုယ့်ကိုစိတ်ချမ်းသာစေတဲ့ချစ်သူကို
သင်ကလည်းတူညီတဲ့အချစ်နဲ့ ပြန်ပြီးစိတ်ချမ်းသာစေသင့်တယ်မလား
အချစ်ဆိုတာ
ကိုယ်ကချည်းပဲတဖက်သတ်အချစ်မခံနဲ့
ကိုယ်ကလည်းသူ့ကိုတလှည့်ပြန်ချစ်မှ ရေရှည်တည်တံ့ခိုင်မြဲတာလေ
ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
ခင်မင်လျက်
Credit to ကောင်မလေးရဲ့ကောင်ကလေး
အဖြူရောင်လေး

ရိုမန်ဘော့ထ်စာရေးဆရာ အောင်ရင်ငြိမ်းကို ဖမ်းဆီးအရေးယူလျှင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်မည် ဟု NLD ပါတီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ ပြော



မန်မာပြည်သူများအကြား ဆန့်ကျင်မှုပြင်းထန်နေသည် ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ် ရေးသားသူ ညစ်ညမ်းစာရေးဆရာ အေအာင်ရင်ငြိမ်းကို ဖမ်းဆီး အရေးယူမည် ဆိုလျှင် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။

ညစ်ညမ်းစာပေများကို တရားဝင် ရိုက်နှိပ်ထုတ်ဝေလာခဲ့ရာ နောက်ဆုံး စာအုပ် တစ်အုပ်ဖြစ်သည့် ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်ကို ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က အရေးယူရန် ဆောင်ရွက်နေသည့် သတင်းများထွက်ပေါ်လာချိန်တွင် ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လူသားတိုင်းဟာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ရေးသားဖော်ထုတ်ပိုင်ခွင့် ရှိပါတယ်။ ဒါကို ပိတ်ပင်တာဟာ လူ့သားတွေရဲ့ အခြေခံအခွင့်အရေးကို ပိတ်ပင် ရာ ရောက်ပါတယ်” ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ ဒေါ်သင်းသင်းအောင်က ပြောကြားသည်။

“မျိုးစောင့်ဥပဒေနဲ့ပတ်သက်လို့ ကျွန်မတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးပြီ။ အမေရိကန်၊ ဗြိတိန်၊ OIC နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း မြန်မာနိုင်ငံ အပေါ် ဖိအားပေးဖို့ ပြောဆိုနေပါတယ်။ အခုလည်း လာပြန်ပြီ Freedom of Press ကို ပိတ်ပင်ဖို့ လုပ်လာကြပြီ။ ကျွန်မတို့ ကန့်ကွက်သွားမှာပါ။ နိုင်ငံတကာကိုလည်း သိအောင် အသိပေးသွားမှာပါ။ စစ်အာဏာရှင်လက်ထက်က ပုံစံမျိုး လုပ်လာတာကို လက်မခံပါဘူး” ဟု ဒေါ်သင်းသင်းအောင်က ဆိုသည်။

အမျိုးသမီးတက်ကြွလှုပ်ရှား ဦးဆောင်သူ ဒေါ်ခင်ဥမ္မာကလည်း “မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကို အလေးမထားဘူး။ တန်ဖိုးမထားဘူး။ ဦးသိန်းစိန် အစိုးရဟာ မျိုးစောင့်ဥပဒေလေးခု ပြဌာန်းဖို့ လုပ်လာတာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တာပဲ။ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့ အဖွဲ့အစည်း ၁၆၈ ဖွဲ့က ကန့်ကွက်ကြောင်း ပြောထားပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး ဒီချိုးဖောက်မှုတွေကို တင်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တော်တော်ကြောင်တဲ့ လုပ်ရပ် ဆိုပြီး ပြောခဲ့တယ်။ အခုလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော် ရေးသားပြီး စာအုပ်ထုတ်ဝေတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းကို အရေးယူဖို့ ဖိအားပေးနေတာတွေ ရပ်တန်းကရပ်ကြဖို့ ပြောချင်တယ်။ ကျွန်မတို့က အောင်ရင် ငြိမ်းအတွက် တိုက်ပွဲဝင်သွားမှာပဲ” ဟု ပြောသည်။

“ဒါ လူ့အခွင့်အရေးလေ...သူရေးချင်တာ ရေးခွင့်ရှိရမယ်။ ဒီလိုမရေးနဲ့ ဒီလိုပဲရေး ဆိုတာမျိုးတွေ ပိတ်ပင်တာဟာ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေနဲ့ လုံးဝ မညီဘူး။ ကျွန်မတို့အနေနဲ့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ဆီကို တင်ပြမယ်။ အောင်ရင်ငြိမ်းကို အရေးမယူဖို့ ကျွန်မတို့ တောင်းဆိုသွားမယ်” ဟု အမျိုးသမီးတက်ကြွလှုပ်ရှားသူ ဒေါ်ဇင်မာအောင်က ပြောသည်။

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးဟာ NLD ပါတီရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေပါ။ အတိအကျတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် ကြားသိရတဲ့ သတင်းတွေအရ စာရေးဆရာတစ်ယောက်ကို သူရေးတဲ့ ၀တ္ထုစာအုပ်ကြောင့် ဖမ်းမယ်၊ ဆီးမယ်၊ အရေးယူမယ် ဆိုပြီး သိရှိရတယ်။ ဒီလုပ်ရပ်က အခြေခံဥပဒေနဲ့ မညီပါဘူး။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို ရဲရဲတင်းတင်း ထုတ်ဖော်ပြသပိုင်ခွင့် ရှိပါတယ်။ ဒီကိစ္စကို NLD ပါတီအနေနဲ့ အလေးပေးပြီး ဆောင်ရွက်သွားမှာပါ။ လူ့အခွင့်အရေးကို ပိတ်ပင်တာတွေ၊ ကန့်သတ်တာတွေ အားလုံးကို NLD ပါတီအနေနဲ့ လက်မခံပါဘူး” ဟု NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်လိုက်တော့ အတော်များများ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးစည်းရုံးမှုတွေ လုပ်နေတာပါ။ အခု ကိစ္စကိုလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်ရပါလိမ့်မယ်။ နိုင်ငံတကာမှာ ဒီလို လုပ်ရပ်တွေကို ဘယ်လို အရေးယူသလဲ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ လူ့အခွင့်အရေးကို အလေးထားတဲ့ အစိုးရဆိုရင် ဒီလိုမျိုး မိမိယုံကြည်ရာကို ရေးသားဖော်ပြခဲ့ နိုင်ငံသားတွေကို အရေးယူတာမျိုး လုပ်စရာ အကြောင်း မရှိပါဘူး။ ဒါကို ကျွန်တော်တို့ NLD ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

ဒေါ်သင်းသင်းအောင်၊ ဒေါ်ဇင်မာအောင်၊ ဒေါ်ခင်ဥမ္မာတို့ ဦးဆောင်သော အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းပေါင်း ၁၆၈ ဖွဲ့သည် မကြာသေးမီကပင် မျိုးစောင့်ဥပဒေပြဌာန်းရေးကို ဆန့်ကျင်ကြောင်း၊ မျိုးစောင့်ဥပဒေများသည် လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့အစည်းများသည်သမ္မတဦးသိန်းစိန်၊လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၊

 ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့် တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ပြီး ဖြစ်သည်။
credit to ပြည်သူ့အာဏာ
အဖြူရောင်လေး

ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ဖန်တီးသူ အောင်ရင်ငြိမ်းဘာလည်း ဘယ်လည်းနှင့် သူကို ဘယ်သူတွေ ထောက်ပံ့တာလည်း

ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ ဖန်တီးသူ အောင်ရင်ငြိမ်းဘာလည်း ဘယ်လည်းနှင့် သူကို ဘယ်သူတွေ ထောက်ပံ့တာလည်း
=============================================


စာအုပ်စထွက်ကာစ တုန်းကတော့ အပြာစာအုပ်တစ်အုပ် နီးနီး အဆင့်ရေးထားတဲ့ စာအုပ်တစ်အုပ်ထက်မပိုတဲ့ စာအုပ်လို့ပဲထင်မြင်မိခဲ့တာအမှန်ပါ။
သူရဲ့ပွင့်လင့်သောအရေးအသားဟာ လူအခွင့်အရေးနဲ့ညီကောင်းညီနိုင်သော်လည်း
မြန်မာ လူမှုအဖွဲ့အစည်းကြားမှာတော့ ဝေဖန်မှု ရေချိန်မြင့်တက်လာနိုင်သော စာအုပ်တစ်အုပ် ဖြစ်လာမည်ဆိုတာ မလွဲဧကန်ဆိုတာ လူတိုင်း နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ရက်ပေါင်း အနည်းငယ်အတွင်းမှာ စာအုပ်တွေကကုန်သွားပြီးလို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းတွေ ပျံ့လာခဲ့ပြီး PDf ဖိုင်လင့်တွေကနေတစ်ဆင့် လူငယ်တော်တော်များများ ဒေါင်းပြီး လေ့လာမိကြချိန်မှာတော့ အောင်ရင်ငြိမ်းဘာကို ဦးတည်ရေးသားထားတာလည်းဆိုတာ ဘာကို တိုက်ခိုက်ဖို့ရည်၇ွယ်ခဲ့တယ်ဆိုတာ မြန်မာပြည်သူတွေ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါတယ်။
နောက် အောင်ရင်ငြိမ်းထွက်ပြေးသွားတယ် ရှာနေတယ်ဆိုတဲ့ သတင်းပါ ပျံ့နှံ့လာခဲ့ပါတယ်။
ရှာဖွေရခြင်းရဲ့ အဓီက အချက်တွေကတော့ ဘာသာေ၇း ကိုစော်ကားတာတွေအတွက် အရေးယူဖို့ဆိုတာ သိသာထင်ရှားလှပါတယ်။ သူဘာကြောင့်ရှောင်ပြေးသွားလည်း စဉ်းစားကြည့်မည်ဆိုလျှင် သူရဲ့ အပြာစာအုပ်ဆန်ဆန် စာအုပ်မှ ညစ်ညမ်း စာသားတွေ အတွက်ဆိုရင်တော့ သတိပေး တားမြစ်ခံရရုံပဲရှိနိုင်တာမို့ ပြေးစရာတော့ အကြောင်းမရှိပါဘူး။
သူထွက်ပြေးတိန်းရှောင်ရတဲ့ အြေ ကာင်းရင်းကတော့ အပြာစာအုပ်
စာမျက်နှာ ၇၈ ပါ စာသားများဟာ 




ဘာသာရေးအဖွဲ့အစည်းတွေကို ပေါ်ပေါ်တင်တင် စော်ကားထားတာကိုတွေ့နိုင်ပါတယ်။ အဆိုပါစာသားများအတွက် တာဝန်ယူဖြေရှင်းရမှာကို ကြောက်ပြီး ထွက်ပြေးတိန်းရှောင်သွားတာ ဖြစ်လိမ့်မည်ဟု ယူဆမိပါတယ်။
လူမှုကွန်ယက် စာမျက်နှာတွေမှာဝေဖန်မှု မြင့်တက်ချိန် ရဲတွေက အောင်ရင်ငြိမ်းကို ရှာဖွေနေတယ်ဟု သတင်းတွေ ထွက်လာချိန်မှာ အောင်ရင်ငြိမ်းဘက်မှာ ကာကွယ်ပြောဆိုကြသူတွေဟာ ဒီမိုအမည်ခံတွေ အများစုဖြစ်တာကိုတွေ့ရတာပါပဲ။ နောက် ဒီစာအုပ်ကို ထုတ်ဝေနိုင်ရေး ငွေကြေးထောက်ပံ့သူအဖွဲ့အစည်းတွေက အစိုးရနှင့် လက်ရှိ ဘာသာရေးလှုပ်ရှားနေသော မဘသ ၊ ၀ံသာနုရက္ခိတ ၊၉၆၉ အဖွဲ့တွေကို တိုက်ခိုက်အပုတ်ချစော်ကားတဲ့ စာသားတွေအတွက် ထောက်ပံ့ခဲ့လေသလားဆိုတာ လည်း စဉ်းစားစရာတွေ ဖြစ်လာစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ မဘသ ၊ ၀ံသာနုရက္ခိတ ၊၉၆၉ တို့ကို မလိုမုန်းထား အပုတ်ချစော်ကားနေသောအဖွဲ့အစည်းအချို့က မည်သည့်အဖွဲ့များ ဖြစ်တယ်ဆိုတာကိုတော့ ပြည်သူတွေ သိပြီးဖြစ်လို့ မပြောတော့ပါဘူး။
သံသယ ဖြစ်ဖွယ်ရာတွေကတော့ အောင်ရင်ငြိမ်းဘာလည်း ဘယ်လည်းနှင့် သူကို မည်သည့် အဖွဲ့က ထောက်ပံ့ပြီး ပွဲထုတ်လိုက်တာလည်း ဆိုတာကိုတော့ ပြည်သူများ စဉ်းစားဖို့လိုအပ်လာပါပြီလို့ပြောရင်းနိဂုံးချုပ်လိုက်ပါရစေ။

credit to Aung Ye Soe
အဖြူရောင်လေး
 

မြေယာပိုင်ဆိုင်မှု(၄)

မြေယာပိုင်ဆိုင်မှု(၄)

(က) မြို့ရွာအတွင်း တည်ရှိနေသော လူနေအိမ်မြေ (၃ (ခ) မြေ)
၁၉၅၃-ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ အခန်း(၁) ပုဒ်မ ၃(ခ) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
“ လယ်ယာမြေ” ဆိုသည်မှာနိုင်ငံတော်က အလိုရှိသည့်အတိုင်း၊ သုံးစွဲနိုင်သည့် လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်၊ယာ၊ ကိုင်း၊ ကျွန်း ၊ ဥယျာဉ်စိုက်ပျိုးမှု သို့တည်းမဟုတ် လယ်၊ ယာ၊ ကိုင်း၊ ကျွန်းဖြင့် အသက်မွေးမှု ကိစ္စများအတွက်ဖြစ်စေ ၊ ယင်းသို့ စိုက်ပျိုးမှုနှင့် အသက်မွေးမှု၏ အထောက်အပံ့ဖြစ်သော အမှုကိစ္စများ အတွက်ဖြစ်စေ၊ လက်ရှိထားရှိသည့် သို့တည်းမဟုတ် သာမန်လုပ်ကိုင်သည့် သို့တည်းမဟုတ် အငှားချထားပြီးဖြစ်သည့် မြေကိုဆိုလိုသည့် အပြင် ထိုစကားရပ်တွင် ထိုမြေပေါ်ရှိ လူနေအိမ်များနှင့် အခြားအဆောက်အဦးများ တည်ရာမြေ များလည်းပါဝင်သည်။ သို့ရာတွင် မြို့ရွာအတွင်း တည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ပေ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေရာစီမ့ ခန့်ခွဲမှု စာရင်းနှင့် မှတ်တမ်းထိန်းသိမ်းရေးဋ္ဌာနေသည် ပုဒ်မ၃(ခ)၏ နော်ကဆုံး စကားရပ်ပါ လယ်ယာမြေနှင့် အကျုံးမ၀င်မြေများ၊ တစ်နည်းအားဖြင့် အိမ်ယာမြေအဖြစ် အသုံးပြုထားသော မြေများကို လယ်ယာမြေနှင့်အကျုံးမ၀င်ကြောင်း အတည်ပြုချက်စာ ထုတ်ပေးနိုင်ပေသည်။
ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ် ၊ အင်းစိန်မြို့နယ် ၊မင်္ဂလာဒုံမြို့နယ် အတွင်းရှိအချို့သော မြေများနှင့်စပ်လျဉ်း၍ ၃(ခ)အရ လျှောက်ရန်လိုပေသည်။
၁၉၅၃ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ(၃)အရ လယ်ယာမြေ ဟူသောစကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်များနှင့် ကိုက်ညီက ၀န်ခံလက်မှတ်ထုတ်ပေးလေ့ရှိသည်။
(က)လျှောက်ထားသည့်မြေမှာ မြေပိုင် မြေဖြစ်ခြင်း
(ဥပမာ- မဂ်လာဒုံမြို့နယ်မြေတိုင်းရပ်ကွက်အမှတ်----မြေကွက်အမှတ်---ဧရိယာ---ဧကရှိကင်းလွတ်ခွင့် လယ်မြေမျိုးဖြစ်ပြီး မြေခစည်းကြပ်လျက်ရှိပြီးမြေစာရင်းတွင် ဦးဖြူနှင့်ဒေါ်မဲဟု သတ်မှတ်ထားပါက ခိုင်လုံသော အထောက်အထား ရှိနေပြီဖြစ်သည်။)
(ခ) ဦးပိုင်အပြည့် လျှောက်ထားခြင်း။
(ဂ) နိုင်ငံသားဖြစ်သူက လျှောက်ထားခြင်း။
(ဃ)မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေများနှင့်ကိုက်ညီခြင်း။
(င) လ/န (၃၉) အရ သတ်မှတ်ထားသော အုတ်ဖုတ်မြေများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ပယ်ဖျတ်ပြီးဖြစ်ကြောင်း အထောက်အထား ရှိခြင်းနှင့် လက်ရှိအနေအထားတွင် အိမ်မြေအဖြစ် အသုံးပြုနိုင်ခြင်း။
(စ) အမွေဆက်ခံ ပိုင်ခွင့်ရှိကြောင်း ကတိသစ္စာပြုလွှာ တင်ပြခြင်း။
(ဆ) လျှောက်ထားမြေတွင် ၁၉၅၃ ခုနှစ် မတိုင်မီ အချိန်ကတည်းက အိမ်ဆောက်လုပ်နေထိုင်ခဲ့ကြောင်း သက်ဆိုင်ရာတို့၏ ထောက်ခံချက်တင်ပြ နိုင်ခြင်း။

မြေယာဆိုင်ရာအကြောင်းအရာများဆက်လက်တင်ပြသွားမည်
လေးစားလျှက်
အောင်ရဲစိုး(ဥပဒေ)

မီးခိုးစော်လေးတော့ နံတယ်ထင်သား

မီးခိုးစော်လေးတော့ နံတယ်ထင်သား ...
===========================

တခါက... လင်မယားနှစ်ယောက်ရှိတယ်။
မိန်းမက ဟင်းကို ဘယ်လောက်ကောင်းအောင်ချက်ချက်၊ ယောက်ျားလုပ်သူက ဘယ်တော့မှ အကောင်းမပြောဘူးတဲ့
ဒါနဲ့ တရက်...
ထမင်းစားမယ်လုပ်တော့ မိန်းမက ပြောတယ်... ...
"ရှင်က ကျမဘာချက်ချက် မကောင်းဘူးပြောလို့၊ ဒီနေ့တော့ ဆိုင်က ထမင်းဟင်းတွေ ဝယ်ကျွေးတာ"
စားနေရင်းနဲ့ ယောက်ျားက ချီးကျူးတယ်... ...
"ကောင်းတယ်ဟေ့... ဟင်းဆိုတာ ဒါမျိုးမှ၊ မင်း ချက်တာနဲ့ ဘာမှမဆိုင်ဘူး"... ဘာညာနဲ့ ပြောတာပေါ့
မိန်းမလုပ်သူကလည်း ဘာမှပြန်မပြောဘဲ အသာထိုင်ကြည့်နေတယ်။
အဲ..
ယောက်ျားလုပ်သူလည်း ထမင်းစားပြီးရော မိန်းမက ပြောတယ်.... ...
"အဲဒီဟင်းတွေ ကျမချက်တာ၊ ဘယ်ဆိုင်ကမှ ဝယ်တာမဟုတ်ဘူး၊ ရှင့်စိတ်ကို စမ်းချင်လို့ တမင်ပြောလိုက်တာ"
..ဆိုတော့ ယောက်ျားက ပြန်ပြောသတဲ့... ....
"အင်း... ဒ့ါကြောင့် မီးခိုးစော်လေးတော့ နံတယ်လို့ထင်သား"... တဲ့။
ကျနော်ပြောချင်တာက...
တချို့သောလူတွေဟာ 'ငါပြောတာမှ အမှန်၊ ကျန်တဲ့လူတွေ ဘာပြောပြောအမှား၊ င့ါကို လာမယှဉ်နဲ့'... စတဲ့ င့ါစကားနွားရ၊ တဇောက်ကန်း နဲ့ တစ်ဖက်စွန်းရောက်အောင်ထိ အတ္တကြီးကြတယ်။
အကျိုးသင့် အကြောင်းသင့်နဲ့ ရှင်းပြလို့ သူမှားကြောင်း သူ့အသိစိတ်က လက်ခံသွားရင်တောင်မှ မှားပါတယ် ဝန်မခံဘဲ 'မီးခိုးစော်လေးတော့ နံတယ်လို့ထင်သား' လို့ လုပ်တတ်ကြတယ်။
Credit to:ThanlayKo
အဖြူရောင်လေး

တန်ဖိုးမဖြတ်နိုင်တဲ့မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာရှေးဟောင်းမြို့ကြီးများ


တန်ဖိုးမဖြတ်နိုင်တဲ့မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာရှေးဟောင်းမြို့ကြီးများ
 ===================================
မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးမွေအဖြစ် ပျူမြို့ဟောင်း သုံးမြို့ကို သတ်မှတ်ခြင်းခံရတဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာအနေနဲ့ မြင့်မားပါတယ်။ မြန်မာနိုင်ငံက ယဉ်ကျေးမှုသည် အမျိုးသားအဆင့်မှာတောင် မဟုတ်ဘဲ ကမ္ဘာကတောင် အသိအမှတ်ပြုရတဲ့ အဆင့် ရောက်တယ် ဆိုတဲ့ သဘောဖြစ်ပါသည်။




ဗိဿနိုး


 ဗိဿနိုးမြို့ဟောင်း
  ဗိဿနိုးမြို့သည် မကွေးမှ တောင်တွင်းကြီးသို့ သွားသောကားလမ်းပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း၂၂၀၀ခန့်က ပေါ်ထွန်းခဲ့သော ရှေးမြို့ဟောင်းဖြစ်သည်။  “ပန်ထွာပြည်၊ ပန်ထွာမြို့” ဟုပန်ထွာမင်းသမီးကိုအစွဲပြု၍ခေါ်တွင်ကြောင်းသိရသည်။
ဗိဿနိုးပျူတို့သည်လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်၍ ကူးသန်းရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးဝမ်း   ကြောင်းပြုကြသည်။ အ၀တ်အစားများကို လက်ပံမှို့ ကို ကိုယ်တိုင်ဗိုင်းငင်၍ ရက်လုပ်သော အ၀တ်ကိုဝတ်ဆင် ကြသည်။ ရန်သူများမကြာခဏ လာရောက်တိုက်ခိုက်တတ်သောကြောင့် ပျူတို့သည် စည်းစည်းလုံးလုံးဖြင့် မိမိတို့၏ အိုးအိမ် စည်းစိမ်ကိုကာကွယ်၍ အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြသည်။ ပျူတို့သည် ပိသုကာ အတတ်ကိုကျွမ်းကျင်ကြသည်။ အုတ်တိုက်နံရံများကို အင်္ဂတေမွမ်းမံခြင်း၊ ထုံးသုတ်ခြင်းဆေးခြယ်ခြင်းတို့ ပြုလုပ်ကြသည်။
          ဗိဿနိုးခေတ်တွင် အသက်မွေးဝမ်းကျောင်းအနေနဲ့ လက်ယာလုပ်ငန်း၊ပန်းပဲ၊ရက်ကန်း လုပ်ကိုင်ပြီး အလှအပအဆင်တန်ဆာဖြစ်သော ပုတီးလက်ကောက်လုပ်ငန်း နှင့်ရွှေငွေများကိုအသုံးပြု တတ်နေပြီ ဖြစ်သည်။ အဓိကစီးပွားရေးမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းတွင် အိန္ဒိယနှင့်တရုတ်ပါဝင်လာပြီးထိုခေတ်ကတည်းက မြန်မာနိုင်ငံအလယ်ပိုင်းသည် နိုင်ငံခြားကုန်သွယ်ရေးတွင် စခန်းကောင်း တခုဖြစ်ခဲ့သည်။
          ဗိဿနိုးတို့သည် လူမှုဆက်ဆံရေးတွင်လည်း ရိုသေထိုက်သူကို ရိုသေးလေးစားသည့် ဂါရ၀တရားလက်ကိုင်ထားကြသည်။အများစုမှာ ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။ ဗိဿနိုးခေတ်တွင်စာပေထွန်း ကားမှုမရှိပေ။ထိုခေတ်ကတည်းကနိုင်ငံတည်း ဟူသော လူနေမှုအဖွဲ့အစည်းရှိနေပြီဖြစ်သည်။


သရေခေတ္တရာ


                                                           ပျူမြို့ဟောင်း
     
 ပျူမြို့တော်ဖြစ်ပြီး ယခုအခါတွင် ပြည်မြို့၏ အရှေ့တောင်ဘက် ငါးမိုင်ကွာတွင်ရှိသော မှော်ဇာရွာ အနီးတွင်ရှိသည်။ သရေခေတ္တရာမြို့ဟောင်းသည် အ၀ိုင်းပုံသဏ္ဍာန်ဖြစ်သည်။ မြို့အကျယ် တစ်ဆယ့်ရှစ် စတုန်းမိုင်ရှိသဖြင့် ပုဂံ၊ မန္တလေးစသော နှောင်းမြို့တို့ထက် ကျယ်ဝန်းသည်။ ကျုံး၊ မြို့ရိုးတို့နှင့် အခိုင်အမာရှိ သည့်အပြင် နန်းတော်ရာလဲရှိသည်။ ၀ိကြရမမင်းဆက်အုပ်စိုးသွားကြောင်း အရိုးစာများအရ သိရသည်။


ဟန်လင်း


                                                 ဟန်လင်းမြို့ဟောင်း
ဟန်လင်းမြို့သည် ရွှေဘိုခရိုင်ဝက်လက်မြို့နယ်အတွင်း၌ ရှိသည်။ ဟန်လင်းမြို့ဟောင်းသည် သရေခေတ္တရာထက်အရွယ်အစားငယ်သော်လည်းအရေးပါသောနေရာတွင်တည်ရှိသည်။တရုတ်နိုင်ငံ အနောက်ပိုင်းယုန်ချန်မှအိန္ဒိယသို့သွားသောကုန်သွယ်လမ်းကြောင်းပေါ်တွင်တည်ရှိသည်။ပျုတို့ပိုင်နက်သည် အရှေ့တွင် ကမ္ဘောဇဒွရာဝတီ၊ တောင်ဖက်တွင်ပင်လယ်၊အနောက်ဖက်တွင်အရှေ့အိန္ဒိယ၊ မြောက်ဖက်တွင် နန်ကျောင်ဟုသိရသည်။ပျူလူမျိုးတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ခရစ်နှစ် (၃)ရာစုမှ (၉)ရာစုအထိ ယာဉ်ကျေးမှုအဆင့်အတန်းမြင့်မားစွာဖြင့် ထွန်းကားခဲ့သူများဖြစ်သည်။
           ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာမြို့ဟောင်း သုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေး အကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။‘‘အခုဆို ပျူမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ်ဝင်သွားပါပြီ။ ကျွန်တော်တို့တွေ အားလုံး ပူးပေါင်း ပြီး ပျူယဉ်ကျေးမှု အမွေအနှစ် တွေကိုလည်း ဆက်လက်ထိန်း သိမ်းစောင့်ရှောက်သွားရပါမယ်။ မြန်မာကို ကမ္ဘာ့က သိလာပြီး နိုင်ငံအတွက်လည်း ဂုဏ်ရှိသလို ဒေသခံတွေအတွက်လည်း များစွာအကျိုးဖြစ်ထွန်း လာမယ်’’ဟု မျှော်လင့်မိပါတယ်။ဒါဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်ဆုံးသောဂုဏ်ယူစရာကောင်းသော အမွေအနှစ် ဖြစ်သလို၊ မြန်မာနိုင်ငံသားအား လုံးကလဲ  အသိစိတ်ဓာတ်လေးတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် မြန်မာနိုင်ငံသားအားလုံး၏တာဝန်ပင်ဖြစ်ပါသည်။
 credit to ပြည်ထောင်စုစိတ်ဓာတ်
  post by အဖြူရောင်လေး

 


Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ