Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Monday, September 21, 2015

ဘာသာရေးကို နိုင်ငံရေးတွင်အသုံးချပါက ကြည့်နေမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးတွင် အသုံးချမည် မဟုတ်သလို ပါတီဝင်များ စည်းမျဉ်းချိုးဖောက်ပါကလည်း ကြည့်နေမည်မဟုတ်ဟု အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာရေးကို နိုင်ငံရေးမှာ မသုံးရဘူးဆိုတာ တားဆီးထားပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကတော့ နည်းနည်းလေးမှ စည်းမျဉ်းဥပဒေ လွဲချော်တဲ့ကိစ္စတွေမလုပ်ဘူး။ လုပ်လို့ရှိရင်လည်း ကြည့်နေမှာမဟုတ်ဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ရမည်းသင်းမြို့၊ ကျောင်းဖြူကုန်းကွင်းတွင် စက်တင်ဘာ ၁၉ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်

Thursday, September 17, 2015

အင်န်အယ်လ်ဒီ အာဏာရပါက တပ်မတော်သား အမတ်များကို ဖယ်ရှားတော့မည်လော

”တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးယန္တရားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂ဝ၁၅ ရွေးကောက်ပွဲ ကြေညာစာ တမ်း၊ စာ-၅
၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ရွေးကောက်ပွဲ ကြေညာစာ တမ်းကို ထုတ်ပြန်သည်။

ထိုစာတမ်းတွင်ပါဝင်သော အချက်အလက်များက ဝမ်းသာကြိုဆိုစရာ အတော်များသည်။ စင်စစ် ရွေးကောက်ပွဲ ကြေညာစာတမ်းဟူသည့် ပါတီတစ်ရပ်က ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါက ကျင့်သုံးအကောင်အထည်ဖော်မည့် မူဝါဒသံခိပ်ဖြစ်သည်။ ပါတီဥက္ကဋ္ဌ၏ အမှာစာတွင် ဤသို့ ဖော်ပြထား

Wednesday, September 16, 2015

အမတ်လောင်းရွေးရာတွင် ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲ ရွေးချယ်ရန်တိုက်တွန်းသည့် ဦးဝီရသူအား NLD ပါတီထောက်ခံ သူများ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုမှု သံဃာတော်များ စိတ်မကောင်းဖြစ်





မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့မစိုးရိမ်တိုက်သစ်မှ နာယက ဆရာတော်ဦးဝီရသူအား ဧရာဝတီ သတင်းဌာနက အင်တာဗျူးပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် အမတ်လောင်းရွေးရာတွင် ကိုယ်မြို့၊ ကိုယ့်ရွာအတွက် ယုံကြည်ရတဲ့ စိတ်ချရတဲ့ အားကိုးထိုက်တဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမတ်လောင်းတွေကို ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲနဲ့ ရွေးချယ်ကြဖို့  တိုက်တွန်းပါတယ်ဟု ဆရာတော်၏ ပြောကြားမှုအား NLD ပါတီကို ထောက်ခံသူများက ဦးဝီရသူနှင့် မဘသအဖွဲ့အား ရုန့်ရင်းကြမ်းတမ်းစွာဖြင့် အွန်လိုင်းတွင်ဆဲဆိုနေကြသဖြင့် များစွာစိတ်မကောင်းဖြစ်မိသည်ဟု သံဃာတော်များက မိန့်ကြားသည်။

“ဦးဝီရသူ ပြောတဲ့ထဲမှာ ဘယ်သူ့ကို မဲပေးပါ၊ ဘယ်ပါတီကို ထောက်ခံကြပါလို့  မပါပါဘူး။ ဦးဝီရသူ ပြောသွားတာက ဘုန်းကြီးတို့အနေနဲ့ ဘယ်ပါတီကို မဲပေးပါလို့လည်း မပြောကောင်းဘူး။ ဘယ်ပါတီကို မဲမပေးပါနဲ့လို့လည်း မပြောကောင်းဘူး။ ပါတီတစ်ခုခုကို ယိုင်တာမျိုးတော့ မရှိဘူး။ ပါတီတိုင်း ပါတီတိုင်းမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စိစစ်ရမယ်။ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို မကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ညံတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို တော်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အကောင်းဆုံး အတော်ဆုံး ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ မဲပေးကြပါလို့ ပြောသွားတာပါ။ လောကီဘက်ကပဲ ကြည့်ကြည့်၊ လောကုတ္တရာ ဘက်ကပဲ ကြည့်ကြည့်အမှန်တရားပါ။ ဘယ်ဘက်ကိုမှ အစွန်းမ

အနုပညာရှင်များစုပေါင်းပြီး စိတ်အားထက်သန်စွာ သီဆိုထားတဲ့ ဒေါ်စုကြည် ကိုယ်တိုင်ရေး ကဗျာ

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးထားတဲ့ ကဗျာကို အနုပညာရှင်များ စုပေါင်းပြီး NLD မဲလှုံ့ဆော်ရေး သီချင်းအနေနဲ့ စိတ်အားထက်သန်စွာ သီဆိုခဲ့ကြပါတယ်... 
ကဗျာလေးကတော့...
"ခေတ်နဲ့အညီ ပြောင်းလဲဖို့ရာ
မမ ကိုကို မဲပေးမှာ....🎵🎵🎵
ကမ္ဘာ့အလယ် တင့်တယ်နိုင်ဖို့
NLD ကိုမဲပေးမှာ.....🎵🎵🎵
Cho: မီးမီးအတွက် မဲပေးပါ🎵
သားသားအတွက် မဲပေးပါ🎵"
အားပေးတယ်ဆိုရင် Like & Share လုပ်သွားပေးပါနော်...Like & Share နဲ့တော့ အားမပေးနိုင်ပါဘူး.....
ကဗျာလေးကလည့်း ကောင်းပါတယ်.. ဒေါ်အောင်ဆန်းစုကြည်ကလည်း အရမ်းတော်ပါတယ်...ဒါပေမဲ့ မဲပေးဖို့က သူရဲ့အနားမှာ မွတ်ကုလားတွေ ၀န်းရံနေတာ..ဒေါ်စုကိုသာ မဲပေးလိုက်ရင်တော့ မွတ်ကုလားပြည်ကြီး ဖြစ်သွားမှာပေါ့ သာကူတွေရဲ့...

NLD လောဘကြီးဟု ဒေါက်တာ အေးမောင်ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သို့ လာရောက် မဲဆွယ်ရန်စီစဉ်ခြင်းသည် NLD ပါတီ လောဘကြီးခြင်းသာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ဝေဖန်လိုက်သည်။

“လာခြင်းအားဖြင့်လည်းမထူးပါဘူး။ကျွန်တော်တို့ကလည်းထိန်းချုပ်ထားပြီးပြီ။ ရခိုင်အမျိုးသားရေး စိတ်ဓာတ်က ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်မှ ကိုယ်ဥပဒေ ကိုယ်ပြဋ္ဌာန်းနိုင်မှာ ဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်မာသွားပြီ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရွေးကောက်ပွဲကာလ ပဋိပက္ခဖြစ်နိုင်မည့် အခြေအနေများကို ထိန်းကျောင်းပေးရန် ကိုးနိုင်ငံတောင်းဆို

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဘာသာရေးကိုအသုံးချသည့် ပဋိပက္ခများဖြစ်ပေါ်လာနိုင်သည့် အခြေအနေကိုစိုးရိမ်ပူပန်သဖြင့် ထိုကဲ့သို့ ဖြစ်ပေါ်လာခြင်းမရှိစေရေး အစိုးရ၊ကော်မတီ၊ နိုင်ငံသားများ အပါအ၀င် သက်ဆိုင်သူအားလုံးထိန်းကျောင်းပေးပါရန် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်အပါအ၀င် နိုင်ငံပေါင်း ကိုးနိုင်ငံက တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ သံရုံးတို့ စုပေါင်းထုတ်ပြန်သည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ပူးတွဲ ကြေညာချက်၌ အထက်ပါအချက်ကို ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

မိုးကျရွှေကိုယ်မဟုတ်ဆိုသည့် ပြည်ခိုင်ဖြိုးအမတ် ရွေးကောက်ပွဲတွင် အနိုင်ရရန် အားသာချက်ရှိဟုဆို

ရွေးကောက်ပွဲနီးကပ်မှ ပေါ်လာသည့် မိုးကျရွှေကိုယ်မဟုတ်ဆိုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါ်ဝင်းဝင်းသီက ဟန်မလုပ်၊ အမှန်သရုပ်ဖြင့် ပြည်သူ့ကိုယ်စားလှယ်လုပ်မည်ဟု ကြွေးကြော်ကာ စက်တင်ဘာ ၁၆ရက်က မဲဆွယ်စည်းရုံးခဲ့သည်။

ပျဉ်းမနားမြို့နယ်သည် သူ၏ ဇာတိဖြစ်သောကြောင့် ရွေးကောက်ပွဲနိုင်ရန် အားသာချက်ရှိသည်ဟု ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာတွင် မဲဆွယ်အပြီး ဒေါ်ဝင်းဝင်းသီက သတင်းထောက်များ

Tuesday, September 15, 2015

တရုတ်နှင့် ကုလား မိဘများ၏ သားသမီးများ လည်း နိုင်ငံခေါင်းဆောင် ဖြစ်သင့် ဟု NLD ပြော

တရုတ်၊ ကုလားနှင့် တခြားနိုင်ငံခြားသားမိဘများ၏ သား/သမီးများလည်းအား နိုင်ငံခေါင်းဆောင် လွှတ်တော်အမတ်များဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ်မိဘနှစ်ပါးက နိုင်ငံသား ဖြစ်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

အာဃာတကင်းသည့် နိုင်ငံရေးဆွေးနွေးပွဲဖြင့် ပြည်သူ့ဘဝ လုံခြုံအေးချမ်းစေမည်ဟု NLD ကတိပြု

ပည်တွင်းငြိမ်းချမ်းရေးအတွက် အာဃာတကင်းပြီး ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် နိုင်ငံရေး ဆွေးနွေးပွဲ များမှ တစ်ဆင့်ပြည်သူများ၏ ဘ၀လုံခြုံအေးချမ်းစေရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရွေးကောက်ပွဲ ကြေညာစာတမ်းဖြင့် ကတိပြုလိုက်သည်။

"တိုင်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် ဦးတည်ဆောင်ရွက်မည်။" ဟုလည်း တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဖြစ် စာတမ်းအတွင်း ထည့်သွင်းရေးသားထားသေးသည်။

အစိုးရဖွဲ့ခွင့်ရရင် NLD ကျင့်သုံးမယ့် ပါတီမူဝါဒထုတ်ပြန်

တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးတို့ ပါဝင်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှင်းလင်းပြီး ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့၊ အစိုးရ၀န်ကြီးဌာနတွေကို လျှော့ချပြီး ကျစ်လစ်တဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့တို့ကို အာရုံစိုက် လုပ်ဆောင်သွားဖို့ ရည်ရွယ်သလို တပ်မတော်ဟာ နိုင်ငံ့အတွက်မရှိမဖြစ် အရေးပါတယ်လို့လည်း အတိုက်အခံပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက ရည်ညွှန်းထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါ

ကြံခိုင်ရေးကို မဲပေးရန်ပြောကြားသည့် ကျွန်းစုမြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့ကို တာဝန်ရပ်ဆိုင်း


https://www.facebook.com/MyanmarExpress

Monday, September 14, 2015

ရိုဟင်ဂျာလူငယ်အဖွဲ့ချုပ် မှ ဒေါ်စု ရခိုင်ခရီးစဉ်အား ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ခရီးစဉ်အား ကြိုဆို ထောက်ခံကြောင်း ကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ၏တတိယပတ်တွင် ရခိုင်ပြည်နယ်သို့ အောင်နိုင်ရေးလှုပ်ရှားမှု မဲဆွယ်ခရီးစဉ် စတင်မည်ဖြစ်သည့်အတွက် အဆိုပါခရီးစဉ်အား မြန်မာနိုင်ငံ ရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ်မှ ဝမ်းသာဂုဏ်ယူမိပါသည်။

မင်းပြားမြို့နယ်တွင် ANP အမတ်လောင်းများ စည်းရုံး

မင်းပြားမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှ လာမည့်ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် အမတ်လောင်းများနှင့် ပါတီဝင်များသည် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ မဲဆွယ် စည်းရုံးနေပြီဖြစ်သည်။

မြေပုံ-မင်းပြား နှစ်မြို့နယ်ပေါင်း အမျိုးသား လွှတ်တော်သို့ ၀င်ပြိုင်မည့် ANP ၏ ဗဟိုကော်မတီဝင် ဦးအေးသာအောင်နှင့် မင်းပြားမြို့နယ်ပါတီဥက္ကဋ္ဌအဖွဲ့တို့ ခွေးတောက်ချောင်းကျေးရွာသို့ စက်တင်ဘာလ ၁၁ ရက်နေ့က သွားရောက် စည်းရုံးရေး ဆင်းခဲ့ကြောင်း သိရသည်။

ဦးအေးသာအောင်က "ပါတီရဲ့ မူဝါဒတွေကို ချပြတယ်။ ရခိုင်အမျိုးသား အကျိုးစီးပွားကို အစွန်းကုန် ဆောင်ရွက်ပေးမယ်လို့ ပြောကြား ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့၊ အဲဒီလို ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ အမျိုးသား

ပါတီရှိတဲ့သူတွေကိုသာ မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဟာ အစိုးရဖွဲ့လို့မရတဲ့အတွက် အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကိုပဲ မဲပေးကြဖို့ ကယားပြည်နယ် မဲဆွယ် စည်းရုံးရေးခရီးစဉ်ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က အခုလ ၁၂ ရက်နေ့က ရှားတောမြို့နယ်က ပြည်သူတွေကို ဟောပြောစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

"တသီးပုဂ္ဂလ ဆိုတာဟာ အစိုးရဖွဲ့လို့မရပါဘူး။ တသီးပုဂ္ဂလတွေဆိုတာဟာ အစိုးရဖွဲ့လို့မရတာကြောင့်မလို့ တသီးပုဂ္ဂလတွေ အတွက် မဲပေးမယ့်အစား အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့မဲတွေဟာ တန်ဘိုးရှိမှာပါ" လို့ ဒေါ်အောင်ဆန်းစုကြည်က

Friday, September 11, 2015

ကယားပြည်နယ်ရှိ မဲရုံအတွက် လုံခြုံရေး တပ်မတော် တာဝန်ယူမည်

ရွေးကောက်ပွဲကာလတွင် ကယားပြည်နယ်အတွင်း မဲရုံ ၃၂ ရုံအတွက် လုံခြုံရေးကို တပ်မတော်က တာဝန်ယူသွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးဇော်မျိုးတင်က စက်တင်ဘာလ(၁၀)ရက်က ပြည်နယ်အစိုးရုံးခန်းမတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ အေးဆေးတည်ငြိမ်သောနေရာတွေ ရှိသလို ကျနော်တို့ တပ်မတော်ရဲ့ အကူအညီကို ရယူပြီးတော့ မတည်ငြိမ်မအေးချမ်းတဲ့နေရာလို့ သတ်မှတ်ထားခဲ့တဲ့ နေရာတွေမှာ ကျနော်တို့ တပ်ရဲ့အကူအညီကို ရယူပြီးတော့ မဲရုံလုံခြုံရေးများကို ဆောင်ရွက်ဖို့အတွက် စီမံဆောင်ရွက် ထားတယ်။” ဟု ပြောသည်။

ဝန်ကြီးက ပြည်နယ်အစိုးရရုံးခန်းမတွင် စက်တင်ဘာ ၁၀ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လုံခြုံရေးစီမံချက်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွ

ကြံ့ခိုင်ရေးပါတီသည် ပြည်သူကို မျက်ရည်ကျအောင် မလုပ်ခဲ့ဟုဆိုကာ မဲဆွယ်စည်းရုံး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူကို မျက်ရည်ကျအောင် မလုပ်ခဲ့ဖူးကြောင်း ပြောဆိုကာ နေပြည်တော်ကောင်စီနယ်မြေ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၁၀ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးမှတ်ကြီးက မဲဆွယ်စည်းရုံးခဲ့ကြောင်း ယင်းဒေသခံ များက ပြောကြားသည်။

ဦးမှတ်ကြီးသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေသခံများကို မဲဆွယ်စည်းရုံးရာတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်

Thursday, September 10, 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနီးပါး အယူခံ ပယ်ချခံရ

ပါတီစုံအထွေထွေရွေးကောက်ပွဲဝင်ပြိုင်ရန် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ ကိုယ်စားလှယ်လောင်း ၁၈ဦး စာရင်းပေးသွင်းထားရာ၁၇ ဦးပယ်ချခံခဲ့ရသည်ဟုပါတီဥက္ကဦးကျော်မင်း(ခ)မိုဟာမက် ရှောင်အနော ရူလာဟောက် ကမဇ္ဈိမသို့ပြောသည်။

ပြည်နယ်လွှတ်တော်တွင် ၁၀ဦး၊ ပြည်သူ့လွှတ်တော်တွင်၃ ဦး၊ အမျိုးသားလွှတ်တော်တွင်၅ဦးတို့က မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင်ယှဉ်ပြိုင်ရန်ပြင်ဆင်ထားရာ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အတွက် တစ်ဦးသာကိုယ်စားလှယ်လောင်း စာရင်းပါခဲ့သည်ဟုဆိုသည်။

တသီးပုဂ္ဂလ ဝင်ပြိုင်တဲ့ ပါတီဝင်တွေကို အရေးယူမယ်လို့ NLD ပြော

တသီးပုဂ္ဂလဝင်ပြိုင်ဖို့လုပ်တဲ့ NLDပါတီဝင်၁၀ယောက်ဝန်းကျင်ရှိတယ်လို့ဆို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ နှုတ်ထွက်ခြင်းမရှိပဲ လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရင် ပါတီတွင်းစည်းကမ်းနဲ့ အရေးယူမယ်လို့ NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တချို့ပါတီဝင်တွေက NLD ကိုယ်စားလှယ်လောင်းရှိရာ မဲဆန္ဒနယ်မှာတသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာတွေ ရှိနေတဲ့အတွက် NLD ပါတီရဲ့ကိုယ်စားလှယ်ကိုမဲကွဲအောင်အတိုက်အခံလုပ်တဲ့ သဘောဖြစ်နေတာကြောင့် ပါတီစည်းမျဉ်းစည်းကမ်းအရငြိစွန်းနေတာမို့ အခုလိုကြေညာချက်ထုတ်ရတဖြစ်တယ်လို့ ပါတီဗဟို အလုပ် အမှုဆောင်ကော်မီတီဝင် ဦးဝင်းမြင့်ကဘီဘီစီကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးမဲဆွယ်ဟောပြောပွဲ ဒီးမော့ဆိုမြို့တွင် စတင်

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မက်လုံးပေးမဲဆွယ်မှုများကိုမကြည့်ဘဲ နိုင်ငံ့အကျိုးအတွက်ဆောင် ရွက်မည့်ပါတီကိုသာမဲထည့်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြား လိုက်သည်။

‘‘ကျွန်မ ဒီလာတဲ့အခါမှာတကယ့်ကိုအသစ်ကျပ်ချွတ်မီးတိုင်ကြီးတွေတွေ့တယ်။ ရွေးကောက်ပွဲနီးရင်တော့ ဟိုဟာ လုပ်ပေး၊ ဒီဟာလုပ်ပေးကတော့လုပ်နေကျပဲ။ ကျွန်မပြောချင်တာက ဒီလိုရေတိုတွေကိုမကြည့် ပါနဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။စက်တင်ဘာ၁၀ ရက်က ကယားပြည်နယ်ဘော်လခဲမြို့ တွင်ပြု လုပ်ခဲ့သော ၎င်းအတွက်ပထမဆုံးမဲဆွယ်စည်းရုံးရေး လူထုဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပထမဆုံးမဲဆွယ်စည်းရုံးရေးခရီးကို ကယားပြည်နယ်ရှိဒီးမော့ဆိုမြို့ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဖရူဆိုမြို့၊ ဘော်လခဲမြို့သို့လည်း ဆက်လက်သွားခဲ့သည်။

ဘဝမှာအမဲစက်မရှိခဲ့ဆိုသူ ဦးမြတ်ဟိန်း နိုင်နိုင်ရှုံးရှုံး ဒေသအကျိုး ဆောင်ရွက်မည်ဟု ကတိပြုမဲဆွယ်

လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် မည့် လေတပ်ဦးစီးချုပ်ဟောင်းဦးမြတ်ဟိန်းက သူ့ဘဝတလျောက် အမဲစက်မရှိကြောင်းနှင့် ပြုပြင် ပြောင်း လဲရေးကို အရှိန်အဟုန်မပြတ် ဆက်လုပ်လိုကြောင်းပြောဆိုကာ စက်တင်ဘာ၁၀ရက်က နေပြည်တော် ဇဗ္ဗူ သီရိမြိုကနယ် အလျင်လိုကျေးရွာတွင်မဲဆွယ်စည်းရုံးခဲ့သည်။

“ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော်အခုထိ ဖြတ်သန်း လာတဲ့ဘဝတစ်လျှောက်မှာအမဲစက်တစ်စက်မရှိခဲ့ပါဘူး၊ကြွားပြောတာလည်းမဟုတ်ဘူး၊ စုံစမ်းရင် စုံစမ်ြး ကည့်လို့ရတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြတ်ဟိန်းက ပြော သည်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ