Saturday, November 22, 2014

အုန်းရည်သောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ





အုန်းရည်သောက်ခြင်းကြောင့် ရရှိမည့် ကျန်းမာရေး အကျိုး ကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။
အုန်းရည်သောက်ခြင်းကြောင့် သွေးလည်ပတ်မှုကို အားကောင်း စေပြီး သွေးတိုးခြင်းကို လျှော့ချပေးနိုင်သည့် အတွက် နှလုံးထိခိုက်မှုနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို လျှော့ချပေးနိုင်ကြောင်း သုတေသန ပြုချက်များက ဖော်ပြသည်။
အုန်းရည်သောက်ခြင်းဖြင့် သွေးထဲသကြားပါဝင်မှုကိုလည်း ထိန်းချုပ်နိုင်ကြောင်း သိရသည်။
အကယ်၍ ကိုယ်အလေးချိန်လျှော့ချရန် စဉ်းစားနေပါက သင်၏ အစားအသောက်စာရင်းတွင် အုန်းရည်ပါဝင်ရန် လိုအပ်ကြောင်း အာဟာရပညာရှင်များ ပြောသည်။ အုန်းရည်တွင် အဆီပါဝင်မှု နည်းပါးပြီး အုန်းရည်သောက် ပေးခြင်းဖြင့် ဆာလောင်မှုကို လျှော့ချပေးနိုင်သည်။
ဗီတာမင်နှင့် အာဟာရ ဓာတ်များစွာ ပါဝင်သည့် အုန်းသီးရည်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ကာကွယ်နိုင်သော ဓာတ်ပစ္စည်းများ ပါဝင်သဖြင့် ငှက်ဖျားကဲ့သို့ ရောဂါများကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအား စနစ်ကို အားကောင်းလာစေနိုင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ၀မ်းချုပ်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အစာချေဖျက်မှု နှေးကွေးခြင်းတို့ကို ကာကွယ်ရန် အုန်းရည်သောက်ပေးသင့်ကြောင်း ဆရာဝန်များက ညွှန်ကြားထားသည်။
သတ္တုဓာတ်များ၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ ပါဝင်သော အုန်းရည်မှာ ကျောက်ကပ်ရောဂါရှင်အတွက် အကျိုးကျေးဇူးရှိသည်။ အုန်းရည်မှာ ဆီးရွှင်စေပြီး ဆီးထုတ်လုပ်မှုနှင့် ဆီးရွှင်မှုကို အားပေးသည်။
ဝက်ခြံ (သို့မဟုတ်) အဖုအပိမ့်ပြဿနာများရှိနေလျှင် (သို့မဟုတ်) နုပျိုသော အသားအရေကို ရလိုလျှင် ညမအိပ်မီ မျက်နှာကို အုန်းရည် လိမ်းအိပ်ပါ။ အသားအရေကို ပြန်လည်ပြုပြင်နိုင်သော ဓာတ်ပစ္စည်းများ အုန်းရည်တွင် ပါဝင်သဖြင့် လက်နှင့် လက်သည်းများကိုပါ လိမ်းပေးနိုင်သည်။

—Ref: TOI

အမျိုးသားပညာရေးဥပဒေအပေါ် အကြံပေးပညာရှင်များအဖွဲ့၏ သဘောထားထုတ်ပြန်ချက်


ကျွန်ုပ်တို့ အကြံပေးပညာရှင်များအဖွဲ့ကို ပညာရေးနယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်သူများ၊ အတွေ့အကြုံရင့် ကျက်သူများနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဘ၀တစ်လျှောက်ကိုယ်စိတ်နှစ်ပါး နှစ်မြှပ်ကာဆောင်ရွက်ခဲ့သူများနှင့် ဖွဲ့စည်းထားပါသည်။ စေတနာကိုအရင်းခံကာ အမျိုးသားပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားပညာရေးဥပဒေပေါ်ပေါက်လာပုံကို ပြန်ကြည့်မယ်ဆိုလျှင် ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလတွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမူဝါဒများချမှတ်နိုင်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက် များနှင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများ၊ ဆက်နွှယ်ပတ်သပ်နေသူများနှင့် အဖွဲ့အစည်းများက နှီးနှောဖလှယ်ပွဲတစ်ရပ်ကို နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ယင်းနှီးနှောပွဲ၏ ရလဒ်တစ်ခုမှာ ဘက်စုံလွှမ်းခြုံ နိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး Comprehensive Education Sector Review (CESR) ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လေ့လာမှုပြုရန်ဖြစ်သည်။ CESR ကို ကျွန်ုပ်တို့ အကြံပေးပညာရှင်အဖွဲ့ နှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်းပညာရှင် များ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။
၂၀၁၂ခုနှစ် သြဂုတ်လမှ စတင်၍ CESR ကို ဆောင်ရွက်ရန် ပညာရှင်အဖွဲ့များဖွဲ့၍ သုတေသန လေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ခုနှစ်မတ်လတွင် သုတေသနလေ့လာချက် CESR အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါ သည်။ ယင်းအစီရင်ခံစာက ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေးလုပ်ငန်းများကို ဖော်ထုတ် တင်ပြထားရာ ပညာရေးရည်မှန်းချက်များ၊ ပညာရေးမူဝါဒများ ချမှတ်ရေးနှင့် အမျိုးသားပညာရေးတစ်ရပ်ပေါ် ပေါက်လာရေးကို ပထမဦးစားပေး ဆောင်ရွက်ရန် ဖြစ်ပါသည်။
ထိုအချိန်မှစ၍ ကျွန်ုပ်တို့ အကြံပေးပညာရှင်အဖွဲ့သည် ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ကော်မတီ နှင့်အတူ ပညာရေးမူဝါဒများ ရေးဆွဲနိုင်ရေးနှင့်  အမျိုးသားပညာရေးဥပဒေ ရေးဆွဲနိုင်ရေး အတွက် အချိန်ပြည့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံပညာရေးသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမရှိခဲ့ဖူးသော အမျိုးသားပညာရေးဥပဒေကို လွှတ်တော်က ပြဌာန်းနိုင်သည်အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။
သို့ရာတွင် ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၄ရက်မှ ၁၇ရက်အထိ ကျောင်းသားအချို့က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ခဲ့ပါသည်။ ထိုကဲ့သို့ ကန့်ကွက်ဆန္ဒပြမှုများအပေါ် မိဘနှင့် သားသမီးများသဖွယ် လွန်စွာ စိတ်မချမ်းမြေ့မှုဖြစ်ခဲ့ရပါသည်။ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ကျောင်းသားအချို့၏ ထုတ်ပြန်ချက် ခြောက်ချက်အပေါ် ရှင်းလင်းချက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ချက်ကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဤအမျိုးသားပညာရေးဥပဒေ၏ ၀ိသေသမှာ ပညာရေးကဏ္ဍအားလုံးကို လွှမ်းခြုံသည့် သဘောရှိသည်။ ပညာရေးနှင့်ပတ်သက်သော ကဏ္ဍအသီးသီးပါဝင်ဖော်ပြထားသည်။ ဤဥပဒေသည် ပညာရေးနှင့် ပတ်သက်သည့် ရည်မှန်းချက်၊ မူဝါဒနှင့် စနစ်တို့ကို ဖော်ပြထားသော ဥပဒေတစ်ရပ်ဖြစ်သည်။ ထိုဥပဒေကို အခြေပြု၍ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့်သက်မွေးပညာ၊ ဆရာအတတ်သင်စသော ကဏ္ဍအလိုက်သီးခြားဥပဒေများကို ဆက်လက်ပြုစုပြဌာန်းရန်နှင့် ဤဥပဒေကို အကောင်အထည် ဖော်နိုင်ရန် နည်းဥပဒေများကိုလည်း ရေးဆွဲခြင်း၊ ကဏ္ဍအလိုက် ဥပဒေများနှင့် ပတ်သက်သောနည်း ဥပဒေများနှင့် တက္ကသိုလ် အလိုက တက္ကသိုလ်ပဋိညာဉ်စာတမ်းများကို မူလအစီအစဉ်ရှိသည့်အတိုင်း ရေးဆွဲခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။
အမျိုးသာပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားခြင်းသည် ဗဟိုချုပ်ကိုင်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ခွင့်ပြုရန်ပုံငွေရရှိရေးအတွက် တာဝန်ခံတင်ပြပေးရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် ပညာရေးအရည်အသွေး အာမခံမှုစနစ်နှင့် အဆင့်အတန်းသတ်မှတ်မှုကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်သာ ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေကြမ်းကို ကျွန်ုပ်တို့အကြံပေးအဖွဲ့၊ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ကော်မတီနှင့် ပညာရေးဆိုင်ရာဥပဒေများပြုစုရေးလုပ်ငန်းအဖွဲ့တို့က ဦးဆောင်ပြီး ပညာရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ စီမံခန့်ခွဲသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပညာရေးနှင့် ဆက်နွှယ်ပတ်သက်သူများနှင့် ပညာရေးကို စိတ်ဝင်စားသူများအားလုံး ပါဝင်သည့် ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် NNER လည်း ပါဝင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၄ခုနှစ် မတ်လ ၁၅ရက်နေ့တွင် အားလုံးဝိုင်းဝန်ပြုစုထားသော အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပညာရေးဝန်ကြီး ဌာနက ပြည်သူ့လွှတ်တော်သိုပ တင်သွင်းခဲ့ပါသည်။ ယင်းဥပဒေတွင် အခန်း(၁၄)ခန်းနှင့် ပုဒ်မ (၈၀)ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ၂၀၁၄ခုနှစ်မတ်လ ၁၆ရက်နှင့် ၁၇ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့ပါသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များအကြိမ်ကြိမ်ဆွေးနွေးပြီး အခန်း (၁၄)ခန်းနှင့် ပုဒ်မ (၆၉)ချက်ပါဝင်သော အမျိုးသားပညာရေးဥပဒေကြမ်းကို ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ခုနှစ် စက်တင်ဘာ ၃၀ရက်တွင် အမျိုးသားပညာရေးဥပဒေကို ပြဌာန်းခဲ့သည်။
ယခုကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်သည့်အတွက် ဒီမိုကရေစီအလေ့အကျင့် များစွာ လိုအပ်နေပါသည်။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လူတိုင်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးမှသာလျှင် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အချိန်တိုအတွင်းအဆင်ပြေချောမွေ့စွာ ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်း၍ဆွေးနွေးမည်ဆိုပါက အကြံပေးပညာရှင်အဖွဲ့အပါအ၀င် ပညာရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပဒေပြုစုရေးနှင့် ဥပဒေပြင်ဆင်ရေးကိစ္စများမှာ လွှတ်တော်နှစ်ရပ်၏ ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သဖြင့် လွှတ်တော်များက လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပညာရေးအကြံပေးပညာရှင်များအဖွဲ့

ကလေးတွေကို ခုတုံးလုပ် နိုင်ငံရေးအမြတ်မထုတ်ပါနဲ့


ရန်ကုန်၊ နိုဝင်ဘာ ၂၁။
နိုင်ငံရေးအရ ကလေးသူငယ်များကို ခုတုံးလုပ် ကာ နိုင်ငံရေး အကျိုးမြတ်ထုတ်ခြင်းမျိုးမပြုလုပ်သင့်ကြောင်း မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှ ပုဂ္ဂိုလ်များကပြောသည်။
မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေး၊ ကိုယ်ပိုင်အမှား အမှန်ဆုံးဖြတ်ချက်မချနိုင်သေးသည့် ကလေးသူငယ်များကို ဆန္ဒထုတ်ဖော် ပွဲများတွင် ပါဝင်ခိုင်းခြင်း၊ ဆန္ဒထုတ်ဖော်ခိုင်းခြင်း၊ ငြိမ်းချမ်းစွာပြုမူနေသည် ကို မငြိမ်မသက်ဖြစ်စေရန်ပြုမူ လှုံ့ဆော်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်မှုမျိုးကို မပြုလုပ်သင့်ကြောင်း ယင်းတို့က ဆိုသည်။
နိုဝင်ဘာ ၁၅ရက်ကစ၍ ကြည့်မြင်တိုင် ဦးမြငါးစင်သမ္ဗန်ဆိပ်အား သွပ်ဆူးကြိုးများဖြင့် ခြံစည်းရိုးများကို ပိတ်ဆို့ကာရံလိုက်သဖြင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ကျေးရွာငါးရွာမှ ပြည်သူများနှင့် ကျောင်းသား ၃ဝဝခန့် ကျောင်း တက်ရန်အခက်အခဲကြုံတွေ့နေရသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ယင်းမူလ တန်း အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကမ္ဘာမကြေသီချင်းဆို ခိုင်းပြီး ၈၈အရေးအခင်း သပိတ်မှောက်ရာတွင် ဆောင်းခဲ့ကြသည့် ဝါးဖတ် ခမောက်ဦးထုပ်များကို လိုက်လံဝေငှကာ ဆိုင်းဘုတ်ကိုင်ခိုင်း၍ နိုင်ငံရေး အသွင်သဏ္ဌာန်ဆောင်စေရန်ဖန်တီးလှုံ့ဆော်နေသည့် နိုင်ငံရေးအမြတ် ထုတ်လိုသူလူတစ်စု၏လုပ်ရပ်အပေါ် ဝေဖန်လိုက်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အရွယ် မရောက်သေးသည့် ကိုယ်ပိုင်ဆုံးဖြတ် ချက်ချနိုင်ခြင်းမရှိသေးသည့် အမှား အမှန်ဆုံးဖြတ်နိုင်စွမ်း မရှိသေးသည့် ကလေးသူငယ်များကို ဆန္ဒထုတ်ဖော် ပွဲများတွင် ပါဝင်ခိုင်းခြင်း၊ မိမိဆန္ဒမပါ ဝင်ဘဲ ဆန္ဒထုတ်ဖော်ခိုင်းခြင်းမျိုးကို တွေ့ရှိနေရပြီး ယင်းကဲ့သို့ ပြုမူမှုမျိုး မပြုလုပ်သင့်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဦးအောင် မျိုးမင်း (Equality Myanmar)က ပြောသည်။
''အသက်အရွယ်ငါးနှစ်၊ ၁ဝနှစ် ကလေးသူငယ်တွေကို နိုင်ငံရေးအရ ဆန္ဒထုတ်ဖော်မှုတွေ၊ ဆန္ဒထုတ်ဖော် ခိုင်းတာတွေ၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ခိုင်းတာတွေ၊ ဓားစာခံအဖြစ် အသုံးချတာတွေက ကလေးသူငယ် အခွင့်အရေးကို အလွဲသုံးစားပြုလုပ် ခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအရ အလွဲသုံးစားပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကလေးသူငယ်အခွင့်အရေး၊ လူ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ် ပါတယ်''ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ယင်းကဆက်လက်ပြီး ''ကလေး သူငယ်တွေကို နိုင်ငံရေးသမားအချို့ က အသုံးချတာကတော့ ပိုမိုထိရောက် လို့ပဲ။ သူတို့ကို ဆိုင်းဘုတ်ကိုင်ခိုင်း မယ်။ ဆောင်ပုဒ်တွေအော်ခိုင်းမယ်။ ဒါဆိုရင် မီဒီယာတွေက ဓာတ်ပုံရိုက် မယ်။ ဖော်ပြမယ်ဆိုရင် လူတွေကပို စိတ်ဝင်စားတော့ ပိုထိရောက်တယ်။
နောက်ကလေးတွေကို ဆန္ဒထုတ်ဖော် ပွဲတွေမှာ ပါဝင်စေခြင်းဖြင့် ကာဗာ သဘောမျိုး ဖြစ်စေတဲ့အတွက်ပဲ။ ထိုင်းမှာဆိုရင် ရှပ်နီနဲ့ ရှပ်ဝါတွေဆန္ဒ ပြတုန်းက မိဘတွေက ကလေးတွေ ကို ဆန္ဒပြတဲ့နေရာ ခေါ်လာတယ်။သူတို့ထောက်ခံတဲ့အင်္ကျီတွေ ဝတ်ခိုင်း တယ်။ နှစ်ဖက်အုပ်စုထိပ်တိုက်တွေ့ တဲ့အခါမှာ ကလေးတွေ ပါနေတော့ လုံခြုံရေးတွေအတွက် လူစုခွဲဖို့ အ ခက်တွေ့ခဲ့ရမှုတွေရှိတယ်။ ကလေး တွေအတွက်လဲ တစ်ဖက်က အကြမ်း ဖက်နှိမ်နင်းတဲ့အခါမှာ အန္တရာယ်ရှိ တယ်''ဟု ယင်းက ပြောသည်။
ကလေးသူငယ်များအား နိုင်ငံ ရေးအရ အကျိုးရလဒ်တစ်စုံတစ်ရာ ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး အသုံးချ မှုပြုလုပ်ခြင်းပြုလုပ်ရန်စေခိုင်းခြင်း တို့သည် ဥပဒေအရမပြုလုပ်ရန် တား မြစ်ထားကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
''ကလေးသူငယ်ဥပဒေတွေအရ ကလေးသူငယ်တွေကို ကိုယ်ကျိုးအ လို့ငှာဖြစ်စေ၊ ကျန်အကျိုးရလဒ်တစ် စုံတစ်ရာကြောင့်ဖြစ်စေ၊ နိုင်ငံရေး အရဖြစ်စေ၊ စေခိုင်းခြင်း၊ ပြုမူရန်စ လှုံ့ဆော်ပေးခြင်းပြုမူလို့မရပါဘူး။ ဒီ လိုပြုလုပ်တဲ့သူကို ဥပဒေအရ အ ရေးယူလို့ရပါတယ်။ နိုင်ငံရေးအရပြု မူစေခိုင်း လှုံ့ဆော်ခြင်းကို အရွယ် ရောက်ပြီးတဲ့သူတွေကို မြှောက်ပေး ခြင်းထက် ကလေးသူငယ်တွေကို မြှောက်ပေးခြင်းက ပိုအပြစ်ရှိတယ်။နိုင်ငံရေးအလို့ငှာ ကလေးသူငယ်တွေ ကို အသုံးချခြင်းက ဘယ်လုပ်သင့် မလဲ။ နိုင်ငံရေးမှာ ကလေးသူငယ် တွေကို အသုံးမချသင့်ဘူး''ဟု တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ကလေးသူငယ်များအား နိုင်ငံ ရေးအရ အသုံးချခြင်းမျိုး မပြုလုပ် သင့်ဘဲ ကလေးသူငယ်များ၏ အနာ ဂတ်ကို ဖန်တီပေးဖို့သာ ပြုလုပ်သင့် ကြောင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေးဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောသည်။
''နိုင်ငံရေးအရသာမက ကျန် ကိစ္စရပ်များတွေမှာပါ ကလေးသူငယ် တွေကို အသုံးမချသင့်ဘူး။ ကလေး တွေကို ဘယ်လိုကူညီဖြေရှင်းပေးမလဲ ပေါ့။ ကလေးငယ်တွေရဲ့ပြဿနာ ဖြစ်နေတာဘာလဲ။ ဒါတွေကို ဘယ် လို ကူညီဖြေရှင်းပေးမလဲ။ ဘယ်လို ကူညီရမလဲ၊ ဥပဒေအကြောင်းအရ ပါဝင်ကူညီပေးမလား။ ဒါမျိုးကိုပဲ လုပ်သင့်တယ်လို့ ထင်တယ်ဗျ''ဟု ကိုဒီငြိမ်းလင်းက ပြောသည်။
ကလေးသူငယ်များအား နိုင်ငံ ရေးရလဒ်တစ်စုံတစ်ရာအကျိုးကြောင့် အသုံးချခြင်းမျိုးမပြုလုပ်ရန်မှာ ပြည် တွင်းနိုင်ငံရေးသမားများအပေါ် မူ တည်ကြောင်း ယင်းက ဆိုသည်။
''နိုင်ငံရေးလုပ်တဲ့သူတွေရဲ့ အ တွေးအခေါ်အပေါ်ပဲ မူတည်တယ် ဗျ။ သူတို့တွေအတွေးအခေါ် ဘယ် လောက်ရင့်ကျက်ပြီလဲ။ နိုင်ငံရေး လုပ်တဲ့သူတွေရဲ့ အတွေ့အကြုံရင့် ကျက်မှုပေါ်မူတည်ပါတယ်''ဟု ကိုဒီ ငြိမ်းလင်းက ပြောသည်။
ကလေးသူငယ်များကို နိုင်ငံရေး အရ အသုံးချခြင်းမျိုး မပြုလုပ်သင့် သည်မှာ မှန်ကန်သော်လည်း အသုံး ချခံမဟုတ်ဘဲ အသက်အရွယ်အပိုင်း အခြားအလိုက် ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့် ပါဝင်ခွင့်ရှိကြောင်း ဦးအောင်မျိုး မင်းက ပြောသည်။
''အသက်အရွယ် ၁၂နှစ် ၁၃ နှစ်အထက်အရွယ်ဆိုရင် နားလည် သဘောပေါက်တဲ့ အရွယ်ကို ရောက် နေပြီဖြစ်ပါတယ်။
ဥပမာ- ဆန္ဒပြ တယ်ဆိုပါတော့။ ဒီအသက်အရွယ် က ဘာကြောင့်ဆန္ဒပြရတယ်။ ဆန္ဒ ပြရတဲ့အကြောင်းအရင်းကိုလဲ သ ဘောပေါက်တယ်။ ဒါဆိုရင်တော့ ပါဝင်ခွင့်ရှိပါတယ်။ မပါပါဝင်အောင် အတင်းအကျပ်စေခိုင်းခြင်းမျိုးက လွဲ လို့ပေါ့''ဟု ဦးအောင်မျိုးမင်းကပြော သည်။
YM
‪#‎Democracytoday‬

ကေအိုင်အေအဖွဲ့က လမ်းဖောက်လုပ်နေသည့် စစ်သည်များနှင့် မြေထိုးယာဉ်ကို လက်နက်ကြီးများ ဖြင့်လာရောက်ပစ်ခတ်မှုကြောင့် လုံခြုံရေးလိုက်ပါနေသော တပ်မတော်စစ်ကြောင်း ကပြန်လည်တုံးပြန်ပစ် ခတ်ခဲ့ကြောင်းတပ်မတော်ထုတ်ပြန်

နေပြည်တော် နိုဝင်ဘာ ၂၁
          တပ်မတော်အနေဖြင့် ပုံမှန်လုပ်ငန်းစဉ်ဖြစ်သော လုံခြုံရေးတာဝန်များလဲလှယ်ခြင်း၊ ရိက္ခာပို့ဆောင် ရေးလမ်းကြောင်းများပြုပြင် ဖောက်လုပ်ခြင်းတို့ကို သက်ဆိုင်ရာနယ်မြေမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသို့ အခါအားလျော်စွာ ကြိုတင်အသိပေးခြင်း၊ ပုံမှန်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ(ကချင်) အဖွဲ့သည်ဇွန် ၁ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့်  ၂၆ ရက်၊အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ရက်တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ လွယ်ရင်းကျေးရွာ အနီး၌တပ်မတော်စခန်းများကို လာရောက်နှောက့်ယှက်ပစ်ခတ် ခဲ့မှုများရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်း အဖွဲ့(ကေအိုင်အို)သို့ အကြိမ်ကြိမ်အကြောင်းကြား သတိပေးကန့်ကွက်မှုများဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
          ယခုလ၁၆ ရက်တွင်လည်း ကချင်ပြည်နယ် မန်စီမြို့နယ် ပလောင်ဒိန်ဆာကျေးရွာအနီးနယ်မြေ လုံခြုံရေးအတွက် ပုံမှန်တာဝန် လဲလှယ်ရန်တပ်မတော်စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေးတောင်ကုန်းမှ အသင့်စောင့်ဆိုင်းနေသောကေအိုင်အေ အဖွဲ့တစ်ဖွဲ့က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်သည် လေးဦးဒဏ်ရာရခဲ့ကြောင်း။
          ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကမြစ်ကြီးနားမြို့ရှိ ပဋိပက္ခညှိနှိုင်းဖြေ၇ှင်းရေးအဖွဲ့မှ တဆင့်ကေအိုင်အေ အဖွဲ့ထံသတိပေးအကြောင်းကြားခဲ့သော်လည်း ယခုလ ၁၇ ရက်တွင်ဆက်လက် ထွက်ခွာစဉ် အဆိုပါစစ်ကြောင်း မဂျီဂွမ်ကျေးရွာအနီးအရောက် အင်အား ၈၀ခန့်ရှိ ကေအိုင်အေ အဖွဲ့က အရပ်မျက်နှာ အသီးသီးမှလက်နက်ကြီးလက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သည်တစ်ဦး ထပ်မံဒဏ်ရာရခဲ့ကြောင်း။
          သို့ဖြစ်ရာမိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားစေရန်အဆင့်ဆင့် ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်၍ ထာဝရ ငြိမ်းချမ်းမှုရရှိစေရေး ဒေသခံပြည်သူများလုံခြုံစိတ်ချစွာ သွားလာနိုင်စေရေးနှင့်  အထက်ပါလုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် လက်အောက်ခံတပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ်နိုင်ရန်ပြည်နယ် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့(ကေအိုင်အို) ထံယခုလ ၁၈ ရက်တွင်ထပ်မံ အကြောင်းကြားခဲ့သည့်အပြင် နယ်မြေအတွင်း ပုမှန်ရိက္ခာတင်ပို့ရန်လမ်းကြောင်းဖောက်လုပ်နေမှုအပေါ် နှောင့်ယှက်ပစ်ခတ်မှုမပြုရေးနှင့် နှောင့်ယှုက်လာပါက လိုအပ်သလိုတန်ပြန်အရေးယူဆောင်ရွက်သွား မည်ဟု အသိပေးအကြောင်းကြားခဲ့ကြောင်း။
          သို့သော် ကေအိုင်အေအဖွဲ့အနေဖြင့် ယခုလ ၁၉ရက်နေ့ ၁၁နာရီခန့်တွင် တပ်မတော်မှ ပုံမှန်ပြု လုပ်ဆောင်ရွက်မှုဖြစ်သည့် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်း အတွက်ဆမားလမ်းခွဲ-ဂဂမ်လမ်းပိုင်း လမ်းဖောက်လုပ်နေသော စစ်သည်နှင့် မြေထိုးယာဉ်ကိုလက်နက်ကြီးများဖြင့် ထပ်မံလာရောက်ပစ်ခတ် ခဲ့ရာလုံခြုံရေးလိုက်ပါနေသော တပ်မတော်စစ်ကြောင်းက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရကြောင်း။
          တပ်မတော်အနေဖြင့် ဒေသခံပြည်သူများလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သော နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ လုံခြုံရေးတာဝန် လှဲလှယ်မှုဆောင် ရွက်ခြင်းနှင့် လမ်းပြုပြင်ဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်မှုအား နှောင့်ယှက်မှုများမလုပ်ရန်  အကြိမ်ကြိမ် ဆက်သွယ်သတိပေးခဲ့သော်လည်း ကေအိုင်အေအဖွဲ့အနေဖြင့် လက်အောက်အဖွဲ့များကို ထိန်းသိမ်းကြပ်မတ်မှုမရှိဘဲဒေသတွင်း စစ်ရှိန်မြင့်မားစေသော လုပ်ရပ်များတိုးမြှင့်မားစေသော လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်လာသဖြင့် အဆိုပါဖြစ်စဉ်နှင့်တပြိုင်နက် တပ်စခန်းမှလက်နက်ကြီးများဖြင့် တန်ပြန်သတိ ပေးပစ်ခတ်မှုပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်းကျရောက်ပေါက်ကွဲ၍ ထိခိုင်ဒဏ်ရာရှိမှုများရှိခဲ့ကြောင်း၊
          တပ်မတော်အနေဖြင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နေမှုကို အာမခံနိုင်မည့် နိုင်ငံရေး နိုင်ငံရေးသဘောတူညီချက်များ  ထွက်ပေါ်လာစေရေး၊ ဒေသတွင်း စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲ များ ထပ်မံမဖြစ်ပွားစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)၊ တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။ တစ်ဖက်ကလည်း တပ်မတော်အနေဖြင့် တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းစဉ်အတွက် လုံခြုံရေးတာဝန်ထမ်း ဆောင်ခြင်းနှင့် အထောက်အကူ လမ်းဖောက်ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေအဖွဲ့ အနေဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့်စစ်ကြောင်းများကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည် ၀န်ထမ်းများကို နှောင့်ယှက်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေးအကြောင်းကြားထား ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ပြည်ထောင်စု့နေ့စဉ်

Friday, November 21, 2014

အမျိုးသားပညာရေးဥပဒေကို ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအား ရှင်းပြရန် ညွှန်ကြား

အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်၍ အခြေခံ ပညာကျောင်းများရှိ ကျောင်းအုပ် ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ရှင်းလင်းပြောကြားရန် သက်ဆိုင်ရာ ဦးစီးဌာနများက ညွှန်ကြားချက် ထုတ်ပြန်ထား ကြောင်း သတင်းရရှိသည်။
တက္ကသိုလ် ကျောင်းသား များက  အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြခဲ့ခြင်း ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ ကျောင်းများတွင် နားလည်သဘောပေါက်စေရေး ရှင်းလင်းရန် အကြောင်းကြားထားခြင်း ဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ တွင် ကျောင်းသားသမဂ္ဂဖွဲ့ခွင့်ပြု၊ မပြု မပါဝင်ကြောင်း၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိသော တက္ကသိုလ်များတွင် တက္ကသိုလ် များ၏ စည်းမျဉ်းဥပဒေနှင့်အညီ ကျောင်းသားအဖွဲ့အစည်းများဖွဲ့စည်းခွင့်ရှိမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းရန် ညွှန်ကြားချက် ပေးပို့ထားသည်။
“ပြည်ထောင်စုဝန်ကြီးကိုယ် တိုင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က အခြေခံပညာကျောင်း တွေကို သွားရောက် ရှင်းလင်းဖို့ရှိတယ်။ ဒုတိယ၀န်ကြီးတွေလည်း သွားရောက် ရှင်းလင်းနေကြပါ တယ်။ အမှားမှား အယွင်းယွင်းဖြစ် သွားမှာစိုးလို့ပါ”ဟု အမှတ် (၁)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြို့နယ်ပညာရေးမှူးရုံးများ၊ ခရိုင်ပညာရေးမှူးရုံးများ၊တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးများရှိ ၀န်ထမ်း များအားလုံး သိရှိနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က ရှင်းလင်းပြောကြားရန်နှင့် မြို့နယ်အလိုက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးသို့ တင်ပြရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ ရှင်းလင်းရန်အမှတ် (၁) အခြေခံပညာဦးစီး ဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ရုံးများသို့ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ညွှန်ကြားချက်ပေးပို့ထားခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ သည် လွှတ်တော်တွင် ၂ နှစ်ခန့် အချိန်ယူရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ပညာရေးကို ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက် ထား ကြောင်း၊ အမျိုးသားပညာ ရေး ဥပဒေ အကောင်အထည် ဖော်ချိန်တွင် ဆရာ၊ ကျောင်းသား၊ မိဘ၊ လူထု၊ အစိုးရအားလုံးပါဝင်ရမည်ဖြစ်၍ အားလုံးပါဝင်ပါက လက်တွေ့အကောင်အ ထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရန် ညွှန်ကြားချက်တွင် ရေးသားထားသည်။
အမျိုးသားပညာရေးဥပဒေ အပေါ် ကျောင်းသား၊မိဘနှင့် ဆရာ၊ ဆရာမများ၏ ပူးပေါင်းပါဝင်မှုနှင့် နားလည်သိရှိမှု အားနည်းကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေပြီး ပညာရေးဝန်ကြီးဌာနသည် လွန်ခဲ့သောလများက တက္ကသိုလ်များတွင် ရှင်းလင်းဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ခြင်း ဖြစ်သည်။
တက္ကသိုလ် ကျောင်းသား များ၏ လေးရက်ကြာ သပိတ်မှောက် ဆန္ဒပြပွဲအပြီးတွင် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းခြင်း၊ စာသင်ကျောင်း များ၌ ရှင်းလင်း ခြင်းတို့ကို ပိုမိုအ ရှိန်မြှင့်ဆောင်ရွက်နေသည်။
7Days

ဗိုလ်ချုပ်ဈေးသစ် ဆောက်လုပ်ရေး စီမံကိန်းဝင်း၌ မြေကြီးသိုလှောင်ကန် ပွင့်ထွက်


ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် မြေနေရာတွင် တည်ဆောက်နေသော ရွှေတောင်ဖွံ့ဖြိုးမှု ဆောက်လုပ်ရေးဝင်းတွင် နိုဝင်ဘာလ ၂၀ ရက် ညနေ ၅ နာရီခန့်က ပေ ၄၀ အကျယ် အမြင့်ပေ ၂၀ ခန့်ရှိသော မြေကြီးလှောင်ကန် ပွင့်ထွက်ပြီး ၂၇ လမ်း အထက်ဘလောက်ပေါ် မြေစေးများ ယိုစိမ့်လျှံကျခဲ့ရာ ရွှံ့စေးမြေတွင်း တစ်နာရီကြာ ပိတ်မိနေသူ အသက် ၂၀ နှစ်ခန့် ရှိသော မြေသယ်ယာဉ် နောက်လိုက်တစ်ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“သံပြားနှစ်ခုက ထောက်ပြီး အဲဒီကြားထဲမှာ လူက ကိုယ်တစ်ဝက်မြုပ်ပြီး တစ်နာရီလောက်ကြာအောင် မြုပ်နေတာ။ ဒါပေမဲ့ သူ့ကို ကယ်ထုတ်နိုင်ခဲ့တယ်။ သူ တော်တော် ကံကောင်းတယ်” ဟု ကယ်ဆယ်ရေး လာရောက်ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းမြေကြီးလှောင်ကန် ပြိုကျမှုကြောင့် ၂၇ လမ်း အထက်ဘလောက်ရှိ ဆောက်လုပ်ရေးဝင်း ကာရံထားသော သွပ်ပြား ခြံစည်းရိုးအနီး ဖွင့်လှစ်ထားသည့် လမ်းဘေး လက်ဖက်ရည်ဆိုင်နှင့် မုန့်တီဆိုင်တို့ ပျက်စီးခဲ့ကြောင်း၊ ကာရံထားသော သွပ်ပြားနှစ်ထပ်မှ မြေစေးများ ပြိုကျစဉ် အသက် ၁၈ နှစ် အရွယ်ရှိ ဆောက်လုပ်ရေး လုပ်သားနှစ်ဦးအနက် တစ်ဦးမှာ ၂၇ လမ်းဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးမှာ ကိုယ်တစ်ပိုင်းခန့် မြေစေးများအတွင်း နစ်မြုပ်ကာ မပြေးနိုင်ဘဲ ပိတ်မိနေကြောင်း ယင်းမြေပြိုမှုအနီးတွင် အောင်ဘာလေထီ အရောင်းဆိုင် ဖွင့်လှစ်ထားသည့် အသက် ၄၀ ကျော် ထီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဝုန်းခနဲ အသံကြီးနဲ့အတူ မြေစေးတွေ လမ်းပေါ်ပွင့်ထွက်ပြီး ပြိုကျလာတာ၊ မြေပြိုကျတဲ့နေရာမှာ ဆိုင်တွေက အရင်ညတွေက ညပိုင်းအထိ ဖွင့်ပေမယ့် တရားပွဲရှိလို့ စောစောသိမ်းကြတာ။ ဆိုင်တွေဖွင့်တဲ့ အချိန်မျိုးသာဆို လူတွေ တော်တော်ထိကုန်မှာ” ဟု ၂၇ လမ်း အထက်ဘလောက်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားကြီးတစ်ဦးက ဆိုသည်။
ဟိုတယ်အပါအဝင် အထပ် ၂၀ ကျော် အဆောက်အအုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ် မြေနေရာ၌ တည်ဆောက်နေသော ရွှေတောင် ဆောက်လုပ်ရေးဝင်း၌ အမြင့် ၁၀ ပေကျော် သွပ်ပြားများ နှစ်ဆင့် ကာရံထားသော်လည်း မြေစေးများ လမ်းအနီး ပုံထားကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
ယင်းလမ်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ တရားပွဲ ကျင်းပနေသောကြောင့် ယင်းနေ့တွင်ပင် ဆောက်လုပ်ရေး လုပ်ငန်းများကို မွန်းလွဲ ၁၂ နာရီမှ စတင်ကာ တရားပွဲ ပြီးဆုံးချိန်အထိ ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်နားထားပေးရန်အတွက် တရားပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက ယင်းလုပ်ငန်းခွင်မှ တာဝန်ရှိသူများကို မေတ္တာရပ်ခံခဲ့ပြီး နောက်တစ်ရက်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မြေစေးများ ပြိုကျခဲ့သော ရွှေတောင် ဆောက်လုပ်ရေးဝင်းတွင် လွန်ခဲ့သော သုံးလကျော်က မြေတူးစက် လဲကျရာမှ လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
the voice
-

သိန်း ၁,၅၀၀ ဆုအပါအဝင် ဆုငွေလာမထုတ်သည့် ငွေပမာဏ ကျပ်သိန်းလေးထောင်နီးပါးရှိ

ထီပေါက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဆုကြေးငွေလာ မထုတ်သည့် ဘဏ္ဍာသိမ်းပမာဏ မှာ တစ်လအတွင်းမှာတင် ကျပ် သိန်းပေါင်းလေးထောင်ခန့်ရှိခဲ့ကြောင်း  အောင်ဘာလေသိန်း ဆုဌာနခွဲ(ရန်ကုန်)မှ သတင်းရရှိ သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ထီဆုမဲပေါင်းနှစ်သောင်းကျော် ဖွင့်လှစ်ခဲ့ပြီး စောင့်ဆိုင်းကာလ တစ်နှစ်ပြည့်သည်အထိ ဆုကြေး ငွေလာရောက်ထုတ်ယူခြင်းမရှိ သော ဆုလက်မှတ်ပေါင်းမှာ နှစ် ထောင်ကျော်ရှိနေခဲ့ပြီး အမြင့်ဆုံး ဆုမဲပါလာရောက်ထုတ်ယူခြင်း မရှိသဖြင့် ဘဏ္ဍာသိမ်းပမာဏ များပြားနေခဲ့ခြင်းဖြစ်သည်။
  ‘‘တချို့က ထီထိုးပြီး ထီတိုက်ဖို့မေ့နေတတ်ကြတာရှိ သလို တချို့ကျပြန်တော့လည်း ထီလက်မှတ်ပျောက်လို့ လာ မထုတ်နိုင်တာ  တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စည်းမျဉ်းအရ တော့ သတ်မှတ်ကာလအတွင်း ထီလက်မှတ်ပြပြီးလာမထုတ်နိုင် ရင်တော့ နိုင်ငံတော်ဘဏ္ဍာအနေ နဲ့ သိမ်းရမှာပါ’’ဟု အောင်ဘာ လေသိန်းဆုဌာနခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောသည်။

ဆုငွေများအား နိုဝင်ဘာ ၂၈ ရက်နောက်ဆုံးထားထုတ်ယူ ရန် ထုတ်ပြန်အသိပေးထားပြီး လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံဘဏ္ဍာငွေအဖြစ် သိမ်းယူ သွားမည်ဖြစ်သည်။
အောင်ဘာလေသိန်းဆုဌာန အနေဖြင့် ထီရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ဖွင့်လှစ်ထုတ်ပေးနေခြင်းဖြစ်ပြီး လစဉ် ထိုသို့ထီပေါက်မဲဆုငွေလာ ရောက်ထုတ်ယူခြင်းမရှိသောငွေ များကိုလည်း ဘဏ္ဍာငွေတစ်ခု အနေဖြင့် ရှာပေးထားနိုင်သည့် ဌာနတစ်ခုလည်းဖြစ်သည်။ သို့ သော်လည်း လစဉ်ထီပေါက်မဲဆု ငွေလာမထုတ်သည့်ပမာဏမှာ တစ်လနှင့် တစ်လမတူညီကြောင်း လည်း ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘များသောအားဖြင့်တော့ ဆုမဲအသေးတွေလောက်ပဲလာ မထုတ်ကြတာများတယ်။ ပေါက် မဲအသေးကျတော့ အမှုမဲ့အမှတ်မဲ့ ပဲ တိုက်ကြတော့တယ်။ သိပ် အလေးမထားကြဘူး။ ပေါက်မဲ အကြီးတွေကျတော့ ထီလက်မှတ် ပျောက်သွားတဲ့အခါမျိုးလောက် မှသာ တစ်ခါတစ်ရံလောက်မှ မထုတ်နိုင်ကြတာတွေ့ရတယ်’’ ဟု ကျောက်တံတားမြို့နယ်မှ ထီအရောင်းကိုယ်စားလှယ်တစ် ဦးက ပြောသည်။
7Days

တပ်မတော်သားများသည် နိုင်ငံသားများဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ဟု တပ်မတော်သားကိုယ်စားလှယ် တုံ့ပြန်


ရန်ကုန်၊ နိုဝင်ဘာ ၁၉
တပ်မတော် သားများသည်လည်း နိုင်ငံသားများ ဖြစ်သည့်အတွက် နိုင်ငံရေးတွင် ပါ ဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်ဒုတိယဗိုလ်မှူးကြီးငွေစိုးက ပြည်ထောင်စုလွှတ်တော်တွင် ပြော ကြားခဲ့သည်။
နိုဝင်ဘာ ၁၉ရက်တွင်ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ပြောဆိုရခြင်းသည် တပ်မတော်သားများသည် နိုင်ငံရေး ကို နားမလည်ကြောင်း၊ ယင်းသို့နား မလည်သည့်အတွက် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေကြဖို့ ပြောဆိုမှု များအပေါ် ဒုတိယဗိုလ်မှူးကြီးငွေစိုး က လွှတ်တော်အတွင်း ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
''တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးကို နားမလည်တဲ့အတွက် နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဒါတွေပြောဆိုကြတာရှိပါတယ်။ တပ် မတော်ဖွဲ့စည်းတဲ့အခါမှာ ဗိုလ်ချုပ် အောင်ဆန်းပြောထားတာ ရှိပါ တယ်။ နိုင်ငံရေးဆိုတာဟာ နိုင်ငံ သားများရဲ့အရေးဖြစ်တယ်။ ဒါ ကြောင့် နိုင်ငံရေးကို နိုင်ငံသားတိုင်း သိရှိနားလည်အောင် ဆောင်ရွက်ကြ ရမယ်လို့ ပြောဆိုခဲ့တာရှိပါတယ်။ ဒါကြောင့်မို့ တပ်မတော်သားတွေ ဟာ နိုင်ငံသားများဖြစ်တယ်။ ဒါ ကြောင့်မို့ နိုင်ငံရေးမှာပါဝင်ဆောင် ရွက်နေတာဖြစ်ပါတယ်''ဟု ဒုတိယ ဗိုလ်မှူးကြီးငွေစိုးက ပြောသည်။
နိုင်ငံအသီးသီးတွင်းလည်း တပ်မတော်သားများသည် နိုင်ငံ့ ခေါင်းဆောင်းများအဖြစ် တာဝန် ထမ်းဆောင်ခဲ့မှုများ လက်ရှိတွင် လည်း တာဝန်ထမ်းဆောင်နေသူများ ရှိနေကြောင်း ယင်းကဆိုသည်။
''ဒါကြောင့် တပ်မတော်အပေါ် မှာ မကောင်းမြင်တဲ့ အတွေးအခေါ် များမရှိဘဲ စိတ်ကောင်းနှလုံးသား ကောင်းနဲ့ တိုင်းပြည်ကောင်းအောင် သတ်မှတ်ထားတဲ့ ဥပဒေဘောင်အ တွင်းမှ တွေးခေါ်ဆွေးနွေးပေးကြပါ ရန်''ဟု ဒုတိယဗိုလ်မှူးကြီးငွေစိုးက လွှတ်တော်အတွင်း ပြောသည်။
ယနေ့ နိုဝင်ဘာ ၁၉ရက်တွင် ပြည်ထောင်စုလွှတ်တော်အတွင်းဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ဆွေး နွေးရာတွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်မည်ဆိုပါက ယင်း ဥပဒေပါအခန်း(၁၂)ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်းနည်းလမ်းများအတိုင်း သာ ဆောင်ရွက်သင့်ကြောင်း တပ် မတော်သားကိုယ်စားလှယ်များက လွှတ်တော်အတွင်း ပြောသည်။
YM
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

ပထမဆုံး ကမ္ဘာ့အင်တာနက်ညီလာခံ တရုတ်တွင်ကျင်းပ


နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၄

တရုတ်နိုင်ငံမှာ ပထမဆုံး ကမ္ဘာ့အင်တာနက်ညီလာခံကို နိုဝင်ဘာ ၁၉ ရက်နေ့ကစလို့ ကျင်းပနေပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီကျန်းပြည်နယ်မှာ ကျင်းပတဲ့ ညီလာခံဟာ ကမ္ဘာမှာ တရုတ်ရဲ့ နည်းပညာကဏ္ဍ အဆင့်အတန်းကို ပြသရာ ရောက်သလို၊ အင်တာနက် ထိန်းချုပ်မှု အတိုင်းအဆကို ပြသဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ညီလာခံကို တရုတ်အစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ Cyberspace အုပ်ချုပ်ရေးအဖွဲ့က စီစဉ်တာ ဖြစ်ပြီး တရုတ်အစိုးရ မူဝါဒရေးရာ ချမှတ်သူတွေနဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်သူတွေလည်း တက်ရောက်ပါတယ်။

တရုတ်ပြည်မှာ ထိပ်တန်း နည်းပညာကုမ္ပဏီဖြစ်တဲ့ အလီဘာဘာကုမ္ပဏီ၊ တန်ဆန့်ကုမ္ပဏီ၊ ဘိုင်ဒူကုမ္ပဏီတို့က စီမံအုပ်ချုပ်ရေးမှူးတွေလည်း တက်ရောက်ပါတယ်။

Cyberspace အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ လူဝေက ဒီညီလာခံဟာ တရုတ် အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်သလို၊ တခြားနိုင်ငံတွေနဲ့ cyberspace မှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လူဝေဟာ အရင်က တရုတ်အစိုးရက အင်တာနက် ဆင်ဆာပိတ်ပင်တဲ့ ကိစ္စကို တလျှောက်လုံး ခုခံ ဆင်ခြေပေးခဲ့သူ ဖြစ်ပါတယ်။

“ပွင့်လင်းမြင်သာမှု ရှိပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံတကာ အင်တာနက်စနစ် ပေါ်ပေါက်လာဖို့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားမယ်။ မတူညီမှုတွေကို ဖြေရှင်းသွားမယ်” လို့ ဆိုပါတယ်။

ဒီအပတ်ထဲမှာပဲ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ကြေညာချက်အရ အခု ကျင်းပနေတဲ့ ညီလာခံဟာ နိုင်ငံတကာ cyberspace စည်းမျဉ်းစည်းကမ်းတွေမှာ တရုတ်ရဲ့ လွှမ်းမိုးမှု သက်ရောက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး အင်တာနက်လွတ်လပ်ခွင့် ပိတ်ပင်ခံ ထားရဆဲဆိုတာကို ပြသနေတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အင်တာနက် ညီလာခံကို နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

DVB

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသောအချက်အချို့ကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီကိုယ်စားလှယ်ထောက်ခံ


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာအပေါ် ယခုလ၁၈ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆ဦးဆွေးနွေးခဲ့ကြရာ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးဆိုင်ရာ အချက်အချို့ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ထောက်ခံကြောင်းပြောကြားလိုက်သည်။
ဦးခိုင်မောင်ရည်က “ပြင်ဆင်လိုတဲ့အချက်တွေကို ပြည်ခိုင်ဖြိုးပါတီက တော်တော်များများပြင်ဆင် ထားတာတွေ့ရတယ်။ အဲဒီအချက်တွေကို ကျွန်တော့်အနေနဲ့ သဘောတူထောက်ခံပါတယ်။ အခုပြင်ထားတာထက်ပိုပြီး ပြင်ဆင်လို့မရနိုင်တော့တဲ့အခြေအနေတွေကိုလဲ ပုဒ်မ ၄၃၆မှာပေါ်လွင်နေတာ တွေ့ရတယ်။ ပုဒ်မ ၄၃၆မှာ တပ်မတော်သားကိုယ်စားလှယ်မပါရင် ဘယ်လိုမှရှေ့ဆက်တိုးလို့မရနိုင်ဘူး။ ဒါကြောင့် ဥပဒေပြင်ဆင်ရေးမှာ ဥပဒေရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တစ်ရပ်တည်းနဲ့မရနိုင်တော့ဘဲ အုပ်ချုပ်ရေးမဏ္ဍိုင်အပြင် တပ်မတော်ကအထူးကဏ္ဍအနေနဲ့ပါဝင်ပြီးလက်တွဲဆောင်ရွက်ရမယ့်အနေ အထားဖြစ်နေတယ် ”ဟု ၄င်းကပြောသည်။

Thursday, November 20, 2014

ပုဒ်မ ၄၃၆ ကိစ္စ သူရဦးရွှေမန်း ပြောကြားချက် သမ္မတ သဘောမတူ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် သမ္မတအပေါ်တွင် မူတည်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်ကို သမ္မတက သဘောမတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အမတ်များအား စည်းရုံးရန်မှာ ပြည် ထောင်စုလွှတ်တော် နာယကတွင်သာ တာဝန်ရှိကြောင်း သမ္မတဦးသိန်းစိန်က တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၁၈ ရက်က သူရ ဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အပေါ် သမ္မတက ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအောင်မြင်ရန်မှာ တပ်မတော်သား ကိုယ်စားလှယ်များကို ဦးဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရအဖွဲ့ကို ခေါင်းဆောင်သည့် သမ္မတတို့ဖြစ်ပြီး သမ္မတမှာ တပ်မတော်အပေါ်တွင် ထိုက်သင့်သည့် သြဇာရှိသည့်အတွက် ပုဒ်မ ၄၃၆ အောင်မြင်ရေးမှာ ၎င်းတို့နှစ်ဦးအပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
သို့သော် ဦးသိန်းစိန်ကမူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် ဖွဲ့စည်းပုံ ပြင်ရေးကို ထောက်ခံသည့် ကိုယ်စားလှယ်များ ရအောင် စည်းရုံးရန်မှာ သူရဦးရွှေမန်းတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
‘‘၄၃၆ ပြင်ဖို့က သမ္မတအ ပေါ်မှာပဲ မူတည်တယ်ဆိုပြီး သူရဦးရွှေမန်း ပြောကြားချက်ကို ကျွန်တော်တို့ သဘောမတူပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ပြင်နိုင်အောင်၊ ပြင်ဆင်နိုင်ဖို့ အ ဆိုတင်နိုင်ဖို့ လိုအပ်တဲ့ လွှတ် တော်အမတ်များရအောင်၊ လိုအပ်တဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးဖို့က ပြည်ထောင်စုလွှတ် တော်နာယကမှာပဲ တာဝန်ရှိ တယ်လို့ ထင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ပေါ်တွင်သာ မူတည်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျပြဋ္ဌာန်းထားပြီး လွှတ်တော်အပါအ၀င် မဏ္ဍိုင်သုံးရပ်ခွဲခြားမှုပီပြင်စေရန် သမ္မတနှင့် ၀န်ကြီးများကို ရာထူးယူထားစဉ်တွင် ပါတီတာဝန်ထမ်းဆောင်ခြင်းမပြုရန် ပြဋ္ဌာန်းထားကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲ ထွဋ်က ပြောသည်။
သမ္မတအိုဘားမားနှင့် ဖွဲ့ စည်းပုံပြင်ရေးဆွေးနွေးစဉ်က လည်း အချို့ပုဒ်မများကို လွှတ် တော်တွင် ပြင်နိုင်ပြီး အချို့ပုဒ်မ များကို ပြည်သူ့ဆန္ဒခံယူပွဲများ ပြု လုပ်၍ ပြင်ဆင်နိုင်ကြောင်း ပြော ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
သို့သော် သမ္မတ အိုဘားမားကမူ သူသာ မြန်မာသမ္မတဖြစ်ပါ က ၂၀၁၅ ရွေးကောက်ပွဲနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် သမ္မတအဖြစ် ရွေးချယ်ခံနိုင်သည့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) အပါအ၀င် အရေးကြီးပုဒ်မများကို ပြင်ဆင်လိုပါက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးသူ၏ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ၂၅ ရာခိုင်နှုန်း ပါဝင်နေသဖြင့် ၄၃၆ ပြင်ဆင်ရေးတွင် အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၏ ထောက်ခံမှုကို ရရန်လိုအပ်ပြီး ယခုအခါ တပ်မတော်သား ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ မပြင်လိုကြောင်း လွှတ်တော်တွင် ဆွေးနွေးသွားပြီဖြစ်သည်။
7Days 

ဘယ်သန်မို့


ဇနီး - ကျွန်မသေရင် ရှင် ရည်စားထပ်ရှာမှာလား။ 
ခင်ပွန်း - ဘာလို့ရှာရမှာလဲကွာ။
ဇနီး - ဘာလိုလဲ။ ရှင် လက်ထက်ရတာမကြိုက်ဘူးလား 
ခင်ပွန်း - ကောင်းပြီ။ ငါနောက်တစ်ကြိမ် လက်ထက်မယ်။ (စိတ်ဆိုးတဲ့လေသံဖြင့်)
ဇနီး - အို (၀မ်းနည်းသံ) 
ခင်ပွန်း - အသံ တိတ်နေ 
ဇနီး - အဲဒီအခါ ကျရင် ရှင်တို့ ဒီအိမ်မှာ နေကြမှာလား။ 
ခင်ပွန်း - အေးပေါ့။ အိမ်က အရမ်းကောင်းတဲ့ ဥစ္စာ။
ဇနီး - ကျွန်မတို့ခုတင်မှာပဲ အိပ်ကြမှာလား။
ခင်ပွန်း - ဒါဆို ဘယ်မှာအိပ်ရမလဲ။ 
ဇနီး - ကျွန်မကားကို သူ့ကိုပေးမောင်းမှာလား။ 
ခင်ပွန်း - ဖြစ်ဖို့များတယ်။ ကားကအကောင်းကြီးရှိသေးတဲ့ဟာ။
ဇနီး - ကျွန်မ ဂေါက်ရိုက်တံတွေရော သူသုံးမယ်လို့ထင်သလား။ 
ခင်ပွန်း - ဒါတော့ မထင်ဘူး။ သူက ဘယ်သန်ကွ။
ဇနီး - အသံတိတ်နေ။

ဖီဖာအကောင်းဆုံးဆု ရော်နယ်ဒိုနှင့် မက်ဆီသာရမည်ဟု အလွန်ဆို ယုံကြည်

ဘိုင်ယန်မြူးနစ်မှ စပိန်ကွင်းလယ်လူဟောင်း အလွန်ဆိုက ဖီဖာကမ္ဘာ့အကောင်းဆုံးဆုကို ရီးရဲလ်မှ ရော်နယ်ဒိုနှင့် ဘာစီလိုနာမှ မက်ဆီတို့သာ ရနိုင်မည်ဟုယုံကြည်ကြောင်း ထုတ်ဖော်ပြော ကြားလိုက်သည်။
အလွန်ဆိုက အသင်းလိုက်စွမ်းဆောင်မှုကို အခြေခံ၍ ထိုဆုပေးမည်ဆိုပါက ဂျာမနီကစား သမားများထဲမှ တစ်ဦးရနိုင်ပြီး ဖီဖာဆန်ခါတင်စာရင်းတွင် ပါဝင်သော ဖိလစ်လမ်း၊ မူလာနှင့် နူအာတို့ ရနိုင်ကြောင်း ပြောကြားသည်။ ‘‘ဒီမေးခွန်းက ယေဘုယျကျလွန်းတဲ့ မေးခွန်းပါ။ ဆုကို တစ်ဦးချင်း တစ်ကိုယ်ရေစွမ်းဆောင်ရည် ကိုကြည့်ပြီး ပေးမလားပေါ့။ အဲဒါဆိုရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုကို ဖယ်ဖို့ခက်မယ်။ အသင်းလိုက်ကြည့်ပေးမယ်ဆိုရင်တော့ ဂျာမန် ကစားသမားတွေအတွက် အခွင့်အလမ်း ရှိလာပါမယ်’’ဟု အလွန်ဆိုက ဂျာမန် Bild မဂ္ဂဇင်းနှင့် တွေ့ဆုံမှုတွင် ပြောကြားသည်။
ထို့အပြင် ဂျာမန်လက်ရွေးစင်နှင့် ဘိုင်ယန်အသင်းဖော် ဂိုးသမား နူအာအနေဖြင့် ဖီဖာအကောင်းဆုံးဆုရခဲ့ပါက မျှတမည်ဖြစ်ကြောင်း ထောက်ခံပြောဆိုသည်။ ဂျာမန်လက်ရွေးစင်များ ပါဝင်သော ဖီဖာအကောင်းဆုံးဆုအ တွက် ဆန်ခါတင်စာရင်းမှ နောက်ဆုံးသုံးဦးကို လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကာ အကောင်းဆုံးဆုရသူကို ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာမည်ဖြစ်သည်။
—Ref: Goal

အင်အားကြီးနိုင်ငံများ၏ ဖိအားပေးစွက်ဖက်မှုများ လက်မခံဟုကာချုပ်ပြော


မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းကို လက် မခံကြောင်းနှင့် အင်အားကြီးနိုင်ငံ ကြီးများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက်ဆံခြင်းကို လက် မခံနိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက် ဆံမှုကိုလည်း လက်မခံဘဲ လွတ် လပ်သည့်အချုပ်အခြာအာဏာ ပိုင်နိုင်ငံတစ်ခုအနေဖြင့် ရပ်တည် နိုင်ရန် တပ်မတော် အနေဖြင့် ခိုင်မာစွာ လုပ်ဆောင်ပိုင်ခွင့် ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံအား လုံးနှင့် ချစ်ကြည်ရင်းနှီးစွာဆက် ဆံနေထိုင်နေပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမပြုသလို မြန်မာနိုင်ငံ ရေးတွင်လည်း ပြည်ပမှ ဝင် ရောက်စွက်ဖက်ခြင်းကို လက်မခံ ကြောင်း နိုဝင်ဘာ ၁၇ ရက်က လာအို ကာကွယ်ရေးဝန်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။


ကန်သမ္မတ အိုဘားမားက အစိုးရတွင်း တပ်မတော်၏ ပါဝင် မှုအခန်းကဏ္ဍကို လျှော့ချရမည် ဟု နိုဝင်ဘာ ၁၃ ရက်က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များနှင့် တွေ့ဆုံစဉ် တိုက် တွန်းပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုများအပြီး နိုဝင်ဘာ ၁၇ ရက်က အာဆီယံကာကွယ် ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာရောက်သည့် လာအိုကာကွယ်ရေးဝန်ကြီးနှင့်
တွေ့ဆုံမှုတွင် ကာကွယ်ရေးဦးစီး ချုပ်က အင်အားကြီးနိုင်ငံများ၏ ဖိအားပေး ဆက်ဆံမှုနှင့် ပြည်တွင်း
ရေးစွက်ဖက်မှုကို လက်မခံကြောင်း တုံ့ပြန်ခဲ့ခြင်းလည်းဖြစ် သည်။

မြန်မာ-လာအိုနှစ်နိုင်ငံတပ် မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပြောင်းလဲမှုမရှိနိုင်ကြောင်းနှင့် အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင် မှုမှာ မိမိတို့နိုင်ငံငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း လည်း ကာချုပ်က ပြောကြားခဲ့ သည်။

လာအိုကာကွယ်ရေးဝန်ကြီး ၏ ပြန်လည်ဆွေးနွေးမှုတွင် ၎င်း တို့နိုင်ငံအတွင်းမှာလည်း နိုင်ငံ ရေးပျော့ကွက်
အားနည်းချက်များ အပေါ် မလိုလားသူ အတိုက်အခံ များနှင့် NGO အမည်ခံသူများက တိုင်းပြည်ပြိုကွဲအောင်နှောင့်ယှက်တိုက်ခိုက်မှုများ ရှိနေကြောင်း ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံသည် တက်ကြွ ပြီးဘက်မလိုက်သည့် နိုင်ငံခြား ရေး မူဝါဒကို စစ်အစိုးရ လက် ထက်ကတည်းက ယခုဒီမိုကရေစီ အစိုးရလက်ထက်အထိ ကျင့်သုံး နေပြီး မြန်မာ၏ နိုင်ငံခြားရေးမူဝါ ဒအပေါ် နိုင်ငံတကာ၏ ဝေဖန်မှု များရှိခဲ့သည်။ ယနေ့အထိ အဆို ပါမူဝါဒကို ကျင့်သုံးခြင်းကြောင့် ကြားနေသည့်နိုင်ငံအဖြစ် နိုင်ငံ တကာက စွပ်စွဲမှုများရှိနေပြီး အင် အားကြီးနိုင်ငံနှစ်ခုကြား ရပ်တည် နေရသည့် မြန်မာနိုင်ငံအနေဖြင့် ပထဝီဝင် နိုင်ငံရေးအနေအထားကို အားပြု၍ ထိရောက်သည့် နိုင်ငံ ခြားရေးမူဝါဒတစ်ရပ်ကို ကျင့်သုံး ပါက နိုင်ငံတကာဆက်ဆံရေး တွင် ပိုမိုအကျိုးရှိမည်ဟု တိုက် တွန်းမှုများလည်းရှိထားသည်။


အေးသူစံ

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း


ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေးရ...လာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသောရောဂါမျိုးလည်းဖြစ်ပါတော့တယ် ။
ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေးပါ ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့ လှည့်ချိုးကြပါတယ် အဲဒီလိုလုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိရှိစေချင်ပါတယ် ။
စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မတ်စွာသုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။
ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။
ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။
အသက်ရာကျော်ရှည်ပါစေ
Mg Mandalay

Miss world Honduras 2014 အလှမယ်အသတ်ခံရ


အသက် ၁၉ နှစ်အရွယ်ရှိတဲ့ Honduras နိုင်ငံအလှမယ်တစ်ဦးဖြစ်တဲ့ Ms Alvarado နဲ့ အမတော်စပ်သူ Sofia Trinidad အသက်၂၃ နှစ် တို့ဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က Santa Barara ရဲ့ မြောက်ဖက် မြို့ငယ်လေး တစ်ခုက Party တစ်ခုမှာ နောက်ဆုံးတွေ့ရှိခဲ့ပြီး တပတ်လောက်အကြာမှာ သူမတို့ နှစ်ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
သူမတို့နှစ်ဦးရဲ့ ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာတွေကိုတွေ့ရှိခဲ့ပြီး မြစ်ထဲကို ပစ်ချခံခဲ့ရတယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တရားခံနှစ်ဦးကို ဖမ်းဆီးထိန်းချုပ်ထားပြီး ဒီနှစ်ဦးထဲက တစ်ဦးက အမှုမှာကျူးလွန်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။ အသက်ခံရတဲ့အလှမယ် Ms Alvarado ဆိုသူဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ London မှာ ပြုလုပ်မယ့် Miss World 2014 မှာ Honduras နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ 

ဒီအမှုနဲ့ပတ်သက်လို့ Plutraco Ruiz နဲ့ သူ့ရဲ့အဖေါ် Aris Maldonado တို့နှစ်ဦးကို အခုအခါ ဖမ်းဆီးထိန်းချုပ်ထားပါတယ်။ Plutraco Ruiz ဆိုသူက အလှမယ်ရဲ့အမ Trinidad ဆိုသူရဲ့ချစ်သူလို့ သိရပါတယ်။ Hondras ရဲ့ National Police Director ဆိုသူက Mr Ruiz ဟာ ဒီ အမျိုးသမီငယ်နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး သူ့ရဲအဖော်ဖြစ်သူ Maldonado ရဲ့အကူအညီနဲ့ မြစ်ချောင်းထဲကို ပစ်ချခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာ Mr Ruiz က ၀န်ခံထားပေမယ့် သူ့ရဲ့ အဖော်ဖြစ်သူဆီကနေ အခုအချိန်အထိ ဘာဖြောင့်ချက်မှ မရသေးဘူးလို့ လည်းသိရပါတယ်။ 

ရဲတပ်ဖွဲ့အနေနဲ့ သူမရဲ့ရုပ်အလောင်းကို Cablotales လို့ခေါ်တဲ့ ရွာငယ်လေးအနီးက မြစ်ချောင်းနားမှာ
တွေ့ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ သူမတို့နှစ်ဦးကို နောက်ဆုံးအသက်ရှင်လျက်တွေ့ရှိခဲ့တာဟာဆိုရင် November လ ၁၃ ရက်နေ့Birthday Party တစ်ခုကအပြန် တရားဝင် နံပါတ်ပြားမပါရှိတဲ့ ကားတစ်စီးပေါ်မှာ ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ 

လာမယ့် ဒီဇင်ဘာလ Miss World 2014 မှာ သွားပြိုင်ဖို့အတွက် သူမဟာ ပြီးခဲ့တဲ့ ဧပြီလကမှ Miss World Honduras အလှမယ်ဆုကို ရခဲ့သူပါ။ 

Miss World ပြိုင်ပွဲရဲ့ Organizier တွေဘက်ကလည်း သေဆုံးသူ အမျိုးသမီးငယ်နှစ်ဦးအတွက် ၀မ်းနည်းမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အလှမယ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ အကြောင်းအရာတွေကို Hondras နိုင်ငံရဲ့ နာမည်ကြီးသတင်းစာတွေမှာ ဖော်ပြခဲ့ကြပြီး သူမကို အသိအမှတ်ပြုတဲ့အနေနဲ့ Miss World အလှမယ် ပြိုင်ပွဲအတွက် Hondars နိုင်ငံကိုယ်စားပြုအနေနဲ့ နောက်ထပ် မလွှတ်တော့ဘူးလို့လည်း ဖော်ပြခဲ့ကြ ပါတယ်။ 

Honduras နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံတခုဖြစ်တယ်လို့လည်း UN Report များအရ သိရပါတယ်။ 

Ref : BBC Worlds News

ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်ပွဲတွင် မန္တလေးမှအနုပညာရှင်များဖျော်ဖြေမည်

နတ်မောက်မြို့တွင် ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲတော်သို့ မန္တလေး မြို့မှ သဘင်နှင့်ဂီတအနုပညာရှင် များသွားရောက်ဖျော်ဖြေမည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက် တွင် နတ်မောက်မြို့၌ ကျင်းပပြု လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲတော်တွင် မန္တ လေးတိုင်းဒေသကြီး သဘင်ပညာ ရှင်များအစည်းအရုံး၊ ဂီတအစည်းအရုံး၊ မြန်မာ့သဘင်အလှဆင်သူ များအဖွဲ့၊ ပရဟိတရွှေလက်များ၊ အထက်မြန်မာပြည် လူရွှင်တော် အသင်း အစရှိသည့်အဖွဲ့အစည်း များမှ သဘင်ဂီတအနုပညာရှင် များ သွားရောက်ဖျော်ဖြေမည်ဖြစ် ကြောင်း ပွဲတော်ကျင်းပရေးကော် မတီဝင်များကပြောသည်။
‘‘အမျိုးသားရေးစိတ်ဓာတ် အရ ပူးပေါင်းပါဝင်တာပါ။ ပါတီ နိုင်ငံရေးတွေမပါပါဘူး။ ဒီပွဲမှာ ပွဲ သိပ်မကတော့တဲ့ ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေကအစ ပါဝင် မယ်’’ဟု ဖျော်ဖြေရေးကော်မတီ အတွင်းရေးမှူးဦးနေဝင်းက ပြော ကြားသည်။ အဆိုပါသဘင်၊ ဂီတ အနုပညာရှင်များက    ဗိုလ်ချုပ် အောင်ဆန်းအထိမ်းအမှတ် တေး သီချင်းများ၊ အော်ပရာ၊ တစ်ခန်း ရပ်ပြဇာတ်၊ ပြဇာတ်ကြီးများတင် ဆက်သွားမည့်အပြင် အငြိမ့်၊ ဆင်အက၊ ခြင်းလုံးအလှပြအဖွဲ့၊ မြန်မာ့ဆိုင်းဖျော်ဖြေမှု၊    နှစ်ပါး သွား အစရှိသည့်အစီအစဉ်များ ဖျော်ဖြေကြမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဝင်များက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရန်နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ သဘင်၊ ဂီတအနုပညာရှင်များက မန္တလေးမြို့တော်အတွင်း လှည့်လည်လှုံ့ဆော်ဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်ပြီး အလှူငွေများလည်း လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Days

နိုင်ငံသားများ ဒီမိုကရေစီနားလည်ကျင့်သုံးနိုင်ချိန်ရောက်မှ ၄၃၆ ပြင်ရန် တပ်မတော်သားအမတ်တင်ပြ

 ပြည်တွင်းငြိမ်းချမ်း ရေးရရှိကာ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး နိုင်ငံသားများ ဒီမိုက ရေစီသဘောတရားများ   နား လည်လက်ခံကျင့်သုံးနိုင်သည့် အချိန်ကိုရောက်မှသာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ၌   တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြသည်။
‘‘လက်ရှိအချိန်မှာ လက်နက် စွဲကိုင် တိုက်ပွဲအချို့ဖြစ်ပွားနေ ဆဲ ဖြစ်ပြီးတော့ ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးပါဘူးခင်ဗျာ။ အလားတူ ခေါင်းစဉ်အမျိုးမျိုး တပ်ထားတဲ့ ဆန္ဒပြမှုများစွာနဲ့ နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့ အချိန်မှာ မြဲမြံခိုင်မာစွာ ပြဋ္ဌာန်း ထားတဲ့ ပုဒ်မ-၄၃၆ (က)ကို ပြင် ဆင်ရန် မသင့်သေးပါဘူး’’ဟု နို ၀င်ဘာ ၁၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီး ခင်မြင့်က တင်ပြလိုက်ခြင်း ဖြစ် သည်။
ပုဒ်မ-၄၃၆ သည် အမျိုး သားရေးနှင့် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးသည့် အချက်များကို ကာကွယ်ထား ခြင်းဖြစ်ကြောင်း၊ ယင်းပုဒ်မ ၄၃၆ ကိုပြင်ဆင်ကာ အခြားသော ကျန် ရှိသည့် ပုဒ်မများကို လိုသလို ဆောင်ရွက်သွားလိုသူများ၏ ရည်ရွယ်ချက်များအပေါ် လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် ရှင်းလင်းပြတ် သားသည့် အမြင့်ဖြင့် သုံးသပ်စေ လိုကြောင်း ၎င်းက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက မပြင်ဆင် ရန် တင်ပြထားသည့် ပုဒ်မ ၄၃၆ သည် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရေစီမကျသည့် အချက်များ    ပြင်ဆင်ရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အ ရေးများကို တိုးမြှင့်ပေးနိုင်ရန်ပထမဦးဆုံးပြင်ဆင်ရမည့် ပုဒ်မတစ်ခုဖြစ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက    ပြောကြ သည်။
နိုင်ငံတွင် လိုအပ်နေသော အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး လုပ်နိုင်ရေးနှင့် ပြည်သူမှ ချစ် မြတ်နိုးသည့် တပ်မတော်ဖြစ်ပေါ် လာရေးတို့အတွက် ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်၏ ပါဝင် မှု အခန်းကဏ္ဍကို မလျှော့ချနိုင် ရေးအတွက် ကာကွယ်ထား သည့် ပုဒ်မတစ်ခု     ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးအောင်ကြည်ညွန့်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဆွေးနွေးကြ သည့်အခါ ချင်းတိုးတက်ရေးပါ တီမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဇုန်လှယ်ထန်းက လည်း    တိုင်းရင်းသားများ၏ အခွင့်အရေး ပိုမိုရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို  ပြင်ဆင်ရမည်ဖြစ်သည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
လွှတ်တော်တွင်းရှိ တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ခံမှု မပါဘဲ ပြင်ဆင်၍ မရနိုင်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်    ပြည်သူလူထုထံမှ ဆန္ဒလက်မှတ်ငါးသန်းခန့် ကို   အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ   လွှတ်တော်သို့ တင်ပြထားမှုရှိသည်။
7Days

သူရဦးရွှေမန်းပြောသည့် အခြေခံဥပဒေကိစ္စ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

 ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်း ပြောကြားသည့်    ၂၀၁၅   ရွေး ကောက်ပွဲအပြီး လွှတ်တော်မှသာ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဆို ခြင်းမှာ လုပ်ငန်းစဉ်အရ သဘာဝ ကျကြောင်း ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
‘‘သူ Process ကိုပြောတာ ပါ။ Process ကဒီလိုပဲ သွားရမှာ ပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဆို ပါတော့ ဒီ ၄၃၆ ကို ပြုပြင်ပြောင်း လဲဖို့    ဆုံးဖြတ်တယ်ဆိုပါတော့၊ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် ပြီးမှသာလျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ်လေ။ အဲ့ဒီတော့ အဲ့ဒီဟာတွေကျတော့ အချိန်အရ ရော အခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒါ Process အရတော့ ဒါဒီလိုပဲ လုပ်ရမှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင် ဘာ ၁၉ ရက် သတင်းထောက် များ၏      အမေးကိုပြန်လည်ဖြေ ကြားသည်။
လူထုဆန္ဒခံယူပွဲများ ပြီးပြီး ချင်း ပြင်ဆင်မှုများကို ဆောင် ရွက်၍ မရဘဲ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူ တည်ပြီးမှ ဆောင်ရွက်၍ရမည် ဟု သူရ ဦးရွှေမန်းက ပြောကြား သည်။
‘‘ဒီသက်တမ်းမှာ ပြင်လိုက် တဲ့ဟာကို ဆောင်ရွက်မယ်ဆိုရင် ဒီနေ့ အုပ်ချုပ်ရေးအခင်းအကျင်း၊ ကျန်တဲ့အခင်းအကျင်းတွေက အကုန်လုံးပြောင်းလဲသွားဖို့ဆို ရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါ ကြောင့်မို့ ၂၀၁၅ မှာ ရွေးကောက် ပွဲလုပ်မယ်။ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်တွေနဲ့အတူပဲ။ အဲဒီလွှတ် တော်သက်တမ်းစတဲ့နောက်ပိုင်း မှာ ခုနက ဖွဲ့စည်းပုံအခြေခံ ဥပ ဒေကိုပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေ ပေါ်မူတည်ပြီး ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။
အခြေခံဥပဒေ    ပုဒ်မ၅၉ (စ)ကို ပြင်နိုင်မှသာ ဒေါ်အောင် ဆန်းစုကြည်သည် နောက်အစိုးရ ၏ သမ္မတဖြစ်နိုင်မည်ဖြစ်ရာ ရွေး ကောက်ပွဲအပြီး ပထမဆုံးလွှတ် တော်တွင်မှ အဆိုပါ ဥပဒေပြင် ဆင် အတည်ပြုကျင့်သုံးနိုင်မည် ဆိုလျှင် သမ္မတဖြစ်ရန် မသေချာ သေးသည့် အခြေအနေ ဖြစ် သည်။
‘‘ထင်တာက လူထုဆန္ဒခံယူ ပွဲလုပ်ပြီး အခြေခံဥပဒေအသစ် မူကြမ်းရေးထားမယ်။ နောက် လွှတ်တော်က အစိုးရမဖွဲ့ခင်မှာ ဒါကို အတည်ပြုနိုင်ရင် သူသမ္မတ ဖြစ်နိုင်မယ်။ ကျွန်တော်ကစဉ်း စားကြည့်တာပါ’’ ဟု ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။
ပုဒ်မ၅၉(စ)   မပြင်ဆင်မီ လူထုဆန္ဒခံယူပွဲပြုလုပ်ရန်   လို သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရသည့် လုပ်ငန်းအဆင့်ဆင့်ရှိပြီး သဘာဝကျသည်ဟုသာ ဒေါ်အောင်ဆန်းစုကြည်က    ၎င်းသမ္မတဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည့် မေးခွန်းကို ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသည့် ငါးရက်မြောက်နေ့အထိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင် ရန်အတွက် အပြင်းအထန် ကန့် ကွက်နေဆဲ ဖြစ်သည်။
7Days

Wednesday, November 19, 2014

အသုံးချခံမဖြစ်စေလို


အမျိုးသားပညာရေးဥပဒေကို nldပါတီက ဆန္ဒပြတယ်ဆိုလို့ အမျိုးသားပညာရေးဥပဒေ
အကြောင်းကိုကျနော်လိုက်လှန်စုံစမ်းလိုက်ပါတယ် အခုအမျိုးသားပညာရေး ဥပဒေထဲမှာပါတဲ့အကြောင်း
အရာတွေကို အသေးစိတ်တင်ပေးလိုက်ပါတယ် စာကိုအစမှအဆုံးထိသေချာဖတ်ပေးစေချင်ပါတယ်ခင်ဗျာ။

# လူမှုရေး စီးပွားရေးမှာ လက်တွေ့အသုံးချ နိုင်တဲ့ပညာရေးဖြစ်ရမယ်။ 

# တက္ကသိုလ်ကောလိပ်များဟာ လွတ်လပ်သောစီမံခန့်ခွဲခွင့်နဲ့ ရပ်တည်နိုင်ရမယ်။ 

# ကျောင်းသားတွေဟာ ကိုယ်ဆန္ဒရှိတဲ့တက္ကသိုလ်ကိုတက်နိုင်တယ် တက္ကသိုလ်ကသတ်မှတ်ထားတဲ့
အရည် အချင်းနဲ့တော့ ပြည့်မှီရမယ်။

# ကျောင်းများမှာ ဘာသာရေးနဲ့နိုင်ငံရေး စွက်ဖက်မှု မရှိစေရဘူး။

# မသင်မနေရ အခမဲ့မူလတန်းပညာရေး စနစ် ကျင့်သုံးရမယ်။

# ပညာရေးအဆင့်တိုင်းနဲ့ ပညာရေးနယ် ပယ်တိုင်းမှာ အဆင့်အတန်းသတ်မှတ်ပြီး အရည်အသွေးကို အာမခံနိုင်တဲ့စနစ်ကို ဆောင်ရွက်ရမယ်။

# ပညာရေးဝန်ထန်းတွေရဲ့အရည်အသွေးနဲ့ လူမှုဘဝမြင့်မားရေးကို ဆောင်ရွက်မယ် သူတို့ရဲ့စွမ်းရည်မြင့်လာတာနဲ့အမျှ ဗဟိုချုပ် ကိုင်မှုကို လျှော့ချသွားမယ်။
အခုတင်ပြခဲ့တာတွေဟာ အမျိုးသားပညာ ရေးဥပဒေထဲမှာ ပါတဲ့အချက်လက်တွေဘဲ ဖြစ်ပါတယ်။

ဒီဥပဒေမှာပညာရေးစနစ်ကို သုံးမျိုးပိုင်းခြား ထားပါတယ် အခြေခံပညာရေး နည်းပညာ သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေး တို့ဘဲဖြစ်ပါတယ်။

(၁)။အခြေခံပညာရေး။
အခြေခံပညာကို မူလတန်း-------အလယ် တန်းနှင့် အထက်တန်းဆိုပြီး အဆင့် သုံးဆင့်ပိုင်းခြားထားပါတယ် ၁၂နှစ်သင်ရ မယ် အဆင့်တစ်ခုစီအတွက် သင်ယူတတ်မြောက်မှုကို စစ်ဆေးအကဲ ဖြတ်ခံရမယ် အင်္ဂလိပ်စာကို မူလတန်းက စပြီးသင်ယူရမယ်။

(၂)။နည်းပညာနှင့်သက်မွေးပညာရေး။
အမျိုးအစားလေးမျိုးခွဲခြားပါတယ် အဲဒါကတော့ မူလတန်းအောင်တဲ့သူတွေ တက်နိုင်တဲ့ပညာရေး အလယ်တန်းအောင် တဲ့သူတွေ တက်နိုင်တဲ့ပညာရေး အထက်တန်းအောင်တဲ့သူတွေ တက်နိုင်တဲ့ ပညာရေးနှင့် မည်သူမဆို တက်နိုင်တဲ့ပညာ ရေးတို့ဘဲဖြစ်ပါတယ်။ဒီသင်တန်းတွေရဲ့ သင်ရိုးညွှန်းတန်း သင်တန်းကာလနဲ့ အပ်နှင်းမယ့် ဒီပလိုမာအမျိုးအစားတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပေးမှာဖြစ်ပါတယ်။

(၃)။အဆင့်မြင့်ပညာရေး။
ကျောင်းတွေအားလုံး လွတ်လပ်စွာ စီမံခန့်ခွဲ ခွင့်ရှိတယ် သင်လိုတဲ့ပညာရပ်နဲ့ ကျောင်းကို လွတ်လပ်စွာ ရွေးချယ်သင်ယူနိုင်တယ် သို့သော် ကျောင်းကသတ်မှတ်တဲ့ အရည် အချင်းနဲ့တော့ ပြည့်မှီရမယ် ကျောင်းတွေ ဟာ သူတေသနနဲ့ ပညာရပ်ဖွံ့ဖြိုးမှုကို ဦးစားပေးရမယ် အဆင့်မြင့်ပညာရေးမှာ အဝေးသင်စနစ်ကိုလည်း ထည့်သွင်းစဉ်း စားရမယ်။

နောက်ပြီး ဒီဥပဒေထဲမှာပါတဲ့အခြားအရေး ကြီးတဲ့အချက်တွေကတော့။
(၁)။ပညာရေးဆုံးခန်းမတိုင်ခဲ့သူတွေ ဆက်လက်သင်ယူနိုင်အောင် စီစဉ်ပေးရမယ်။

(၂)။မသန်စွမ်းသူများအတွက် အထူးပညာ ရေးကျောင်းတွေ ဖွင့်လှစ်မယ် ပုဂ္ဂလိကကို လည်း ဖွင့်ခွင့်ပြုမယ်။

(၃)။အရေးပေါ်အခြေနေဖြစ်နေတဲ့ဒေသက ကလေးတွေအတွက် ရွေ့လျားစာသင် ကျောင်းတွေ စီစဉ်ပေးရမယ်။

(၄)။အခြေခံပညာအဆင့်မှာ မြန်မာဘာသာ ဒါမှမဟုတ် အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင် တယ် နှစ်ဘာသာလုံးနဲ့သင်ယူချင်လည်း ရတယ် လိုအပ်ရင် တိုင်းရင်းသားဘာသာ စကားတစ်ခုခုနဲ့ တွဲဖက်သင်ယူနိုင်တယ်။

(၅)။မိဘတွေက ကလေးတွေကို မသင်မနေရ ပညာရေးစနစ် မူလတန်းအဆင့်ပြီးဆုံးသည်အထိကျောင်းထားရမယ်။

(၆)။ဥပဒေနဲ့အညီဖွင့်လှစ်ထားတဲ့ ဘယ်ကျောင်းမှာမဆို ကိုယ့်ကလေးတွေကို အပ်နိုင်တယ်။

(၇)။ကျောင်းဆရာတွေဟာ စာသင်ဖို့အတွက် သတ်မှတ်ထားတဲ့ဘွဲ့ ဒီပလိုမာတွေ ရရှိရမယ်။

(၈)။ဆရာတစ်ဦးမှာ ရှိရမယ့်အရည်အချင်း တွေကို သူသင်ကြားမယ့်အဆင့်အလိုက် ဝန်ကြီးဌာနက သတ်မှတ်ပေးရမယ်။

(၉)။ပညာရေးအဆင့်တိုင်းအတွက် အရည်အသွေးအကဲဖြတ်မှုကို ကျောင်းအ တွင်းကရော အပြင်ကပါစစ်ဆေးမယ်။

(၁၀)။စစ်ဆေးရမယ့်စံနှုန်းတွေကို အမျိုးသား ပညာရေးကော်မရှင်က သတ်မှတ်ပေးပြီး စစ်ဆေးမယ့်ကော်မတီကို ဖွဲ့စည်းပေးမယ်။

(၁၁)။ကျောင်းတွေဟာ ပြည်တွင်းပြည်ပက အလှူ ငွေတွေကို လက်ခံနိုင်တယ် ဒီငွေတွေကို ပညာရေးကိစ္စကလွဲလို့ တခြားနေရာမှာ မသုံးရဘူး ဘယ်လိုသုံးစွဲ တယ်ဆိုတာကိုလည်း စစ်ဆေးခံရမယ်။ဒီတော့ပြသနာကဘာလည်းဆိုရင် အမျိုးသားပညာ ရေးကော်မရှင်ဖွဲ့စည်းပြီး ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ်ဆိုတဲ့အချက်ဘဲ ဖြစ်ပါတယ်။ကောင်းပြီ ဒီတော့အမျိုးသား ပညာရေးကော်မရှင်ကို ဘယ်လိုဖွဲ့စည်းလဲ ကြည့်ရအောင်။

အမျိုးသားပညာရေးကော်မရှင်ကို အစိုးရက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို (ဒုသမ္မတလို့ဆိုပါတယ်)
သက်ဆိုင်ရာဝန် ကြီးများ တိုင်းရင်းသားပညာရှင်များ အခြားသင့်လျော်သောပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြအတည်ပြုရမယ် လွှတ်တော်က အချိန်မရွေး ဒီကော်မရှင်ကိုပြင်ဆင်ဖွဲ့စည်း နိုင်တယ်။

ကော်မရှင်က ဘာတွေလုပ်ပိုင်ခွင့် ရှိသလည်းဆိုရင် ပညာရေးမူဝါဒတွေ အခြေခံမူများ ပညာရေးစီမံကိန်းများနှင့်ပတ်သက်ပြီး သုံး သပ်အကြံပြုလမ်းညွှန်ခြင်း ပညာရေးအရည်အချင်း စံချိန်စံညွှန်းသတ် မှတ်ဖို့အတွက် လိုအပ်သောမူဝါဒများ ချမှတ်ခြင်း ပြည်တွင်းပြည်ပက ငွေကြေး
အထောက်အပံ့များနှင့်ပတ်သက် သော မူဝါဒများချမှတ်ခြင်း ပြည်တွင်းပြည်ပ မှာ ကျောင်းများဖွင့်လှစ်ခြင်း ရပ်ဆိုင်းခြင်း ပိတ်သိမ်းခြင်းနှင့်ပတ်သက်သော မူဝါဒများ ချမှတ်ခြင်း တက္ကသိုလ်ကောလိပ်များ၏ လွတ်လပ်စွာ စီမံခန့်ခွဲမှုကို မထိခိုက်စေဘဲ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိ နှိုင်းပေးခြင်း ဒါတွေကိုလုပ်ဆောင်မယ်လို့သိရပါတယ်။ ယ္ခုဆန္ဒပြနေတဲ့သူတွေရဲ့မကျေနပ်ချက်က ဒီအမျိုးသားပညာရေး
ကော်မရှင်ရှိနေတဲ့ အချက်ကို လက်မခံကြတာလို့သိရပါတယ်။

ဒီတော့ ကျနော့်အမြင်လေးကို ပြောပြချင်ပါတယ် ဒီအမျိုးသားပညာရေးကော် မရှင်ဥပဒေဟာ ဗဟိုချုပ်ကိုင်မှု အတော်အသင့် ရှိနေတာမှန်ပါတယ် သို့သော်လည်း တစ်ဆက်တည်းတွေးမှိလာတာက ကိုယ့်ဆီက
ကျောင်းတွေကရော အစိုးရက လုံးဝဝင်မပါတော့ဘဲ မင်းတို့ လုပ်ချင်ရာလုပ်ကြတော့လို့ လွှတ်ပေးရ
လောက်အောင် အဆင့်မြင့်နေပြီလားဆိုတဲ့ အတွေးဘဲဖြစ်ပါတယ်။သင်ချင်ရာသင်တော့ ဆိုတဲ့အချိန် မဟုတ်တရုတ်တွေလျှောက်သင်ပြီး နိုင်ငံရေး ဘာသာရေး အစွန်းရောက် ကလေးတွေ ပေါ်ထွက်မလာ
ပါဘူးလို့ ဘယ်သူတာဝန်ယူနိုင်သလည်း။ 

တကယ် တော့ အမျိုးသားပညာရေးဥပဒေဟာ ပြည်နယ်နှင့်တိုင်း ၁၄ခုအတွက် ခြုံငုံပြီး ဆွဲရတာဖြစ်ပါတယ်။ရန်ကုန်နဲ့မန္တလေးတင် ကွင်းကွက်ပြီးစဉ်းစားလို့မရပါဘူး။ ကျနော်ဥပမာလေးတစ်ခု
ပေးပါ့မယ် ဘူးသီးတောင်မောင်တောက ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို အစိုးရထိန်းချုပ်မှုအောက်က လွှတ်ပေးသင့်ပါပြီလား အခုမေးတဲ့မေးခွန်းကို အမှန်တိုင်းဖြေကြည့်ကြပါ။ 

ဒီအချက်တွေမစဉ်းစားဘဲ မျက်လုံးစုံမှိတ်ပြီး ကျွန်ပညာလို့ တွင်တွင်ကြီးထအော်နေတာ ကတော့ မရိုးသားဘူးလို့ထင်ပါတယ်။ အခုဆန္ဒပြနေတဲ့လူတွေကိုလည်း ဘယ်သူတွေလည်းဆိုတာကြည့်လိုက်အုံး nldပါတီဝင်တွေချည်းဘဲ ဆန္ဒပြတာတော့ပြပေါ့ဗျာ ဒါပေမဲ့ ပြည်သူတွေကို ဆန္ဒပြရတဲ့အကြောင်းရင်း ရှင်းရှင်းလင်းလင်းအသိပေးပြီးမှ ဆန္ဒပြသင့်ပါတယ် အခုတော့ ဘာတဲ့ဆို လမ်းပေါ်လူထွက်အောင်လုပ် ဆန္ဒတွေပြ တိုင်းပြည်ကိုဆူပူအောင်လုပ်နဲ့ သူတို့ရဲ့လုပ်ရပ်တွေဟာ တကယ်တော့ ၁၉၈၈နဲ့၂၀၀၇တို့တုန်းကလို ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူလူထုတွေကို အသုံးချ ပြီး သူတို့အာဏာရရှိရေးအတွက် တိုင်းပြည်ကိုမပျက်ပျက်အောင် ဖျက်နေတာဘဲဖြစ်ပါတယ် အခု၂၀၁၅ကလည်းနီးလာပြီ နီးလာပြီဆိုတော့ သူတို့nldပါတီအနိုင်ရရှိရေး ၂၀၀၈တုန်းကလိုပြည်သူတွေ မျက်စေ့လည်လမ်းမှားပြီး သူတို့nldပါတီကို ထောက်ခံဖို့အရေး ဒေါ်စုသမ္မတဖြစ်နိုင်ဖို့အရေးတွေကိုဘဲ ဦးတည်ပြီး နိုင်ငံနဲ့လူမျိုးအတွက်ကို ထည့်မစဉ်းစားဘဲလုပ်နေကြတာဖြစ်ပါတယ်။

 နောက်တစ်ချက်က အခုပြည်သူတွေနဲ့ အစိုးရကြားမှာ စည်းစည်းလုံးလုံးရှိနေတာကိုလည်း လိုလားပုံ
မပေါ်ပါဘူးဒါကြောင့် အစိုးရနဲ့ပြည်သူတို့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်သွေးခွဲနေတာဘဲဖြစ်ပါတယ်။
နောက်ဆုံးကုန်ကုန်ပြောလိုက်မယ် ဒေါ်စုသမ္မတဖြစ်အောင်လုပ်မယ် ဒေါ်စု သမ္မတဖြစ်ပြီဆိုတာနဲ့ nldပါတီအာဏာရမယ် အာဏာရပြီဆိုတာနဲ့ ကုလားတွေ နိုင်ငံထဲမှာ ထင်ရာစိုင်းကြမယ် ထင်ရာစိုင်း
လို့ရပြီဆိုတာနဲ့ မြန်မာနိုင်ငံကို အစ္စလာမ္မစ်ဇာတ်သွင်းဖို့ဘဲဖြစ်ပါတယ် ဒီတော့ ကျနော်တို့ပြည်သူလူထုက ဒီအချက်တွေကို နားလည်ပြီး nldနဲ့ ၈၈တို့၏ နိုင်ငံရေးအသုံးချခံမဖြစ်ကြစေဖို့သတိပေးပြောကြား
လိုပါတယ်ခင်ဗျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

Red Heart

အစိုးရတပ် လက်နက်ကြီးဖြင့်ပစ်၍ ကေအိုင်အေ ဗိုလ်လောင်း ၂၂ ဦး သေဆုံး

လိုင်ဇာမြို့အနီးရှိ ကေ အိုင်အေဗိုလ်လောင်းသင်တန်း ကျောင်းကို အစိုးရတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ တွင် ဗိုလ် လောင်းများ တန်းစီနေချိန်၌ ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိ ရာ လိုင်ဇာမြို့အနီး ခရာတောင် ကုန်း၌ တပ်စွဲထားသော အစိုးရ တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ကြောင်း ကေအိုင်အို အလုပ် အဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါက ပြောသည်။
‘‘အယောက် ၂၀ ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရရှိသူတွေက အပြင်းအထန်ဒဏ်ရာရခဲ့တယ်’’ ဟု ဦးဒေါင်ခါက ပြောသည်။
ဗိုလ်လောင်းသင်တန်းသား စုစုပေါင်း ၄၂ ဦးအနက် ၂၀ ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ များထဲမှ နှစ်ဦး ထပ်မံသေဆုံးခဲ့၍ စုစုပေါင်း ၂၂ ဦး သေဆုံးသွားခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူ ၁၅ ဦး ရှိပြီး ၅ ဦးသာ လွတ်မြောက်နိုင်ခဲ့ သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ဖြစ်စဉ်ကို အတည်ပြုခဲ့ ပြီး ပွင့်လင်းရာသီတွင် ပုံမှန်လုပ် ငန်းများ ဆောင်ရွက်ခြင်းအဖြစ် လမ်းများဖောက်လုပ်ရာ၌ လုံခြုံရေး ဆောင်ရွက်သော တပ်မတော် စစ်ကြောင်းများကို ကေအိုင်အေဘက်က လာရောက်ပစ်ခတ်ခဲ့မှုများရှိသောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ် မတော်ထိပ်တန်းအရာရှိ တစ်ဦးက ပြောသည်။
အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုဂံမြို့၌ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်ကာလနှင့်လည်း တိုက်ဆိုင်နေပြီးတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် လဆန်း၌ ကျင်းပနိုင်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘ဟိုဘက်က လုပ်ငန်းတွေ မလုပ်နိုင်အောင် ရည်ရွယ်ချက် ရှိရှိနဲ့ ယန္တရားတွေကို လာရောက် ပစ်ခတ်မှုတွေ ရှိတယ်။ ဒါကြောင့် ပြန်ပစ်ခဲ့တာ ကျွန်တော်တို့က အ ကြောင်းမဲ့သက်သက်ပစ်ခတ်တာ မျိုး မရှိပါဘူး။ ဒါလေးတော့ ပေါ် လွင်စေချင်ပါတယ်’’ဟု မပခထိပ် တန်းတပ်မတော်အရာရှိက ဆို သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် မြောက်ရေးအဖွဲ့ (PCG) မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ပူးတွဲအဖွဲ့၊ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှင့် ၀န်ကြီးဦးအောင်မင်းတို့ထံသို့  အကြောင်းကြားထားကြောင်း  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။
ယင်းကဲ့သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုနှင့်ပတ်သက်၍ ‘‘အ ကြောင်းရင်းကတော့ ပြောလို့ မကောင်းသေးပါဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။
အစိုးရနှင့် ကေအိုင်အိုတို့ ကြား ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားမှု လျော့နည်း သွားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ ဒေသအချို့တွင် ထိတွေ့မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။
MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကမူ ၎င်းတို့အနေ ဖြင့် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်နိုင်ရေးအတွက်သာ ပြင် ဆင်နေပြီး အထက်ပါဖြစ်စဉ်များ ကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား မကြာမီ ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေး ပွဲအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့သည်။
‘‘ခုချိန်မှာ စောသေးလို့ ဘာ မှတ်ချက်မှ မပေးချင်သေးဘူး’’ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် အစိုးရ တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲ များ ပြင်းထန်စွာပြန်လည်ဖြစ်ပွား လာမည်ကို စိုးရိမ်နေကြောင်း ဒေသတွင်း လူမှုရေးအဖွဲ့အစည်း များက ဆိုသည်။ အစိုးရတပ်နှင့် ကေအိုင်အေတို့ ၂၀၁၁ ခုနှစ် ဇွန် လဆန်းမှစတင်၍ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ ပြီး စစ်ဘေးရှောင်ပြည်သူ တစ်သိန်း ကျော်မှာ ယာယီစခန်းများတွင် ခိုလှုံနေရသည်။
 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကလည်း ခါရာ ခရာတောင် အခြေစိုက် အစိုးရတပ်ခမရ ၃၈၉ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းသင်တန်း တက်ရောက်နေသော ABSDF မှ အရာရှိသင်တန်းသား နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
7Days

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ