ယနေ့ နံနက် ၆ နာရီခွဲခန့်က ဧရာဝတီတိုင်းဒေသကြီးကြံခင်းမြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ခေါင်းဖြုတ်သူ ကို ဒေသခံများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်ဦးခေါင်းတက်ဖြုတ်သူမှာ ဟိုင်းကြီးမြို့နယ်မှ ကြံခင်းမြို့နယ်သို့ အလုပ်ကိစ္စနှင့် လာရောက်သူဖြစ်ပြီး ဗိုလ်ချုပ်ဦးခေါင်းကိုဖြုတ်ယူပြီးနောက် ဦးခေါင်းနှင့်အတူ အောက်သို့ပြုတ်ကျခဲ့သဖြင့် ဒေသခံများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ကြံခင်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
‘‘ဖြစ်တဲ့အချိန်က မနက် ၆ နာခွဲကျော်လောက်မှာ လုပ်တာ။မလုပ်ခင် ဗိုလ်ချုပ်အရုပ်ကိုဖက်ပြီး ငိုနေသေး တယ်။ ပြီးတော့ မနေ့က ထားထားတဲ့ပန်းခြင်းတွေကို အရင် ဖျက်စီးသေးတယ်။ပြီးတော့ ဗိုလ်ချုပ်အရုပ်ပေါ် တက်ပြီး ခေါင်းကိုနှဲ့ချိုးပစ်တာ"ဟုအဆိုပါဒေသခံက ပြောသည်။
ပြစ်မှုကျူးလွန်သူ ကိုဖြိုး(ခ) ဖြိုးကျော်ဌေးအသက်(၂၇)နှစ်ကို ကြံခင်း ရဲစခန်းမှ ပြစ်မှုပုဒ်မ (၁)ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီးအမှုကို ဆက်လက်စစ်ဆေးနေကြောင်း ကြံခင်းရဲစခန်းမှ ရဲအရာရှိက ပြောသည်။
7Day Daily
No comments:
Post a Comment