မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီသည် ယနေ့နေ့လည်ပိုင်း တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့သွားရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မင်းသမီးဂျိုလီသည် ယနေ့နံနက် ၁၀နာရီအချိန်က နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နံနက် ၁၁နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့ သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေး ဆုံးရှုံးမှုများပြားနေရ သည့် အကြောင်းရင်းများဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ၊ဆင်းရဲမွဲတေမှုများနှင့် တရားဥပဒေစိုးမိုးရေး အားနည်းမှုများ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ၎င်း၏ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။
မင်းသမီးသည် ဇူလိုင်၃၀ရက်တွင် စစ်တွေမြို့ရှိ IDP(ပြည်တွင်းဒုက္ခသည်) စခန်းများသို့ သွားရောက်မည် ဖြစ်ပြီး ယင်းနေ့တွင်ပင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ IDP စခန်းများသို့ လည်း သွားရောက်မည် ဖြစ် သည်။
ဓာတ်ပုံ-H.E. Thura U
မဇ္ဈိမ
No comments:
Post a Comment