Tuesday, July 21, 2015

ဖေဖေ မကျခဲ့လိုက်သော မျက်ရည်တစ်စက်

ဖေဖေဟာ သူ့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ ကျနော်တို့ မောင်နှမသုံးယောက်ကို ဇာတိသွေးဇာတိမာန်နဲ့ ပါတ်သက်ခဲ့ပြီး အရမ်းကို အလေးထားခဲ့ပါတယ်။

ရာဇဝင်သမိုင်းစာအုပ်တွေနဲ့ မွေ့လျော်ကြီးပြင်းလာခဲ့တဲ့ ဖေဖေဟာ ကျနော်တို့ သုံးယောက်ကို နာမည်ပေး ခဲ့တာတောင် ရှေးခေတ်က ထင်ရှားခဲ့တဲ့ ပျူစောထီးမင်းဆက်ကို အတုယူပြီး ပေးခဲ့တာပါ။

ပျူစောထီးမင်းကြီးဟာ သူ့သားတော်ကို ထီးမင်းယဉ်ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ပျူစောထီးဆိုတဲ့ နောက်ဆုံးစာလုံးဖြစ်တဲ့ " ထီး " ဆိုတဲ့ အမည်ကို သူ့ရဲ့သားတော် ထီးမင်းယဉ် ရဲ့ ရှေ့ဆုံးမှာ မှဲ့ခေါ်စေခဲ့ ပြီး သူနတ်ရွာစံတော်မူ သွားတဲ့အချိန်မှာ မင်းလုပ်အုပ်ချုပ်စေခဲ့ပါတယ်။

အဲဒီနောက် ထီးမင်းယဉ်ဘုရင်ဟာ သားတော်မွေးဖွားတဲ့အခါမှာ သူ့ဖခမည်းတော်ကြီးက သူ့အပေါ် နာမည် ပေး ကင်ပွန်းတပ်ခဲ့တဲ့ ပုံစံအစဉ်အလာ ဓလေ့အတိုင်း သူ့ရဲ့နောက်ဆုံးစာလုံး " ယဉ် " ဆိုတဲ့ အမည်ကို သူ့ရဲ့သားတော် ယဉ်မင်းပိုက် မင်းသားရဲ့ ရှေ့ဆုံးမှာ ထားပြီး မှဲ့ခေါ်စေခဲ့ပါတယ်။

အဲဒီလိုနဲ့ ယဉ်မင်းပိုက်ဘုရင်က သူ့သားကို ပိုက်လည်သေဆိုပြီး မှည့်ခေါ်စေခဲ့သလို ပိုက်လည်သေ ဘုရင်ဖြစ်လာတဲ့အခါ သားတော်ကို သေလည်တုံ ဆိုပြီး သူတို့မျိုးရိုးကို အထူးထိမ်းသိမ်းကာ မှဲ့ခေါ်ကြပါ တယ်။

အဲဒီလိုပါဘဲ ကျနော်တို့ရဲ့ဖေဖေ ဦးအောင်ဆန်းဟာ သားအကြီးဆုံး ကျနော့်ကို ပျူစောထီးမင်းဆက်ကို နှလုံးမူကာ အောင်ဆန်းဦး ဆိုပြီး နာမည်ပေးလိုက်ကာ သူ့ထိမ်းသိမ်းခဲ့တဲ့ ကျနော်တို့ အဘိုးဘွားတွေရဲ့ မျိုးရိုးကို ဆက်လက်စောင့်ထိမ်းစေဖို့ လူ့ဘဝထဲကို ယုံကြည်စွာနဲ့ မွေးဖွားပေးလိုက်ပါတယ်။

နောက်တော့ ညီလေး အောင်ဆန်းလင်း နဲ့ ညီမလေး အောင်ဆန်းစုကြည် အပေါ်ကိုပါ ကျနော်တို့ အဘိုးတွေ အဘွားတွေ ထုဆစ်တည်ဆောက်ခဲ့တဲ့ အနာဂါတ်မျိုးဆက်ကို စောင့်ထိမ်းဘို့တာဝန်ကို ယုံယုံကြည်ကြည် ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျနော်တို့ လူလားမြောက်ပြီး တစ်ရက်မှာ ကျနော့် ညီမငယ်လေးဟာ နယ်ချဲ့နံ့  သိပ်မပျယ်ရှာ သေးတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတဲ့သတင်းကို ကျနော် မယုံကြည်နိုင်စွာ ကြားခဲ့ရပေမဲ့ လက်ရှိအနေအထားဟာ ကျနော့်အတွက် အိပ်မက်ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ နောက်မှာ ကြေကွဲရှစွာနဲ့သက်ပြင်းဘဲ ကျနော်ချလိုက်ရပါတော့တယ်။

အဘိုးဖြစ်တဲ့ ဗိုလ်မင်းရောင်ရဲ့ ပုံရိပ်ရယ် သေနတ်ဒဏ်ရာ ပရပွနဲ့ လုပ်ကြံခံလိုက်ရတဲ့ ဖေဖေ့ရုပ်ပုံရယ် ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ ယူနီယံဂျက်အလံရယ် စာပွဲပေါ်က ယောက်ဖတော်ရမဲ့ ကုလာဖြူကောင်ရယ် ဖေဖေ့ ဈာပနမှာ မျက်ရည်တွေခခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေရယ် နောင်ဖြစ်လာမဲ့ အနာဂါတ်မှာ ရှိလာတော့မဲ့ ဖေဖေ့မြေး ကုလားဖြူသွေးလေးတွေ အားလုံး အားလုံးကို တွေးမြင်နေရင်းနဲ့ ကျနော်ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် အဲဒီအချိန်က ချခဲ့ရပါတယ်။

သူမကို ကျနော့်ရဲ့မိသားစုဝင်အဖြစ်ကနေ ထာဝရထုတ်ပါယ်လိုက်တဲ့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောင် တစ်ချိန်မှာ ကျနော့်အတွက် နောင်တရဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်သေသေချာချာ သိနေခဲ့ပါတယ်။

ဒီထက်ပိုပြီး ဖြစ်သင့်ခဲ့တာက အဲဒီအချိန်မှာ ဖေဖေ့ကို ချစ်ကြပါတယ်ဆိုတဲ့ ပြည်သူလူထုကြီးရဲ့နှလုံးသား ထဲကပါ သူ့ကို ထုတ်ပါယ်ခဲ့သင့်တာပါဘဲ။

အခုအချိန်မှာတော့ ....
မရှိရှာတော့ပြီဖြစ်တဲ့ ဖေဖေကဟာ မျက်ရည်မကျနိုင်ခဲ့ တော့ပြီလေ။

-
-
-
-
အောင်ဆန်းဦး (ခေတ္တ ရန်ကုန် )
-
-
-
-

ကိုယ်စား
-
-
-
-

ခိုင်ဇော်
Oppositeye myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ