Saturday, August 30, 2014

ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ကို သတ်ပစ်ပြီး ကလေးငယ်ကို ရယူဖို့ ကြိုးစားတဲ့ အမျိုးသမီးအား ဖမ်းဆီး



မက္ကဆီကိုနိုင်ငံ၊ တီပစ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးကို သတ် ပစ်ပြီး၊ ကလေးငယ်ကို ရယူဖို့ ကြိုးစားခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 

အသက် (၂၉) နှစ် အရွယ်ရှိ မာရီယာ ရိုဒရီဂွက်ဇ်ဟာ ကိုယ်ဝန် ရှစ်လလွယ် ထားရတဲ့ အမျိုးသမီး နာဒီယာ ကို ဓားနဲ့ ထိုးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရိုဒရီရဂွက်ဇ်ဟာ ကလေးအရမ်းလိုချင်သူဖြစ်ပြီး၊ သူ့မိသားစု ကလည်း ကိုယ်ဝန် ဆောင်ထားကြောင်း လိမ်ညာမှု ပြုလုပ်ခဲ့ပါတယ်။ ဒါကို သိရှိပြီးတဲ့ နောက်မှာ ရိုဒရီဂွက်ဇ်ဟာ ကိုယ် ၀န်ဆောင်ထားတဲ့ အမျိုးသမီးဆီ ကနေ ကလေးကို ရယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 

ရိုဒရီဂွက်ဇ်ဟာ သူ့ရဲ့ပြစ်မှုအတွက် ဖြောင့်ချက်ပေးခဲ့တာမို့ ကလေးငယ်ကို သတ်မှု၊ ကလေးမိခင်ကို သတ် မှုစတဲ့ စွဲချက်နှစ်ခုကို ရင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ကိုယ်ဝန်ဆောင် ထားတဲ့ နာဒီယာအိမ် ကို သွားရောက်ပြီး ဗိုက်ထဲက ကလေးကိုရယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ နာဒီယာက နှစ် သိမ့်မှုတွေပြု လုပ်ပြီး အန္တရာယ် မပေးအောင် ကြိုးစားခဲ့ပါတယ်။ 

ဒါပေမဲ့ ရိုဒရီဂွက်ဇ်ဟာ နာဒီယာကို ပါးစပ် ပိတ်ပြီး ကလေး ကိုရယူဖို့ စတင်ကြိုးစားခဲ့ပါတယ်။ နာဒီယာက ရုန်းကန်မှုပြု လုပ်တာမို့ ချုပ်နှောင်ပြီး ၀မ်းဗိုက်ကို ဓားနဲ့ထိုးလိုက်တာ ဖြစ်ပါတယ်။ ဒီ နောက် ရိုဒရီဂွက်ဇ် ဟာ ဗိုက်ထဲက ကလေးကို ထုတ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကလေးငယ်က သေဆုံးနေပြီဖြစ်လို့ ဆက်လက်ကြိုး စားခြင်း မရှိတော့ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ ရိုဒရီဂွက်ဇ်က သူ့အနေနဲ့ ကလေးရယူလိုချင်တာမို့ အခုလိုမျိုး ကျူးလွန်ခဲ့ရခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Messenger

Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ

အင်တာနက် အသုံးပြုရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်ခြင်း ခံနေရသည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းမှ အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်သို့ စတင်လျှော့ချပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Ross Cormack က ယနေ့ ပြောကြားလိုက်သည်။
ယခင်က Ooredoo သည် ၎င်းတို့၏ အင်တာနက်အသုံပြုခကို 1MB လျှင် ၂၅ ကျပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ ဝေဖန် အကြံပြုချက်အရ 1MB လျှင် ၁၀ ကျပ်အဖြစ်သို့ သြဂုတ်လ ၃၁ ရက်တွင် စတင်ပြောင်းလဲ ကောက်ခံသွားမည်ဟု Mr. Ross Cormack က ဆိုသည်။ Ooredoo သည် ၎င်း၏ ပုံမှန် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ အဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း ယခင် သတ်မှတ် ထားသည့် နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan များကို ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ Data Plan အရ တစ်လအတွင်း အသုံးပြုသည့် 1GB ကို ၁၂,၀၀၀ ကျပ် ကောက်ခံထားသည်။ ပုံမှန်အားဖြင့် 1MB လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုပါက 1GB လျှင် ၁၀,၂၄၀ ကျပ်သာ ကျသင့်မည် ဖြစ်သည့်အတွက် Data Plan များမှာ ဈေးနှုန်းပိုမို မြင့်မားနေမည် ဖြစ်သည်။
Ooredoo ၏အဆိုအရ ၎င်းတို့၏ Data Plan သည် ပရိုမိုးရှင်းများ ထပ်မံပါဝင်သည့်အတွက် အသုံးပြုရန် သင့်လျော်သည့် အနေအထားဖြစ်သည်ဟု သိရသည်။ Ooredoo ၏ ကွန်ရက်သည် လက်ရှိအချိန်၌ လူဦးရေ ၉ မီလီယံ ကို လွှမ်းခြုံထားကြောင်း၊ အသုံးပြုသူ လူဦးရေ ၁ မီလီယံကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်သည့် Ooredoo သည် လာမည့် နှစ်ပတ်အကြာ ကာလအတွင်း လူဦးရေ ၁၂.၃ မီလီယံကို ကွန်ရက် လွှမ်းခြုံပေး မည် ဖြစ်ကြောင်း Mr. Ross Cormack က ပြောသည်။ ထို့အပြင် ရန်ကုန်မြို့၌ ကွန်ရက်ကောင်းမွန်ခြင်း မရှိသေးသည်ကိုလည်း ၎င်းတို့ အနေဖြင့် သိရှိထားကြောင်း ပြောဆိုခဲ့သည်။
Inmternet

မောင်ကောင်းဇံမရ ဂျပန်နာမည်ကြီး ကလပ်အသင်းကြီးနှင့် ၃ နှစ်စာချုပ်မည်




တိုကျို ယူ ၁၂ အသင်းလက်ရွေးစင် ဂိုးသမား မောင်ကောင်းဇံမရ ကျောနံပတ် ၂၂ ဟာ ဂျပန်နိုင်ငံနာမည်ကြီး ကလပ် Tokyo Verdy အသင်းကြီးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုတော့မယ်လို့ မောင်ကောင်းဇံမရရဲ့ မိဘတွေက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။

တိုကျိုမြို့မှာ သြဂုတ် ၂၈ ရက်နေ့က စတင်ကျင်းပနေတဲ့  U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲမှာ တိုကျိုလက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၂၂ ဂိုးသမားအဖြစ် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ  ပါဝင်ကစားနေတာဖြစ်ပါတယ်။

နိုင်ငံတကာက အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ အေစီမီလန် စတဲ့ အသင်းကြီးတွေရဲ့ လက်ရွေးစင်လူငယ်အသင်းတွေနဲ့အတူ ဂျပန်နိုင်ငံနာမည်ကြီး ကလပ်အသင်းကြီးတွေရဲ့ လူငယ်လက်ရွေးစင်အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

မောင်ကောင်းဇံမရ ပါဝင်ယှဉ်ပြိုင်နေတဲ့ တိုကျိုအသင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီး သြဂုတ် ၃၀ ရက်နေ့မှာ အေစီမီလန်လူငယ်အသင်းနဲ့ ဆက်လက်ယှဉ်ဖို့ ရှိနေပါတယ်။

မောင်ကောင်းဇံမရဟာ ဖခင်ဖြစ်သူ မြန်မာနိုင်ငံ ဘောလီဘောအသင်း လက်ရွေးစင်ဟောင်းနဲ့ မိခင်နိုင်ငံရေး အကျဉ်းသူဟောင်းတို့က ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ၂၀၀၂ ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

By ဇော်ဇော်လှိုင် (ဒီဗွီဘီ)

ဂွာတီမာလာတွင် ဒေသခံများနှင့် အဆင်မပြေသည့် ဂျူးလူမျိုးများ ရွာမှ နှင်ထုတ်ခံရ

ဂွာတီမာလာ နိုင်ငံရှိ ရွာလေးတစ်ရွာတွင် ဒေသခံ တိုင်းရင်းသားများနှင့် အဆင်မပြေမှုကြောင့် ဂျူးလူမျိုးများ ဖိအားပေး ပြောင်းရွှေ့စေခြင်းနှင့် ကြုံခဲ့ရကြောင်း သတင်းရရှိသည်။
အော်သိုဒေါ့စ် ဂျူးအနွယ်ဝင် (၂၃၀)ကျော်တို့သည် ဂွာတီမာလာ အနောက်ပိုင်း ဒေသရှိ ရွာငယ်လေး တစ်ခုမှ ဩဂုတ် (၂၉)ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ၎င်းတို့သည် ဒေသခံ တိုင်းရင်းသား လူ့အဖွဲ့အစည်းနှင့် ပဋိပက္ခအချို့ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
မာယာတိုင်းရင်းသားမျိုးနွယ် ခေါင်းဆောင်ပိုင်းက ဂျူးတို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဆန်ဟွမ်လာ လာဂူနာ ကျေးရွာမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။ တိုင်းရင်းသားများက ဂျူးတို့သည် တိုင်းရင်းသားများကို ခွဲခြားဆက်ဆံပြီး ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကို အတင်းအကျပ် သွပ်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
လက်ဗ်တာဟာခေါ် ဂျူးအဖွဲ့အစည်းသည် အဆိုပါ ရွာလေးတွင် လွန်ခဲ့သည့် (၆)နှစ်က စတင်အခြေချခဲ့ပြီး ၎င်းတို့အနေဖြင့် ဘာသာတရား လွတ်လပ်ခွင့်ကို ရှာဖွေနေကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းများမှ စတင်ကာ ဂျူးလူမျိုးများသည် ၎င်းတို့၏ အထုပ်အပိုးများကို ကြိုတင် ပြင်ဆင်နေခဲ့ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တာပါ။ ခုလို ဖြစ်ရပ်မျိုးကို ရှောင်ရှားချင်တာကြောင့် ထွက်ခွာဖို့ ပြင်ဆင်နေကြတာပါ”ဟု လက်ဗ်တာဟာ အဖွဲ့ဝင် မီဆေးလ်ဆန်တို့စ်က AFPသို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ရွာမှာ ဆက်နေဖို့ အခွင့်အရေး အပြည့်ရှိပါတယ်။ ဒါပေမဲ့ ရွာခံတွေက ကျွန်တော်တို့ကို လူစုလူဝေးနဲ့ ရန်ပြုလာမယ် ဆိုတာမျိုး ခြိမ်းခြောက်ခဲ့ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
လက်ဗ်တာဟာ ဂျူးအဖွဲ့အစည်းသည် ဂွာတီမာလာ နိုင်ငံအတွင်း တစ်နေရာရာတွင် အခြေချ နေထိုင်နိုင်ရန် မျှော်လင့်ထားကြသည်။ အဆိုပါ ဂျူးလူမျိုးများတွင် ဆန်ဟွမ်လာ လာဂူနာ၌ လွန်ခဲ့သည့် (၆)နှစ် ကတည်းက အခြေချခဲ့သူများအပြင် ယခုနှစ် အစောပိုင်းကမှ အာဏာပိုင်များနှင့် အဆင်မပြေဘဲ ကနေဒါမှ ကူးပြောင်း ရောက်ရှိလာသူများပါ ပါဝင်ကြောင်း သိရှိရသည်။
_BBC

Friday, August 29, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များအား နိုင်ငံတစ်ဝန်းရှိလက်လီ အရောင်းဆိုင်များ တွင်ရောင်းချမည်




မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များကိုပြည်နယ်နှင့်တိုင်းဒေသ ကြီးရှိလက်လီအရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ရန်ဆောင်ရွက် လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ တန်ဖိုးနည်းဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်းရှိလက်လီအရောင်းဆိုင်များတွင် စက်တင်ဘာ လ (၁) ရက်နေ့မှစတင်ကာရောင်းချသွားမည်ဖြစ်ကြောင်း၊ လစဉ်လတိုင်းဝယ်ယူရရှိနိုင်ရန်ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး ၏လုပ်ငန်းကထုတ်ပြန်သည်။
ယခင်လများက ပြည်နယ်နှင့်တိုင်း ဒေသကြီးများသို့ လိုအပ်ချက်အပေါ်မူတည် ၍ခွဲတမ်းစနစ်ဖြင့်ရောင်းချခဲ့သော်လည်း စက်တင်ဘာလ မှစတင်ကာ အစီအစဉ်ကိုပြောင်းလဲလိုက်ခြင်းဖြစ်သည်။ အဆိုပါဆင်းမ်ကတ်များ ကိုလစဉ်လတိုင်းဝယ် ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိမြို့နယ်များ၊ မြို့နယ်တိုင်း တွင်ရရှိနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်ပေး မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှထုတ်ပြန်သည်။ လက်ရှိဝယ်ယူရရှိနိုင်မည့်မြို့နယ်များ ကို အောက်ပါအတိုင်းထုတ်ပြန်ထားသည်။
Internet

တရားဥပဒေစိုးမိုးရေးကော်မတီ ဘာအလုပ်မှမလုပ်ဘဲ လိုင်းကြောင်နေ ဟု ဆို



Friday, August 29, 2014
တရားဥပဒေ စိုးမိုးရေးကော်မတီသည် ဘာအလုပ်မှမလုပ်ဘဲ
လိုင်းကြောင်နေသည် ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။
“တရားဥပဒေစိုးမိုးရေးကော်မတီဆိုတာရှိတယ်။အဲဒီကော်မတီ
က ဘာအလုပ်မှ လုပ်တာ မရှိဘူး။ ငါတို့လုပ်လိုက်ရင် အစိုးရ
နံမည်ရသွားလိမ့်မယ် ဆိုပြီး သဘော ရှိလားတော့ မသိဘူး။
အဲဒီကော်မတီက အလုပ်တွေအများကြီး ရှိတယ်။အဲဒါကိုသူ
တို့ မလုပ်ဘူး” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ဦးလှဆွေက Hot News ဂျာနယ်အား ပြောကြားခဲ့ခြင်း ဖြစ်
သည်။
“စဖွဲ့စဉ် ကာလကတော့ တရားရုံးတွေကို သွားရောက် စစ်ဆေး
ခဲ့တယ်။ အလုပ် လုပ်ပြတယ်။ နောက်တော့ အလုပ်မလုပ်တော့
ဘူး။ အခုကျတော့ ၄၃၆ လိုင်း ရောက်ပြီး လိုင်းကြောင်နေတယ်”
ဟု ၄င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီသည် ပြည်သူ့လွှတ်တော်သို့ အစီ
ရင်ခံစာ တစ်စောင် တင်သွင်းခဲ့ပြီး လာမည့် လွှတ်တော်အစည်း
အဝေး တွင် နောက်ထပ် တစ်စောင် တင်သွင်း မည် ဖြစ်ကြောင်း
ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က မကြာသေးခင်က ထုတ်
ဖော်ပြောကြားထားသည်။
အဆိုပါ ကော်မတီ၏ လုပ်ဆောင်ချက် မည်မည်ရရ မရှိပုံကို
ဦးလှဆွေက ဝေဖန်ခဲ့ရာ၌ ”ကျွန်တော်ပါတဲ့ ကော်မတီဆိုရင်
ဥပဒေ(၂)ခု ရေးဆွဲတယ်။ ပြသနာ တွေ ဖြစ်တဲ့နေရာတွေကို
ကွင်းဆင်းစစ်ဆေးတယ်။ တိုင်စာတွေအတွက် ခေါ်ပြီး ကြား
နာတယ်။ ဒါမျိုးတွေ လုပ်ဖို့ ဖွဲ့ထားတဲ့ကော်မတီက အလုပ်လုပ်
မယ် ဆိုရင် မဆိုးဘူး။ အခု တရားဥပဒေ စိုးမိုးရေးကော်မတီ
က ဘာတစ်ခုမှ မယ်မယ်ရရ လုပ်တာမတွေ့ရဘူး လို့ ပြော
ချင်တယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်သော ယင်းကော်မတီ
သည် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များသာ ပါရှိသည့်
အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ပါ
ဝင်ခြင်း မရှိခဲ့သဖြင့် ဝေဖန်မှုများ ခံခဲ့ရကြောင်း သိရှိရသည်။
“ဒါက သူ့ကော်မတီမှာ လုပ်နိုင်ကိုင်နိုင်တဲ့သူ မရှိဘူးလေ။
လက်ပံတောင်းကော်မတီတုန်း က လုပ်နိုင် ကိုင်နိုင်တယ်
ဆိုတာ ကြံ့ခိုင်ရေးကအမတ်တွေ၊အစိုးရအရာရှိဟောင်းကြီး
တွေက အကုန်လုံး သူတို့ လုပ်သွားတာ။ NLD ပါတီမှာ အရည်
အချင်း ပြည့်မီတဲ့သူ မရှိဘူး။ ဒေါ်စုကလွဲရင် ကျန်တဲ့သူတွေက
သုံးစားမရဘူး။ ဒေါ်စုကိုယ်တိုင်တောင် သူ့ကော်မတီအလုပ်
တွေမည်မည်ရရ မလုပ်နိုင်ဘူး ဆိုမှတော့ အောက်ကလူတွေ
ဆို ပြောစရာကို မရှိနိုင်တော့ဘူး။
လွှတ်တော်ထဲမှာ NLD အမတ်တွေ မေးတဲ့ မေးခွန်းတွေ လေ့
လာကြည့်ရင်လည်း အခါကြီးရက်ကြီးတွေ နာမည်ပြောင်းဖို့ တို့၊
ခေါင်းပေါင်းချွတ်ခွင့် တို့၊ ဒါမျိုးတွေပဲ ကြည့်လေ။ ဒေါ်စုကိုယ်တိုင်
လွှတ်တော်ထဲမှာ ဘယ်ဥပဒေ ပြဌာန်းနိုင်ခဲ့လို့လဲ။
ဒီတော့ ဦးလှဆွေ ပြောတာ မှန်တယ်ဗျ” ဟု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်အတွင်း စွမ်းဆောင်ရည်
မှာ သိသိသာသာ ကျဆင်းနေပြီး NLD ပါတီအနေဖြင့်လည်း လူ
အစားထိုးနိုင်ရန်အတွက်လွန်စွာမှပင်ဒုက္ခရောက်လျက်ရှိကြောင်း
သတင်းရရှိသည်။
(ပြည်သူ့အာဏာ)

သမံတလင်းကို လျှာဖြင့် လျက်ခိုင်းသော ဆရာမအား နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်း

  အတန်းထဲတွင် စကား များသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်း ကျောင်းသားအား သမံတလင်းကိုလျှာဖြင့် လျက်ခိုင်း သော မူလတန်းပြဆရာမကို နှစ် တိုး တစ်ကြိမ်ရပ်ဆိုင်းရန် ပညာ ရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက် သည်။
‘‘၀န်ကြီးဌာနရဲ့ ဆုံးဖြတ် ချက်ပါ။ ၂ နှစ် တစ်ကြိမ်တိုးပေးတဲ့ နှစ်တိုး(ကျပ်တစ်ထောင်) မရ တော့ဘူးပေါ့။ အဲဒီအပြင် ရာထူး တိုးတဲ့နေရာမှာလည်း ထိခိုက်မှုရှိ နိုင်ပါတယ်။ လုပ်သက်လျှော့တဲ့ သဘောလည်း ပြောလို့ရပါတယ်’’ ဟု ဝေါမြို့နယ်၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
ပညာရေးဝန်ကြီးဌာန၊ စီမံ ခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးမှတ်တမ်းအရ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်းမှ မူလတန်းပြဆရာမ အား နှစ်တိုး တစ်ကြိမ် ရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်။
အခြေခံပညာအလယ်တန်း ကျောင်း၌ အတန်းပိုင်းဆရာမ တစ်ဦးက ၂၀၁၃-၁၄ ပညာသင်နှစ်ကုန်ခါနီးတွင် ကျောင်းသားအားကျောင်းသမံတလင်းကို လျှာ ဖြင့် လျက်ခိုင်းခဲ့ကြောင်း ဖခင် တစ်ဦးက ယခုနှစ် ဇူလိုင်တွင် ပညာရေးဝန်ကြီးဌာနသို့ တိုင် ကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နောင်တွင် အလား တူကိစ္စရပ်များ ဖြစ်ပွားခြင်း မရှိ အောင် ဆရာမတစ်ဦး၏ လိုက် နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ လမ်းညွှန်ချက်များအတိုင်း လိုက် နာ နေထိုင်ပြုမူသွားမည်ဖြစ် ကြောင်း ပြစ်ဒဏ်ချမှတ်ခံရသော မူလတန်းပြဆရာမက ၀န်ခံကတိ လက်မှတ်ရေးထိုးခဲ့သည်။
စစ်ဆေးရေးအဖွဲ့စစ်ဆေး စဉ်က ကျောင်းသားအား သမံတ လင်းကို လျှာဖြင့် လျက်ခိုင်းသော ကိစ္စကို မူလတန်းပြဆရာမကငြင်းဆိုခဲ့သော်လည်း ယခုအခါနှစ်တိုး တစ်ကြိမ် ရပ်ဆိုင်းသော အမိန့်စာကို လက်ခံရရှိကြောင်း နှင့် ယင်းကဲ့သို့ကိစ္စရပ်များ ထပ်မံ မဖြစ်ပွားရန် လိုက်နာမည်ဖြစ် ကြောင်း ကတိပေးခဲ့ခြင်း ဖြစ် သည်။
ပညာရေး ၀န်ကြီးဌာနကို တိုင်ကြားခဲ့သော ကျောင်းသား ဖခင်က မူလတန်းပြဆရာမအား ချမှတ်သော ပြစ်ဒဏ်အပေါ် စိတ် ကျေနပ်မှုမရှိသောကြောင့် တရား ရုံးသို့ ဆက်လက်တင်ပြ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဆိုသည်။
‘‘ကျွန်တော့်ရှေ့နေနဲ့ တိုင် ပင်ပြီးတော့ တရားရုံးတင်ဖို့ပဲရှိ ပါတယ်။ ကလေးပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစား ရတော့မယ်’’ဟု ကျောင်းသား၏ ဖခင်ကပြောသည်။
မူလတန်းပြ ဆရာမအား ချမှတ်ခဲ့သော ပြစ်ဒဏ်သည် ကျောင်းသားအပေါ် ပြုမူဆောင် ရွက်ခဲ့မှုနှင့် ထိုက်တန်မှုမရှိသော ကြောင့် အလားတူ ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်မည်ကို စိုးရိမ် ကြောင်း ကျောင်းသား၏ ဖခင်က ပြောသည်။
7Day

ကန်ဒေါ်လာတစ်သိန်းတန် သရဖူယူပြီး တိမ်းရှောင်နေသည်ဟု မေမြတ်နိုး စွပ်စွဲခံရ

 
အာရှပစိဖိတ်အလှမယ် သရဖူကို ပူပူနွေးနွေးအသိမ်းခံခဲ့ရ သည့် မြန်မာအလှမယ် မေမြတ်နိုး သည်အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကိုယူပြီးတိမ်းရှောင်နေသည်ဟု တောင်ကိုရီး ယား အာရှပစိဖိတ်အလှမယ်အ ဖွဲ့အစည်းက သောကြာနေ့တွင်စွပ်စွဲလိုက်သည်။
မေမြတ်နိုးကို အာရှပစိဖိတ် အလှမယ်အဖြစ်မှ ရပ်စဲလိုက်ပြီး သရဖူရုပ်သိမ်းကြောင်းကို ၂၇ ရက်က ကြေညာခဲ့ကာ သြဂုတ် ၂၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ရှိ အာရှပစိဖိတ်အလှမယ် အဖွဲ့ အစည်းသို့ သရဖူနှင့် စလွယ်အပ် နှံရန် ပြောကြားခဲ့သည်။ သို့သော် မေမြတ်နိုးနှင့် ၎င်း၏ မိခင်တို့သည် သြဂုတ် ၂၇ ရက် နံနက်အစောကအဖွဲ့အစည်းထံအကြောင်းကြားခြင်းမရှိဘဲ သရဖူကိုယူဆောင်၍ မြန်မာနိုင်ငံသို့ ပြန်သွားကြောင်းအဖွဲ့အစည်းဘက်မှ ထုတ်ဖော်ပြောကြားထားသည်။

အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေးဗစ်ကင်ကို ကိုးကား၍ ဧရာဝ တီသတင်းတစ်ရပ်တွင် မေမြတ် နိုးသည် သရဖူသိမ်းဆည်းခံရမည်ကို ယခုရက်သတ္တပတ်အစောပိုင်းကတည်းက သိရှိထားကြောင်း ဖော်ပြထားသည်။
အဆိုပါ ဒါရိုက်တာကပင် တောင်ကိုရီးယားသို့ ရောက်ရှိနေ ခိုက် မေမြတ်နိုးကို ရင်သားခွဲစိတ် ပြုပြင်ရန် အမေရိကန်ဒေါ်လာ တစ်သောင်း စပွန်ဆာပေးထား ကြောင်း ပြောကြားထားသည်။
မေမြတ်နိုးအနေနှင့်လည်း တောင်ကိုရီးယားသို့ ရောက်ရှိပြီး နှစ်ရက်အကြာ သြဂုတ် ၁၈ ရက် က ဘူဆန်မြို့ရှိ ဆေးရုံတစ်ခုတွင် တောင်ကိုရီးယားရှိ အာရှပစိဖိတ် အလှမယ် အဖွဲ့အစည်းနှင့် သ ဘောတူညီထားသည့်အတိုင်း ဒေါ်လာတစ်သောင်းကုန်ကျ သည့် ရင်သားခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမှ အာရှပစိဖိတ်အလှမယ် အဖွဲ့အစည်းမှသိရှိရသည်။
ထိုကိစ္စများနှင့်ပတ်သက်၍ မေမြတ်နိုးထံသို့ သြဂုတ်လ ၂၉ ရက် ညဦးပိုင်းကဆက်သွယ်မေး မြန်းခဲ့ရာ တစ်စုံတစ်ရာဖြေကြား ခြင်းမရှိဘဲလာမည့် အင်္ဂါနေ့ (စက်တင်ဘာ ၂ ရက်) တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟုသာ ဖြေကြားခဲ့သည်။
  သို့သော် ဘီဘီစီမြန်မာပိုင်းသို့ ၎င်းအနေဖြင့်စည်းကမ်းဖောက်ဖျက်ခြင်း လုံးဝ မရှိခဲ့ဘဲ သရဖူသည် မြန်မာနိုင်ငံကိုယ်စားပြုရရှိထားခြင်းဖြစ်၍ မြန်မာလူထုက ပြန်အပ်စေလိုလျှင် ပြန်လည်
ပေးအပ်သွားမည်ဟု မေမြတ်နိုးကဖြေကြားထားသည်။
မေမြတ်နိုးအနေနှင့် မြန်မာ နိုင်ငံသို့ သြဂုတ်လ ၂၇ ရက်က ပြန်လည်ရောက်ရှိနေသော်လည်း အာရှပစိဖိတ်အဖွဲ့အစည်း၏ ထုတ်ပြန်သော  ကြေညာချက်တွင်  ပါရှိသည့်အတိုင်း မြန်မာနိုင်ငံရှိ  အာရှပစိဖိတ်အလှမယ် (မြန်မာ) အဖွဲ့အစည်းသို့ သရဖူနှင့်  စလွယ်ပြန်လည်အပ်နှံရန် သတိပေးထားသော်လည်း သြ ဂုတ် ၂၉ ရက် ညပိုင်းအထိ တစ်စုံ တစ်ရာ ဆက်သွယ်အကြောင်း ကြားခြင်း မရှိသေးကြောင်း မြန် မာနိုင်ငံမှ အာရှပစိဖိတ်အလှမယ် အဖွဲ့အစည်း (မြန်မာ) ဒါရိုက်တာ ဒေါ်လှနုထွန်းက ပြောကြားသည်။
တောင်ကိုရီးယားရှိ အာရှ ပစိဖိတ်အလှမယ်အဖွဲ့အစည်း ဘက်က ထိုလုပ်ရပ်များအတွက် တရားဥပဒေအတိုင်း ဆောင်ရွက် သွားမည်ဟု ပြောကြားကြောင်း ဒေါ်လှနုထွန်းက ပြောကြားသည်။
တောင်ကိုရီးယားမှ အဖွဲ့အ စည်းက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော သရဖူရုပ်သိမ်း ကြောင်း ကြေညာချက်တွင် မေ မြတ်နိုးအနေနှင့် ရိုးသားမှုမရှိခဲ့ သလို၎င်း၏ မိခင်ဖြစ်သူကလည်း ကိုရီးယားသို့လိုက်ပါရန် တရားမ၀င် သုံးလဗီဇာပြုလုပ်ခဲ့ကြောင်းဖော်ပြခဲ့သည်။
သောကြာနေ့ညနေပိုင်းမှစကာ မေမြတ်နိုးသရဖူယူပြီးတိမ်းရှောင်နေကြာင်း နိုင်ငံတကာသတင်းဌာနများတွင်လည်း 
 ခေါင်းကြီးအနေနှင့်ဖော်ပြခဲ့ကြသည်။
7Day

ပျူမြို့ဟောင်းများ မြေယာရှုခင်း ပြင်ဆင်ရေး ထိုင်း ကူညီမည်

ပျူမြို့ဟောင်း မြို့တမြို့ဖြစ်သော သရေခေတ္တရာ ရှေးဟောင်း ဇုန်အတွင်းရှိ ဘောဘောကြီး ဘုရား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် ပျူမြို့ဟောင်းများ၏ မြေယာရှုခင်း (Landscape) ပြင်ဆင် ရေး နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနက အကူအညီပေးမည်ဟု သိရသည်။ 
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာန အနုပညာ ဦးစီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာန ဒု ၀န်ကြီး ဒေါ်စန္ဒာခင်တို့ တွေ့ဆုံစဉ် ပျူမြို့ဟောင်းများ မြေယာရှုခင်းပြင်ဆင်ရေး၊ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းစောင့် ရှောက် ခြင်း လုပ်ငန်းများ အကူအညီပေးရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသနဌာနမှ အရာရှိတဦးက“ထိုင်းတွေအနေနဲ့ ကမ္ဘာ့ အမွေအနှစ် သတ်မှတ်ခံရတဲ့ အယုဒ္ဓယ မြို့ဟောင်းကို ထိန်းသိမ်းတဲ့နေရာမှာ ကောင်းမွန်တာတွေ့ရတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ Landscape ဒီဇိုင်း ဆွဲပေး ဖို့ အကူအညီ တောင်းတာပါ”ဟု ပြောသည်။
ပျူမြို့ဟောင်း သုံးမြို့ဆီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှု နည်းနေသေးချိန် မြေယာရှုခင်း ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် သင့်လျော်ကြောင်း၊ ထိုင်း ဗိသုကာပညာရှင်များ ဒီဇိုင်းရေးဆွဲရန် ပျုမြို့ဟောင်းများသို့ လာရောက် လေ့လာမည် ဖြစ် ကြောင်းလည်း ၎င်းက ပြောပြသည်။
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်းလင်း စသည့် ပျူ မြို့ဟောင်းများကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က  ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
ယူနက်စကို ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် လိုအပ်ချက် အများအပြား ရှိနေသေးသည်ဟုလည်း သိရသည်။
ပျူမြို့ဟောင်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု အစီအစဉ်များ၊ အဆိုပါ ဧရိယာသို့ သွားသောလမ်းများ၊ ရှေးဟောင်းဇုန်များ အတွင်း ဆက်သွယ်ထားသည့် လမ်းများ၊ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးနှင့် ကမ္ဘာလှည့် ခရီးသွားများ သွားလာရေး လွယ်ကူစေရန် ဆောင်ရွက်ပေးမှု၊ သန့်စင်ခန်းများ၊ နားနေဆောင်များမှ အစ၊ စိုက်ပျိုးမြေနှင့် လူနေအိမ်များ တိုးချဲ့မလာ စေရန်၊ ရှေးဟောင်းဇုန်များအတွင်း တိရစ္ဆာန်များ ထိန်းကျောင်းမှု မရှိစေရန်၊ ဒေသခံများအား အသိပညာပေးမှုများ လုပ်ဆောင်ရန်၊ ရှေးဟောင်းပစ္စည်းများ ခိုးယူရောင်းချမှု မဖြစ်စေရန် အပါအ၀င် ပျုမြို့ဟောင်း ထိန်းသိမ်းရန် အတွက် ဘတ်ဂျက်နှင့် ၀န်ထမ်းအင် အား များ တိုးချဲ့ခန့်ထားရန် လိုအပ်နေသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦး က “ကျနော်တို့ အဲဒီလုပ်ငန်း တွေတော့ လုပ်ကိုင်နေဆဲပါ၊ ဒါပေမယ့် ထိုင်းက အယုဒ္ဓကို မီဖို့တော့ အများကြီး လုပ်ရဦးမှာပါ၊ ဘာကြောင့်လဲဆိုတော့ ထိုင်းတွေအနေနဲ့ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရတာက ဆယ်စုနှစ်တောင် မကတော့ဘူး”ဟု ပြောသည်။
ပျူမြို့ဟောင်းတခုဖြစ်သည့် ဟန်လင်းသို့ သွားရာလမ်းများသည် ဆိုးရွားနေသည့်အတွက် ယခုအခါ ပြင်ဆင်နေကြောင်း၊ ရှေးဇုန်များအတွင်းရှိ လမ်းများကိုလည်း မြေသားလမ်းများ ဖောက်လုပ်ပေးခြင်း၊ ဖောက်လုပ်ပြီး မြေသားလမ်းများကိုလည်း မြေနီခင်းခြင်းများ ကိုလုပ်ဆောင်နေကြောင်း၊ ယဉ်ကျေးမှု ပြတိုက်များကို အဆင့်မြှင့်တင်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ သတင်းစုံစမ်းရေးဌာနများ ထားရှိခြင်း တို့ကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဦးကျော်လွင်ဦးက ဆက်လက် ပြောဆိုသည်။
ထို့အပြင် ရှေးဟောင်းသုတေသန ပြတိုက်နှင့် ရှေးဟောင်းပစ္စည်းများအတွက် လုံခြုံရေးများတိုးချဲ့ချထားပြီး ဖြစ်သကဲ့သို့ ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေးအတွက်လည်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေကို ယူနက်စကိုအနေဖြင့် နှစ်စဉ် စောင့်ကြည့်စစ်ဆေးပြီး ၂ နှစ်တကြိမ် အစီရင်ခံစာများ တင်သွင်းနေရသည့်အတွက် စီမံခန့်ခွဲမှု အစီအစဉ်(Management Plan)ကို ကောင်းစွာရေးဆွဲရမည်ဖြစ် သည်ဟုလည်း ဦးကျော်ဦးလွင်က ဆက်လက်ရှင်းပြသည်။
ပြီးခဲ့သည့် လအတွင်းက ဆက်သွယ်ရေးကုမ္ပဏီကြီးများ ဖြစ်သည့် တယ်လီနော၊ အော်ရီဒူး တို့က သရေခေတ္တရာနှင် ဗိဿနိုး မြို့ဟောင်းများတွင် ဆက်သွယ်ရေးတိုင်များ စိုက်ထူရန် ကြိုးစားခဲ့သေးသည်။
ဧရာဝတီ

မလေးရှားတွင် မြန်မာလေးယောက်ကို လူသတ်မှုဖြင့်စွဲချက်တင်


ကူလိုင်ဂျာယာ၊ သြဂုတ် ၂၈
ကိုယ့်နိုင်ငံသားချင်းကို သတ် မှုဖြင့် မြန်မာနိုင်ငံသားလေးယောက် တို့ကို မလေးရှားတရားရုံးတစ်ရုံးက စွဲချက်တင်လိုက်ကြောင်း The Star Online News တွင် သြဂုတ် ၂၈ ရက်ကဖော်ပြခဲ့သည်။
အသတ်ခံရသူအလောင်း၏ အစိတ်အပိုင်းများကို ပလတ်စတစ် အိတ်များဖြင့် အထပ်ထပ်ထုပ် ထားပြီး အဝေးပြေးလမ်းမအနီးတွင် ပစ်ထားသည်ကို တွေ့ရသည်ဟုဆို သည်။
မျိုးမြင့်၊ မွဒ်ဟက်ဆန်အလီ၊ ရှာ အိဘ်အို့သ်မန်နှင့် ဟာဂျီအစ္စမေးလ် တို့ကို စွဲချက်တင်ကြောင်း ဘာဟာ ဆာ မလေးရှားတွင် တရားရုံးကဖတ် ပြသည်။
သို့ပင်ဖြစ်သော်လည်းစွဲ ချက်ကို ရှာအိဘ်အို့သ်မန်နှင့် ဟာဂျီ အစ္စမေးလ်တို့က နားမလည်ဟုဆို သည်။ ထိုစွဲချက်ကို ထပ်မံရှင်းပြရန် တရားသူကြီး အာမက်ဖာရစ်ဒ်အာ မက်ကမဲလ်က စက်တင်ဘာ၂၄ရက် သို့ရက်ချိန်းပေးလိုက်သည်။ မြန်မာ စကားပြန်လည်း တရားရုံးတွင်ရှိနေ စေရမည်ဟု ဆိုသည်။
ထိုလေးယောက်တို့သည် ကို သက်ဆိုသော မြန်မာနိုင်ငံသားကို ဇူလိုင်၂၉ရက် ည ၉နာရီနှင့် သြဂုတ် ၁ရက် နံနက် ၁၁နာရီ မိနစ် ၂ဝအတွင်း သတ်ဖြတ်ခဲ့သည်ဟူ၍လည်း စွပ်စွဲ ခံရသည်။
သေဆုံးသူအလောင်း၏အစိတ် အပိုင်းများကို အဝေးပြေးလမ်းဆိုင် ရာအရာရှိများက တွေ့ခဲ့ကြောင်း၊ အနက်ရောင်ပလတ်စတစ်အိတ်များ ဖြင့်ထည့်ပြီး KM 21 အနီး မြောက်- တောင် အဝေးပြေးလမ်းမကြီးဘေး တွင် ပစ်ထားကြောင်း၊ ထိုအစိတ်အ ပိုင်းများကို သြဂုတ် ၁ရက်၌တွေ့ရ ခြင်းဖြစ်ကြောင်း အဝေးပြေးလမ်း အရာရှိများက ဆိုသည်။
Ref: The Star Online News

လူ ၂၅၀ က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က အရေးမယူခဲ့ဟု ရိုသာဟမ်မြို့မှ မိန်းကလေး ထုတ်ဖော် ပြောဆို



အင်္ဂလန်နိုင်ငံ ဆောက်ယော့ရှိုင်းယားစီရင်စုရှိ ရိုသာဟမ်မြို့မှ မိန်းကလေးတစ်ဦးက မြို့တွင်းရှိ အာရှနွယ် ဖွား လူရမ်းကား ၂၅၀ က မိမိအား ဆယ်ကျော်သက် အပျိုစင်ဘ၀ကပင် မုဒိမ်းကျင့်ခဲ့ကြောင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော် လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း တိုင်ကြားမှု ထွက်ပေါ်ခဲ့သည်။

လူဆိုးများက တစ်ဦးပြီးတစ်ပြီး လက်ပြောင်းလက်လွှဲအဆင့်ဆင့် ပြုလုပ်ပြီး နှစ်နှစ်တာ ကာလအတွင်း နေ့ စဉ်မုဒိမ်းကျင့်ခံခဲ့ရကြောင်း ယခုအခါ အသက် ၂၅ နှစ်အရွယ်ရှိသော အမ်မာက ပြောကြားခဲ့သည်။ 

လက်ရေးဖြင့် ရေးထားသည့် အဆိုပါ လူဆိုး ၂၅၀ ၏ အမည်စာရင်းများနှင့် မိမိ၏အ၀တ်များကို ရဲများထံ 
ပေးအပ်ခဲ့သော်လည်းလည်း ယခု အခါ ဖြောက်ဖျက်ခံရမည်ကိုလည်း အမ်မာက စိုးရိမ်နေကြောင်း ပြော ကြားသည်။ 

သို့သော်လည်း သူမ၏ အမှုအား ပြန်လည်စုံစမ်းပေးပြီး အမှန်တရားကို ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော် လင့်ကြောင်း အမ်မာ က ပြောကြားသည်။ 

အမ်မာသည် အသက် ၁၂ နှစ်အရွယ်တွင် ပါကစ္စတန်နွယ်ဖွား ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ 
မြူဆွယ်ခြင်းကို ခံခဲ့ရသည်။ 

တစ်နှစ်ခန့်အကြာတွင် ဈေးဝင်းတစ်ခုအတွင်း၌ ၎င်းက အမ်မာအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။ 

ထိုစဉ်က အပျိုစင်တစ်ဦးအဖြစ်သာ ရှိနေသေးသည့် အမ်မာက ချိန်းတွေ့စဉ် ချမ်းကြောင်း ပြောဆိုသောအခါ ထိုသူက သိုင်းဖက် လိုက်ပြီး ဈေးအတွင်း ထောင့်တစ်ခုသို့ ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းနှင့် အဖော်လိုက်လာသူတစ်ဦးက သားမယားအဖြစ် ထပ်မံပြု ကျင့်ခဲ့သည်။ 

ထိုအချိန်မှစ၍ အမ်မာသည် ချိန်းခြောက်မှုအမျိုးမျိုးကြောင့် အဆိုပါ လူများ၏ ဆွေမျိုးယော်ကျားလေး များ၏ အနိုင်ကျင့်မှုကို ခံခဲ့ရခြ င်းဖြစ်ကြောင်းသိရသည်။ 

အမ်မာအား ခြိမ်းခြောက်မှုများတွင် လည်ပင်းညှစ်ခြင်း၊ သေနတ်ဖြင့်ချိန်ခြင်း၊ မျက်နှာအား မီးဖြင့်ရှို့မည်ဟု 
ပြောခြင်း၊ အိမ်အနီး သို့ ရောက်ရှိလာကာ မိခင်ဖြစ်သူကိုပါ မုဒိမ်းကျင့်မည်ဟု ပြောဆိုမှု များ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

“ကျွန်မအနေနဲ့ ကျွန်မကို မုဒိမ်းကျင့်သူတွေထက် ရဲတွေကို ပိုပြီး ဒေါသထွက်ခဲ့ပါတယ်။ ကျွန်မသူတို့ကို တိုင်ခဲ့တဲ့ နောက်ပိုင်းမှာလည်း ဘာမှ အရေးမယူခဲ့ပါဘူး။ သူတို့က လစာပဲယူပြီး ဘာမှမလုပ်ပါဘူး။ သူတို့ကို ထောင်ချပစ်သင့်ပါတယ်။ ရဲမင်းကြီး ရှောင်ရွိုက်လည်း အလုပ်က ထွက်သင့်ပါတယ်” ဟု အမ်မာ က ပြောကြားသည်။

mizzima

ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ဟု ရပ်ကွက်နေ ပြည်သူများ ပြောကြား






သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီခန့်အချိန်က သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါ လမ်းမကြီးပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ၂ စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြရာတွင် အဖွဲ့ တစ်ဖွဲ့မှ သေနတ် ၂ ချက် မိုးပေါ်ထောင်၍ ပစ်ဖောက်ခဲ့သည်ဟု ရန်ပွဲ ဖြစ်ပွားရာအနီးရှိ ပြည်သူများက News Watch ဂျာနယ်သို့ ပြောသည်။

သာကေတမြို့နယ် ၁၀ တောင် (၁၃) ရပ်ကွက်နေ နေမျိုးအောင်ဆိုသူ ခေါင်းဆောင်သောအဖွဲ့နှင့် ထူပါရုံ ရပ်ကွက်နေ မြင့်အောင်ဆိုသူ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့တို့ ရန်ငြိုးရှိခဲ့ရာမှ နှစ်ဖွဲ့ပေါင်း လူအယောက် (၅၀) နီးပါး ဓားများ၊ တုတ်များနှင့် ရန်စောင်နေသည့်အချိန်တွင် မြင့်အောင် က သေနတ် (၂) ချက်ဖောက်၍ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါရပ်ကွက်နေ ပြည်သူများက ပြောသည်။

“အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ နေမျိုးအောင်တို့ကို ပထမ ကားနဲ့ လိုက်တိုက်တယ်။ ပြီးတော့ နှစ်ဖက်အပြန် အလှန် အုတ်နီခဲတွေနဲ့ ထုတယ်။ ကားလည်း ထိသွား တယ်။ ပြီးတော့ နှစ်ဖွဲ့စလုံး ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ ပြဿနာဖြစ်တော့မယ့်အချိန်မှာ သေနတ်ဖောက် သံလို ပစ်ဖောက်သံ နှစ်ချက် ကြားလိုက်တယ်။

နှစ်ဖွဲ့ပေါင်းကို ဓားကိုင်ထားတဲ့ လူ (၅၀) နီးပါးရှိတယ်။ အကုန်နီးပါးပဲ။ တချို့က တုတ်တွေနဲ့။ အဲဒီလို အသံနှစ် ချက်ကြားပြီးတော့ နှစ်ဖွဲ့အကြီးအကျယ် အချင်းများချိန်မှာ ရဲတွေရောက်လာတယ်။ နှစ်ဖွဲ့စလုံး ကလည်း သာကေတမြို့နယ်မှာ နာမည်ကြီးပါတယ်” ဟု ရန်ပွဲကို အစ အဆုံးမြင်တွေ့ခဲ့သည့် ခိုင်ရွှေဝါ လမ်းတွင် နေထိုင်သူ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးက ပြန်လည်ပြောပြသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့အနက်မှ ၁ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သာကေတမြို့နယ်နေ ပြည်သူအချို့၏ပြောကြားချက်အရ သိရသည်။ ရန်ပွဲ၌ ပါဝင်သူတဦးလည်း ဦးခေါင်း တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ရန်ပွဲဖြစ်ပွားစဉ်အတွင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အိမ်တံခါးများ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက်ရှိလာမှသာ အခြေအနေ ပြန်လည် တည်ငြိမ် သွားကြောင်း ယင်းလူငယ်က ဆက်လက်ရှင်းပြသည်။

ရပ်ကွက်နေပြည်သူများက ဖော်ပြပါ ပစ်ဖောက်သံ ၂ ချက်အား သေနတ်ပစ်ဖောက်သံဟု ယူဆကြသော် လည်း သာကေတမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူကမူ ဗျောက်အိုးဖောက်သံဟု ကြားသိရသည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိတော့ အမှုမဖွင့် ထားပါဘူး။ နှစ်ဖက်စလုံးလည်း မတိုင်ကြားထားသေးဘူး။ မိုးပေါ်ထောင် ပစ်တာလည်း သေနတ်သံမဟုတ်ဘဲ ဗျောက်အိုး သံဆိုပြီး ပြောကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက် ပြီး စစ်ဆေး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့အစည်းနှစ်ဖွဲ့ ပုံစံရန်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူတွေလည်း ထိတ်လန့် ခဲ့တယ်။ ဒါကြောင့် အထက်ကချပေးတဲ့အတိုင်း ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမယ်” ဟု သာကေတ မြို့နယ် နယ်မြေ (၁) ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က မလာသေဘူးဗျ၊ အမှုဖွင့်တာတွေ ဘာတွေတော့မရှိသေးဘူး၊ ဘာကြောင့် မဖွင့်သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ၊ သူဆို့ကိုတော့ ခေါ်ထားတာပဲ၊ နှစ်ဦးနှစ်ဖက် နှစ်နာရင်အမှုဖွင့်ဖို့ ဘာဖို့ပေါ့၊ ကျနော်တို့သွားတော့ အကုန်လုံးလုစုကွဲသွားပါပြီ၊ ဒဏ်ရာရတာ မရှိဘူး”ဟု အဆိုပါရဲစခန်းမှ အမည်မဖော် လိုသူ တာဝန်ကျ ဒုရဲအုပ်တဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အတွင်း ယခုကဲ့ဖြစ်စဉ်ကဲ့သို့ ဂိုဏ်းဃဏဆန်ဆန်ရန်ပွဲများ၊ ရပ်ကွက်ခြား ရန်ပွဲများ မကြာ ခဏဖြစ်ပွားလေ့ရှိပြီး၊ ပြဿနာကို ငွေကြေးဖြင့် ရှင်းနိုင်သူအချို့က ဦးဆောင်လေ့ရှိကြောင်း သာ ကေတ မြို့နယ် ပြည်သူများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း မင်းမဲ့စရိုက်ဆန်သည့် ရန်ပွဲများ၊ လူသတ်မှုများ အဖြစ်များလာပြီး လူငယ်များ၏ လက်ရဲဇက်ရဲမှုများနှင့် တရားဥပဒေစိုးမိုးမှုအား နည်းခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Thursday, August 28, 2014

လှတာမက်လို့ ညစာခက်ရပြီ

 
Miss Asia Pacific World သရဖူဆု မေမြတ်နိုးလက်ခံရယူခဲ့စဉ်က (Photo - K2Rain)
တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။
မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။
ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း  ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။
ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို  မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။
အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။
ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။
  တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။  စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။
ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။
အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။
ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ  အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ  တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက  မယ်တွေကိုကျော်ဖြတ်ပြီး  ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။
ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။
  အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။
နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေးထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။  သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။
ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာအားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်းရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။
အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။
ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများဆန်းတော့မလဲ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)
7Day

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ