Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, September 23, 2015
Tuesday, September 15, 2015
ပြည်သူ့ဆန္ဒ
* ပြောင်းချင်တယ်
တကြော်ကြော်အော်ပေမယ့်
မျိုးစေ့ရယ်မမှန် ပင်မသန်ဘဲရယ်နဲ့
အဆံမပါ သီးနှံငုံကင်းတာကြောင့်
အာမရစရာ။
* လူသာပဓာနပါဘဲ
ကိုင်စွဲခဲ့ ဘိဓမ္မာ မှားတယ်လို့ဆိုမှာလား
အမျိုးသာသာ သာသနာကိုစော်ကားမိသူအဖို့မှာတော့
သွားစရာနေရာတစ်ခုမှာဖြင့်
နှမလက်လျှော့ နေလေတော့။ ။
တကြော်ကြော်အော်ပေမယ့်
မျိုးစေ့ရယ်မမှန် ပင်မသန်ဘဲရယ်နဲ့
အဆံမပါ သီးနှံငုံကင်းတာကြောင့်
အာမရစရာ။
* လူသာပဓာနပါဘဲ
ကိုင်စွဲခဲ့ ဘိဓမ္မာ မှားတယ်လို့ဆိုမှာလား
အမျိုးသာသာ သာသနာကိုစော်ကားမိသူအဖို့မှာတော့
သွားစရာနေရာတစ်ခုမှာဖြင့်
နှမလက်လျှော့ နေလေတော့။ ။
Tuesday, August 26, 2014
သိပ်ချစ်တတ်တဲ့ မိန်းကလေးတွေ သိသင့်ပါတယ်
သိပ်ချစ်တတ်တဲ့ မိန်းကလေးတွေ သိသင့်ပါတယ်
အရမ်းမချုပ်ချယ်ပါနဲ့
ယောက်ကျားလေးဆိုတာ အသောက်စားမကင်းကြပါဘူး
အရက် ဆေးလိပ် အလောင်းကစား
အရမ်းမလုပ်ပါနဲ့လို့ မပြောပါနဲ့ သိပ်ချစ်တတ်ရင်
ဘေးကနေ လမ်းပြပေးပါ။မလုပ်ပါနဲ့ မပြောပါနဲ့
လိုတာထက်မပိုရအောင် ကိုယ့်ဘက်က ဆရာမတယောက်လို ပြောပေးပါ။တကယ်တမ်း ပြုသူခံရမယ်ဆိုပေမဲ့ နှုတ်ခမ်းဆူဆူလေးနဲ့ ထိန်းကျောင်းပေးရင် နားထောင်တတ်ပါတယ်
အရက် ဆေးလိပ် အလောင်းကစား
အရမ်းမလုပ်ပါနဲ့လို့ မပြောပါနဲ့ သိပ်ချစ်တတ်ရင်
ဘေးကနေ လမ်းပြပေးပါ။မလုပ်ပါနဲ့ မပြောပါနဲ့
လိုတာထက်မပိုရအောင် ကိုယ့်ဘက်က ဆရာမတယောက်လို ပြောပေးပါ။တကယ်တမ်း ပြုသူခံရမယ်ဆိုပေမဲ့ နှုတ်ခမ်းဆူဆူလေးနဲ့ ထိန်းကျောင်းပေးရင် နားထောင်တတ်ပါတယ်
အပစ်မမြင်ပါနဲ့/ရှောင်ကျဉ်ပေးပါ
တခါတလေ ကိုယ့်အပေါ်(၁၀)ခါလောက်ကောင်းခဲ့တာရှိပေမဲ့ (၁)ခါလောက်မကောင်းခဲ့ရင် အပစ်မမြင်ပါနဲ့ ချစ်သူတွေပါ နားလည်ပေးလိုက်ပါ။
အဲ့ဒီအချိန်ဆို စောက်နဲ့မပြောမိပါစေနဲ့ ဥပမာ-fbပေါ်တင်တာအစရွဲ့ပြောသလိုနဲ့ မတင်ပါနဲ့ ယောက်ကျားလေးရဲ့ စိတ်ထဲမှာ ခု သွားတတ်ပါတယ်။မြင့်မြတ်တဲ့ ယောက်ကျားလေးတွေပါ စောက်ကို ပိုတောင်မကြိုက်ကြပါဘူး
အဲ့ဒီအချိန်ဆို စောက်နဲ့မပြောမိပါစေနဲ့ ဥပမာ-fbပေါ်တင်တာအစရွဲ့ပြောသလိုနဲ့ မတင်ပါနဲ့ ယောက်ကျားလေးရဲ့ စိတ်ထဲမှာ ခု သွားတတ်ပါတယ်။မြင့်မြတ်တဲ့ ယောက်ကျားလေးတွေပါ စောက်ကို ပိုတောင်မကြိုက်ကြပါဘူး
အသိပေးပါ
ယောက်ကျားလေးတွေက ကိုယ့်နဲ့ပတ်သက်လာရင်တော့ ကိုယ့်ကောင်မလေးရဲ့ မိန်းမတွေ ကိစ္စတွေတောင် တော်တော်သိချင်ကြတာပါ။တဆင့်ပြန်ကြားရရင်တော့ အမုန်းဆုံးပါ။အခန့်မသင့်ရင် ဒုတိယကမာစစ်ဖြစ်သွားနိုင်ပါတယ်။ဘာကိစ္စနေနေ အရင်သိချင်ကြတာပါ
ယောက်ကျားလေးအချစ်က ဒုတိယမိဘ လိုပါပဲ
စိကောက်ရင် ချော့ပေးပါ
စိတ်ကောက်တာ မိန်းကလေးသဘာဝဆိုပေမဲ့
ယောက်ကျားလေးတွေ အချော့ခံချင်ပြီး စိတ်ကောက်တတ်ပါတယ်။တယောက်နဲ့တယောက် စိတ်ကောက်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။
စိတ်ကောင်ဖူးတဲ့ သူသာသိပါတယ်။
ချစ်သူဘဝမှာ စိတ်ကောက်တာက ကြည်နူးစရာကောင်းပြီး အမှတ်တရ တွေများစွာ ဖန်တီးပေးတဲ့ သတ်မှတ်ချက် ထုံးစံလေးပါ
ယောက်ကျားလေးတွေ အချော့ခံချင်ပြီး စိတ်ကောက်တတ်ပါတယ်။တယောက်နဲ့တယောက် စိတ်ကောက်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။
စိတ်ကောင်ဖူးတဲ့ သူသာသိပါတယ်။
ချစ်သူဘဝမှာ စိတ်ကောက်တာက ကြည်နူးစရာကောင်းပြီး အမှတ်တရ တွေများစွာ ဖန်တီးပေးတဲ့ သတ်မှတ်ချက် ထုံးစံလေးပါ
ယောက်ကျားလေးအချစ်
ယောက်ကျားလေးဆိုတာ အခုတွဲနေတဲ့ သူကို
အချစ်ဆုံးဖြစ်နေပေမဲ့ အချစ်ဦးကိုလဲ ပြန်တမ်းတမိကြပါတယ်။ဒါကို အပစ်မတင်ပါနဲ့ ကိုယ့်ဘက်ကသာ စစ်မှန်ပါစေ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တဲ့ အမျိုးပါ။
အချစ်ဆုံးဖြစ်နေပေမဲ့ အချစ်ဦးကိုလဲ ပြန်တမ်းတမိကြပါတယ်။ဒါကို အပစ်မတင်ပါနဲ့ ကိုယ့်ဘက်ကသာ စစ်မှန်ပါစေ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တဲ့ အမျိုးပါ။
သံယောဇဉ်ကို အတတ်နိုင်ဆုံး ချည်နှောင်ထားပါ။ဒါပေမဲ့ သံသယတော့ မထားမိပါစေနဲ့ တွယ်တာထားတဲ့ အရာတွေကို အချိန်ခဏလေးမှာ ဖြတ်တောက်နိုင်ပါတယ်
ခံယူပြီး ထားရှိထားသော အချစ်နှစ်ခု
ယောင်ကျားလေးတွေက လက်တွေ့ဖြစ်နေတာထက် အပြောလေးတွေနဲ့ ချီပြီ ချစ်တတ်ကြပါတယ်။မိန်းကလေးတွေ သိပ်ချစ်မိရင် အပြောဆိုကြမ်းပေမဲ့ ကိုယ့်ချစ်သူကိုတော့ ဘဝတခုနဲ့ ပုံအောပြီး ချစ်တတ်ကြတယ်
ယောက်ကျားလေးအများစုက ဧကရာဇ်ဘုရင်ဖြစ်မှ ချစ်သူကို တော်ဝင်မင်းသမီးဖြစ် နန်းမြှောက်ချင်တာပါ။
မိန်းကလေးအများစုက တဲအုပ်ထဲမှာ အတူတူနေပြီး ကိုယ်ပိုင်ထားတဲ့နေရာလေးကို ဘယ်သူမှ မပေးချင်တာပါ။
Sky
Monday, August 18, 2014
မြန်မာ့သမီး ရှုမငြီး
မြန်မာ့သမီး ရှုမငြီး
==============
တစ်ခေတ်တုန်းက၊
ရင်ဖုံးအင်္ကျီ ပင်ဖျင်နီနှင့်
ထဘီချိတ်ဆင်၊ ယဉ်လည်းယဉ်စွ
ဆံပင်ရှည်ထုံး၊ မင်ပိတုန်းသို့
မှုန်းချယ်သစ်ဆင်း၊ လှယမင်းဟု
ကောင်းခြင်းခါတန်၊ မှတ်ကျောက်မှန်ခဲ့။
==============
တစ်ခေတ်တုန်းက၊
ရင်ဖုံးအင်္ကျီ ပင်ဖျင်နီနှင့်
ထဘီချိတ်ဆင်၊ ယဉ်လည်းယဉ်စွ
ဆံပင်ရှည်ထုံး၊ မင်ပိတုန်းသို့
မှုန်းချယ်သစ်ဆင်း၊ လှယမင်းဟု
ကောင်းခြင်းခါတန်၊ မှတ်ကျောက်မှန်ခဲ့။
ယခုခေတ်ကား၊ ဆိုးဆေးများဖြင့်
ဖြူ ကျား ၀ါ ညို ၊ ဆံပင်တိုနှင့်
နဂိုအလှ၊ ကွယ်ပျောက်ရသေး
မေးငေါ့ရှုတ်ချ၊ ကဲ့ရဲ့ ကြ၏။
ဖြူ ကျား ၀ါ ညို ၊ ဆံပင်တိုနှင့်
နဂိုအလှ၊ ကွယ်ပျောက်ရသေး
မေးငေါ့ရှုတ်ချ၊ ကဲ့ရဲ့ ကြ၏။
မလုံ့တလုံ့၊ ၀တ်စားပုံလည်း
ကြုံ၍ မြင်ခိုက်၊ သဲဖိုလှိုက်ဖွယ်
စရိုက်လော်မာ၊ ခေတ်အခါဟု
အပြစ်သာ တင်နေသင့်သလော။
ကြုံ၍ မြင်ခိုက်၊ သဲဖိုလှိုက်ဖွယ်
စရိုက်လော်မာ၊ ခေတ်အခါဟု
အပြစ်သာ တင်နေသင့်သလော။
မြန်မာ့သမီး၊ ရှုမငြီးတို့
ကိုယ့်စည်းကိုယ့်တာ၊ ကိုယ့်သိက္ခာဖြင့်
မြန်မာပီသ၊ ယဉ်ကျေးမှလျှင်
မွှေးမြဂုဏ်ပေါင်း၊ ချစ်ဖွယ်ကောင်းလိမ့်
နှစ်ထောင်းဖြူ စင်၊ လူ့ဂုဏ်အင်တည့်
ဆင်ယင်ဝတ်စား၊ မလွဲမှားသင့်။
ကိုယ့်စည်းကိုယ့်တာ၊ ကိုယ့်သိက္ခာဖြင့်
မြန်မာပီသ၊ ယဉ်ကျေးမှလျှင်
မွှေးမြဂုဏ်ပေါင်း၊ ချစ်ဖွယ်ကောင်းလိမ့်
နှစ်ထောင်းဖြူ စင်၊ လူ့ဂုဏ်အင်တည့်
ဆင်ယင်ဝတ်စား၊ မလွဲမှားသင့်။
အသွားအလာ၊ မူရာနေထိုင်
ကိုယ်ပိုင်ဓလေ့၊ ကိုယ်တိုင်မွေ့လျက်
မမေ့စဉ်လာ၊ စောင့်ထိန်းကာဖြင့်
မြန်မာဆန်ဆန်၊ ပန်းကောင်းပန်လို့
စံပြုဂုဏ်ယူ၊ ဖိုးထိုက်သူဟု
ကျင့်မူဆောင်တတ် သမီးမြတ်။ ။
ကိုယ်ပိုင်ဓလေ့၊ ကိုယ်တိုင်မွေ့လျက်
မမေ့စဉ်လာ၊ စောင့်ထိန်းကာဖြင့်
မြန်မာဆန်ဆန်၊ ပန်းကောင်းပန်လို့
စံပြုဂုဏ်ယူ၊ ဖိုးထိုက်သူဟု
ကျင့်မူဆောင်တတ် သမီးမြတ်။ ။
( ရွှေမြိုင် )
Wednesday, July 23, 2014
ချစ်သူအမိန့်
ချစ်သူအမိန့်
လူနဲ့ပတ်ဝန်းကျင်
တွဲဂုဏ်ဆိုပေမယ့်
မင်းကိုချစ်ခဲ့မိတဲ့
အချိန်ကစပြီး
ပတ်ဝန်းကျင်ဆိုတာကို
ဖယ်ထုတ်ထားခဲ့မိတယ်
အရာရာတိုင်းရဲ့
တန်ခိုးရှင်ဟာ
မင်းကိုပဲဖြစ်စေချင်တယ်။
မင်းရဲ့အနားမှာ
ပီတိတွေနဲ့
ကလေးငယ်တစ်ဦးလို
မင်းပြောသမျှကို
ကြည်နူးစွာ
နားထောင်ရင်း
နေရတဲ့
ဘ၀တစ်ခုကို
ပိုင်ဆိုင်ချင်တာဟာ
မင်းကို
ချုပ်ကိုင်အမိန့်ပေးဖို့
မဟုတ်ဘူးဆိုတာကို
ချစ်ရတဲ့သူ
တစ်ယောက်
နားလည်နိုင်ပါစေ။
လရိပ်
Monday, July 21, 2014
''I hope your love''
''I
hope your love''
တစ်ဦးတစ်ဦးချစ်မှ…..
အချစ်ဆိုတာလှပသာယာမှာပါ…။
မင်းကို
ကိုယ်ယုံကြည်တယ်
ကံကြမ္မာက
မျက်လှည့်ပြရင်တောင်
အရာရာကိုရင်ဆိုင်ဖို့
သတ္တိတော့
တို့မွေးမှရမယ်နော်…..
အချစ်ဆိုတာ
ဆောင်းအိပ်မက်လိုပါပဲ
စိတ်ကူးတွေက
လေဟာနယ်ထဲရောက်လာလိုက်
ရင်ဘတ်ထဲမှာ
ပုန်းခိုလိုက်
ကိုယ်တိုင်စိုက်တဲ့အချစ်သစ်ပင်
ဘယ်လိုရှင်သန်အောင်မွေးမြူရမလဲ
စိုးရိမ်မိတာက
တစ်ခုထဲပဲ
အဲဒါက
ကိုယ့်ကိုမင်းမချစ်မှာကိုဘဲ
ကိုယ်ချစ်တဲ့သူက
ကိုယ့်ကိုချစ်စေချင်တာ
ချစ်သူတိုင်းရဲ့ဆန္ဒပါကွာ……
တစ်ဦးရဲ့ဆန္ဒကို
တစ်ယောက်ကပုံဖော်ပေးမယ်ဆိုရင်တော့
အချစ်ကြောင့်လှပတဲ့ကမ္ဘာကြီး…
လှပြီးရင်းလှနေမှာပါကွာ….
အကြင်နာဆိုတာ…
ရင်မှာသိမ်းထားရတာမဟုတ်ဘူး…
နှလုံးသားချင်းပေါင်းစပ်ဖို့
ဆက်သွယ်ထားတဲ့ပေါင်းကူးတံတားပါ……။
ဒါကြောင့်…
တံတားလေးတစ်ခု
ခိုင်မာမှဖြစ်မှာမို့
မင်းရင်ထဲက
အကြင်နာတွေကို
Tell
your heart out
ရင်ထဲရှိတာသွန်ချလိုက်ပါ….။
ဆက်လက်ပြီးစီးဆင်းမသွားရအောင်တော့
ကိုယ့်ရင်ဘတ်ကြီးနဲ့
တမံလုပ်ထားမှာပါ….
ကဲ
… ဟုတ်ပြီလား….
Tell
your heart out နော်…
Don’t
forget it
I
always believe your love
February 14th
in remember once for lover day.
ကြယ်စင်လင်းလက်
Friday, June 27, 2014
အချစ်ဆိုတာ
အချစ်ဆိုတာ
သင်ဘယ်လောက် လမ်းခွဲဖို့ကြိုးစားကြိုးစားစား
သင့်အနားမှာပေကပ်နေတဲ့ ချစ်သူမျိုးရှိလား
သင့်အနားမှာပေကပ်နေတဲ့ ချစ်သူမျိုးရှိလား
သင့်မှာစိုးရိမ်စရာတခုခုရှိတဲ့အခါ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး သင့်ကိုစိုးရိမ်တတ်တဲ့ချစ်သူမျိုးရှိလား
သင်စိတ်ဆိုးမဲ့အကြောင်းအရာမျိုးဆို
ဘယ်လောက်ပဲလုပ်ချင်လုပ်ချင် ထိန်းချုပ်တတ်တဲ့ချစ်သူမျိုးရှိလား
ဘယ်လောက်ပဲလုပ်ချင်လုပ်ချင် ထိန်းချုပ်တတ်တဲ့ချစ်သူမျိုးရှိလား
သင်အမှားအယွင်းတခုခုဖြစ်ပြီဆို
သိပ်တောင်မရှင်းပြရပဲ သင့်ကိုခွင့်လွှတ်နားလည်တတ်တဲ့ချစ်သူမျိုးရှိလား
သိပ်တောင်မရှင်းပြရပဲ သင့်ကိုခွင့်လွှတ်နားလည်တတ်တဲ့ချစ်သူမျိုးရှိလား
သင်ကလေးဆန်တဲ့အပြုအမူတွေကို
လူကြီးတယောက်လိုအမြဲစိတ်ရှည်လက်ရှည်နဲ့ဆက်ဆံတတ်တဲ့ ချစ်သူမျိုးရှိလား
လူကြီးတယောက်လိုအမြဲစိတ်ရှည်လက်ရှည်နဲ့ဆက်ဆံတတ်တဲ့ ချစ်သူမျိုးရှိလား
သင်ပျော်ရွှင်ဖို့
ပေါတောတောအပြုအမူတွေနဲ့သင့်ကိုပျော်ရွှင်စေတတ်တဲ့ချစ်သူမျိုးရှိလား
ပေါတောတောအပြုအမူတွေနဲ့သင့်ကိုပျော်ရွှင်စေတတ်တဲ့ချစ်သူမျိုးရှိလား
သင်စိတ်ကောက်ပြီဆို
မတွက်ကပ်ပဲသင့်ကိုအရင်စခေါ်တဲ့ချစ်သူမျိုးရှိလား
မတွက်ကပ်ပဲသင့်ကိုအရင်စခေါ်တဲ့ချစ်သူမျိုးရှိလား
တခါတလေသင်အရမ်းလိုအပ်တဲ့အခါ
သင်နားကိုမညီးမညူအပြေးရောက်လာချင်တဲ့ချစ်သူမျိုးရှိလား
သင်နားကိုမညီးမညူအပြေးရောက်လာချင်တဲ့ချစ်သူမျိုးရှိလား
အခွင့်အရေးဘယ်လောက်ရရ
သင်ကလွဲပြီးဘယ်သူ့ကိုမှစိတ်မကစားတတ်တဲ့ချစ်သူမျိုးရှိလား
သင်ကလွဲပြီးဘယ်သူ့ကိုမှစိတ်မကစားတတ်တဲ့ချစ်သူမျိုးရှိလား
အဲဒီလိုချစ်သူမျိုး
သင်ပိုင်ဆိုင်ထားရလား ပိုင်ဆိုင်ထားရရင် သင်စိတ်ချမ်းသာရတယ်
သင်ပိုင်ဆိုင်ထားရလား ပိုင်ဆိုင်ထားရရင် သင်စိတ်ချမ်းသာရတယ်
အဲဒီလိုကိုယ့်ကိုစိတ်ချမ်းသာစေတဲ့ချစ်သူကို
သင်ကလည်းတူညီတဲ့အချစ်နဲ့ ပြန်ပြီးစိတ်ချမ်းသာစေသင့်တယ်မလား
သင်ကလည်းတူညီတဲ့အချစ်နဲ့ ပြန်ပြီးစိတ်ချမ်းသာစေသင့်တယ်မလား
အချစ်ဆိုတာ
ကိုယ်ကချည်းပဲတဖက်သတ်အချစ်မခံနဲ့
ကိုယ်ကလည်းသူ့ကိုတလှည့်ပြန်ချစ်မှ ရေရှည်တည်တံ့ခိုင်မြဲတာလေ
ကိုယ်ကချည်းပဲတဖက်သတ်အချစ်မခံနဲ့
ကိုယ်ကလည်းသူ့ကိုတလှည့်ပြန်ချစ်မှ ရေရှည်တည်တံ့ခိုင်မြဲတာလေ
ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။
ခင်မင်လျက်
Credit to ကောင်မလေးရဲ့ကောင်ကလေး
Credit to ကောင်မလေးရဲ့ကောင်ကလေး
အဖြူရောင်လေး
Wednesday, June 25, 2014
သမုဒယ
သမုဒယ
“ယုံခဲ့ပြီကိုး
နမ်းဖန်များတော့
သနပ်ခါးပြယ်ပြီးမို့
ထားချင်ထားခဲ့လေ” တဲ့
ဆရာငြိမ်းကျော် ကဗျာ
ဖွဖွငြင်ငြင်ရွတ်ကြည့်
ငါ့မျက်ရည် တွေတွေကျမိတယ်၊
......ဒါပေမယ့်လေ အးတုံ့အားနာ
တိုးတိုးကလေး တောင်းပန်
တထိတ်ထိတ်နဲ့ ရင်ဗြောင်းဆန်အောင်
တိတ်တိတ်ကလေး အသနားခံချင်တောင်
နံ့သာမရှိတဲ့ ပါးပြင်မို့
နမ်းရုံမျှ နမ်းခဲ့တာကွယ်
ကျေးဇူးတော် အနန္တရယ်နဲ့
တစ်သက်စာ အယုအယပေမဲ့လို့
သမုဒယတွေနဲ့မို့
အခုဘ၀မှာတော့
သခင့်ကျေးဇူး
သိလျှက်နှင့် အဆပ်ထူးသည်
ဝိဘက်ကြမ္မာငင်သည်သာ။
ရွှေမိုးညို
“ယုံခဲ့ပြီကိုး
နမ်းဖန်များတော့
သနပ်ခါးပြယ်ပြီးမို့
ထားချင်ထားခဲ့လေ” တဲ့
ဆရာငြိမ်းကျော် ကဗျာ
ဖွဖွငြင်ငြင်ရွတ်ကြည့်
ငါ့မျက်ရည် တွေတွေကျမိတယ်၊
......ဒါပေမယ့်လေ အးတုံ့အားနာ
တိုးတိုးကလေး တောင်းပန်
တထိတ်ထိတ်နဲ့ ရင်ဗြောင်းဆန်အောင်
တိတ်တိတ်ကလေး အသနားခံချင်တောင်
နံ့သာမရှိတဲ့ ပါးပြင်မို့
နမ်းရုံမျှ နမ်းခဲ့တာကွယ်
ကျေးဇူးတော် အနန္တရယ်နဲ့
တစ်သက်စာ အယုအယပေမဲ့လို့
သမုဒယတွေနဲ့မို့
အခုဘ၀မှာတော့
သခင့်ကျေးဇူး
သိလျှက်နှင့် အဆပ်ထူးသည်
ဝိဘက်ကြမ္မာငင်သည်သာ။
ရွှေမိုးညို
Tuesday, June 24, 2014
အချစ်
အချစ်
မိုင်ပေါင်းများစွာခရီးကို
ဖြတ်ခဲ့ရပေမယ့်
အသံကလတ်ဆတ်တယ်။
ဖုန်းခွက်ထဲကနေ
နှလုံးသားကို
လှမ်းသိမ်းပိုက်လိုက်ပုံများ
ရန်သူတောင်ကုန်းကို
တက်သိမ်းလိုက်သလို
သေသပ်တိကျလွန်းတယ်။
သူမ................
တော်လဲသံနဲ့ တိတ်တဆိတ်ချင်းနင်းဝင်ရောက်
မုန်တိုင်းလိုညင်သာတဲ့ခြေလှမ်းမျိုးနဲ့
ကျွန်တော့်ဘ၀ရဲ့ အရာရာကိုသိမ်းပိုက်သွားပုံများ
လွှတ်လှ.........
ယုသာ
Thursday, June 19, 2014
Ineternet ချစ်သူ
Ineternet
ချစ်သူ
=========
Internet
တဲ့
နှလုံးသားချင်း
ချိတ်ဆက်မိတဲ့
ကွန်ယက်လေး….။
အနေဝေးနေပေမယ့်….
Keyboard
ပေါ်လက်တင်လိုက်ရုံနဲ့
နှလုံးသားနှစ်ခု….
နီးကပ်စွာခံစားခဲ့ရ….
မီးစိမ်းလေးမြင်နေရရင်
ချစ်သူမျက်နှာမြင်နေရသလို
ကြည်နှုးပျော်ရွှင်ခဲ့ရပြန်၏
တွေ့လိုဇောနဲ့
Computer
ရှေ့ထိုင်မိစဉ်
သူမရှိလျှင်
ငိုချင်လာမိ
မျှော်တော်ဇောနဲ့မောနေ၏
နှောင်တွယ်မိတဲ့
သံယောဇဉ်ြုကိုး
Connection
ဓားနဲ့ အခါခါပိုင်းဖြတ်ပေမယ့်
ထပ်ထပ်ရစ်ပတ်…..။
နှလုံးသားချင်းကတော့နီးလျက်ပါ……
ကြယ်စင်လင်းလက်
Wednesday, June 18, 2014
ရင်မှာပွင့်တဲ့ဆောင်းရာသီ
ရင်မှာပွင့်တဲ့ဆောင်းရာသီ
=============
သူငယ်ချင်းရေ……
ကဗျာဖွဲ့လို့
ပြောချင်ပါတယ်။
ချစ်တဲ့သူငယ်ချင်း
ထိုထိုများမှ
သီတာရေလို
ချမ်းမြကြည်တဲ့
ချစ်ချင်းညီမျှ
မိသားစုနဲ့မောင်နှမတို့
စံပယ်ဖြူဖွေး
မွှေးမွှေးကြူတဲ့
ဖြူစင်လှသော
သူငယ်ချင်းချစ် ……
ဆုံးစမရှိသမုဒ္ဒသို့
ပင်လယ်ပြင်လိုနက်ရှိုင်းလှစွာ
ချစ်ခင်ကြတဲ့
ချစ်သူချစ် …..
ချစ်ခင်မှုကြားရှုပ်ထွေးလှစွာ
ဖြစ်စေတတ်သော
အလွမ်းဖွဲ့များ
ခံစားလာရ
မွန်းကြပ်မှုနဲ့
ခါးသီးလာသော
နာကျင်မှုသာ
လက်ခံရရှိအပ်သော
ထိုအရာ…..။
မြူအမှုန်ရဲ့
တစ်စက်လောက်သာ
ရရှိခဲ့သော
ပျော်ရွှင်မှုထက် ထောင်သောင်းမက
ပူလောင်မှုသာ
ရင်ဝယ်ပိုက်မိ
ချစ်တဲ့သူတွေကြောင့်ပဲပေါ့……။
ချစ်တယ်ဆိုတာ…
ဖြစ်တည်ကိုယ်စိတ်
မုန်းစိတ်ဆိုလည်း
ကိုယ်ကိုယ်တိုင်သာ
မမြဲသောတရား
သင်္ခါရကို
ခံစားလာမိ
သည်အခါတွင်မှာ
ချစ်ခြင်းတွေကို
ဥပက္ခာပြု
တွယ်တာမှုကို
ခ၀ါချလိုက်ချင်ပါပြီ။
အရောဝင်ကောင်းသော အရာမဟုတ်တဲ့
သံယောဇဉ်ကိုဖြေချင်လို့လည်း
တို့တတွေမှာ
ရှေ့ခရီးဆက်ရင်း
အမုန်းတွေမပွားရအောင်
ဝေးဝေးကပဲချစ်နေတော့မယ်
သူငယ်ချင်းရေ…………….။
နန်းချယ်ရီခိုင်
Subscribe to:
Posts (Atom)









