Showing posts with label ဥပဒေ. Show all posts
Showing posts with label ဥပဒေ. Show all posts

Thursday, September 10, 2015

အင်ဒိုနီးရှားမှ ပြန်ရောက်လာသော မြန်မာရေလုပ်သားများက လူကုန်ကူးခံရမှုတိုင်ကြား

အင်ဒိုနီးရှားနိုင်ငံရှိကျွန်းများတွင် ပစ်ထားခံခဲ့ရသော မြန်မာရေလုပ်သား ၂၆ ဦးသည် စက်တင်ဘာ ၉ ရက်က ပြန်လည်ရောက်ရှိလာပြီး လူကုန်ကူးခံရမှု ဖြင့်တိုင်ကြားသူများရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ သတင်းရရှိသည်။

မြန်မာရေလုပ်သားများသည်လူကုန်ကူးခံရကြောင်း စက်တင်ဘာ၉ ရက်ကတိုင်ကြားသ ဖြင် တရားခံများကို ဖမ်းဆီးနိုင်ရန် အင်တာပိုနှင့်ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးရဲဝင်းအောင်က ပြောသည်။

Sunday, September 6, 2015

စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးများ ပြုပြင်ပြောင်းလဲရန်လိုအပ်ဟု ဒုသမ္မတဦးဉာဏ်ထွန်းပြော

အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးပြီး အချိန်ကြာမြင့်သဖြင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးလိုအပ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအကောင်အထည်ဖော်နေသော သီလ၀ါ၊ ကျောက်ဖြူ၊ ထားဝယ် အထူးစီးပွားရေးဇုန်များ၌ မလိုအပ်သော လုပ်ထုံးလုပ်နည်းများလျှော့ချပြီး ခွင့်ပြုမိန့်၊ လိုင်စင် တို့ကို တစ်နေရာတည်းတွင် ပြုလုပ်ပေးနိုင်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတက စက်တင်ဘာ ၄ ရက်တွင် ပြုလုပ်သော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးပွဲ၌ ပြောကြားသည်။

‘‘စီးပွားရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေက ပြည့်စုံနေပါတယ်။ ဒါပေမဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းအ ဆင့်က ၀န်ထမ်းတွေရဲ့ အတွေးအခေါ်တွေကို ပြောင်းဖို့လိုတယ်။ ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်မယ်ဆိုရင် သူတို့ဆီမှာ အချိန်အကြာဆုံးလိုဖြစ်နေတယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူးဦးရဲမင်းအောင်က ပြောသည်။

ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များသည် ပြည်တွင်း၌ မြေအသုံးချမှုနှင့်ပတ်သက်၍ ခွင့်ပြု မိန့်တောင်းခံရာတွင် အချိန်အကြာမြင့်ဆုံးဖြစ်နေပြီး လုပ်ငန်းလုပ်ရန် အခက်အခဲများဖြစ်ရသည်ဟု ဆိုသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးတွင် ဖြေလျှော့မှုများစွာကို မူဝါဒအရခွင့် ပြုပေးထားသော်လည်း အောက်ခြေ၌ အပြောင်းအလဲမရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးတစ်ဦးက ပြောကြားဖူးသည်။

လက်ရှိထူထောင်နေသော အထူးစီးပွားရေးဇုန်များတွင် ဥပဒေရေးရာမူဘောင်များ၊ လုပ် ထုံးလုပ်နည်းများကို နိုင်ငံတကာ စံနှုန်းအတိုင်း ကျင့်သုံးနိုင်မှသာ ကောင်းမွန်လျင်မြန်စွာ အကောင် အထည်ဖော်နိုင်မည်ဟု မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက အစည်းအဝေး၌ ပြောကြားခဲ့သည်။

ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ပြု ပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ်လကုန်တွင် မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။

စီးပွားရေးနှင့် သက်ဆိုင်သောဥပဒေများဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြန်လည် ပေါင်းစည်းထားသောမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ခေတ်နှင့် မလျော်ညီတော့သည့် မြန်မာနိုင်ငံကုမ္ပဏီဥပဒေတို့ကို ပြင်ဆင်ရေးဆွဲနေပြီး နှစ်ကုန်လျှင် ပြန်လည်ခေါ်ယူမည့် လွှတ်တော် သို့ တင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


Thursday, January 29, 2015

အမျိုးသား လွှတ်တော်၌ ကိုးကွယ်မှုဘာသာ ဆိုင်ရာ ဥပဒေကြမ်း အတည်မပြုရန် ကန့်ကွက်မှုများရှိ


မျိုးစောင့်ဥပဒေပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံရေးအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလ အတွင်း ဘာသာရေးကို ခုတုံးလုပ် လှည့်ကွက်ပြုရန် ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆသဖြင့် လွှတ်တော်မှ အတည်ပြု မပေး ရန် တားမြစ်ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
ယခုကျင်းပနေသည့် အမျိုးသား လွှတ်တော်၌ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးနေစဉ် အမေရိကန် ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်နှင့် ပြည်တွင်း အမျိုးသမီး အဖွဲ့အစည်းများ၊ ချင်းအမျိုးသား ညီလာခံ ဘုံ သဘောတူညီချက် အကောင်အထည်ဖော်ရေး ကော်မတီတို့က လွှတ်တော်သို့ ကန့်ကွက်စာများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း အပါအ၀င် မျိုးစောင့် ဥပဒေဟု ခေါ်ဆိုသည့် ဥပဒေကြမ်း လေးခုသည် လက်ရှိအချိန်တွင် လွှတ်တော်အတွင်း မဆွေးနွေးသင့်သေးကြောင်း၊ လွှတ်တော်မှအတည်ပြုလိုက်ပါက လွှတ်တော် သိက္ခာကျဆင်းနိုင်ကြောင်း၊ လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က သုံးသပ်ထားကြောင်း ထိုကော်မရှင် အဖွဲ့ဝင် ဦးသန်းလွင်က ဧရာဝတီကို ပြောသည်။
ကန့်ကွက်ကြသူ အားလုံးက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေ သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ ပါ အချက်များနှင့် ဆန့်ကျင်နေခြင်း၊ ဘာသာရေးအရ ရှုပ်ထွေးမှု ဖြစ်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
အမျိုးသား လွှတ်တော်တွင် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်ခဲ့သူ တဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က“မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စာတမ်းတွေနဲ့ အခြား လူ့အခွင့်အရေးဆိုင်ရာ စာတမ်းတွေကို တက်တက်ကြွကြွ လက်မှတ်ထိုးထားပေမယ့် ဒီဥပဒေ တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာက လက်မှတ်ထိုးထားတာတွေကို ဖောက်ဖျက်တာနဲ့ အတူတူပဲ”ဟု ပြောသည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေအပါအ၀င် မျိုးစောင့်ဥပဒေ ၄ ခုကိုရေးဆွဲပေးရန် ၂၀၁၃ ခုနှစ်အတွင်း သံဃာတော် များနှင့် ပြည်သူများက လက်မှတ် ၁၅ သိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုခဲ့ရာ၌ သမ္မတက တိုက်ရိုက် ညွှန်ကြားချက်ဖြင့် ကော်မရှင်ဖွဲ့၍ ရေးသားစေခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် ဥပဒေ မူကြမ်းအဖြစ် ထွက်ရှိလာခြင်း ဖြစ်သည်။
ဥပဒေမူကြမ်းများ ထွက်ရှိစဉ်က အမျိုးသမီး အဖွဲ့များ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ၉၀ ကျော်နှင့် ဗုဒ္ဒဘာသာ ၀င် မဟုတ်သည့် အခြားဘာသာဝင်များက ၎င်းတို့ကို ခွဲခြားဆက်ဆံခြင်း ဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ကန့်ကွက် ခဲ့ကြသည်။
ထိုဥပဒေကို ထောက်ခံသူ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်လတ် က“ဗုဒ္ဒဘာသာအတွက် ကိုယ့်စည်းရိုး ကိုယ်ကာတာပါ၊ တချို့ဘာသာတွေက ပြန့်ကားလာပြီး လွှမ်းမိုးတာ ရှိတယ်၊ တနိုင်ငံလုံး အခြားဘာသာ ကူးပြောင်းသွားကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ ရှိတယ်၊ ဒါတွေကို ဥပမာ ယူရမယ်၊ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ ဥပဒေ မဟုတ်ပါဘူး”ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။
မျိုးစောင့်ဥပဒေကို ရေးဆွဲရန် လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မျိုးစောင့်ဥပဒေ ကန့်ကွက်သူများအား ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်သည့် စကားလုံးများကိုသုံးစွဲ၍ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌ ၏ သတိပေးခြင်း ခံခဲ့ရသည်။
ဒေါ်ခင်ဝိုင်းကြည်က“၂၀၁၅ အတွက် နိုင်ငံရေးကို ဘာသာရေးနဲ့ ခုတုံးလုပ်တယ်လို့ပြောတာက အင်မတန်သေးသိမ်ပြီး နိုင်ငံရေး ရေ ချိန်နိမ့်ပြီး ပညာမျက်စိ အမြင်မရှိတဲ့သူတွေရဲ့ စွပ်စွဲချက်လို့ပဲ ပြောချင်တယ်”ဟု ဇန်န၀ါရီ ၂၈ ရက်တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ

Thursday, November 20, 2014

ပုဒ်မ ၄၃၆ ကိစ္စ သူရဦးရွှေမန်း ပြောကြားချက် သမ္မတ သဘောမတူ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် သမ္မတအပေါ်တွင် မူတည်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်ကို သမ္မတက သဘောမတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အမတ်များအား စည်းရုံးရန်မှာ ပြည် ထောင်စုလွှတ်တော် နာယကတွင်သာ တာဝန်ရှိကြောင်း သမ္မတဦးသိန်းစိန်က တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၁၈ ရက်က သူရ ဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အပေါ် သမ္မတက ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအောင်မြင်ရန်မှာ တပ်မတော်သား ကိုယ်စားလှယ်များကို ဦးဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရအဖွဲ့ကို ခေါင်းဆောင်သည့် သမ္မတတို့ဖြစ်ပြီး သမ္မတမှာ တပ်မတော်အပေါ်တွင် ထိုက်သင့်သည့် သြဇာရှိသည့်အတွက် ပုဒ်မ ၄၃၆ အောင်မြင်ရေးမှာ ၎င်းတို့နှစ်ဦးအပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
သို့သော် ဦးသိန်းစိန်ကမူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် ဖွဲ့စည်းပုံ ပြင်ရေးကို ထောက်ခံသည့် ကိုယ်စားလှယ်များ ရအောင် စည်းရုံးရန်မှာ သူရဦးရွှေမန်းတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
‘‘၄၃၆ ပြင်ဖို့က သမ္မတအ ပေါ်မှာပဲ မူတည်တယ်ဆိုပြီး သူရဦးရွှေမန်း ပြောကြားချက်ကို ကျွန်တော်တို့ သဘောမတူပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ပြင်နိုင်အောင်၊ ပြင်ဆင်နိုင်ဖို့ အ ဆိုတင်နိုင်ဖို့ လိုအပ်တဲ့ လွှတ် တော်အမတ်များရအောင်၊ လိုအပ်တဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးဖို့က ပြည်ထောင်စုလွှတ် တော်နာယကမှာပဲ တာဝန်ရှိ တယ်လို့ ထင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ပေါ်တွင်သာ မူတည်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျပြဋ္ဌာန်းထားပြီး လွှတ်တော်အပါအ၀င် မဏ္ဍိုင်သုံးရပ်ခွဲခြားမှုပီပြင်စေရန် သမ္မတနှင့် ၀န်ကြီးများကို ရာထူးယူထားစဉ်တွင် ပါတီတာဝန်ထမ်းဆောင်ခြင်းမပြုရန် ပြဋ္ဌာန်းထားကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲ ထွဋ်က ပြောသည်။
သမ္မတအိုဘားမားနှင့် ဖွဲ့ စည်းပုံပြင်ရေးဆွေးနွေးစဉ်က လည်း အချို့ပုဒ်မများကို လွှတ် တော်တွင် ပြင်နိုင်ပြီး အချို့ပုဒ်မ များကို ပြည်သူ့ဆန္ဒခံယူပွဲများ ပြု လုပ်၍ ပြင်ဆင်နိုင်ကြောင်း ပြော ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
သို့သော် သမ္မတ အိုဘားမားကမူ သူသာ မြန်မာသမ္မတဖြစ်ပါ က ၂၀၁၅ ရွေးကောက်ပွဲနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် သမ္မတအဖြစ် ရွေးချယ်ခံနိုင်သည့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) အပါအ၀င် အရေးကြီးပုဒ်မများကို ပြင်ဆင်လိုပါက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒမဲပေးသူ၏ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ၂၅ ရာခိုင်နှုန်း ပါဝင်နေသဖြင့် ၄၃၆ ပြင်ဆင်ရေးတွင် အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး၏ ထောက်ခံမှုကို ရရန်လိုအပ်ပြီး ယခုအခါ တပ်မတော်သား ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ မပြင်လိုကြောင်း လွှတ်တော်တွင် ဆွေးနွေးသွားပြီဖြစ်သည်။
7Days 

နိုင်ငံသားများ ဒီမိုကရေစီနားလည်ကျင့်သုံးနိုင်ချိန်ရောက်မှ ၄၃၆ ပြင်ရန် တပ်မတော်သားအမတ်တင်ပြ

 ပြည်တွင်းငြိမ်းချမ်း ရေးရရှိကာ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး နိုင်ငံသားများ ဒီမိုက ရေစီသဘောတရားများ   နား လည်လက်ခံကျင့်သုံးနိုင်သည့် အချိန်ကိုရောက်မှသာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ၌   တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြသည်။
‘‘လက်ရှိအချိန်မှာ လက်နက် စွဲကိုင် တိုက်ပွဲအချို့ဖြစ်ပွားနေ ဆဲ ဖြစ်ပြီးတော့ ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးပါဘူးခင်ဗျာ။ အလားတူ ခေါင်းစဉ်အမျိုးမျိုး တပ်ထားတဲ့ ဆန္ဒပြမှုများစွာနဲ့ နိုင်ငံရေးတည်ငြိမ်မှု မရှိသေးတဲ့ အချိန်မှာ မြဲမြံခိုင်မာစွာ ပြဋ္ဌာန်း ထားတဲ့ ပုဒ်မ-၄၃၆ (က)ကို ပြင် ဆင်ရန် မသင့်သေးပါဘူး’’ဟု နို ၀င်ဘာ ၁၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီး ခင်မြင့်က တင်ပြလိုက်ခြင်း ဖြစ် သည်။
ပုဒ်မ-၄၃၆ သည် အမျိုး သားရေးနှင့် တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးသည့် အချက်များကို ကာကွယ်ထား ခြင်းဖြစ်ကြောင်း၊ ယင်းပုဒ်မ ၄၃၆ ကိုပြင်ဆင်ကာ အခြားသော ကျန် ရှိသည့် ပုဒ်မများကို လိုသလို ဆောင်ရွက်သွားလိုသူများ၏ ရည်ရွယ်ချက်များအပေါ် လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် ရှင်းလင်းပြတ် သားသည့် အမြင့်ဖြင့် သုံးသပ်စေ လိုကြောင်း ၎င်းက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက မပြင်ဆင် ရန် တင်ပြထားသည့် ပုဒ်မ ၄၃၆ သည် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရေစီမကျသည့် အချက်များ    ပြင်ဆင်ရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အ ရေးများကို တိုးမြှင့်ပေးနိုင်ရန်ပထမဦးဆုံးပြင်ဆင်ရမည့် ပုဒ်မတစ်ခုဖြစ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက    ပြောကြ သည်။
နိုင်ငံတွင် လိုအပ်နေသော အမျိုးသား ပြန်လည်ရင်ကြားစေ့ ရေး လုပ်နိုင်ရေးနှင့် ပြည်သူမှ ချစ် မြတ်နိုးသည့် တပ်မတော်ဖြစ်ပေါ် လာရေးတို့အတွက် ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန်လိုအပ်ကြောင်း ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် တပ်မတော်၏ ပါဝင် မှု အခန်းကဏ္ဍကို မလျှော့ချနိုင် ရေးအတွက် ကာကွယ်ထား သည့် ပုဒ်မတစ်ခု     ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးအောင်ကြည်ညွန့်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဆွေးနွေးကြ သည့်အခါ ချင်းတိုးတက်ရေးပါ တီမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဇုန်လှယ်ထန်းက လည်း    တိုင်းရင်းသားများ၏ အခွင့်အရေး ပိုမိုရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို  ပြင်ဆင်ရမည်ဖြစ်သည်ဟု ဆွေးနွေးတင်ပြခဲ့သည်။
လွှတ်တော်တွင်းရှိ တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ခံမှု မပါဘဲ ပြင်ဆင်၍ မရနိုင်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်    ပြည်သူလူထုထံမှ ဆန္ဒလက်မှတ်ငါးသန်းခန့် ကို   အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ   လွှတ်တော်သို့ တင်ပြထားမှုရှိသည်။
7Days

သူရဦးရွှေမန်းပြောသည့် အခြေခံဥပဒေကိစ္စ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

 ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်း ပြောကြားသည့်    ၂၀၁၅   ရွေး ကောက်ပွဲအပြီး လွှတ်တော်မှသာ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဆို ခြင်းမှာ လုပ်ငန်းစဉ်အရ သဘာဝ ကျကြောင်း ဒီချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်သည်။
‘‘သူ Process ကိုပြောတာ ပါ။ Process ကဒီလိုပဲ သွားရမှာ ပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဆို ပါတော့ ဒီ ၄၃၆ ကို ပြုပြင်ပြောင်း လဲဖို့    ဆုံးဖြတ်တယ်ဆိုပါတော့၊ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ် ပြီးမှသာလျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ်လေ။ အဲ့ဒီတော့ အဲ့ဒီဟာတွေကျတော့ အချိန်အရ ရော အခုလက်ရှိသွားနေတဲ့ လုပ် ငန်းတွေအရရော ဒါ Process အရတော့ ဒါဒီလိုပဲ လုပ်ရမှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင် ဘာ ၁၉ ရက် သတင်းထောက် များ၏      အမေးကိုပြန်လည်ဖြေ ကြားသည်။
လူထုဆန္ဒခံယူပွဲများ ပြီးပြီး ချင်း ပြင်ဆင်မှုများကို ဆောင် ရွက်၍ မရဘဲ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူ တည်ပြီးမှ ဆောင်ရွက်၍ရမည် ဟု သူရ ဦးရွှေမန်းက ပြောကြား သည်။
‘‘ဒီသက်တမ်းမှာ ပြင်လိုက် တဲ့ဟာကို ဆောင်ရွက်မယ်ဆိုရင် ဒီနေ့ အုပ်ချုပ်ရေးအခင်းအကျင်း၊ ကျန်တဲ့အခင်းအကျင်းတွေက အကုန်လုံးပြောင်းလဲသွားဖို့ဆို ရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါ ကြောင့်မို့ ၂၀၁၅ မှာ ရွေးကောက် ပွဲလုပ်မယ်။ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်တွေနဲ့အတူပဲ။ အဲဒီလွှတ် တော်သက်တမ်းစတဲ့နောက်ပိုင်း မှာ ခုနက ဖွဲ့စည်းပုံအခြေခံ ဥပ ဒေကိုပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေ ပေါ်မူတည်ပြီး ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။
အခြေခံဥပဒေ    ပုဒ်မ၅၉ (စ)ကို ပြင်နိုင်မှသာ ဒေါ်အောင် ဆန်းစုကြည်သည် နောက်အစိုးရ ၏ သမ္မတဖြစ်နိုင်မည်ဖြစ်ရာ ရွေး ကောက်ပွဲအပြီး ပထမဆုံးလွှတ် တော်တွင်မှ အဆိုပါ ဥပဒေပြင် ဆင် အတည်ပြုကျင့်သုံးနိုင်မည် ဆိုလျှင် သမ္မတဖြစ်ရန် မသေချာ သေးသည့် အခြေအနေ ဖြစ် သည်။
‘‘ထင်တာက လူထုဆန္ဒခံယူ ပွဲလုပ်ပြီး အခြေခံဥပဒေအသစ် မူကြမ်းရေးထားမယ်။ နောက် လွှတ်တော်က အစိုးရမဖွဲ့ခင်မှာ ဒါကို အတည်ပြုနိုင်ရင် သူသမ္မတ ဖြစ်နိုင်မယ်။ ကျွန်တော်ကစဉ်း စားကြည့်တာပါ’’ ဟု ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။
ပုဒ်မ၅၉(စ)   မပြင်ဆင်မီ လူထုဆန္ဒခံယူပွဲပြုလုပ်ရန်   လို သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရသည့် လုပ်ငန်းအဆင့်ဆင့်ရှိပြီး သဘာဝကျသည်ဟုသာ ဒေါ်အောင်ဆန်းစုကြည်က    ၎င်းသမ္မတဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည့် မေးခွန်းကို ဖြေ ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသည့် ငါးရက်မြောက်နေ့အထိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင် ရန်အတွက် အပြင်းအထန် ကန့် ကွက်နေဆဲ ဖြစ်သည်။
7Days

Friday, September 26, 2014

ကာကွယ်ရေးကိစ္စများမှအပ ဌာန၀န်ထမ်းများအား လူ့အခွင့်အရေးကော်မရှင်အသစ် ခေါ်ယူမေးမြန်းနိုင်ဟုဆို

 
သမ္မတရုံးမှထုတ်ပြန်သော လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းကြောင်းကြေညာချက်
အသစ်ဖွဲ့စည်းလိုက် သည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်သည် နိုင် ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများမှအပ အစိုးရဌာန၀န် ထမ်းများအား ခေါ်ယူမေးမြန်းနိုင်  သကဲ့သို့  အချက်အလက်များလည်း တောင်းယူနိုင်သည့် လုပ်ပိုင်ခွင့်များရလာမည်ဖြစ်ကြောင်း ကော်မရှင်သစ်၏  ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောကြားသည်။
၂၀၁၁ စက်တင်ဘာအ တွင်းက ဖွဲ့စည်းခဲ့သည့် သုံးနှစ် ကျော်ကြာသက်တမ်းရှိပြီဖြစ် သော  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ကို ဖျက် သိမ်းပြီး အဖွဲ့ဝင် ၁၁ ဦးပါသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်တစ်ခုကို သမ္မတက ထပ်မံဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး  စက်တင် ဘာ ၂၄ ရက်စွဲဖြင့်  ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
ကော်မရှင်များဖွဲ့စည်းရာ တွင် အခြေခံဥပဒေအရ ဖွဲ့စည်း ခြင်း၊ ဥပဒေအရဖွဲ့စည်းခြင်းနှင့် အမိန့်ဒီကရီတို့အရ ဖွဲ့စည်းခြင်းတို့ရှိသည့်အနက်အသစ်ဖွဲ့စည်း လိုက်သည့်  မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် သည် အခိုင်မာဆုံးဖြစ်သည့် ဥပ ဒေအရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဦးစစ်မြိုင်ကပြောသည်။
‘‘အဲဒီ(သုံးခု)ထဲကမှ  အခု အသစ်ဖွဲ့လိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ ဒုတိယအခိုင်မာ ဆုံးဖြစ်တဲ့ ဥပဒေနဲ့ ဖွဲ့စည်းလိုက်တဲ့ အတွက် ဖျက်သိမ်းလို့မရပါဘူး။ လူလဲလို့ပဲရပါတယ်။ အရင်က တော့ အမိန့်အရပဲ ဖွဲ့စည်းထား တဲ့အတွက် ပြန်ပြီးဖျက်ချင်တယ် ဆိုရင်ရပါတယ်’’ဟု ဦးစစ်မြိုင်က ပြောသည်။
သမ္မတအမိန့်ဖြင့် ပယ်ဖျက် လိုက်သည့် လူ့အခွင့်အရေးကော် မရှင်ဟောင်းသည် ၎င်း၏ သက် တမ်းတစ်လျှောက်တွင် ပြည်သူ များအတွက် လူ့အခွင့်အရေး ကာ ကွယ်မှုတွင်လုံလောက်မှုမရှိ ကြောင်း မကြာခဏ ဝေဖန်မှုများ ခံထားရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ဖွဲ့စည်းပြီး မှ ပိုမိုဆိုးရွားသည့် လူ့အခွင့်အ ရေးချိုးဖောက်မှုများပေါ်ပေါက် နေကြောင်း ထိုင်း-မြန်မာနယ်စပ် မှ တစ်ဆင့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေကို ကာလရှည် ကြာလေ့လာဝေဖန်မှုများပြုလုပ် ခဲ့သည့် မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာကပြောသည်။
အစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် တပ်မတော်အစိုးရလက် ထက်ကပြုလုပ်ခဲ့သည့် အပြုအမူ များအတိုင်းဆက်လက်ပြုလုပ်နေ ဆဲဖြစ်သည့်အပြင် ပုံစံအသစ်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံပြုလုပ်နေဆဲဖြစ်ကြောင်း ဒေါ်ခင်ဥမ္မာကဝေဖန်ခဲ့သည်။
ကျယ်ပြန့်ပြီး စနစ်တကျဖြစ် ပေါ်ခဲ့သော ရခိုင်ဒေသအကြမ်း ဖက်မှုများ၊ စစ်မြေပြင်တွင် မြန်မာ့တပ်မတော်   ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အပါအ၀င် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဖျက်သိမ်းခဲ့ သည့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ၎င်းတို့ ၏ လုပ်ပိုင်ခွင့်တာဝန်ကို အပြည့် အ၀အကောင်အထည်မဖော်ဘဲ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ပေးခဲ့ခြင်းမရှိကြောင်း လည်း မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့၊ ညီမျှ ခြင်းမြန်မာနှင့် Asia Forum For Human Right and Deve-lopment တို့ ပူးပေါင်းပြုလုပ် သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
‘‘လူ့အခွင့်အရေးချိုးဖောက် မှုတွေများလာတာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာ၊ အစိုးရရဲ့လုပ် ကွက်တွေ ပါးနပ်မှုရှိလာတာရယ် ကြောင့် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ဟာ စိတ်ပျက် ဖွယ်ဖြစ်နေဆဲပါ။ လုံလောက်မှု လည်းမရှိပါဘူး’’ဟု Asian Forum for Human Right and Development မှ မစ္စတာဂျိုးစက် ခူဝန်က ပြောသည်။
‘‘ကော်မရှင်အဖွဲ့ဝင်ရွေး ချယ်တာတွေ၊ နောက်ပြီးလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်တွေရဲ့ ဆုံးဖြတ်ချက်တွေမှာ အမြဲတမ်း သမ္မတရုံးကိုပဲ ရောက်ရောက် သွားတယ်။ နိုင်ငံအတွင်း အင် မတန်ဆိုးရွားတဲ့အချို့လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ကိုင် တွယ်လိုစိတ်မရှိတာကို တွေ့ရ တယ်။ လူထုက ကော်မရှင်အပေါ် ယုံကြည်မှုပျောက်ဆုံးလာပါ တယ်’’ဟု ညီမျှခြင်း-မြန်မာ၏ အထွေထွေညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားသူ များဘက်က ပြုလုပ်ခဲ့သည့် ဝေ ဖန်ပြစ်တင်မှုများအတွက် သီးခြား မှတ်ချက်ပေးလိုခြင်းမရှိကြောင်း ကော်မရှင်ဟောင်းတွင် အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ ကော်မရှင်သစ်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက် နေသည့် ဦးစစ်မြိုင်ကပြောသည်။
၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်သြဂုတ်လအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်သို့ တိုင်ကြားသည့် အမှုပေါင်း  ၇,၁၀၀ ကျော်အထိ ရှိခဲ့ပြီး အစိုးရ အဖွဲ့ရုံးသို့  သုံးသပ်တင်ပြ တိုက် တွန်းသော အမှုပေါင်း ၁,၉၈၆မှု၊ လူပုဂ္ဂိုလ်များအား ပြန်ကြားသည့် အမှုပေါင်း ၁,၁၆၅ မှုနှင့် ဆက် လက်ဆောင်ရွက်ရန် မလိုသည့် အမှုပေါင်း ၃,၇၂၉ မှုအထိရှိခဲ့ပြီး ဆောင်ရွက်ရန်ကျန်သည့် အမှု ပေါင်း ၂၅၁ မှုကျန်ရှိနေသေး ကြောင်းလည်း ကော်မရှင်က ထုတ်ပြန်သည့် စာရင်းဇယားများ  အရသိရသည်။
 ယခင်ကော်မရှင်ဟောင်း လုပ်ဆောင်ခဲ့သည့် စိစစ်ဆဲကိစ္စ များကို ကော်မရှင်သစ်က ဆက် လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း ဦးစစ်မြိုင်ကပြော သည်။
7Day

Friday, June 27, 2014

မြေယာပိုင်ဆိုင်မှု(၄)

မြေယာပိုင်ဆိုင်မှု(၄)

(က) မြို့ရွာအတွင်း တည်ရှိနေသော လူနေအိမ်မြေ (၃ (ခ) မြေ)
၁၉၅၃-ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ အခန်း(၁) ပုဒ်မ ၃(ခ) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
“ လယ်ယာမြေ” ဆိုသည်မှာနိုင်ငံတော်က အလိုရှိသည့်အတိုင်း၊ သုံးစွဲနိုင်သည့် လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်၊ယာ၊ ကိုင်း၊ ကျွန်း ၊ ဥယျာဉ်စိုက်ပျိုးမှု သို့တည်းမဟုတ် လယ်၊ ယာ၊ ကိုင်း၊ ကျွန်းဖြင့် အသက်မွေးမှု ကိစ္စများအတွက်ဖြစ်စေ ၊ ယင်းသို့ စိုက်ပျိုးမှုနှင့် အသက်မွေးမှု၏ အထောက်အပံ့ဖြစ်သော အမှုကိစ္စများ အတွက်ဖြစ်စေ၊ လက်ရှိထားရှိသည့် သို့တည်းမဟုတ် သာမန်လုပ်ကိုင်သည့် သို့တည်းမဟုတ် အငှားချထားပြီးဖြစ်သည့် မြေကိုဆိုလိုသည့် အပြင် ထိုစကားရပ်တွင် ထိုမြေပေါ်ရှိ လူနေအိမ်များနှင့် အခြားအဆောက်အဦးများ တည်ရာမြေ များလည်းပါဝင်သည်။ သို့ရာတွင် မြို့ရွာအတွင်း တည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ပေ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေရာစီမ့ ခန့်ခွဲမှု စာရင်းနှင့် မှတ်တမ်းထိန်းသိမ်းရေးဋ္ဌာနေသည် ပုဒ်မ၃(ခ)၏ နော်ကဆုံး စကားရပ်ပါ လယ်ယာမြေနှင့် အကျုံးမ၀င်မြေများ၊ တစ်နည်းအားဖြင့် အိမ်ယာမြေအဖြစ် အသုံးပြုထားသော မြေများကို လယ်ယာမြေနှင့်အကျုံးမ၀င်ကြောင်း အတည်ပြုချက်စာ ထုတ်ပေးနိုင်ပေသည်။
ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ် ၊ အင်းစိန်မြို့နယ် ၊မင်္ဂလာဒုံမြို့နယ် အတွင်းရှိအချို့သော မြေများနှင့်စပ်လျဉ်း၍ ၃(ခ)အရ လျှောက်ရန်လိုပေသည်။
၁၉၅၃ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ(၃)အရ လယ်ယာမြေ ဟူသောစကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်များနှင့် ကိုက်ညီက ၀န်ခံလက်မှတ်ထုတ်ပေးလေ့ရှိသည်။
(က)လျှောက်ထားသည့်မြေမှာ မြေပိုင် မြေဖြစ်ခြင်း
(ဥပမာ- မဂ်လာဒုံမြို့နယ်မြေတိုင်းရပ်ကွက်အမှတ်----မြေကွက်အမှတ်---ဧရိယာ---ဧကရှိကင်းလွတ်ခွင့် လယ်မြေမျိုးဖြစ်ပြီး မြေခစည်းကြပ်လျက်ရှိပြီးမြေစာရင်းတွင် ဦးဖြူနှင့်ဒေါ်မဲဟု သတ်မှတ်ထားပါက ခိုင်လုံသော အထောက်အထား ရှိနေပြီဖြစ်သည်။)
(ခ) ဦးပိုင်အပြည့် လျှောက်ထားခြင်း။
(ဂ) နိုင်ငံသားဖြစ်သူက လျှောက်ထားခြင်း။
(ဃ)မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေများနှင့်ကိုက်ညီခြင်း။
(င) လ/န (၃၉) အရ သတ်မှတ်ထားသော အုတ်ဖုတ်မြေများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ပယ်ဖျတ်ပြီးဖြစ်ကြောင်း အထောက်အထား ရှိခြင်းနှင့် လက်ရှိအနေအထားတွင် အိမ်မြေအဖြစ် အသုံးပြုနိုင်ခြင်း။
(စ) အမွေဆက်ခံ ပိုင်ခွင့်ရှိကြောင်း ကတိသစ္စာပြုလွှာ တင်ပြခြင်း။
(ဆ) လျှောက်ထားမြေတွင် ၁၉၅၃ ခုနှစ် မတိုင်မီ အချိန်ကတည်းက အိမ်ဆောက်လုပ်နေထိုင်ခဲ့ကြောင်း သက်ဆိုင်ရာတို့၏ ထောက်ခံချက်တင်ပြ နိုင်ခြင်း။

မြေယာဆိုင်ရာအကြောင်းအရာများဆက်လက်တင်ပြသွားမည်
လေးစားလျှက်
အောင်ရဲစိုး(ဥပဒေ)

Wednesday, June 25, 2014

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည် ခွင့်ဥပဒေ (ပုဒ်မ ၁၈) ပြင်ဆင်ချက်ထုတ်


26 June 2014


 ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ပြင်ဆင်ချက်မထုတ်ခင် အရင် ဒီဥပဒေနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေဟာ မကြာခဏ တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုပြင်ဆင်ချက်ထဲ မှာတော့ ထောင်ဒဏ်တွေ ကို လျှော့ချလိုက်သလို အစားထိုးချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဒီဥပဒေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၄ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

ယခင်ဥပဒေပါ “ခွင့်ပြုမိန့်” ဆိုတဲ့ စကားရပ်နေရာမှာ “ခွင့်ပြုချက်”၊ “ကိုယ်ရေးအချက်အလက်” ဆိုတဲ့ စကားရပ်ကို “အမည်နဲ့ ဆက်သွယ်ရန် နေရပ်လိပ်စာ အပြည့်အစုံ”၊ နောက် “ငြင်းပယ်ခြင်း”၊ “သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း” ဆိုတဲ့ စကားရပ်ကို ပယ်ဖျက်ဖို့နဲ့ သတ်မှတ်ချက်နဲ့အညီ လျှောက်ထားချက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အတည်ပြုချက်နဲ့ ခွင့်ပြုချက်ထုတ်ပေးရမယ် စသဖြင့် အစားထိုးချက်တွေနဲ့ ပြင်ဆင်ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။

ပြစ်မှုထောင်ဒဏ်တွေကို ၂ နှစ်ထက် မပိုသောထောင်ဒဏ်ကနေ ၁ နှစ်ထက်မပိုသော ထောင်ဒဏ်တွေအဖြစ်လည်း လျှော့ချပေးထားပါတယ်။

အခုလို သမ္မတဦးသိန်းစိန်က အတည်ပြုပြဌာန်းလိုက်တဲ့ ပြင်ဆင်ချက် ဥပဒေထဲမှာ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေ ဦးအောင်သိန်းက ငြင်းပယ်ခွင့်မရှိတဲ့ အမိန့်သဘော မဟုတ်တော့ပေမဲ့လို့ ဥပဒေကြောင်းအရ အစားထိုးချက်တွေအပေါ် သူ့အမြင်တွေကို အခုလို သုံးသပ်ပါတယ်။

“ခွင့်ပြုချက် ဆိုတာကတော့ သာမာန်အားဖြင့် ပြောရရင် အမိန့်လို သဘောမျိုး မဟုတ်တော့ဘူးပေါ့နော်။ ခွင့်ပြုချက်ကို တောင်းခံတယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားပြီ။ ငြင်းပယ်တယ်ဆိုတဲ့ ဥစ္စာကို ပယ်ဖျက်တယ်ဆိုတဲ့ သဘောကတော့ ငြင်းပယ်ခွင့် မရှိဘူးဆိုတဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ၂ နှစ်ထက် မပိုတဲ့ထောင်ဒဏ်လို့ သတ်မှတ်တော့ ထောင်ဒဏ် ၁ နှစ်အထိပေါ့ဗျာ၊ ၁ လ ချလည်းရတယ်၊ ၂ လ ချလည်းရတယ်၊ ၆ လ ချလည်းရတယ်။ အဲဒီဟာတွေက ၁ နှစ်ထက် မပိုဖို့ဆိုတဲ့ သဘောပြောတာပေါ့။ ထောင်ဒဏ်ကတော့ ပါနေတာပဲပေါ့နော်။ ငွေဒဏ်ပဲ ဖြုတ်ပစ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။"

မေး - ဒီထောင်ဒဏ်တွေကို လျှော့မယ်ဆိုတော့ လက်ရှိမူလ သူတို့တရားစွဲ ခံထားရပြီး ထောင်ချခံထားရတဲ့လူတွေ အတွက်ကိုရော ဒီဥပဒေက အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား အန်ကယ်။ ဥပမာ ကျထားပြီးသားလူတွေ ပြန်ပြီးလျှော့နိုင်တဲ့ အနေအထား ရှိပါသလားရှင့်။

ဖြေ - ဒီဥစ္စာက နောက်ကြောင်းပြန် အကျိုးသက်ရောက်မှုတွေ ရှိတယ် ဆိုရင်တော့လည်း တမျိုးပေါ့။ ဒါပေမဲ့ နောက်ကြောင်းပြန် အကျိုးသက်ရောက်ခွင့် မရှိဘူးဆိုပြီး သတ်မှတ်ထားတာ မပါတဲ့ အတွက်တော့ အရင်ဥပဒေအရ ပြဌာန်းထားတဲ့ ပုဒ်မနဲ့ အကျုံးဝင်လို့ရှိရင် အဲဒီကာလက အကျုံးဝင်တာပေါ့။ အခုဟာက ဒီ ၂၄ ရက် ဇွန် ၂၀၁၄ မှာ လက်မှတ်ရေးထိုး ထုတ်တဲ့အတွက် အဲဒီဟာ အကျုံးဝင်တယ်ပေါ့။”

ဒါပေမဲ့ ပြင်ဆင်ချက်ဥပဒေထဲ ပါဝင်တဲ့ လိုက်နာခြင်းမရှိရင် ခွင့်ပြုချက်ရုပ်သိမ်းခံရပြီး လူစုခွဲရမယ် ဆိုတဲ့ အစားထိုးထားတဲ့အချက်အပေါ် ဦးအောင်သိန်းက ထောက်ပြပြောဆိုပါတယ်။

 “Force သုံးတယ်ဆိုတဲ့ သဘောမျိုး၊ အစားထိုးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ စည်းကမ်းချက်တရပ်ကို လိုက်နာခြင်းမရှိတဲ့အတွက် လူစုခွဲမယ်ဆိုတဲ့ သဘောအရ ကျနော်တို့က ကျနော်တို့ဖာသာ ခွဲမလား၊ ကျနော်တို့ဖာသာ စုဝေးတာကို မခွဲဘူးဆိုရင်၊ သူတို့က လူစုခွဲခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်ပါတယ်။” 

ဦးဝင်းချို (တစ်သီးပုဂ္ဂလ) ဟာ ယခင်ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုနဲ့ ၃၅ ခါ တရားစွဲဆိုခံထားရသူ ဖြစ်ပါတယ်။ လယ်သမားတွေနဲ့အတူ မြို့တော်ခမ်းမရှေ့ဆန္ဒပြမှု၊ ဖယောင်းတိုင်ထွန်းမှုနဲ့ အင်းစိန်ထောင်မှာ ထောင်ချခံထားရပြီး ဇွန်၂၄ရက်နေ့ကမှ ပြန်လွတ်မြောက်လာတဲ့ ဦးဝင်းချိုက အခုပြင်ဆင်ချက်တွေနဲ့ ပြဌာန်းလိုက်တဲ့ ဥပဒေအပေါ် သူ့အမြင်ကို အခုလိုဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) ကို အကြောင်းပြုပြီးတော့ ငြိမ်း၊ စု၊ စီ ဥပဒေကို ပြည်ထဲရေးဝန်ကြီးက ရေးဆွဲပြဌာန်းတယ်။ ပထမ ငြိမ်း၊ စု၊ စီ ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မတွေနဲ့လည်း တကယ်တမ်းပြောရင် မကိုက်ညီပါဘူး။ အဲဒီဥပဒေပြုရေး အာဏာပိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံပြုပြင်ပြီး ပြဌာန်းလိုက်ပေမဲ့၊ အမှန်တကယ် လက်တွေ့အသုံးချလို့ ရနိုင်မရနိုင်၊ ကောင်းကျိုးဆိုးပြစ် ဘယ်လောက်ရှိတယ် ဆိုတာကတော့ ကျနော်တို့ကိုယ်တိုင် အသုံးပြုတဲ့ အခါကျရင် ထပ်ပြီးပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေကို လျှော့ချပေးတာ မဟုတ်ဘဲ၊ တိုးမြှင့်လိုက်တယ် ဆိုရင်တောင်မှ ကျနော်တို့ဟာ လိုအပ်ချက်အရ သာမာန်ပြည်သူတွေဟာ ငြိမ်း၊ စု၊ စီ ဥပဒေကို လိုအပ်ရင် ချိုးဖောက်ပြီး ဆန္ဒပြရဦးမှာ ဖြစ်ပါတယ်လို့ပဲ ကျနော့်ယူဆချက် ပြောပါရစေခင်ဗျာ။”

ပုဒ်မ ၁၈ အပါအ၀င် ဆန္ဒပြသူတွေကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) လို ပုဒ်မတွေ အမြန် ပယ်ဖျက်ပေးရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ (၁၈) ကို ပြန်လည် ပြင်ဆင်ဖို့ လွှတ်တော်မှာ  ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး အတွင်းမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

မဆုမွန်

မြန်မာ့သတ္တုတွင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ထပ်မံပြင်ဆင်ပြီး အတည်ပြုသွားမည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားအလို့ငှါ အမြန်ပြဌာန်းရန်လိုအပ်သဖြင့် အသစ်ပြင်ဆင် ရေးဆွဲခြင်းမပြုရန် ပြည်သူ့လွှတ်တော်ကဆုံးဖြတ်


နေပြည်တော် ဇွန် ၂၅
အမျိုးသားလွှတ်တော်က အတည်ပြုချက်ဖြင့် ပေးပို့လာသည့် မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်း ကော်မတီအစည်းအဝေးကို ကျင်းပရာ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင် ရာ ကော်မတီဥက္ကဌ ဦးလွန်းသီ၊ အတွင်းရေးမှူး ဦးသိန်းလွင်နှင့် ကော်မတီဝင်များ၊ အစိုးရ၏အာမခံချက်များ၊ ကတိများ အာမခံချက်များ စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းမြင့်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သတ္ထုတွင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်နှင့် တာဝန်ရှိသူများ၊ သတ္ထုတွင်း လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် ကော်မတီဝင်များ၊ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားအလို့ငှါ အမြန်ပြဌာန်းရန်လိုအပ်ပါသဖြင့် အသစ်ပြင်ဆင် ရေးဆွဲခြင်းမပြုရန် မြန်မာ့သတ္ထုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ်တွင် ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့သည်နှင့်အညီ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးသွားရန်ဖြစ်ကြောင်း ဦးစောလှထွန်းက တင်ပြခဲ့ပြီး၊ ကော်မတီဥက္ကဌ ဦးလွန်းသီက အမှာစကားပြောကြားကာ၊ တက်ရောက်လာကြသူများက ဆွေးနွေးကြရာ ဦးသိန်းလွင်၊ ဦးသန်းမြင့်၊ ဦးမောင်ကို၊ ဒေါ်အေးဝင်း၊ ဦးဘရှိန်၊ ဦးဝင်းထိန်၊တို့က ဆွေးနွေးကြပြီး ဥပဒေကြမ်း၏ အပိုဒ် တစ်ပိုဒ်ချင်းစိစစ်အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရှိရသည်။
လွှတ်တော်သတင်း
အောင်ရဲစိုး(ဥပဒေ)

အခြေခံဥပဒေပြင်ဆင်ရာမှာ အဆင့်တွေကိုကျော်တက်သင့်ရဲ့လား


အခြေခံဥပဒေ ပြင်ဆင်မည်ဆိုလျှင် အောက်ပါအတိုင်းတစ်ဆင့်ခြင်းသွားရပါသည်။၄၃၃။ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်လိုပါက အောက်ဖေါ်ပြပါ သတ်မှတ်ထားသောနည်းလမ်း အတိုင်းဆောင်ရွက်ရမည်-
(က)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေ မူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်၊
(ခ)ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ၊
၄၃၄။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း ရမည်။
၄၃၅။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိကိုယ်စားလှယ်စုစုပေါင်း၏ ၂၀%က တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနွေး ရမည်။
။၄၃၆။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အာားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊
(ခ) ပုဒ်မခွဲ (က)တွင်ဖေါ်ပြထားသည့် ပြဌါန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း မှ ပုဒ်မ ၄၃၆ ဖြစ်ပါသည်။
အထက်ဖေါ်ပြပါ အကြောင်းအချင်းရာများကိုကြည့်ခြင်းအားဖြင့် ပထမအဆင့်အနေဖြင့် မူကြမ်းရေးဆွဲရ မည်ဖြစ်သည်ယင်းအဆင့်ကို ပေါ်ပေါက်လာစေဖို့လွှတ်တော်မှာပြည်ခိုင်ဖြိုးပါတီမှအခြေခံဥပဒေ   ပြင်ဆင် နိုင်ရေးအတွက်မူကြမ်းရေးဆွဲဖို့အရေးကြီးအဆို တင်သွင်းပြီးခဲ့ပြီ။
လွှတ်တော်မှာလည်း ပြင်ဆင်ရေးတွေကို ယင်းပါတီမှပဲ ဦးဆောင်ဆွေးနွေးနေသည်။ထိုမှတစ်ဆင့် မူကြမ်း ကို ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုလွှတ်တော်ရှိကိုယ်စားလှယ်စုစုပေါင်း၏၂၀%ကတင်ပြရမည်။ ထိုအဆင့်ကိုတော့လွှတ်တော်မှာ ဆောင်ရွက်ရမည်ဖြစ်သည်ထိုအဆင့်ဆောင်ရွက်ပြီးပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အာားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည် ဖြစ်ရာ ပြည်သူတွေရဲ့ထောက်ခံလက်မှတ်မှာ နောက်ဆုံးအတည်ပြုအဆင့်တွင်ဖြစ်သည်။
ဤသို့ဆိုလျှင်ပြင်ဆင်ရေးအတွက် ပထမအဆင့်မှာပြီးမြောက်ခဲ့ပြီး ဒုတိယ အဆင့်မှာဆောင်ရွက် ဖို့စီစဉ်နေကြပြီ ထိုမှတစ်ဆင့် တတိယ အဆင့်ကိုဆက်လက်လုပ်ဆောင်ပြီး စတုတ္ထအဆင့်ကို သွားကြရမည်ဖြစ်ပေရာ ဒုတိယ အဆင့်နှင့် တတိယအဆင့်ကို ချန်လှပ်ကာ စတုတ္ထအဆင့်ကိုကျော် တက်ချင်နေကြတာလည်းဟု တွေးမိနေပါသည်။
အောင်ရဲစိုး(ဥပဒေ)

နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည်


နေပြည်တော်၊ မဇ္ဈိမ။ ။ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့သည်ဆိုသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ အမျိုးသမီးဝန်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့်လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ်လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။


"မီးဖွားခွင့်နဲ့ပတ်သက်ရင် အရင်က သုံးလခွင့်ပြုခဲ့တယ်။ အခု နည်းဥပဒေအရ ခြောက်လအထိ တိုးမြှင့် သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် မီးဖွားရာမှာ အမြွှာ၊ သုံးမြွှာပူး စသည်ဖြစ်ရင်
 နောက်ထပ် ခြောက်ပတ် တိုးမြှင့်ခံစားခွင့် ပေးပါတယ်။ ခင်ပွန်းက ၀န်ထမ်းဖြစ်နေရင်လည်း
 ဇနီးနဲ့ ကလေးကိုပြုစုဖို့ သူ့ကို လစာပြည့်နဲ့ ခွင့်နှစ်ပတ် ပေးထားပါတယ်"
ဟု ရာထူးဝန်ဥက္ကဋ္ဌ ဦးကျော်သူက လွှတ်တော်သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "နိုင်ငံဝန်ထမ်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလဲ အကျုံးဝင်ပါတယ်"ဟု မှတ်ချက်ပြုပြောကြားသည်။
မယ်စဲ့မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်းက နိုင်ငံဝန်ထမ်းနည်းဥပဒေ
 စတင် အာဏာသက်ရောက်စေရန် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ဌာနဆိုင်ရာ အသီးသီးသို့စောလျင်စွာ ညွှန်ကြားပေးနိုင်ခြင်း ရှိ၊ မရှိ" ဟူ၍ အစိုးရအဖွဲ့အား
မေးမြန်းခြင်းအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tuesday, June 24, 2014

မြန်မာနိုင်ငံသားဆိုသည်မှာ

မြန်မာနိုင်ငံသားဆိုသည်မှာ
======================
၁၉၈၃ခုနှစ်၊စက်တင်ဘာလ၂၀ရက်နေ့တွင်ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာလုပ်ထုံးလုပ် နည်းများအရ
• ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ၊ ခရစ်နှစ် ၁၈၂၃ခုနှစ် ၊မတိုင်မီကာလမှစ၍ ပင်ရင်း နိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန် ၊ရခိုင်၊ ရှမ်း စည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စု များသည် မြန်မာနိုင်ငံသားဖြစ်သည်။
• ကချင်၊ကယား၊ ကရင်၊ ချင်း၊ဗမာ၊ မွန် ၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးများပင်ဖြစ်၏။ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခြင်း မရှိဘဲ အခြားနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ကြသူများသည် တိုင်းရင်းသားများမဟုတ်ပါ။ ၁၈၂၃ ခုနှစ်နောက်ပိုင်း တွင် နိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထုင်ကြသော အမည်တူမျိုးနွယ်စုများသည်လည်း တိုင်းရင်းသားများမဟုတ်သည့် အပြင် မွေးရာပါ နိုင်ငံသားများလည်း မဟုတ်ပါ။ အခြားနိုင်ငံတစ်ခု၏ နိုင်ငံသားအဖြစ်ခံယူထားသော တိုင်းရင်းသားသည်လည်းကောင်း ၊ထိုထိုသော တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများသည်လည်းကောင်း ၊ မြန်မာနိုင်ငံသားများ မဟုတ်ပါ။
• တိုင်းရင်းသားတိုင်သည်လည်းကောင်း တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း မွေးရာပါ နိုင်ငံသားဖြစ်သည်။

Credit; မြန်မာနိုင်ငံသားဥပဒေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားဆိုင်ရာလုပ်ထုံးလုပ်နည်းများ ၊ ၁၉၈၃ ခုနှစ် စက်တင်ဘာလ။
အောင်ရဲစိုး(ဥပဒေ)

Monday, June 16, 2014

မြေယာ အမျိုးမျိုးအကြောင်း(၃)

လွတ်လပ်ရေးရပြီးခေတ်
======================
လွတ်လပ်ရေးရပြိးနောက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အောက်ပါအတိုင်း မြေယာနှင့်စပါလျဉ်း၍ ဖော်ပြထားသည်။
၁။ နိုင်ငံတော်သည်မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။
၂။ ဤအခြေခံဥပဒေ၏ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ မြေယာစနစ်များကို စည်းမျဉ်းတစ်ကျ ဖြစ်စေရန်သော်လည်းကောင်း လွှဲပြောင်းရန်သော်လည်းကောင်း၊ ဖျက်သိမ်းရန် သော်လည်းကောင်း နိုင်ငံတော်၌ အခွင့်အရေးရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာမဆို ပြန်လည် သိမ်းယူပြီးလျှင် မြေယာကို စုပေါင်းစိုက်ပျိုးရေး အတွက်ဖြစ်စေ၊ သမ၀ါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ လယ်သီးစား သမားများသို့ ဖြစ်စေ ဝေငှပေးရန် အခွင့်အရေးရှိရမည်။
၃။ မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာ အမြောက်အများ ပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တစ်ဦးတစ်တည်းပိုင်ဖြစ်သော မြေယာအများဆုံးဧက အရေအတွက်ကို အကြောင်းညီညွှတ်ချင်း တရားဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ရမည်။
မြေပိုင်ရှင်စနစ် ဖျက်သိမ်းရေးကို မြန်မာနိုင်ငံ လွတ်လပ်ရေးရစကပင် ၊ ရည်ရွယ်ချက်ရှိကြောင်း သိသာသော အချက်ဖြစ်သည်။
၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်းကောင်း အောက်ပါအတိုင်းဖေါ်ပြထားသည်။
နိုင်ငံတော်သည် မြေပေါ်မြေအောက် ၊ရေပေါ်ရေအောက် လေထုအတွင်းရှိ သံယံဇာတ ပစ္စည်းအားလုံးတို့၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။ ထို့ပြင် အောက်ပါအက်ဥပဒေများကိုလည်း လွတ်လပ်ရေးရပြီးခေတ်တွင် ပြဋ္ဌာန်းခဲ့သည်။
*၁၉၅၃ ခုနှစ်၊ လယ်ယာမြေ သတ်မှတ်ခြင်း ၊လယ်ယာမြေ လွှဲပြောင်းခြင်းကို တားမြစ်ခြင်းနှင့် လယ်ယာမြေကိုကင်းလွတ်ခွင့် ပေးခြင်း ၊လယ်ယာမြေဝေငှခြင်း၊ ကင်းလွတ်မြေနှင့် ဝေငှသည့် မြေပေါ်တွင် ရရှိသည့် အခွင့်အရေးနှင့် စည်းကမ်းချက်များ၊ လယ်ယာမြေ အသုံးချခြင်းနှင့် လယ်ယာမြေ အုပ်ချုပ်ခြင်းများပါဝင်သည်။

၂၀၀၈ အခြေခံဥပဒေတွင်လည်း
နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေပေါ်မြေအောက် ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်၊
နိုင်ငံပိုင်သယံဇာတများအား စီးပွားရေးအင်အားစုများက ထုတ်ယူ သုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်၊

*၁၉၆၃ ခုနှစ်၊ သိးစားချထားရေးအက်ဥပဒေ
* ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှား၇မ်းခ ကြီးကြပ်ရေး အက်ဥပဒေ။

*၂၀၁၂ မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ
*၂၀၁၂ ၁၉၉၅ခုနှစ်၊ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေကိုပြင်ဆင်သည့် ဥပဒေ

*၂၀၁၂ခုနှစ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ
၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀

* ၂၀၁၂ လယ်ယာမြေ ဥပဒေ
၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁

 Credit;အောင်ရဲစိုး-ဥပဒေ
 
 

မြေယာအမျိုးမျိုး အကြောင်း(၂)

ဗြိတိသျှခေတ်

မြေနှင့်စပ်လျဉ်း၍ အောက်ပါဥပဒေတို့မှာထင်ရှားပါသည်။
၁။ မြေသိမ်းအက်ဥပဒေ (၁၈၉၅)
၂။ မြေလွှဲပြောင်းရေး အက်ဥပဒေ
၃။ မြန်မာနိုင်ငံ မြေယာရောင်းဝယ်ရေးအက်ဥပဒေ( ၁၉၄၅)
၎။ အောက်မြန်မာနိုင်ငံတော် မြေယာစည်းကမ်း အက်ဥပဒေ။

ဗြိတိသျှအစိုးရလက်ထက် မြေပိုင်ခွင့်စနစ်(၅)မျိုး
၁။ စကွာတာစနစ်
၂။ ပတ္တာစနစ်
၃။ အငှားစနစ်
၎။ ဂရန်စနစ်
၅။ နယ်သစ်ဖွင့်စနစ်



Photo: ဗြိတိသျှခေတ်

မြေနှင့်စပ်လျဉ်း၍ အောက်ပါဥပဒေတို့မှာထင်ရှားပါသည်။
၁။ မြေသိမ်းအက်ဥပဒေ (၁၈၉၅)
၂။ မြေလွှဲပြောင်းရေး အက်ဥပဒေ
၃။ မြန်မာနိုင်ငံ မြေယာရောင်းဝယ်ရေးအက်ဥပဒေ( ၁၉၄၅)
၎။ အောက်မြန်မာနိုင်ငံတော် မြေယာစည်းကမ်း အက်ဥပဒေ။

ဗြိတိသျှအစိုးရလက်ထက် မြေပိုင်ခွင့်စနစ်(၅)မျိုး
၁။ စကွာတာစနစ်
၂။ ပတ္တာစနစ်
၃။ အငှားစနစ်
၎။ ဂရန်စနစ်
၅။ နယ်သစ်ဖွင့်စနစ်

မြေယာ လေးမျိုးအကြောင်း

မြေယာ လေးမျိုးအကြောင်း

(က) ဓားမဦးချမြေ
(ခ) ဘိုးဘပိုင်မြေ
(ဂ) ဘုံမြေ
(ဃ) ၀တ္တကံမြေ
(က) ဓားမဦးချမြေ
ဓားမဦးချမြေဆိုသည်မှာ မြေလွတ်မြေရိုင်းများကို မိမိကိုယ်တိုင်သော်လည်းကောင်း မိမိစရိတ်ဖြင့်သော်လည်းကောင်း ခုတ်ထွင်ရှင်းလင်းပြီး (၁၀) နှစ်ထက်မနည်း အဆက်မပြတ် စိုက်ပျိုးလာသောမြေမျိုးဖြစ်သည်။
ယင်းမြေကို လုပ်ကိုင်လာသူသည် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ကိုင်နိုင်၍ အခြားသူများက ၀င်ရောက်လုပ်ကိုင်ကြစေကာမူ မိမိအလိုရှိ၍ ပြန်လုပ်သည့်အခါ ၀င်ရောက်လုပ်ကိုင်သူများက ဖယ်ရှားပေးရသည်။
တစ်နည်းအားဖြင့် ဆိုသော် (၁၀) နှစ်ထက်မနည်း ဓားမဦးချလုပ်ကိုင်လာခဲ့သူ တစ်ဦးသည် အဆိုပါ မြေ၏ လုပ်ကိုင်ခွင့်ကို အမြဲ ရသည့်သဘောဖြစ်သည်။

(ခ) ဘိုးဘပိုင်မြေ
ဓားမဦးချမြေမျိုးတွင် လုပ်ကိုင်သူတစ်ဦးသည် မိမိလက်ထက်တွင် အဆက်မပြတ် စိုက်ပျိုးလုပ်ကိုင်လာ သကဲ့သို့ သားလက်ထက်တွင်လည်း အဆက်မပြတ်လုပ်ကိုင်လာကာ၊ မြေးလက်ထက်တိုင် မြေးဖြစ်သူက အဆက် မပြတ် ဆစ်ဆက်တည်း လုပ်ကိုင်ခဲ့ခြင်းဖြင့် သားစဉ်မြေးဆက် သုံးဆက် လုပ်ကိုင်ခဲ့သောကြောင့် ထိုမြေကို ဘိုးဘပိုင် မြေဟုခေါ်သည်။

(ဂ) ဘုံမြေ
ဘုံမြေဆိုသည်မှာ ဒေသတစ်ခုတွင် ရှိသော တောင်သူလယ်သမားအာယးလုံးအတွက် လုပ်ကိုင်စားသောက်နိုင်ရန် သတ်မှတ်ထားသော မြေအမျိုးအစားဖြစ်သည်။ ထိုဒေသအတွင်းနေထိုင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိသည်။ ထိုဒေသမှ အခြားဒေသသို့ ပြောင်းရွှေ့သွားခဲ့သည်ရှိသော် ထိုမြေတွင် လုပ်ပိုင်ခွင့်မရှိတော့ပေ။
(ဃ) ၀တ္တကံမြေ
ဝတ္တကံမြေဆိုသည်မှာ ဘုရားပုထိုး စေတီများ ၊ဘုန်းကြီးကျောင်းများနှင့် အခြားသာသနာ့အဆောက်အအုံများ ဆောက်လုပ်နိုင်ရန်အတွက် မင်းနှင့်ပြည်သူ အများက လှူဒါန်းသောမြေမျိုးဖြစ်သည်
အချို့သော မြန်မာမင်းများသည် ၀တ္တကံမြေအဖြစ်၊ မိမိပိုင်မြေများကို ဘုရားတည်၊ ကျောင်းတည်ရန်အတွက် လှူဒါန်းရာတွင် အလုပ်အကျွေးပြုရန် ကျေးကျွန်များကိုပါ မြေနှင့်တကွ တစ်ပါတည်း လှူဒါန်းသည်များရှိသည်။

Credit;အောင်ရဲစိုး-ဥပဒေ

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ