တိုင်းပြည်တကယ်ပြောင်းလဲချင်ရင် အင်အယ်လ်ဒီကို မဲပေးရမယ်လို့ဒေါ်အောင်ဆန်းစုကြည်ကပြော တယ်။သည်တော့ စဉ်းစားမိတာကသူ့စကားအရ အင်အယ်လ်ဒီကိုမဲပေးလိုက်လို့ အင်အယ်လ်ဒီနိုင်ပါပြီ ဆိုကြပါစို့။ မေးစရာမေးခွန်းတွေက
အောက်မှာပေါ်လာတယ်။
အောက်မှာပေါ်လာတယ်။
- တိုင်းပြည်တကယ်ပြောင်းလဲတယ်ဆိုတာ ဘယ်လိုအဖြစ်ကိုပြောင်းလဲမှာလဲ ၊ တိုးတက်သောနိုင်ငံ အဖြစ်လား သို့တည်းမဟုတ် စစ်မြေပြင်အဖြစ် ပြောင်းလဲမှာလား။သည်လို့မေးတော့ စစ်မြေပြင် ဖြစ်စရာဘာမှ အကြောင်းမရှိဘူးလို့ အချို့ကငြင်းကြမယ်။ geopolitic အရ super power အားပြိုင်မှုတွေအပြင် အမေရိကန်နဲ့ တရုတ်ကိုထိန်းချုပ်ရေးအကြောင်းတွေ၊ မြန်မာဟာ တရုတ် အတွက် အန္ဒိယ သမုဒ္ဒရာရဲ့ထွက်ပေါက်ဖြစ်နေတာရယ်တွေကိုနားလည်ကြသူ တွေတော့လက်ခံမယ် ထင်တယ်။
_အင်အယ်လ်ဒီနိုင်ရင်ရော တိုင်းပြည်ကောင်းအောင်၊ဘယ်သူတွေနဲ့ ၊ဘာတွေကို ဘယ်လိုလုပ်မှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်းချပြရင် ပိုကောင်းမယ်။ဗိုလ်ချုပ်သမီးမို့ဆိုတဲ့ အရှိန်နဲ့တော့ ကျွန်တော့်မဲ မပေးနိုင်ဘူး။NLD ရဲ့ Capacity ကို သိချင်မိတယ်။ရွေးကောက်ပွဲနီးမှ လှိမ့်ဝင်လာတဲ့ အပေါစား ရေပေါ်ဆီ နိုင်ငံရေးကြောင်ပါးတွေကို မကြိုက်ဘူး။
_နောက်ပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အနောက်တံခါးက ဘင်္ဂလီကိစ္စတွေကို ဘယ် လို ကိုင်တွယ်မလဲ။ဘယ်လိုတားဆီးမယ်ဆိုတဲ့ ဗျူဟာတွေရှိလား။ရှိရင်သိချင်တယ်။ရခိုင်ပြည်နယ်မှာ ၉၀ ရာခိုင်နှုန်းကျော် ဖြစ်လာနေတဲ့ ဘင်္ဂလီလူဦးရေကို ဘယ်လို ထိန်းချုပ်မလဲ။
-နောက်ပြီး မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေး။NLD ရဲ့စကားကို တိုင်းရင်းသားအဖွဲ့အားလုံးက လက်ခံပါ့မလား။အင်အယ်ဒီက ငြိမ်းချမ်းရေးအတွက် ဘာဆက်လုပ်မလဲ။ဘယ်လိုဆက်လုပ်မှာလဲ။ဒါတွေ ကိုတော့ ဆက်တွေးမိလာတယ်။ဒါတွေမေးရင် အမေစုလို့ခေါ်တတ်တဲ့ ဒီမိုဆိုတဲ့သူတွေကဆဲကြမှာ သိပါတယ်။ဒါပေမယ့် ကိုယ်သိချင်တာ ကိုယ်မေးတဲ့အတွက် NLD ပါတီဝင်တွေက ဆဲကြမယ်ဆိုလည်းခံယုံပေါ့။
Oppositeye myanmar
No comments:
Post a Comment