Monday, July 27, 2015

အာဆီယံ ပြိုင်ပွဲဝင်မည့် ယူ-၁၉ အသင်း ပဏာမ ကစားသမား ၂၉ ဦးဖြင့် စတင် စခန်းသွင်း

သြဂုတ်လအတွင်း လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းကို ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ အဆိုပါ အသင်းကို ယမန်နေ့က စတင်စခန်းသွင်းခဲ့ပြီး ပြိုင်ပွဲမ၀င်မီကာလအထိ လေ့ကျင့်မှုများ တောက်လျှောက် ပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ခြင်းမပြုမီတွင် အပြီးသတ်ကစား သမား ရွေးချယ်မှုကို ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အသင်းကိုဖွဲ့စည်းရန်အတွက် မြန်မာနေရှင်နယ် လိဂ် လူငယ်ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများစွာကို ခေါ်ယူစမ်းသပ်မှုများပြုလုပ်ကာ အဆင့်ဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီးမှ ပဏာမ ကစားသမား ၂၉ ဦး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအသင်းတွင် မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲဝင် ကလပ်အသင်း အသီးသီးမှ ကစားသမားများ ပါဝင်ကြပြီး MFF Youth (ယူ-၁၈) အသင်းမှ ကစားသမား ၁၂ ဦးဖြင့် အများဆုံး ပါဝင်နေသည်။

ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း
ဂိုး - ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင် (MFF Youth)၊ စိုးအာကာ (ဇွဲကပင်)၊ ထွန်းအောင်ကျော် (Horizon)။
နောက်တန်း - သူရိန်စိုး (ရန်ကုန်)၊ ကျော်သူထွန်း၊ ရဲရင့်အောင် (MFF Youth)၊ ဝင်းမိုးကျော်၊ ချမ်းမြေ့ထွန်း၊ ဇင်မျိုးထက် (မကွေး)၊ ဖြိုးဝေ (ဒဂုံ)၊ လွင်မင်းသန့် (Horizon)၊ ကျော်ကိုကိုဦး၊ ရဲမင်းသူ၊ စိုးမိုးထွန်း၊ မြတ်မင်းသူ (MFF Youth)။
အလယ်တန်း - စစ်မင်း (ဇေယျာရွှေမြေ)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊ ကျော်သက်ဦး (ရတနာပုံ)၊ အောင်ဖြိုးဖြိုး (ဧရာဝတီ)၊ ဇော်ဝင်းထွန်း (မြဝတီ)၊ စိုးလွင်လွင်၊ ဈာနေယျသူ (MFF Youth)။
ရှေ့တန်း - အောင်ဇော်ဖြိုး (ကမ္ဘောဇ)၊ အာကာ (မြ၀တီ)၊ ကောင်းချစ်နိုင် (ဆောက်သမ်းမြန်မာ)၊ အောင်ဇင်ဖြိုး (Horizon)၊ အောင်ကောင်းမာန်၊ အောင်ပြည့်ကို (MFF Youth)။

မြန်မာ့သားကောင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ