Friday, July 17, 2015

ဘင်္ဂါလီဒုက္ခသည်များအတွက် ထောက်ပံ့ပေးသည့်ပစ္စည်းများ လိုအပ်သည့် အတိုင်းအတာထက် ပိုမိုများပြားနေမှုကြောင့် လမ်းဘေးဈေးဆိုင်များဖွင့်၍ တစ်ဆင့် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများရှိနေကြောင်း OIC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာမီဒီယာများက စွပ်စွဲပြောဆိုနေသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လစဉ်ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ပဲနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၊ အ၀တ်အထည်များ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ မိုးကာစများ မှာ ဒုက္ခသည်များ သုံးစွဲနိုင်သည်ထက် ပိုလျှံနေသည့်အတွက် စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင် (ဘင်္ဂါလီ) ကျေးရွာအနီး ကားလမ်းဘေးတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

အဆိုပါဆိုင်များမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ထိုဆိုင်များမှ ရောင်းချသည့် ဈေးနှုန်းမှာ အခြားဆိုင်ကြီးများတွင် ရောင်းချသည့် ဈေးနှုန်းများထက် တစ်ဝက်ခန့်သက်သာနေခြင်း ကြောင့် လာရောက်ဝယ်ယူမှုများ ရှိနေသည်။

စစ်တွေမြို့နယ်အတွင်း ဘင်္ဂါလီဒုက္ခသည်စခန်းများ၏ မြေပြင်ရှိ လူဦးရေစာရင်းများအား သေချာစွာ စိစစ်ကြပ်မတ်နိုင်မှုအားနည်းခြင်း၊ စိစစ်ရန်ခက်ခဲခြင်း၊ ဒုက္ခသည်စခန်း ကော်မတီဝင်များ၏ တင်ပြသည့် လူဦးရေစာရင်းများကိုအခြေခံ၍ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်ခြင်း ပြုလုပ်နေမှုကြောင့် ဒုက္ခသည်စခန်း ကော်မတီဝင်များသည် လိုအပ်သောလူဦးရေထက် ထောက်ပံ့မှုများ ပိုမိုရရှိနေသဖြင့် ပိုလျှံသောအသုံးအဆောင်ပစ္စည်းများကို ပြင်ပသို့ ရောင်းချနေကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။

Oppositeye  myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ