Sunday, July 12, 2015

မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင်းဆေးစစ်မှုခံယူပြီးစီး

ရှနိုက်ဒါလင်းသည် ဆောက်သမ်တန်မှမန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှု ခံယူပြီးစီးသွားပြီဟု ဗြိတိန်ထုတ် မယ်ရာ သတင်းစာက ဖော်ပြသည်။ ဒေးလီးမေးလ်သတင်းစာကမူ ရှနိုက်ဒါ လင်း၏ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဟု ဖော်ပြထားသည်။ယင်းကွင်းလယ်ကစားသမားသည် တစ်နှစ် သက်တမ်းထပ်မံတိုးခွင့်ရှိ သည့် လေးနှစ်စာချုပ်ချုပ်ရန်အတွက် မန်ယူလေ့ကျင့်ရေးစင်တာတွင် ဦးစွာဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။
ဒီပေး၊ ဒါမီယန်နှင့် ရှဝိန်းစတိုင်ဂါတို့ကိုခေါ်ယူထားသည့် မန်ယူအသင်း အနေဖြင့် ရှနိုက်ဒါလင်းကို ထပ်မံခေါ်ယူခြင်းအားဖြင့် အပြောင်းအရွှေ့အသုံး စရိတ် ပေါင်သန်း ၈၀ နားကပ်လာခဲ့ပြီး နောက်ထပ် အားဖြည့်မှုများလည်း ပြု လုပ်ဦးမည်ဖြစ်သည်။
မန်ယူနည်းပြဗန်ဟားလ်သည် နှစ်ပတ်ခွဲကြာမြင့်မည့် အမေရိကန်ခြေစမ်း ခရီးစဉ်အတွက် အသင်းကို ဦးဆောင်ထွက်ခွာသွားပြီဖြစ်ပြီး ရှနိုက်ဒါလင်း ကိုလည်း နောက်ကလိုက်လာစေရန် ဆန္ဒရှိနေသည်။
ဆောက်သမ်တန်နည်းပြရော်နယ်ကိုးမန်းသည် ရှနိုက်ဒါလင်း၏နေရာကို အစားထိုးရန် ဖီယင်နုမှ ကလာစီကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ဆောက်သမ်တန်သည် ရှနိုက်ဒါလင်းကို မန်ယူသို့ပြောင်းခွင့်ပေး လိုက်ခြင်းဖြစ်သည်။
မန်ယူအသင်းအနေဖြင့်ကစားသမားခေါ်ယူဦးမည်ဖြစ်ပြီး တိုက်စစ်မှူးဗန်ပါစီ ဖီယင်နုသို့ပြောင်းမည် ဖြစ်သဖြင့် တိုက်စစ်မှူးတစ်ဦးထပ်ခေါ်ရန်ရှိ နေသည်။
တိုက်စစ်မှူးနေရာအတွက် စပါးမှ ဟယ်ရီကိန်း၊ ပီအက်စ်ဂျီမှ ကာဗာနီ၊ အက်စတွန်ဗီလာမှ ဘန်တီကီနှင့် ရီးယဲလ်မက်ဒရစ်မှ ဘင်ဇီမာတို့ကို မန်ယူ အသင်းက စောင့်ကြည့်နေသည်။

ုမြန်မာ့သားကောင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ