Tuesday, July 7, 2015

ဗုံးထောင်ထားသည်ဆို၍ တူရကီလေယာဉ် အရေးပေါ်ဆင်းသက်ရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကို ပျံသန်းနေသည့်ခရီးသည် ၁၃၄ဦး လိုက်ပါလာသည့် အဲဘတ်စ် A 330 အမျိုးအစားတူရကီလေကြောင်းလိုင်းမှ လေယာဉ်တစီး လေယာဉ် သန့်စင်ခန်းမှန်ပေါ်တွင် ဗုံးထောင်ထားသည်ဆိုသည့် ခြိမ်းခြောက်စာရေးထားသည်ကို တွေ့ရှိခဲ့ပြီး နောက်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အင်ဒီရာဂန္ဒီလေဆိပ်တွင် မနေ့က အရေးပေါ်ဆင်းသက်လိုက်ရကြောင်း Bangkok Post သတင်း တွင်ဖော်ပြ ထားသည်၊အကြမ်း ဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့က ခရီးသည်များနှင့် ၀န်ထမ်း များကို ဘေးလွတ်ရာသို့ ပို့ဆောင်ပြီး ဗုံးကို ရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိပေ။

ဧရာဝတီ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ