Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, October 6, 2015

ဆယ်ကျော်သက်အရွယ်တွေမှာ အိပ်ရေးပျက်ခြင်းက အရွယ်ရောက်သွားချိန်မှာ ကိုယ်အလေးချိန်တိုးတက်မှုကို ပိုမိုအားပေး



အိပ်စက်တဲ့အကြောင်းတွေကို သီးခြားတင်ပြလေ့ရှိတဲ့ Sleep ဂျာနယ်ရဲ့ အဆိုအရ  ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ပြီးချိန်မှာ  ပုံမှန်အိပ်ချိန်ထက်  နောက်ကျပြီးအိပ်ရင်  အရွယ်ရောက်သွားချိန်မှာ အလေးချိန်တိုးနိုင်ချေ ပိုမို များပြားတယ်လို့  သိရပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဦးဆောင်လေ့လာသူ Lauren Asarnow က သူ့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ လေ့လာမှုကို ပြုလုပ်ချိန်မှာပဲ အခုလိုတွေ့ရှိလိုက်ရတာပါ။ 

Monday, October 5, 2015

ယာဉ်တိုက်မှုမှာ ဇက်ကျိုးသွားတဲ့ကလေးငယ်ကို ဆရာဝန်တွေပြန်ဆက်ပေးပြီး ထူးဆန်းစွာ အသက်ဆက်ရှင်နိုင်ခဲ့


အသက် ၁၆ လသားအရွယ်ကလေးငယ်လေးဟာ ယာဉ်တိုက်မှုတစ်ခုမှာ ဇက်ကျိုးသွားခဲ့ပြီးနောက် ဆေးပညာသမိုင်းမှာ ထူးဆန်းစွာ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
အမေဖြစ်သူ Rylea ၊ Jaxon နဲ့  အသက် ကိုးနှစ်အရွယ် အစ်မ Shayne တို့ ရဲ့ ကားဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ တစ်နာရီ မိုင် ၇၀ နှုန်းမောင်းလာတဲ့ယာဉ်တစ်စီးနဲ့ အပြင်းအထန် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကနေ Brisbane မြို့ မှာရှိတဲ့ ဆေးရုံဆီ ကလေးငယ်ကို ရဟတ်ယာဉ်နဲ့ ပို့ ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုက အရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ဦးခေါင်းအတွင်းပိုင်း ပြတ်တောက်မှု (internal decapitation) အဖြစ် Jaxon ရဲ့ ဦးခေါင်းဟာ လည်ပင်းရိုးကနေ အထက်ကို ဆွဲဟသွားတယ်လို့  ကျောရိုးခွဲစိတ်အထူးကုဆရာဝန် Dr Geoff Askin က ပြောကြားခဲ့ပါတယ်။

Wednesday, September 30, 2015

လိမ္မော်သီး ဖျော်ရည်က ကော်ဖီထက် ပိုနိုးကြားစေ

လိမ္မော်သီးဖျော်ရည်ဟာ ကော်ဖီထက် ပိုးနိုးကြားစေကြောင်း သိရပါတယ်။ မနက်မှာ ကော်ဖီသောက်ထားတဲ့သူထက် လိမ္မော်သီး ဖော်ရည် တစ်ခွက် သောက်ထားတဲ့သူဟာ မွမ်းလွဲပိုင်း အချိန်မှာ ပိုပြီးတော့ နိုးကြား ပါတယ်။

၂၄၀ မီလီလီတာ ရှိတဲ့ ဖျော်ရည်ပမာဏကို သောက်သုံးခြင်းက တစ်နေ့တာ အတွက် လုံလောက်ကြောင်း ဆိုပါတယ်။ ယင်း သောက်သုံးမှုကြောင့် လန်းဆန်းနေစေခြင်း၊ အာရုံစူးစိုက်မှု အား ကောင်းစေခြင်း နဲ့ အချိန်ပိုကြာ အလုပ်လုပ်နိုင်ခြင်းတို့ကို တွေ့ရှိရကြောင်း လေ့လာသူများက ဖော်ပြ ပါတယ်။ သူဟာ ဦးနှောက်ဆဲလ်များရဲ့ သွားလာမှုကို ပုံမှန် အတိုင်း ဖြစ်စေပြီး ဦးနှောက်သို့ သွေးလည်ပတ်ရန် ကောင်းစေအောင်လည်း ထောက်ပံ့ကြောင်း ဆိုပါတ

ဖခင်တွေ ကလေးငယ်ကို ပုံပြင်ဖတ်ပြခြင်းဟာ ထိုကလေးငယ်တွေကို ဘာသာစကား ထူးချွန်စေ

ဖခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ညဘက်မှာ အိပ်ယာဝင်ပုံပြင်တွေပြောပြခြင်းဟာ ကလေးငယ်တွေကို ဘာသာစကားပိုင်းမှာ ထူးချွန်လာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Harvard တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ ကလေးငယ်တွေရဲ့ ဘာသာစကားထူးချွန်မှုဟာ မိဘတွေရဲ့ ပုံပြင်ပြောပြမှု အပေါ်မှာ မူတည်နေသလို ကလေးငယ်တွေဟာ အမျိုးသမီးတွေ ပုံပြင်ပြောပြတာထက် အမျိုးသားတွေ ပုံပြင်ပြောပြတဲ့ အခါမှာပိုပြီး ကောင်းကျိုးတွေရှိနေတာကို ထိုသုတေသနက တွေ့ရှိခဲ့ကြပါတယ်။

Sunday, September 27, 2015

ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ

ပျားရည်သောက်တော့မယ်ဆိုရင် နံက်စောစောအိပ်ယာထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမျှ မရှိတဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာမစားခင် နှစ်နာရီခန့်အလို နဲ့ ညအိပ်ယာဝင်ခါနီးချိန်တွေမှာလည်း သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ဟာ ပျားရည်ကို တစ်နေ့လျှင် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပါဘူး။ ဆေးညွှန်းပမာဏမှာ တစ်ကြိမ် သောက်တိုင်း ကြက်သီးနွေးခန့်ပူသော ရေနွေးဖြူ တစ်ဖန် ခွက်နှင့် ပျားရည် စစ်စစ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း အရွယ်) ဖြစ်ပါတယ်။ ၄င်းဖျော်ရည်ကို အကြာကြီးအအေးခံ မထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။

ပျားရည်သောက်ရန် သင့်တော်သူများ

(၁) နို့တိုက်မိခင်များ

မီးဖွားပြီးစ နှင့် နို့ ချိုတိုက်ချိန်များမှာ ပျားရည်စားသင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီးစ သွေးသားနု ချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည်

Thursday, September 24, 2015

ပဲနို့သောက်လျှင် ဤလေးချက်ကို ရှောင်စေချင်


ယင်းအချက်လေးချက်မှာ-

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရ ပါမည်

ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာ ကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရ ဓာတ်ကို ဆုံးရှုံး သွားစေ တတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ် မိသောအခါ အနှစ်သာရ ပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေ တတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

Wednesday, September 23, 2015

Broccoli ( ပန်းဂေါ်ဖီစိမ်း) သို့မဟုတ် ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာ

သင်ဟာ Broccoli ( ပန်းဂေါ်ဖီစိမ်း) ကို ကြိုက်နှစ်သက်ပါသလား??? သူဟာ သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးအစားအစာဖြစ်တယ်ဆိုတာရော သင်သိပါသလား???

လူအများစုက ပန်းဂေါ်ဖီစိမ်းလို့ခေါ်တဲ့ ( Broccoli ) ကိုသင်ဟာ ကျက်နေအောင် ပြုတ်စားမယ်ဆိုရင် သင့်ရဲ့သွေးတွင်း cholesterol ကို အများဆုံးလျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဘာကြောင့်လည်းဆိုရင် Broccoli ( ပန်းဂေါ်ဖီစိမ်း) ဟာ သင့်ရဲ့ အစာလမ်းကြောင်းထဲ ရောက်ရှိတဲ့ အချိန်မှာ သည်းခြေက ထုတ်ပေးတဲ့ အက်စစ်တွေနဲ့ ပေါင်းစပ်တယ်လို့ သိရပါတယ်။ အဲ့လို အက်စစ်တွေနဲ့ ပေါင်းစပ်ခြင်းဟာ သင့်ရဲ့သွေးတွင်း cholesterol ကို လျှော့ချပေးတဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါ

Monday, September 21, 2015

ခွေးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ

ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများအတွက် ကောင်းမွန်တဲ့ ဆေးတစ် လက် ဖြစ်ပါတယ်။ ကြော်စား၍ဖြစ်စေ အပြုတ်တို့ လုပ်ပြီး  စားသည်ဖြစ်စေ အာနိသင် ရှိပါတယ်။

ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ်ဆိုရင် ဝမ်းတွင်း အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့ မြန်မာ့ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။
 Lyhealthcare

တစ်နေ့ကို ငှက်ပျောသီး ဘယ်နှစ်လုံး စားသင့်သလဲ?

ငှက်ပျောသီး စားတာများရင် သေတတ်တယ်ဆိုတဲ့ သီအိုရီဟာ နှစ်ပေါင်းများစွာကတည်းက လူတွေ ယုံကြည်လာကြတာပါ။ အကြောင်းအရင်းကတော့ ငှက်ပျောသီးဟာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် ပိုတက်ဆီယမ် မှီဝဲမှု လွန်ကဲသွားတဲ့ အခါမှာ လူတွေအတွက် အန္တရာယ် ရှိလာနိုင်တာကြောင့်ပါ။

ငှက်ပျောသီး နဲ့ ပတ်သက်ပြီး အစွန်းရောက်တဲ့ သီအိုရီ ပညာရှင်တွေကတော့ တစ်နေ့ကို ငှက်ပျောသီး ၆ လုံးဟာ သတ်မှတ်ချက်ဖြစ်ပြီး ၇ လုံးထက်ပိုစားမိရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ် ဆိုတာပါပဲ။

Health ဆိုတဲ့ ၀က်ဘ်ဆိုက်က ဖော်ပြထားတာကတော့ ငှက်ပျောသီးကို

Thursday, September 17, 2015

ပြောင်းဖူးပြုတ်ရဲ့ ကျန်းမာရေး အာနိသင်

Antioxidant ကြွယ်ဝတဲ့ အစားအစာတွေတွေ့ရင် အဆိပ်သင့်စေအသီးနဲ့ ဟင်းသီးဟင်းရွက်တွေအကြောင်း ကျွန်ုပ်တို့ အတွေးရောက်လေ့ရှိပါတယ်။ ဒါပေမယ့် နှံစားပင်တွေ အထူးသဖြင့် ပြောင်းဖူးမှာ antioxidant ပေါကြွယ်ဝစွာပါဝင်ကြောင်း အခိုင်အမာဆိုပါတယ်။


ပြောင်းဖူးမှာ အာဟာရအာနိသင်နဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာပါဝင်ပြီး ဗီတာမင်-အေ၊ ဘီ၊ အီး တို့ရဲ့ ပင်မအရင်းအမြစ်ဖြစ်ပါတယ်။

ကလေးငယ်တွေကို အိမ်အပြင်ဘက်မှာ ဆော့ကစားစေခြင်းဟာ အနီးမှုန်ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်

အိမ်အတွင်းပိုင်းမှာ မဟုတ်တဲ့ ပြင်ပနေရာတစ်ခုမှာ ဆော့ကစားခြင်းဟာ ကလေးတွေရဲ့အမြင်အာရုံကို ထိခိုက်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုကရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြင်ပမှာ တစ်နေ့ကို မိနစ် ၄၀ ခန့် ဆော့ကစားပေးခြင်းဟာ ကျောင်းနေအရွယ်ကလေးငယ်တွေ အနီးမှုန် ရောဂါဖြစ်ပွားခြင်းကနေ ၂၃ ရာခိုင်နှုန်းတိတိလျှော့ချပေးနိုင်ပါတယ်။ဘာကြောင့် ပြင်ပမှာ ဆော့ကစားခြင်းက အနီးမှုန်ရောဂါကိုကာကွယ်ပေးနိုင်တာလဲ?

Wednesday, September 16, 2015

မြန်မာ့ရိုးရာ အတို့အမြုပ်ကလေးများနှင့် ဆေးဖက်အသုံးဝင်ပုံ

ကန်စွန်းရွက်

* ကန်စွန်းရွက်သည် မိခင်များအတွက်နို့ရည်နှင့်သုက်ဓာတ်ကိုပွါးစေဧ။်။အဖျားဖျားပြီးစအင်အားကုန်ခန်းနေ
သူအား ကန်စွန်းရွက်လက်တစ်ဆုပ်၊ ထန်းလျက်တစ်လုံးထည့်၍ ပြုတ်တိုက်ပါက ခွန်အားအမြန်ပြည့်စေဧ။် ။
ရေငတ်၊ ကျောက်တည်ရောဂါ၊ ဆီးရောဂါ၊ သွေးဝမ်းနှင့်မီးယပ်ဖြူ ရောဂါတို့ကို နိုင်ဧ။် ။ အထူးသဖြင့် အဆိပ်
အတောက်ကိုနိုင်ဧ။် ။ ဆီးပူကြောင့်ဖြစ်သော ပန်းသေ၊ပန်းညှိုးရောဂါကို ကန်စွန်းရွက်နှင့်ထောပတ် ကြော်စားကပျောက်ကင်းစေပါဧ။် ။

~ ပုစွန်စာ ~

* မြေတွင်ပြန့်ပေါက်သောမျိုး နှင့် အဆစ်မှ မြေကိုတွယ်ကပ်၍ ပေါက်သောမျိုး ဟူ၍ နှစ်မျိုးရှိပါဧ။် ။
ပုစွန်စာရွက်ကို ကြော်စားခြင်းဖြင့်၎င်း၊ ဟင်းချိုချက်စားခြင်းဖြင့်၎င်း စားသုံးကြပါဧ။် ။ အရသာမှာ ဖန်ဧ။် ။ မိခင်များအတွက် နို့ရည်ကိုပွါးစေဧ။်။အထူးသဖြင့်အဆုပ်ရောဂါအမျိုးမျိုးကိုအကျိုးပြုသည်။ပုစွန်စာဟင်းချိုကို သောက်သုံးပါက ဆီးရောဂါ ပျောက်ကင်းစေပါသည် ။

Monday, September 14, 2015

တစောင်းလက်ပတ်နဲ့ ကျန်မာရေး

တစောင်းလက်ပတ်သည် ချဉ်ဆီကို တိုးပွားစေသည်။ အဆိပ်ကို ပယ်၏။ အရေပြားအနာကို ပျောက်စေသည်။ ဆီးသက်စေ၏။ ကိုယ်အရေပြားရောဂါကို ကာကွယ်စေသည်။ ဦးနှောက်ပူခြင်းကို အေးစေနိုင်သည်.။ ရေယုန်နာ ယားနာတို့ကို ပျောက်စေနိုင်သည်။ မျက်စိရောဂါ အမျိုးမျိုးကိုလည်း ပျောက်စေသည်။ အနာကိုကျက်စေသည်။ သွေးထွက်ခြင်းကို အမြန်တိတ်စေသည်။ ဆီးပူ၊ဆီးအောင့်ခြင်းကို ပျောက်စေသည်။ မီးယက်ရောဂါကို အကျိုးပြုသည်။ နားနာ နားကိုက်ခြင်းကို ပျောက်စေသည်။ အဖုအကြိတ်များကို ပျောက်စေ

Sunday, September 13, 2015

မိမိကျန်းမာရေးအတွက် ပန်းသီးကိုအလေးပေးစားသုံးသင့်

လေ့လာတွေ့ရှိချက်တွေအရ ပန်းသီးဟာ လူတိုင်းရဲ့ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပန်းသီးဟာ လူ့ခန္ဒာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ antioxidants ဓာတ်တွေအတွက် အရင်းအမြစ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ antioxidants ဓာတ်တွေဟာ မိမိခန္ဒာကိုယ်အတွင်းမှာ သဘာဝအလျောက် ဖြစ်ပေါ်တတ်တဲ့ ဇီဝကမ္မရုပ်ဖြစ်ပျက်မှုနဲ့ပတ်သက်တဲ့ ရောဂါတွေကို လျှော့ချပေးနိုင်စွမ်းရှိတယ် လို့ဆိုပါတယ်။ 

ပန်းသီးဟာ ကြွက်သားတွေကိုလည်း တွယ်ဆက်မှုအားကောင်းစေပြီး သန်မာတောင့်တင်းတဲ့ ကြွက်သားတွေ ဖြစ်လာအောင် ကူညီတယ်လို့ဆိုပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေကို လေ့လာမှုတွေ ပြုလုပ်တဲ့အချိန်မှာ ပန်းသီးကိုနေ့စဉ်စားသုံးပေးရင် အရိုးကျိုးပဲ့မှုဒဏ်ကို ၅၂% အထိလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဝမ်းချုပ်သူများအတွက် ၀မ်းမှန်ဆေး


မကြာခဏ၀မ်းချုပ်တတ်သူများအတွက် သဘာ၀၀မ်းမှန်ဆေးနည်းလေးကိုညွန်ပေးလိုက်ပါတယ်။

ဆေးနည်းကလွယ်ကူပြီးဘေးကင်းတဲ့ဆေးနည်းလေးပါပဲ။ဝမ်းနှုတ်ဆေးမဟုတ်ပဲဝမ်းကို ပုံမှန်ဖြစ်စေရန်သာ ဖြစ်ပါတယ်။

Friday, September 11, 2015

ဝမ်းမမှန်ဘူးလား ဒါတွေစား

အစာခြေအင်္ဂါအဖွဲ့အစည်း ကောင်းကောင်းအလုပ်လုပ်ပြီး ၀မ်းချုပ်တာမဖြစ်စေဖို့ ၀မ်းနုတ်ဆေး၊ ၀မ်းပျော့ဆေးအကူအညီ ယူနေရသူတွေအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့ သဘာ၀၀မ်းမှန် အစားအစာတွေအကြောင်း သိထားရအောင် မျှဝေချင်ပါတယ်။ ၀မ်းမှန်ဖို့အတွက် အဓိကအရေးကြီးဆုံးက နေ့စဉ်ရေများများသောက်ဖို့လိုပြီး ရေဓာတ်နဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေ ရွေးချယ်စားသောက်ဖို့ လိုအပ်တာကြောင့် ပုံ မှန်စားပေးသင့်တာလေးတွေကို ဖော်ပြလိုက်ပါတယ်။

နှမ်းကြတ်စေ့ - အမျှင်ဓာတ်နဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝတာကြောင့် အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ ထောက်ကူပါတယ်။ နှမ်းကြတ်စေ့မှုန့်လက်ဖက်ရည် ဇွန်း ၂ ဇွန်းနဲ့ ရေတစ်ဖန်ခွက်ကို မနက်၊ ညပုံမှန်သောက်ရင် ၀မ်းမှန်စေပါတယ်။

Wednesday, September 9, 2015

မနက် ကိုးနာရီကနေ ညနေ ငါးနာရီ အလုပ်ချိန်ဟာ ကြီးစွာသော ဆင်းရဲဒုက္ခတစ်ခုဖြစ်ပြီး ဒါကို ရုတ်သိမ်းသင့်

မနက် ၁၀ နာရီမထိုးခင် အလုပ်ဆင်းရတာဟာကြီးစွာသော ဆင်းရဲဒုက္ခတစ်ခုဖြစ်ပြီး ၀န်ထမ်းတွေကို ကျန်းမာရေးဆိုးရွားစေကြောင်း Oxford တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးကပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့  ခန္ဓာကိုယ်ဟာ ‘body clock’ လိုခေါ်တဲ့ ဇီဝနရီစည်းချက်အတိုင်း လုပ်ဆောင်တာဖြစ်ပြီး ဒီ ဇီဝနရီစည်းချက်ကြောင့် နေ့ တစ်နေ့ ရဲ့နှောင်းပိုင်း မရောက်ခင်အထိလူတွေဟာအာရုံစိုက်ဖို့ခဲယဉ်း တယ်လို့ဆိုပါတယ်။“ ဒါဟာ တကယ်ကြီးမားတဲ့လူ့ အဖွဲ့ အစည်းပြဿနာတစ်ခုပါ။ အသက် ၅၅ နှစ် အောက်ဝန်ထမ်းတွေဟာ မနက် ၁၀ နာရီမှ စတင်အလုပ်ဆင်းသင့်ပါတယ်” လို့ Dr Paul Kelly က ပြော ပခဲ့ပါတယ်။“ ၀န်ထမ်းတွေဟာအမြဲတမ်းအိပ်ရေးမ၀ဖြစ်နေတာကြောင့် ကျွန်တော်တို့ဟာ အိပ်ရေး မ၀ တဲ့ လူ့ အဖွဲ့ အစည်းကြီးကို ပိုင်ဆိုင်ထားရပါတယ်” ။

Tuesday, September 8, 2015

နေ့စဉ် ဗီတာမင် စီ မှီဝဲခြင်းဟာ လေ့ကျင့်ခန်းလုပ်သလိုပဲ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

နေ့စဉ် ဗီတာမင်စီပါဝင်တဲ့ ဆေးဝါးတွေ မှီဝဲခြင်းဟာ အ၀လွန်နေသူတွေအတွက် လမ်းလျှောက်ခြင်း ကဲ့သို့ပင် နှလုံးကျန်းမာရေးအတွက် ထိရောက်မှုရှိတယ်လို့ လေ့လာမှုတစ်ခုက အခိုင်အမာ ဆိုလိုက် ပါတယ်။

ခန္ဓာကိုယ်အလေးချိန် လိုတာထက်ပိုနေတဲ့ အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်လို့ အကြံပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အ၀လွန်နေသူ ၅၀ ရာခိုင်နှုန်း ကျော် က ကျန်းမာရေး ညွှန်ကြားချက်ကို လက်မခံခဲ့ကြပါတယ်။

ဒါကြောင့် အခုတော့ သိပ္ပံပညာရှင်တွေက အ၀လွန်နေသူတွေကို ထပ်မံ အကြုံပြုလိုက်တာက နေ့စဉ် Berocca ဆေးပြားတစ်ပြားစာ နဲ့ညီမျှတဲ့ ဗီတာမင်စီ မှီဝဲခြင်းဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်တာလိုပဲ နှလုံးသွေးကြောဆိုင်ရာ ကောင်းကျိုးတွေ ရှိလာလိမ့်မယ် ဆိုတာပါပဲ။ အ၀လွန်နေသူတွေရဲ့ သွေးကြောဟာ သွေးကြောကျဉ်းစေတဲ့ သေးငယ်တဲ့ ပရိုတိန်း Endothelin (ET)-1 ကို လှုပ်ရှားမှုေ

ဆီးပူ၊ဆီးအောင့်ခြင်းအတွက် သဘာဝဆေးနည်းများ

ယောကျာ်းမှားဆီး မိန်းမမှာမီး ဆိုတဲ့စကားအတိုင်းအမျိုးသမီးများအတွက် မီးဖွားချိန်ဟာ အရေး အကြီးဆုံး ဖြစ်နေလို အမျိုးသမားများအတွက်လည်း ဆီးရောဂါဟာ အလွန်အရေးကြီးတဲ့ ရောဂါတစ်ခု ဖြစ်နေပါတယ်။

အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပြရန် အခက်အခဲရှိသူများ
အောက်ပါ ရိုးရာသဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

Monday, September 7, 2015

Air freshener နဲ့ အမွှေးတိုင်တွေက ကင်ဆာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ဖြစ်စေနိုင်

အမွှေးတိုင်၊ အမွှေးဖယောင်းတိုင်၊ အမွှေးခဲဆီနဲ့ လေသန့် ဆေး Air freshener တို့ ဟာ ကျွန်တော်တို့ အိမ်တွင်းလေထုကို သန့် ရှင်းမွှေးကြိုင်သွားအောင် မြန်ဆန်လွယ်ကူစွာ စွမ်းဆောင်ပေးနိုင် ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေမှာ စက်ရုံထုတ် ဓာတုပစ္စည်းတွေပါဝင်ပြီး ကျွန်တော်တို့ ရဲ့ DNA ဖွဲ့ စည်းပုံကို ပြောင်းလဲစေကာ ကင်ဆာနဲ့ ပန်းနာရောဂါတို့ ရစေနိုင်ကြောင်း သိရှိရပါတယ်။

၁။ အမွှေးနံ့ သာမီးခိုးတွေဟာ သင့်ရဲ့ မျက်လုံးထဲကို ၀င်နိုင်ရုံသာမက DNA အထိ ရောက်ရှိနိုင်တယ်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ