အင်္ဂလိပ်နယ်ချဲ့လက်ထက်က တောင်သူလယ်သမားကျောမွဲများ၏ ဖိနှိပ်မှုကို ပုံဖော်ရိုက်ကူးမည့် ‘ငဘ’ရုပ်ရှင်ဇာတ်ကားတွင် ငဘ၏ဇနီးအဖြစ်ပါဝင်သရုပ်ဆောင်ရန် ဒါရိုက်တာက အဝတ်အစားအဟောင်းသုံးစုံ သာ ပြင်ဆင်ခိုင်းထားကြောင်း သရုပ်ဆောင် စိုးမြတ်သူဇာက ပြောသည်။
‘‘ဒီကားအတွက် ဒါရိုက်တာက အင်္ကျီသုံးထည်ပဲဝတ်တဲ့။ အဲဒီတော့ အဝတ်အစားအတွက် အထူးတလည်လည်း ပြင်ဆင် စရာမလိုတော့ဘူး။ ရှိတဲ့အင်္ကျီတွေက ဟောင်းနေတာတွေကို ထုထောင်းဝတ် မယ်’’ဟု ၎င်းက ပြောသည်။
ယင်းဇာတ်ကားကို ဒါရိုက်တာခင်စောမျိုးက ကျော်သူ၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာတို့နှင့် ရိုက်ကူးမည်ဖြစ် သည်။
ငဘဝတ္ထုကို မဖတ်ဖူးသော်လည်း ဒါရိုက်တာခိုင်းသည့်အတိုင်းသရုပ်ဆောင်သွားမည်ဖြစ်ပြီး ဝတ္ထုထဲက ခေတ်စနစ်နှင့် အနီးစပ်ဆုံးနှင့် အကောင်းဆုံး သရုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။
‘ငဘ’ရုပ်ရှင်ကို ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်၌ စတင်ရိုက်ကူးမည်ဖြစ်ပြီး ပုပ္ပားဘက်တွင်လည်း သွားရောက် ရိုက်ကူးမည်ဟု သတင်းရရှိသည်။
‘‘အစ်မ ကားကြီးတွေချည်းပဲရိုက်နေရတယ်။ ဗီဒီယိုလည်း တစ်ကားမှမရိုက်ရဘူး။ ဘယ်သူမှ မရိုက်ကြတော့ ဘူးလား၊ ဘယ်သူမှ မငှားကြတော့ဘူးလားတောင်မေးယူရတယ်’’ဟု ယခုနှစ် အတွင်း ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေရသည့်အကြောင်းကို စိုးမြတ်သူဇာက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပုဂံတွင် ‘ကျွန်’ရုပ်ရှင်ဇာတ်ကားကို နေတိုး၊ မြင့်မြတ်တို့နှင့် သွားရောက်ရိုက်ကူးခဲ့ပြီး ‘ရက်ရက်စက်စက်မိုး’ ရုပ်ရှင်အတွက်လည်း ရိုက်ကူးရန် ဇာတ်ဝင်ခန်းများ ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။
‘ငဘ’ရုပ်ရှင်အပြီးတွင် ‘သားဘီလူး’ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်ဟု ၎င်းကဆိုသည်။
7Day Daily
No comments:
Post a Comment