၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားပြုယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အငြင်းပွားမှု၊ တိုင်ကြားမှုများရှိကြောင်းသတင်းရရှိသည်။
ကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် လျှောက်လွှာပါ ညွှန်ကြားချက်များအရ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းမရှိပဲ မဲစနစ်ဖြင့် အဓမ္မဆုံးဖြတ်ရွေးချယ်ခဲ့သည့်အတွက် လုံးဝလက်မခံနိုင်ပဲ အရေးယူပေးရန် ကလေးမြို့နယ် NLD ဒုဥက္ကဌနှင့် မြို့နယ်အလုပ်အမှုဆောင် ၂ ဦးက ဗဟိုအလုပ်အမှု ဆောင်အဖွဲ့သို့ တိုင်ကြားခဲ့ပြီး အချိန်မီစုံစမ်းစစ်ဆေးပေးခြင်းမရှိပါက ကလေးမြို့နယ် အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့သို့ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
NLDပါတီဝင်မဟုတ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအား NLD ကိုယ်စားပြုရွေးကောက်ပွဲဝင်ရန် အတွက် မဲဆန္ဒနယ် ၁၀ နေရာခန့်ပေးထားပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာညို ညိုသင်း၊ တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုနှင့် ဘလော့ဂါ နေဘုန်းလတ် ၊ အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်စူဇန်နာလှလှစိုးနှင့် ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင်တို့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုယှဉ်ပြိုင်ရန် လျှောက်ထားကြောင်းသိရပြီး ၄င်းတို့ ကိုယ်စားပြုယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ စာရင်းထွက်လာပါက ဒေသခံ NLD ပါတီဝင်များက မကျေမနပ်ဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူများ က သုံးသပ်ကြသည်။
Oppositeye myanmar
No comments:
Post a Comment