Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Monday, October 5, 2015

ရု​ရှား​လေ​ယာဉ်​ကို ​တူ​ရ​ကီ ​ကြား​ဖြတ် ​ဟန့်​တား​ခဲ့



ပြီး​ခဲ့​တဲ့ ​စ​နေ​နေ့​က ​တူ​ရ​ကီလေ​ပိုင်​နက်အ​တွင်း ​ရု​ရှား​တိုက်​လေ​ယာဉ်​တစ်​စီး ​ဝင်​ရောက်လာ​တဲ့​အ​တွက် ​တူ​ရ​ကီ​ရဲ့ ​အက်ဖ် ၁၆ ​တိုက်​လေ​ယာဉ်​တွေ ​အ​ရေး​ပေါ် ​ပျံ​တက် ​ခဲ့​ရ​တယ်​လို့ ​တူ​ရ​ကီ ​နိုင်​ငံ​ခြား​ရေးဝန်​ကြီး​ဌာ​န​က ​ပြော​ပါ​တယ်။
ရု​ရှားက​တော့ ​သူ​တို့လေ​ယာဉ်​ဟာ ​လမ်း​ကြောင်း​မှား​ပြီး ​ဝင်​လာ​တာဖြစ်​ကြောင်း၊ ​တူ​ရ​ကီ ​အ​စိုး​ရ​ကို​လည်း ​ရှင်း​လင်း​ပြော​ဆို​ပြီး ​ဖြစ်​ကြောင်း ​ပြော​ပါ​တယ်။

Wednesday, September 30, 2015

ဆီး​ရီး​ယား​မှာ ​ရု​ရှား ​လေ​ကြောင်း​တိုက်​ခိုက်​မှု ​စ​တင်



 ဆီး​ရီး​ယား ​နိုင်​ငံ​မှာ ​သ​မ္မ​တ ​အာ​ဆတ်​ရဲ့ ​ရန်​သူ ​အ​ဖွဲ့​တွေ ​အ​ပေါ် ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ကို ​ရု​ရှား ​နိုင်​ငံ​က ​စ​တင် ​လုပ်​ဆောင် ​လိုက်​ပြီ​လို့ ​အ​မေ​ရိ​ကန် ​ကာ​ကွယ်​ရေး ​ဌာ​န ​အ​ရာ​ရှိ ​တစ်​ဦး​က ​ပြော​ပါ​တယ်။
ရု​ရှား​ရဲ့ ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ​ဟာ ​ဆီး​ရီး​ယား ​အ​နောက်​ပိုင်း​က ​ဟုမ်းစ်​မြို့ ​တ​ဝိုက်​မှာ ​စ​တင် ​ခဲ့​တာ​လို့ ​အဲ​ဒီ ​အ​မေ​ရိ​ကန် ​အ​ရာ​ရှိ​က ​ဆို​ပါ​တယ်။

Friday, September 11, 2015

နှစ်ပေါင်း ၉၀ကျော် နှစ်မြုပ်ပျောက်ဆုံးနေသည့် ဘင်္ဘော ဘာမြူဒါ ပင်လယ်ကွေ့ တွင် ပြန်ပေါ်လာ


ကမ္ဘာပေါ်မှာ လေယာဉ်နဲ့ သင်္ဘောများ အပျောက်အများဆုံး Bermuda Triangle ဘာမြူဒါ တြီဂံ ဒေသပိုင် ပင်လယ်ပြင်မှာ ယနေ့ မနက်ပိုင်း သဘောင်္ပျက်တစီး ရေပေါ်တွင်မျောနေကြောင်း ကမ်းခြေစောင့်တွေက သတင်းပို့ ခဲ့ကြပါတယ်။

အဆိုပါ သင်္ဘောပျက်မှာ SS Cotopaxi ဖြစ်ပြီး On 29 November 1925, ၁၉၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် သင်္ဘောသား ၃၂ ယောက်နှင့်အတူ ကျောက်မီးသွေးတင်ဆောင် ခုတ်မောင်းသွားခဲ့ပြီး တောင်ကာလိုလိုင်းနားပြည်နယ်မှာ ကျးဘားနိုင်ငံ ဟာဘာနားမြို့သွားခဲ့ရာ ပင်လယ်တွင် ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၉၀ကျော် ရေအောက်မှာပျောက်နေပြီး ခုလို ဘာမြူဒါ ရေလက်ကြားမှာ ရေပေါ်ပြန်ပေါ်လာတဲ့ ဖြစ်ရပ်ဟာ ပညာရှင်တွေအနေနဲ့  အကြောင်းအရင်းအတိကျ ဖြေရှင်းမရတဲ့ အဖြစ်ပျက်တခုဖြစ်ပါတယ်။

http://myanmartharkaung.blogspot.com

Sunday, July 19, 2015

ဂရိအကြွေးလျှော်ရေး ဂျာမနီပယ်ချ

ဂရိနိုင်ငံကတင်ထားတဲ့အကြွေးတချို့ကို လျှော်ပေးဖို့ တင်ပြထားတဲ့အဆိုပြုချက်တွေကို ဂျာမနီဝန်ကြီးချုပ် Angela Merkel က ထပ်မံပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ဂရိစီးပွားရေးကို ကျားကန်ပေးတဲ့အနေနဲ့ နိုင်ငံတကာထုတ်ချေးထားတဲ့ငွေတွေကို ဂရိအစိုးရက ဘယ်လိုပြန်ဆပ်မှာလဲဆိုတဲ့

Thursday, June 18, 2015

လူမှောင်ခိုသမားများအရေး စွပ်စွဲမှုများကို ဖြေရှင်းရမည့် သြစတြေးလျ အစိုးရ

လူမှောင်ခိုလုပ်ငန်းများကို ဒေသတွင်းနိုင်ငံများက အရှိန်မြှင့်တိုက်ဖျက်နေချိန်တွင် ဩစတြေးလျ အစိုးရ ကမူ မိမိတို့ရေပိုင်နက်ထဲမဝင်ရန် လူမှောင်ခိုသမားများနှင့် ငွေကြေးအပေးအယူ

Wednesday, June 3, 2015

ဖီဖာဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည့် ဘလတ္တာကို အက်ဖ်ဘီအိုင် စုံစမ်းစစ်ဆေးနေဟုဆို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ဥက္ကဋ္ဌအဖြစ်မှနုတ်ထွက်တော့မည်ဟု အတည်ပြုကြေညာလိုက်ပြီးနောက် ဆပ်ဘလတ္တာကို အမေရိကန် ထောက်လှမ်းရေး (အက်ဖ်ဘီအိုင်)က စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမေရိကန် မီဒီယာများက အကျယ်တဝင့် ဖော်ပြလာခဲ့သည်။
ဖီဖာအသိုက်အဝန်းအတွင်း အကျင့်ပျက်ခြစားမှုစွဲချက်များ ထူပြောလာပြီး ဖီဖာ၏ ထိပ်တန်းတာဝန်ရှိသူများ အဖမ်းခံရသည့် ဖြစ်ရပ်များနောက်ပိုင်း ဘလတ္တာသည် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်တော့

Saturday, July 26, 2014

ယာယီအပစ်ရပ်ရေး အစ္စရေးလ်သက်တမ်းတိုး

   မြောက်ပိုင်းဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်။ (ဂျူလိုင် ၂၅၊ ၂၀၁၄) 
အစ္စရေးဘက်က တနင်္ဂနွေနေ့ည သန်းခေါင်ယံထိ ဂါဇာမှာ နောက်ထပ် ၂၄ နာရီ အပစ်ရပ်စဲလိုက်ပါတယ်။ ၁၂ နာရီကြာ အပစ်ရပ်မှုကို ကုလသမဂ္ဂက အချိန်ထပ်တိုးဖို့တောင်းဆိုအပြီး ဒါကို ၀န်ကြီးအဖွဲ့က သဘောတူခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတယောက်က ပြောဆိုခဲ့တာပါ။ ဒီလို အချိန်ထပ်တိုးလိုက်တဲ့ ကာလအတောအတွင်း ဟားမက်စ်က ဒုံးကျည်နဲ့ တိုက်ခိုက်လာမယ်ဆိုလျင် လက်တုံ့ပြန်လိမ့်မယ်ဆိုပြီးတော့လည်း ပြောပါတယ်။
ဒါ့အပြင် လက်နက်နဲ့ တိုက်ခိုက်ရေးသမားတွေ အသုံးပြုသယ်ဆောင်နေတဲ့ ဥမင်လှိုင်ခေါင်းတွေကိုလည်း ဆက်လက်ရှာဖွေ ဖျက်ဆီးသွားမယ်လို့လည်း ပြောပါတယ်။ ဟားမက်စ်အဖွဲ့ကတော့ အခုလို အပစ်အခတ်ရပ်စဲရေး အချိန်တိုးမြှင့်တာကို လက်မခံဘဲ ပထမဆုံးအနေနဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းဖို့ လိုတယ်လို့ ပြောပါတယ်။
ဟားမက်စ် စစ်သွေးကြွတွေဟာ ၁၂ နာရီကြာ အပစ်ရပ် သဘောတူညီမှု အချိန် ကုန်ဆုံးပြီး ပြီးချင်းမှာပဲ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ လက်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။  စနေနေ့ ယာယီအပစ်ရပ်စဲချိန်မှာ ဂါဇာမှာနေထိုင်ကြတဲ့သူတွေကို သူတို့ရဲ့နေအိမ်တွေကို ပြန်လည် ကြည့်ခွင့်ပေးခဲ့ပါတယ်။ တချို့တွေရဲ့နေအိမ်တွေကတော့ ပျက်စီးနေပြီး တချို့ကတော့ သူတို့နေအိမ်ကနေ ပစ္စည်းတချို့ကို ပြန်လည် ရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ကလေးငယ် အများအပြားအပါအ၀င် အရပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်သား အနည်းဆုံး ၄၀ လောက်နဲ့ အရပ်သား နှစ်ဦးတို့လည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Tuesday, June 17, 2014

မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက်ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း

 မြန်မာလုပ်သားများကို ထိုင်းစစ်အစိုးရ ဆက်တိုက်ဖမ်းဆီးနေ၍ မြန်မာစတင်စုံစမ်း
*********************************************************
 

အာဏာသိမ်းထိုင်း စစ် အစိုးရက တရားမ၀င်မြန်မာလုပ် သားများကို ဆက်တိုက်ဖမ်းဆီး နေသည့် သတင်းများထွက်ပေါ် နေသဖြင့် မြန်မာအစိုးရက စတင် စုံစမ်းနေကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် မြန်မာအပါ အဝင် တရားမဝင်အလုပ်သမား များကို ယခုလဆန်းပိုင်းမှစ၍ ဆက်တိုက်ဖမ်းဆီးနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထိုကြောင့် မြန်မာအစိုးရက ယင်း ဖြစ်ရပ်အပေါ် မှန်ကန်မှုရှိ၊ မရှိ စုံစမ်းနေပြီး မှန်ကန်မှုရှိပါက နှစ် နိုင်ငံညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သံအရာရှိကို အသေးစိတ် မေးခိုင်းထားတယ်။ အခုကြားနေ တာက လူမှုအဖွဲ့အစည်းတွေ ဘက်ကပဲ  သတင်းတွေ တက်သေးတယ်။ အစိုးရဘက်က သတင်းမတက်သေးဘူး။ အခုမှ နိုင်ငံခြား က ပြန်လာတာဆိုတော့ သိပ် တော့ သတင်းအတိအကျမရ သေးဘူး။ ခိုင်မာမှုရှိအောင်တော့ လုပ်ရမယ်။ ကိုယ့်နိုင်ငံသားအတွက်ပဲ။တကယ်အဖမ်းခံနေရရင်တော့ ဆောင်ရွက်ရမှာပေါ့။ လောလောဆယ် သေချာမသိ သေးဘူး။ သိရင်တော့ အထက်ကို တင်ပြပြီး လုပ်မှာပေါ့’’ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြော ကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများဖမ်းဆီးခံရမှုသည်ဇွန်လဆန်းမှစ၍ဖမ်းဆီးနေမှုသိသိသာသာ ဆောင်ရွက်လာကြပြီး ဇွန်လ၁၆ရက်အထိ မြန်မာအလုပ်သမား၄၀၀ ကျော်ဖမ်းဆီးခံနေရပြီဖြစ်ကြောင်းထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ သတင်းရရှိသည်။ဇွန်လ ၃ ရက်က ထိုင်း နိုင်ငံ မဲဆောက်မြို့ရှိ တရားမ၀င် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး တို့က ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ၀င်နေထိုင်သော မြန်မာ လုပ်သား ၁၆၃ ဦးဖမ်းဆီးခံခဲ့ရ သည်။ ထိုဖမ်းဆီးခံရသူများကိုနေ့ချင်း မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။

ထို့နောက် ဇွန်လ ၁၁ ရက်တွင် ချင်းမိုင်မြို့၌ အလုပ်လုပ်ကိုင် သော တရားမ၀င် မြန်မာနိုင်ငံ သားများကို ထိုင်းနိုင်ငံစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ထပ်မံ ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ ၀င်နေထိုင်သော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံခဲ့သည်။ ထို့ အပြင် ဇွန်လ ၁၃ ရက်ကလည်း မဲဆောက်မြို့အနီးတွင် မြန်မာ အားလုံး ၁၈၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ စုစုပေါင်းလေးရာကျော် ပြီဖြစ်သည်။ ဖမ်းဆီးနေမှုများကြောင့် မြန်မာလုပ်သားများလည်း နေရပ်ပြန်မှုပိုများလာသည်။

မြန်မာ အလုပ်သမားများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မြန်မာအ လုပ်သမားသံအရာရှိက ဖမ်းဆီးခံရမှုတွင် အထောက်အထားရှိသော မြန်မာအလုပ်သမားများဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်သည်ဟု ဇွန် လ ၁၆ ရက်က ထုတ်ပြန်သည်။ သို့သော်ယင်းကိစ္စနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံမှ မြန်မာသံအရာရှိ ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

‘‘ထိုင်းလက်ရှိအာဏာရှိတဲ့ သူက တရားမ၀င်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ် လို့ ပြောထားတယ်။ ဟိုနေ့က လည်း မြန်မာ ၃၀ အဖမ်းခံရတယ် လို့ သိရပါတယ်။ သူတို့နေထိုင်တဲ့ နေရာတွေလည်း ဖျက်ဆီးသွား တယ်လို့ ထိုင်းသတင်းစာတွေက ရေးထားပါတယ်။ ပြီးခဲ့တဲ့အပတ် ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်’’ ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော် သောင်းကပြောသည်။

‘‘ဟိုတစ်လောတုန်းက ဆန္ဒ ပြတုန်းက မြန်မာတွေက ရှေ့ကပါ တယ်လေ။ ဒီတော့ အခုကျတော့ အငြိုးနဲ့ လိုက်ဖမ်းနေတာလို့ ထင်တယ်။ အခုဗီဇာရှိနေတဲ့ သူတွေတောင် ပြေးနေရတယ်။ တချို့တွေဆိုရင် တောတောင် တွေထဲမှာနေနေရတယ်။ ကျွန် တော်တောင် ပြေးရသေးတယ်။ အလုပ်တွေကိုခဏနားပြီး  ရှောင်နေတယ်ဗျ။ နေရေးထိုင်ရေးကတော့အခက်အခဲလေးတွေရှိတာပေါ့။ မြန်မာသံရုံးကို ဖုန်းဆက်တာမရပါဘူး။ အခု ဒုက္ခဖြစ်နေတာတောင် မရဘူး’’ဟု လုပ်သက်သုံးနှစ်ကျော် ရှိသော ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

လက်ရှိထိုင်းနိုင်ငံတွင် မြန် မာအလုပ်သမား သုံးသန်းနှင့် အထက်ရှိပြီး တရားဝင်လုပ်သား စာရင်းမှာ ၁ ဒသမ ၇ သန်းခန့်သာရှိသည်။ မြန်မာအလုပ်သ မား အများစုသည် နယ်စပ်မှတစ် ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် လမ်းကြောင်းဖြင့် သွားရောက်မှု အများဆုံးဖြစ်သည်။ ယခုအခါ ထိုင်းအလုပ်ရှင်များက နိုင်ငံရေး ပဋိပက္ခကို အကြောင်းပြုပြီး လုပ် သားများကို လုပ်ခလစာ အပြည့် အ၀မပေးဘဲ ခေါင်းပုံဖြတ်လျက် ရှိကြောင်း သတင်းရရှိသည်။

ထို့အပြင်ထိုင်းအစိုးရက တ ရားမ၀င်မြန်မာအလုပ်သမားများ ကို လက်ခံထားသည့် အလုပ်ရှင် များကိုပါ တရားစွဲဆိုသွားရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။
ထိုင်းနိုင်ငံတွင် အာဏာ သိမ်းမှု မဖြစ်ပွားမီ မေလဆန်း က မြန်မာအစိုးရက ထိုင်းအစိုး ရထံသွားရောက်၍ လက်ရှိမြန်မာ အလုပ်သမားများ ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုနှင့် ထိုင်းရဲတို့ ဖမ်း ဆီးငွေညှစ်တောင်းခံမှုများကို တားဆီးပေးရန် ကတိတောင်းခံခဲ့ ကြောင်း ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။
ထိုင်းအစိုးရက မြန်မာသာမက နိုင်ငံအတွင်းရှိတရားမ၀င်ပြည်ပအလုပ်သမားများကိုအရှိန်မြှင့်ဖမ်းဆီးအရေးယူနေရာ ကမ္ဘောဒီးယားမှ လုပ်သားတစ်သိန်းကျော်မှာ ရက်ပိုင်းအတွင်း နေရပ်ပြန်သွားသည်။
7Day

သံရုံးလုံခြုံရေး အမေရိကန်တပ်တွေ အီရတ်ကိုလွှတ်မည်

 သံရုံးလုံခြုံရေး အမေရိကန်တပ်တွေ အီရတ်ကိုလွှတ်မည်
 ***************************************

အီရတ်နိုင်ငံ၊ မြို့တော် ဘဂ္ဂဒက်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အမေရိကန်လူမျိုးတွေကို လုံခြုံရေးပေးဖို့အတွက် အီရတ်နိုင်ငံကို စစ်ဖက်ဝန်ထမ်း ၂၇၅ ဦး သမ္မတအိုဘားမားက စေလွှတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အခုလို အမေရိကန်စစ်ဖက်ဝန်ထမ်းတွေ စေလွှတ်တာဟာအီရတ်အစိုးရရဲ့သဘောတူညီချက်နဲ့အတူ ဆောင်ရွက်တြာ  ဖစ်တယ်လို့ သမ္မတအိုဘားမားက အမေရိကန်လွှတ်တော်ကို အသိပေးစာပို့ပါတယ်။ အီရတ်နိုင်ငံမှာ အခုကြုံနေရတဲ့ အကြပ်အတည်းအတွက်တော့ အီရတ်ကို အမေရိကန်တပ်တွေ စေလွှတ်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါပေမယ့်လည်း အီရတ်အစိုးရကိုကူညီနိုင်မယ့် အခြား နည်းလမ်းတွေ ကိုတော့ သူ့ရဲ့ အမျိုသားလုံခြုံရေး အကြံပေးအဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အဲဒီစဉ်းစားချက်ထဲမှာတော့ ဆူနီစစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ စဉ်းစားချက်လည်း ပါဝင်ပါတယ်။ ဆူနီသူပုန်တွေဟာ အီရတ်မြောက်ပိုင်း နေရာအတ်ာများများကို ထိန်းချုပ်သိမ်းယူထားပြီး အခု မြို့တော်ဘဂ္ဂဒက်ကိုပါ သိမ်းယူမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်။ တချိန်တည်းမှာတော့ အီရတ်ကိစ္စမှာ အီရတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေကိုလည်း အမေရိကန်က ထည့်သွင်းစဉ်းစားနေပါတယ်။ ဒါပေမယ့်လို့ အီရတ်နိုင်ငံက ဆူနီသူပုန်ထမှုကို နှိမ်နင်းမှု ညှိနှိုင်းဆောင်ရွက်ကြတဲ့အခါမှာ အီရန်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနက ပြောလိုက်ပါတယ်။ Vienna မှာ ကျင်းပနေတဲ့ နျူကလီယားဆွေးနွေးပွဲအပြင်ပန်းမှာ အမေရိကန်နဲ့ အီရန်တာဝန်ရှိသူတွေ တွေ့ဆုံကြဖို့ရှိတယ်။ ဒါပေမယ့်လည်း ဒီ ဆွေးနွေးမှုမှာ စစ်ရေးအရ ညှိုနှိုင်းဆောင်ရွက်မှုကိစ္စတွေတော့ ပါဝင်မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောသွားတာပါ။ အီရန်နိုင်ငံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္လာနေ့အစောပိုင်းတုန်းက Yahoo News ကို ပြောခဲ့ပါတယ်။ ဒါပေမယ့်လို့လည်း အီရန်အနေနဲ့ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တပေါင်းတစည်းတည်းရှိမှုကိုတော့ လေးစားလိုက်နာဖို့ ပထမဆုံး ပြင်ဆင်ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Monday, June 16, 2014

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကြောင့်ဖိလစ်ပိုင်၏ရေတပ်အင်အား အရေးတကြီး တိုးချဲ့နေ

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကြောင့်ဖိလစ်ပိုင်၏ရေတပ်အင်အား အရေးတကြီး တိုးချဲ့နေ


တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကြောင့် ဖိလစ်ပိုင် အနေဖြင့် ရေတပ်အင်အားကို တိုးချဲ့ရန် မဖြစ်မနေ ဆုံးဖြတ်ခဲ့ရသလို ယခုအခါ အမေရိကန်နှင့် ပူးပေါင်းပြီး ရေတပ်စခန်း တစ်ခုကို အလျင်အမြန် တည်ဆောက်လျှက်ရှိသည်။တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ်သာ ရှိခဲ့သည့် ရွာငယ်လေးတစ်ခုသည် ယခုအခါ အမေရိကန် စစ်သင်္ဘောများ ဆိုက်ကပ်ရာ စစ်အခြေစိုက်စခန်း တစ်ခုအဖြစ် သက်ဝင်လာတော့မည် ဖြစ်သည်။ _Ref; Channelnewsasiaအူလူဂန်ပင်လယ်အော်သည် သေးငယ်ပြီး လမုတောတန်းများနှင့်မျက်စိပသာဒ ဖြစ်စဖွယ် နေရာလေး အဖြစ်မှဖိလစ်ပိုင်၏စစ်ရေးကဏ္ဍတွင်အသက်သွေးကြော အခြေစိုက်စခန်းတစ်ခုအဖြစ်ရုတ်တရက် ပြောင်းလဲလာခဲ့သည်။ တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစုအချို့ကိုတရုတ်နိုင်ငံနှင့်ပိုင်ဆိုင်မှု အငြင်းပွားနေသည့်နောက် ရေတပ်အင်အားကို ချဲ့ထွင်ရန် ဖိလစ်ပိုင်က ဆုံးဖြတ်ခဲ့ပြီး အူလူဂန်သည် အရေးပါသည့် ရေတပ်စခန်းတစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရသည်။ “ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်တဲ့ ကာလာယန်း ကျွန်းစုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးမှာ ဒီစခန်းဟာ အဓိက မျက်နှာစာတစ်ရပ် ဖြစ်လာနိုင်ပါတယ်”ဟု ဖိလစ်ပိုင် သမ္မတ ဘင်နစ်နိုအကွီနို ကြေညာထားသည်။ ယခုအခါတွင်မူပင်လယ်ကွေ့ရှိအသေးစာ ရေတပ်အခြေစိုက် စခန်းလေးကို ကြီးကြီးမားမား အဆင့်မြှင့်တင် မွမ်းမံတည်ဆောက်ရန် ၎င်းက ဆုံးဖြတ်ထားခဲ့သည်။ ဖိလစ်ပိုင်သည်စပရတ်လီကျွန်းစုများပိုင်ဆိုင်ရေးအတွက်တရုတ်နှင့်အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ယင်းကျွန်းစုများကိုဖိလစ်ပိုင်နိုင်ငံတွင်ကာလာယန်းဟု ခေါ်ဝေါ်ကြသည်။ အဆိုပါ ရေပိုင်နက်ကိုထိန်းချုပ်ရေးသည် နိုင်ငံတိုင်းအတွက် အလွန်အရေးပါပြီး ကမ္ဘာ့ရေကြောင်း သွားလာရေး ခရီးစဉ်အားလုံး၏ထက်ဝက်နီးပါးမျှသည်အဆိုပါ ဒေသကို ဖြတ်သန်းသွားရပြီး ငါးသယံဇာတလည်းအလွန်ပေါကြွယ်ဝကြောင်းသိရသည်။
Credit to -Oppositeeye Myanmar

အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်းနိုင်ငံ

အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်းနိုင်ငံ







ထိုင်းနိုင်ငံရေး အပြောင်းအလဲရှိနေချိန် အာဏာရသိမ်း စစ်အစိုးရက ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်း နိုင်ငံခြား သား အလုပ်သမားတွေဖြစ်ကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား ၊ လားအို နိုင်ငံအစရှိတဲ့ အလုပ်သမားများကို ပြီးခဲ့ တဲ့ ရက် ပိုင်းတွေက စတင်ဖမ်းဆီးနေပါတယ်။ ထိုင်းနိုင်ငံ အတွင်းတရားဝင် နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကဒ် ရှိသူတွေကိုပါ ဖမ်းဆီးနေတာဖြစ် ပါတယ်။ ကမ္ဘောဒီး ယား နိုင်ငံမှ လာရောက် လုပ်ကိုင်နေတဲ့ အလုပ်သမား ၁ သိန်း နည်းပါးလောက်ဟာထိုင်းစစ်အစိုးရက ဖမ်းဆီး ပြီး  နေရပ်ပြန်ပို့ဖို့စီစဉ်မှုမှာကမ္ဘောဒီးယားတာဝန်ရှိသူတွေ က နယ်စပ် ဂိတ်တွေ ကနေ ပြန်ဖို့အတွက် စစ်ကားများနဲ့ စီစဉ်ပေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှ လုပ်ကိုင်နေထိုင်ကြ တဲ့ နိုင်ငံခြားသားအလုပ်သမားများထဲမှာ မြန်မာရွေပြောင်း အလုပ်သမား ၃ သန်းခန့်ရှိပါတယ်။ ယနေ့နံနက် ၈ နာရီ အချိန်မှာထိုင်းနိုင်ငံချင်းမိုင်မြို့တွင်းအဝင်အလုပ်သမားတွေ  အလုပ်စောင့်နေကျ မီးပွိုင့် လမ်းဆုံကြီးတွင် ထိုင်း ရဲ၊ လဝက၊ စစ်သားတွေက အလုပ်သမား လက်မှတ်နဲ့ ပတ်စ်ပို့ရှိ သူတွေရော မရှိသူများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် လတ်တလော အဖမ်း အဆီးကိစ္စများနှင့် ပတ်သက်၍ ဘန်ကောက် မြန်မာသံရုံး မှ ကြေညာ ချက် တစ်စောင်ကိုလည်း ယနေ့ ထုတ်ပြန်ခဲ့ ပါ တယ်။

အီရတ်နိုင်ငံရေးတွင် စစ်ရေးအရ ဝင်ရောက် မစွက်ဖက်ရန် အီရန် သတိပေး

အီရတ်နိုင်ငံရေးတွင် စစ်ရေးအရ ဝင်ရောက် မစွက်ဖက်ရန် အီရန် သတိပေး
 Jun 16, 2014
တီဟီရန်ဇွန်၁၅
အစိုးရတပ်ဖွဲ့များနှင့် အစွန်းရောက် လက်နက်ကိုင် သူပုန် များကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော အီရတ်နိုင်ငံ အရေးတွင် ပြည်ပနိုင်ငံများအနေနှင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် အီရန်နိုင်ငံက သတိပေး ပြောကြားလိုက်သည်ဟု CNA သတင်းဌာန တွင် ဖော်ပြထားသည်။ ပါရှန်းပင်လယ်ကွေ့သို့ စစ် သင်္ဘောတစ်စင်း စေလွှတ်ထားသည်ဟု အမေရိ ကန်ပြည်ထောင်စုက ပြောကြားခဲ့ပြီးနောက်တွင် အီရတ်နိုင်ငံ သို့ နိုင်ငံခြားတပ်များ ကျူးကျော်ဝင်ရောက် ပါက ပဋိပက္ခများ ပိုမိုဆိုးရွားသွားလိမ့်မည်ဟု အီရန်နိုင်ငံ က သတိပေးပြောကြားခဲ့သည်။ “အကြမ်းဖက်မှုနဲ့ အစွန်းရောက် ဝါဒီတွေကို တန်ပြန်နှိမ်နင်းဖို့ လိုအပ် တဲ့ ပြင်ဆင်မှုတွေနဲ့ စွမ်းဆောင်ရည်တွေ အီရတ်နိုင်ငံမှာ ရှိပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကပြောကြားသည်။ အီရတ်နိုင်ငံ တွင် ဆွန်နီသူပုန်များသည် နိုင်ငံမြောက်ပိုင်း ဒေသများ တွင် တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြို့တော်ဘဂ္ဂဒက်နှင့် မိုင် ၅၀ ခန့် အဝေးထိ ချီတက်လာ ခဲ့ပြီး အစိုးရတပ်များနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ် ပွားခဲ့သည်။ အီရတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အခြေအနေများအပေါ် တုံ့ပြန်သည့်အနေနှင့် အမေရိ ကန်အစိုးရက အမေရိကန် လေယာဉ်တင် သင်္ဘော USS GeorgeH.W.Bushကိုပါရှန်းပင်လယ်ကွေ့သို့ စေလွှတ် ထား သည်ဟု ပြီးခဲ့သော စနေနေ့က ပြောကြားခဲ့သည်။ ထိုကဲ့သို့ USS George H.W. Bush လေယာဉ်တင် သင်္ဘောကို ပင်လယ်ကွေ့သို့ စေလွှတ်ထားသည်ဟု အမေရိကန်အစိုးရက ပြောကြားအပြီး တစ်ရက်အကြာ တွင် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရ ပုဂ္ဂိုလ် အက်ဖ်ခန်က သူ့အနေနှင့် အီရတ်နိုင်ငံသည် အကြမ်းဖက်မှုကို တွန်းလှန်နိုင်သည့် အရည်အသွေး ရှိပြီး အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကို တောင်းခံ လိမ့်မည် မဟုတ်ဟုယုံကြည်ကြောင်းပြောကြား ခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုကသာ အီရတ်နိုင်ငံ တွင် ဆွန်နီလက်နက်ကိုင် သူပုန်များကို ဝင်ရောက်တိုက် ခိုက် နှိမ်နင်းမည် ဆိုပါက အီရန်နိုင်ငံ အနေနှင့်လည်း အမေရိကန်တို့နှင့် ပူးပေါင်းကာ ဝင်ရောက် တိုက် ခိုက်ကောင်းတိုက်ခိုက်မည်ဟုလည်း မစ္စတာ အက်ဖ်ခန် က ပြောကြားခဲ့သည်။ အီရန်နှင့် အမေရိ ကန်ကြား တွင် သံတမန်ရေးရာ ဆက်ဆံမှု မရှိသည်မှာ ဆယ်စုနှစ် သုံးခုခန့် ရှိနေပြီ ဖြစ်သဖြင့်အီရတ်နိုင်ငံအရေး တွင် အမေရိကန်တို့နှင့်ပူးပေါင်းဆောင်ရွက်ကောင်း   ဆောင်ရွက်မည် ဟူသော မစ္စတာအက်ဖ်ခန် ၏ ပြောကြားမှုမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ “တကယ်လို့ အမေရိကန်ကသာ အီရတ်မှာ အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ အဲဒီလိုလုပ်ဖို့စဉ်းစားရ ပါမယ်”ဟုမစ္စတာအက်ဖ်ခန်ကပြောကြားခဲ့သည်။ ဆွန်နီ သူပုန်များ၏ အလျင်အမြန် ထိုးစစ်ဆင်မှုများကြောင့် အစောပိုင်းတွင် အီရတ်အစိုးတပ်များ အရေးနိမ့်ခဲ့သော် လည်း ပြီးခဲ့သော စနေနေ့ကမူ အစိုးရတပ်ဖွဲ့ဝင်များသည် ဘဂ္ဂဒက်မြို့ မြောက်ပိုင်းရှိ မြို့နှစ်မြို့ကို သူပုန်များလက် မှ ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

အီရတ်အရေးနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရ ထပ်မံလိမ်ညာနိုင်ကြောင်း မန်းနင်းသတိပေး



From : ..7day

အမေရိကန် အစိုးရသည် အီရတ်အရေးနှင့် ပတ်သက်၍ အမေရိကန် ပြည်သူများအား နောက်တစ်ကြိမ် ထပ်မံလိမ်လည်လာနိုင်ကြောင်း ဘရက်ဒလေ မန်းနင်းက သတိပေး ပြောကြားခဲ့သည်။

အမေရိကန်၏ စစ်ဘက် လျှို့ဝှက်အချက်အလက်များကို WikiLeaksထံ ပေါက်ကြားစေခဲ့မှုအတွက် ထောင်ဒဏ်(၃၅)နှစ် ကျခံနေရသည့် စစ်မှုထမ်းဟောင်းက New York Times သတင်းစာတွင် သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့ခဲ့ရာ အမေရိကန်သည် အီရတ်အရေးနှင့် ပတ်သက်လျှင် ယခင်ကတည်းက ပွင့်လင်းမှု မရှိခဲ့ဟု ဖော်ပြထားသည်။

WikiLeaks သည်အမေရိကန်၏ စစ်ရေးနှင့် ထာက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက် (၇၀၀၀၀၀)ကျော်ကို ပေါက်ကြားစေခဲ့ပြီး အမေရိကန် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး လျှို့ဝှက်ချက် ပေါက်ကြားမှုကြီးအဖြစ် ထင်ရှားခဲ့သည်။ ထိုစဉ်က မန်းနင်းသည် Wikileaksထံသို့ သတင်းအချက်အလက်များ              ပေးပို့ခဲ့သည့် ရင်းမြစ်တစ်ဦးလည်း ဖြစ်ခဲ့သည်။

“ကျွန်တော် လုပ်ဆောင်ခဲ့တာတွေက ဥပဒေကို ချိုးဖောက်ရာ ကျနေမှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီလို လုပ်ဖြစ်ခဲ့တဲ့ စေ့ဆော်မှုနဲ့ ပတ်သက်လို့တော့ မရှင်းလင်းနိုင်သေးဘူး”ဟု New York Times၏ အယ်ဒီတာ့အာဘော် ဆောင်းပါးအဖြစ် ဖော်ပြမှုတွင် မန်းနင်းက ရေးသားထားသည်။

“ခုချိန်မှာ အီရတ်ဟာ ပြည်တွင်းစစ်ပွဲတစ်ခု စတင်လာပြီ။ အမေရိကန်ကလည်း နောက်တစ်ကြိမ် အီရတ်အရေးမှာ ဝင်စွက်ဖက်ဖို့ စဉ်းစားနေပြန်ပါပြီ။ မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခုကို အရေးတကြီး လုပ်ဆောင်သင့်နေပြီ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ အီရတ်နဲ့ အာဖဂန် နစ္စတန် နိုင်ငံတွေမှာ ကာလရှည်ကြာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတုန်းက မီဒီယာကဏ္ဍကို ဘယ်လိုချုပ်ကိုင် ကန့်သတ်ထားသလဲ ဆိုတာက အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါပြီ”ဟုလည်း မန်းနင်းက သုံးသပ်ထားသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် ကြုံနေရသည့် အီရတ်နိုင်ငံ၏ အရေးတွင် အမေရိကန်က မည်ကဲ့သို့ ပါဝင်                  ဆောင်ရွက်ရမည်ကို ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးမှ စဉ်းစားနေကြောင်း ဆိုသည်။

ISIS စစ်သွေးကြွများသည် ယခုအခါ ဘဂ္ဂဒက်မြို့တော်မှ မိုင်ပေါင်း(၅၀)မျှ အကွာထိ ထိုးဖောက် ချဉ်းကပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အမေရိကန် အနေဖြင့် အီရတ်သို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်မည် မဟုတ်ဟု အိုဘားမားက အခိုင်အမာ ပြောကြားထားသည်။

 
















Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ