ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ယခုနှစ်အတွင်း ဘိန်းအထွက်နှုန်း လျော့ကျစေရန် မူးယစ်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူနှင့်ပူးပေါင်းလုပ်ဆောင်နေ၍ ယခုနှစ် ဘိန်းအထွက်နှုန်း လျော့ကျလာဖွယ်ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးမြင့်သိန်းက ပြောသည်။
ပင်လောင်းတွင် ဘိန်းအထွက်နှုန်းလျော့ကျရန် မြို့နယ်အတွင်း မူးယစ်ဆေးဝါးကာကွယ် တားဆီးရေး အဖွဲ့များကို မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ ဖွဲ့စည်းထားပြီး ကျောင်းများ၊ ရပ်ကွက်များအတွင်း ပညာပေး ဟောပြောခြင်း၊ ဘိန်းစိုက်တောင် သူများအား စည်းရုံးခြင်းများပြု လုပ်နေသည်ဟုဆိုသည်။
‘‘ပညာပေး စည်းရုံးမှုတွေလုပ်ဆောင်ပေးနေတဲ့ကြားက စိုက်ပျိုးလာရင်လည်း အချိန်မီ ဖျက်ဆီးနိုင်အောင် အစီအမံတွေ လုပ်ဆောင်ထားတယ်’’ဟု ရဲမှူး မြင့်သိန်းက ပြောသည်။
မြို့နယ်အတွင်းရှိ အချို့ ကျေးရွာများတွင် ဘိန်းစိုက်ပျိုးမှု များရှိနေဆဲဖြစ်ပြီး ဘိန်းစိုက်ခင်း များဖျက်ဆီးရန် ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းဆောင် ရွက်နေသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းသည် နိုင်ငံအတွင်း ဘိန်းထွက်ရှိမှု၏ ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး ကွန်ဟိန်း၊ ပင်လောင်း၊ လွိုင်လင် မြို့နယ်များတွင် အများဆုံးထွက်ရှိသည်ဟု မူးယစ်ဆေးဝါးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့ခွဲ ၂ စာရင်းများတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတားဆီးရေးရုံး (UNODC)တို့ ပူးပေါင်း၍ ပင်လုံ၊ လွိုင်လင်၊ ဟိုပုံးမြို့များတွင် ကော်ဖီ၊ ရော်ဘာ စသည့် ဘိန်းအစား ထိုး သီးနှံစိုက်ပျိုးမှု လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သို့သော် ဘိန်းစိုက်ပျိုးသည်ဟု ယူဆရသည့် အိမ်ထောင်စု တစ်သိန်းသုံးသောင်းကျော်အနက် အိမ်ထောင်စု နှစ်ထောင့်သုံးရာကျော်သာ လက်တွဲဆောင်ရွက်နေသည်ဟု ရဲတပ်ဖွဲ့စာရင်းများက ဆိုသည်။
၂၀၁၄ တွင် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုသည် ဟက်တာ ငါးသောင်းသုံးထောင်ကျော် ရှိနေပြီး အစားထိုးသီးနှံစိုက်ပျိုးနိုင်မှုမှာ ဟက်တာ ခြောက်ထောင့်သုံး ရာခန့်သာရှိကြောင်း အဆိုပါစာရင်းအရ သိရသည်။
7 Day Daily
No comments:
Post a Comment