Showing posts with label မိုးလေဝသသတင်း. Show all posts
Showing posts with label မိုးလေဝသသတင်း. Show all posts

Monday, October 5, 2015

တိုင်ဖွန်း မူဂျီဂေးကြောင့် တရုတ်မှာ လူ ၆ ဦးသေဆုံး


တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း မူဂျီဂေးကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၂၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တရုတ်သတင်းမီဒီယာက ဆိုပါတယ်။ ကျန်ဂျင်းမြို့ကို တိုင်ဖွန်းဝင်ရောက်ခဲ့ပြီး လေပြင်းနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဒိနောက်မှာတော့ မူဂျီဂေးမုန်တိုင်းဟာ အားပျော့သွားပြီး ကွမ်ဇီပြည်နယ်ဘက်ကို ရွေ့လျားသွားခဲ့ပါတယ်။

Sunday, October 4, 2015

အပူချိန်မြင့်တက်မှုကြောင့် အပူပိုင်းဒေသများ ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

ရာသီဥတုပြောင်းလဲ လာမှုနှင့်အတူ အပူချိန်များမြင့် တက်လာသဖြင့် မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများတွင် ပျက်စီး ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုဖြစ် စဉ်ကြောင့် ရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ အပူချိန်သည် ပုံမှန် အထက် ၅ ဒီဂရီမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း၊ မုတ်သုံမိုး ၃၀ ရာခိုင်နှုန်းလျော့နည်းလာခြင်း နှင့်အတူ ရေအရင်းအမြစ်များ ကျဆင်းလာခြင်းကြောင့် အပူပိုင်းဒေသဖြစ်သော စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး တိုင်းတို့တွင် ရေရှားပါးမှုပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
‘‘မန္တလေးတိုင်းရဲ့ သဘာဝကိုက မိုးအရနည်းတဲ့ဒေသ။ မိုးရေချိန် ၅ လက်မလောက် လျော့ပါးသွားရင် ဒေသတစ်ခုလုံး စီးပွားရေးအများကြီး ထိခိုက်ပါတယ်။ သိပ်ထိခိုက်လွယ်တဲ့ ဒေသပေါ့။ မန္တလေးက လူတွေ သိထားရမှာ တစ်ခုရှိတယ်။ မန္တလေးတင် မဟုတ်ပါဘူး။ အပူပိုင်းဒေသ (စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း) ဒီဒေသတွေမှာက မိုးပေါ်က ရွာချတဲ့ရေနဲ့၊ ပူလို့ မြေပြင်က အငွေ့ပြန်တဲ့ရေက ဒီ ဒေသက အငွေ့ပြန်တဲ့ ရေက ပိုများတယ်။ ဒါကြောင့် ဒီဒေသဟာ ရွှေ ကို မလို၊ ငွေကိုမလို၊ ရေကိုသာ လိုတယ်လို့  ပြောရတဲ့ဒေသ။ အဲဒီတော့ ရေရှားလိမ့်မယ်။ အဲဒါ သတိထားဖို့လိုပါတယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ကမ္ဘာကြီးပူနွေးလာမှုကြောင့် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် သုံးခုဖြစ်သည့် ဟိမဝန္တာတောင်ခြေမှ ရေခဲမြစ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပျောက်ဆုံးသွားပြီဖြစ်ပြီး မြေအောက်ရေမှာလည်း အပူချိန်မြင့်တက်လာခြင်းနှင့်အတူ သစ်တော ပြုန်းတီး မှုများကြောင့် လျော့နည်းနေပြီဖြစ်ကြောင်း၊ မုတ်သုံမိုးမှာလည်း လွန်ခဲ့တဲ့နှစ်များအတွင်း ၃၀ ရာခိုင်နှုန်း လျော့နည်းလာခဲ့သောကြောင့် ရေအရင်းအမြစ်များ လျော့နည်းလာကြောင်း ဆိုသည်။

ရာသီဥတုဖောက်ပြန်လာခြင်း၏ ဆိုးကျိုးများကို အခြေခံလူတန်းစားများဖြစ်သော တောင်သူများ အဓိကခံစားကြရမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ လူတိုင်းအသိပညာဗဟု သုတရှိရန် အရေးကြီးကြောင်း ဒေါက်တာထွန်းလွင်က အကြံ ပြုတိုက်တွန်းသည်။ နေအပူကို အန်တုနေသူ များ

7Day Daily

Monday, September 21, 2015

နေ့စဉ်မိုးလေ၀သ သတင်း (၂၂.၉.၂၀၁၅ နံနက်)

       

ဒီကနေ့ နံနက်(၀၇း၃၀)နာရီအချိန် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားနည်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကျန် ဒေသများမှာကတော့ တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါတယ်....

ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊

Thursday, September 17, 2015

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံလေ အားနည်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှ

Friday, September 11, 2015

ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ ၁၁ မြို့မှပြည်သူများ မြစ်ရေကြီးမည်ကို သတိထားရန်လို

ချင်းတွင်းမြစ်ရေအနည်း ငယ်ကျဆင်းနေသော်လည်း ဧရာဝတီမြစ်ရေတိုးနေသဖြင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြို့ ၁၁ မြို့တွင် မြစ်ကမ်းဘေးနေသူများ အထူးသတိထားရန်လိုကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေသည် စက်တင်ဘာ ၉ ရက်မှစ၍ စစ်ကိုင်းတိုင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာနှင့် ကနီမြို့တို့တွင် အနည်းငယ် ကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ရှိနေသေးသည်ဟု မိုး/ဇလဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

‘‘ချင်းတွင်းမြစ်ရေကျနေပေမယ့် မြစ်ကမ်းဘေးဒေသတွေအတွက် စိတ်ချရတဲ့ အနေအထား မဟုတ်သေး ဘူး။ အထက်ကကျလာတော့ ဧရာဝတီမြစ်ရေက တိုးလာတယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မြို့တွေ ဒီကာလ သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက သတိပေး

Tuesday, September 8, 2015

ဧရာဝတီမြစ်ကြောင်း တလျှောက် ရေကြီးနိုင်ကြောင်း သတိပေးချက်ထုတ်

ဧရာဝတီမြစ်ကြောင်းတလျှောက်မှာရှိတဲ့ ညောင်ဦး၊ ပခုက္ကူ၊ ဟင်္သာတမြို့နယ်တွေမှာ ဒီတစ်ပတ်အတွင်း ရေလွှမ်းမှုဒဏ်ခံရနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုးဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေက မြင့်တက်နေဆဲဖြစ်တဲ့အတွက် ဧရာဝတီမြစ်ရေကတိုးလာနိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးကျော်မိုးဦးက ပြောပါတယ်။

Monday, September 7, 2015

ချင်းတွင်းမြစ်ဘေး မြို့များ မြစ်ရေတိုး သတိပေးချက် ထုတ်ပြန်

ချင်းတွင်းမြစ်ရေ တိုးလာတဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း မြစ်ရေတိုင်းတာရေး စခန်းရှိရာ မြို့ (၇) မြို့မှာ ရေလွှမ်းမိုးမှုအန္တရာယ်သတ်မှတ်ထားကြောင်း မိုးလေသဝနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ မော်လိုက်မြို့မှာတော့ မြို့ရဲ့ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူတွေ အတွက် ကယ်ဆယ်ရေးစခန်းရယ်လို့လည်း သီးသန့်မရှိတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေကို ပရဟိတအဖွဲ့တွေကပဲ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Wednesday, September 2, 2015

မုန်တိုင်းဖြစ်နိုင်ဖွယ် အလားအလာမြင်နေ

ယနေ့ စက်တင်ဘာ ၂ရက် နံနက်အစောပိုင်း ၀၀း၃၀ နာရီအချိန်တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေရာမှ မုန်တိုင်းတစ်လုံးဖြစ်လာရန် အလားအလာ များကို စတင်တွေ့ရှိနေသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

"လောလောဆယ်မှာတော့ မုန်တိုင်းဖြစ်ဖို့အလားအလာဟာ ၄% မှ ၅% ခန့်သာရှိပါသေးတယ်"ဟု ဆို သည်။

http://mizzimaburmese.com

Tuesday, September 1, 2015

ကချင်၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးပြီး ရေလွှမ်းနိုင်

၂၀၁၅ ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။

(၁ -၉-၂၀၁၅)ရက်နံနက်(၀၉း ၄၅)နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင် လယ်ပြင် ၊ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း နှင့် တောင်ပိုင်း တို့မှာ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအသင့်အတင့်

Tuesday, August 11, 2015

လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးရွာသွန်းမှုနှင့် လေပြင်းအန္တရာယ်ရှိ

ဘင်္ဂလားပင်လယ်အော်တွင် သြဂုတ် ၁၁ ရက် ညနေမှစတင်၍ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ယင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း ကျမည့်အန္တရာယ်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ချုပ် ဦးကျော်မိုးဦး က ပြောကြား

Thursday, August 6, 2015

တတိယရေကြီးကာလကို သတိထားရန် ဒေါက်တာထွန်းလွင် ပြောကြား

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ မုတ်သုံလေ ပြန်လည်ဆုတ်ခွာသည့် ကာလ (စက်တင်ဘာလနှင့် အောက်တိုဘာ လ)တို့တွင် ယခုထက် ဆိုးရွားသည့် တတိယအကြိမ် ရေကြီးမှုအန္တရာယ် ရှိနိုင်သဖြင့် သတိထားရန် လိုအပ် ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

အမေရိကန် မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ ယင်းကာလတွင် ရွာသွန်းမြဲထက် ၅၀ ရာခိုင်နှုန်း ပိုနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများမှာ သုံးကြိမ်မှ ငါးကြိမ်အထိ ဖြစ်ပေါ်တတ်သည့်အတွက် ရေကြီးရန် အလားအလာရှိကြောင်း ၎င်းက ပြောဆိုသည်။

“အဆိုးဆုံးကတော့ မုတ်သုံလေကလည်း အားကောင်းနေမယ်။ အရှေ့ဘက်က လေပွေလှိုင်း လာမယ်။ မုန်တိုင်းကလည်း ဖြစ်နေမယ်။ အဲဒီသုံးခု တိုက်ဆိုင်သွားမယ် ဆိုရင်တော့ အဆိုးရွားဆုံး ရေကြီးမှု ကြုံနိုင် တယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ် တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထား သည်။

The Voice

Wednesday, July 29, 2015

မုန်တိုင်း စစ်တကောင်းကိုဆုတ်ပြီ ... ဒါပေမယ့်


Komen လို့နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကို ဖြတ်ကျော်ဝင် ရောက်သွားဖို့ရှိတယ်လို့ ခန့်မှန်းရပြီး ပင်လယ်ပြင်ကနေ ကုန်းမြေပြင်ကို ဖြတ်ကျော်ဝင်ရောက်ရာမှာ စစ်တွေနဲ့မောင်တောကို တစ်နာရီမိုင် ၅ဝနဲ့မိုင်၆ဝ လေတိုက်နှုန်းရှိမယ်လို့ မိုးဇလဌာနက

မုန်တိုင်းငယ် ပိုမိုအားကောင်းလာသဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လို

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး ရခိုင်ကမ်းရိုးတန်း ဘက်သို့ ပိုမိုနီးကပ် လာသောကြောင့် မြန်မာနိုင်ငံရှိဒေသအချို့တွင် မိုးကြီးနိုင်ပြီး လေပြင်းများတိုက်ခတ်နိုင်သဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြော

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ