Tuesday, July 14, 2015

အမြဲနေထိုင်ခွင့်လက်မှတ် (PR) စတင်ထုတ်ပေးပြီ

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင် လက်မှတ် (PR)လျှောက်ထားသူများအနက်မှ စိစစ်အတည်ပြု ပြီးသူ ၁၂၄ဦးကို ပြီးခဲ့သည့် ဇူလိုင် ၁၃ရက်မှ စတင်ကာ အမြဲနေထိုင်ခွင့် လက်မှတ် စတင်ထုတ်ပေးနေ
ပြီဖြစ်ကြောင်းသိရသည်၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR)စနစ်ကို ကျင့်သုံးရာတွင် ကာလရှည်ကြာစွာ လာရောက်နေထိုင်ရင်းနှီးမြှုပ်နှံလိုသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လိုသည့် မြန်မာနိုင်ငံသားဟောင်း များနှင့် ၎င်းတို့နှင့်သွေးချင်းဆက်စပ်နေသော နိုင်ငံခြားသားများ စသည်ဖြင့် ၄မျိုးခွဲခြားကာ သတ်မှတ်ထား သော အမှတ်ပေးစံနှုန်းစနစ်တို့အရ စိစစ်သုံးသပ်ခွင့်ပြုသည်ဟု သိရသည်။

ဧရာဝတီ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ