Thursday, July 30, 2015

ပြည်နယ်သုံးခုရှိ ဒုက္ခသည်များအား အမေရိကန်က ကန်ဒေါ်လာလေးသန်းခွဲထောက်ပံ့မည်

ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ လေးသန်းခွဲထောက်ပံ့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှ သ တင်းရရှိ

Wednesday, July 29, 2015

ပြည်ခိုင်ဖြိုးမှဝင်ပြိုင်မည့် အစိုးရအဖွဲ့ဝင်အချို့ စာရင်းထွက်လာသော်လည်း သမ္မတနှင့် သမ္မတရုံးဝန်ကြီးနှစ်ဦးအမည်များမပါသေး

ပါတီကိုယ်စားပြုရွေးကောက်ပွဲဝင်မည့်အစိုးရအဖွဲ့ဝင် အချို့၏အမည်စာရင်းကို ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ကြေညာခဲ့သော်လည်း အဆိုပါစာရင်းတွင် သမ္မတဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့ပါဝင်ခြင်းမရှိသေး

ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ထောက်လှမ်းရေး အရာရှိကြီး ၉ ဦး ပြန်လည်လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သော အကျဉ်းသားအကျဉ်းသူ ၆၉၆၆ ဦးတွင် ၂၀၀၄ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ်သန်းထွန်းနှင့် အကြီးတန်းအရာရှိကြီး ၉ ဦးလုံး ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကြောင်း The Voice သတင်းရင်းမြစ်များ က ပြောကြား

မုန်တိုင်း စစ်တကောင်းကိုဆုတ်ပြီ ... ဒါပေမယ့်


Komen လို့နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကို ဖြတ်ကျော်ဝင် ရောက်သွားဖို့ရှိတယ်လို့ ခန့်မှန်းရပြီး ပင်လယ်ပြင်ကနေ ကုန်းမြေပြင်ကို ဖြတ်ကျော်ဝင်ရောက်ရာမှာ စစ်တွေနဲ့မောင်တောကို တစ်နာရီမိုင် ၅ဝနဲ့မိုင်၆ဝ လေတိုက်နှုန်းရှိမယ်လို့ မိုးဇလဌာနက

မြန်မာစစ်ဦးစီးချုပ်ကို အိန္ဒိယ ဘာကြောင့် ကော်ဇောနီခင်းကြိုဆို

အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီးရောက်နေတဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေကြောင်းလုံခြုံရေးအပါအ၀င် ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လိုကြောင်း ပြောကြားလိုက်တယ်လို့ သိရပါတယ်။ လက်ရှိခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ကို အိန္ဒိယက နွေးထွေးစွာ ကြိုဆိုမှုအပေါ် သုံးသပ်ချက်တွေ

မုန်တိုင်းငယ် ပိုမိုအားကောင်းလာသဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လို

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး ရခိုင်ကမ်းရိုးတန်း ဘက်သို့ ပိုမိုနီးကပ် လာသောကြောင့် မြန်မာနိုင်ငံရှိဒေသအချို့တွင် မိုးကြီးနိုင်ပြီး လေပြင်းများတိုက်ခတ်နိုင်သဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြော

လူသားချင်းစာနာမှုလေ့လာဖို့ Angelina Jolie ရခိုင်နဲ့ ကချင်ပြည်နယ်သွားမည်

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အထူးသံတမန် နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး Angelina Jolie ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ကြောင့်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေ၊ လူမျိုးရေး ခွဲခြားမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့

အိန်ဂျလီနာဂျိုလီ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံမည် ဖြစ်ပြီး စစ်တွေနှင့် မြစ်ကြီးနားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီသည် ယနေ့နေ့လည်ပိုင်း တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့သွားရောက် မည်ဖြစ်ကြောင်း သတင်းရရှိ

မြန်မာရွှေ့ပြောင်းအလုပ်သမားများအကျိုးကို ဆောင်ရွက်ပေးနိုင်ရန် ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြော

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် (ဇင်းမယ်) မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ဇူလိုင် ၂၉ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိစီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား များအကျိုးကို ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု

မိုးသည်းထန်စွာ ရွာသွန်မှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ပါကစ္စတန်တွင် လူ ၈၁ ဦးသေဆုံး

လွန်ခဲ့သည့် နှစ်ပတ်အတွင်း ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် လူ ၈၁ ဦးသေဆုံးခဲ့ပြီး လူ ၃၀၀,၀၀၀ နီးပါးအပေါ် ဆိုးကျိုးသက်ရောက်ခဲ့သည်ဟု ကပ်ဘေးစီမံခန့်ခွဲရေး အေဂျင်စီက ဇူလိုင် ၂၈ တွင် ထုတ်ပြန်ခဲ့

Tuesday, July 28, 2015

အုတ်ဖိုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လယ်မြေဧက ၃၀၀ ကျော် ရေနစ်မြုပ်

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် သရက်ပင်ဆိပ်ကျေးရွာဝန်းကျင်တွင် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ခြင်း ကြောင့် ဒေသရှိလယ်မြေဧက ၃၀၀ ကျော် ရေနစ်မြုပ်နေပြီး ပြည် - ရန်ကုန်ကားလမ်းမကြီးလည်း ရေကြီး ရေလျှံနေကြောင်း ဒေသခံများထံမှ သိရ

AFF U-16 Championship 2015

စင်္ကာပူကို အနိုင်ယူပြီး မြန်မာ ယူ-၁၆ အာဆီယံချန်ပီယံရှစ် တာထွက်ကောင်း

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ (AFF U-16 Championship 2015)အုပ်စု (ခ) အဖွင့်ပွဲအဖြစ် ဇူလိုင်လ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၃) နာရီ (ဒေသစံတော်ချိန် ညနေ (၃း၃၀) ) နာရီတွင် ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်ပင်မြို့တော်၊ အိုလံပစ် အားကစားကွင်းကြီး ၌ စင်္ကာပူ ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရယူပြီး AFF U-16 Championship တာထွက်ကောင်းခဲ့ပြီ

ရေလွှမ်းမိုးမှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ထိခိုက်

ဒီရက်ပိုင်းအတွင်း မိုးကြီးရေလျှံတာတွေ မြန်မာပြည်အနှံ့မှာ ဆက်လက်ဖြစ်ပွားနေရာမှာ ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရေလွှမ်းမိုးခဲ့တာကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်တဲ့ ကလေး-တမူးလမ်းဟာ ကားအသွားအလာ ရပ်ဆိုင်းခဲ့ပါ

အင်အားကြီးပါတီနှစ်ခု ကိုယ်စားလှယ်လောင်းများစာရင်း ယနေ့ကြေညာမည်

အင်အားကြီးပါတီနှစ်ခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ပါတီများမှကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များ စာရင်းကို ယနေ့(ဇူလိုင် ၂၉ ရက်)မှစတင်ကာ ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း သတင်းရရှိ

အောက်စက်တော်ရာ ခြေတော်ရာမြတ်အား မန်းချောင်းရေလွှမ်း

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားကြီး၏ ပါဒအောက်စက် တော်ရာခြေတော်ရာမြတ်နေရာတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် မန်းချောင်းရေ မြင့်တက်လာကာ ဖန်အုပ်သျှောင်းတော်မြတ် အတွင်းထိ ရေများဝင်ရောက်ဖုံးလွှမ်းသွား

ရေကြီး မြေပြိုမှုတွေကြောင့် လူထိခိုက်သေဆုံးမှုရှိ



မြန်မာနိုင်ငံအနှံ့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်၊ ရေကြီးမှုတွေကြောင့် လူထိခိုက်သေဆုံးမှုတွေရှိနေ သလို ဒီသီတင်းပတ်ထဲ ဆက်လက်မိုးကြီးနိုင်တဲ့အတွက် မြေပြိုမှုတွေ၊ ရုတ်တရက်ရေကြီးမှုတွေ ကြုံရနိုင် တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာလည်း မိုးသက်လေပြင်း ကျရောက် နိုင်တာကြောင့် သတိထားဖို့လိုအပ်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက

လူကုန်ကူးမှုအဆင့် မလေးရှားအပေါ် လျှော့ပေါ့ သတ်မှတ်မှု ဝေဖန်ခံရ

မလေးရှားနိုင်ငံအနေနဲ့ အမေရိကန်နိုငိငံခြားရေးဌာနရဲ့ ၂၀၁၅ လူကုန်ကူးမှု နှစ်ပတ်လည်အစီရင်ခံစာမှာ အဆင့်တဆင့်တိုးသွားပေမယ့် ထိုင်းနိုင်ငံကတော့ လက်ရှိအဆင့်မှာပဲ ဆက်ကျန်နေပါတဲ့အပေါ် ဝေဖန်မှု တွေ ထွက်ပေါ်နေပါ

Monday, July 27, 2015

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်း ကော်မရှင်ထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း အချိန်လုပြီး ကိုယ်စားလှယ်တွေကို ရွေးချယ်နေကြ ရတာ

အာဆီယံ ပြိုင်ပွဲဝင်မည့် ယူ-၁၉ အသင်း ပဏာမ ကစားသမား ၂၉ ဦးဖြင့် စတင် စခန်းသွင်း

သြဂုတ်လအတွင်း လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းကို ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ အဆိုပါ အသင်းကို ယမန်နေ့က စတင်စခန်းသွင်းခဲ့ပြီး ပြိုင်ပွဲမ၀င်မီကာလအထိ လေ့ကျင့်မှုများ တောက်လျှောက် ပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ခြင်းမပြုမီတွင် အပြီးသတ်ကစား သမား ရွေးချယ်မှုကို ပြုလုပ်သွားမည်

ဦးအောင်သောင်း၏ အရိုးပြာ ဝဲလောင်ရွာတွင် ဂူသွင်းမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးအောင်သောင်း၏ အရိုးပြာကို ၎င်း၏ဇာတိ ဖြစ်သော တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် ဂူသွင်းမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြား

ကျိုက်ထီးဆောင်းဆရာတော်ရုပ်ကလာပ်ကို ရာသက်ပန်ပူဇော်ခံထားရှိမည်

ကျိုက်ထီးဆောင်း ဆရာတော်အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာ ဒီပ၏ရုပ်ကလာပ်တော်ကို ဆရာတော်သီတင်းသုံးခဲ့သည့်စံကျောင်းတွင် ရာသက်ပန်ပူဇော်ခံထားရှိမည်ဖြစ်သော်လည်း ဆေးစိမ်မည် မဟုတ်ကြောင်း ဆရာတော်၏တပည့်တစ်ဦးဖြစ်သည့် ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးဇေသီဟက

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးများပြီး ရေကြီးမှုကြောင့် သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှု များပြား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခြင်းနှင့် တောင်ကျရေတိုက် စားမှုများဖြစ်ပေါ်ခဲ့ရာ လူသေဆုံး၊ ပျောက်ဆုံးမှုများ၊ နေအိမ်၊ လမ်းတံတားနှင့် စပါးစိုက် ဧက အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိ

မုန်တိုင်းငယ်ကြောင့် ကမ်းရိုးတန်းဒေသများ လေပြင်းနှင့်ရေကြီးမည့် အန္တရာယ်ရှိ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်ရန် မရှိသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခု၌ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်

အစိုးရ အဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် စဉ်းစားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားရန် အလေးအနက်စဉ်းစားမည်ဟု ထိုင်းအာဏာသိမ်း စစ်အစိုးရဝန်ကြီးချုပ် ပယာရွတ်သ်ချန်အိုချာက ပြောကြားလိုက်

အာဖဂန် မင်္ဂလာဆောင် တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂၀ ထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် မင်္ဂလာပွဲတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၂၀ သေဆုံးပြီး နောက်ထပ် ၁၀ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ

သမ္မတအိုဘားမား အီသီယိုးပီးယားရောက်

အမေရိကန်သမ္မတ Barack Obama ဟာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးနဲ့ တောင်ဆူဒန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကိစ္စတွေကို ၂ ရက်ကြာ အာရုံစိုက်ဆွေးနွေးပြောဆိုဖို့အတွက် အီသီယိုးပီးယား နိုင်ငံကို ဆိုက်ရောက် သွားပြီ ဖြစ်ပါ

သြစတြေးလျသူနာပြု အကြမ်းဖက်သမား အားပေးကူညီမှုနဲ့ တရားစွဲခံရ

ဆီးရီးယားနိုင်ငံအတွင်းက IS အစွန်းရောက်အကြမ်းဖက်သမားတွေကို အားပေးကူညီတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ သြစတေးလျအမျိုးသား သူနာပြုတဦးကို အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့အမှုနဲ့ တရားစွဲဆို ခံထားရပါ

Sunday, July 26, 2015

ရုပ်ရှင်ဇာတ်ကားသစ် သတင်းစာရှင်းလင်းပွဲမှာ တွမ်ခရုဇ်နဲ့တွေ့မယ့် Infinite အဖွဲ့

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအဖွဲ့ Infinite သည် ဆိုးလ်မြို့တွင်ပြုလုပ်မည့် Mission Impossible: RogueNation ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ ဟောလိဝုဒ်မင်းသားတွမ်ခရုဇ် နှင့်တွေ့ဆုံမည်ဖြစ်

မျိုးကြီး၊ နောနော်၊ ဂျေမီတို့ပါဝင်မည့် ခရစ်ယာန် ဓမ္မသီချင်းခွေ ထွက်ရှိမည်

ရော့ခ်အဆိုတော် မျိုးကြီး၊ နောနော်တို့နှင့် ပူးပေါင်းကာ ခရစ်ယာန်ဓမ္မသီချင်းခွေတစ်ခွေ ထွက်ရှိနိုင်ရန် စီစဉ်နေကြောင်း ဂျေမီက ပြောကြားသည်။‘‘သီချင်းတွေတော့ တော်တော်ပြီးနေပြီ။ ကိုမျိုးကြီး၊ နောနော်၊ ကိုညီပုလေးလည်း ပါချင်ပါမယ်’’ဟု ယင်းအခွေနှင့် ပတ်သက်၍ ၎င်း

ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ

ချောင်းဆိုးနေသူတွေအတွက် တကယ်ကိုကောင်းမွန်ပြီး ငွေကြေးအကုန်အကျ သက်သာစေတဲ့ နည်းလမ်း လေးတစ်ခုမို့ မျှဝေပေးလိုက်ရဖြင်းပင် ဖြစ်ပါတယ်။
 
အသုံးပြုပုံလေးကတော့

နနွင်းမှုန့်အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ် စားပေးခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ်ကြွက်သားတွေကို သန်မှာစေပါတယ်။

ရိုးရာလေး

အနည်းဆုံး အခကြေးငွေအတွက် အလုပ်ရှင်၊ အလုပ်သမားကြား ညှိနှိုင်းမှု တိုးတက်မှုရှိလာ

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်း ကျပ် ၃၆၀၀ အတည်ပြုနိုင်ရန် အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် လက်ခံနိုင်မှု အခြေအနေတိုးတက်လာကြောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီအတွင်းရေးမှူး ဦးမျိုးအောင်က ပြော

ကျပ်သိန်းပေါင်း (၃)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျပ်သိန်းပေါင်း (၂)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်နှင့် အခြားဆက်စပ် ပစွှည်းများအား တာချီလိတ်မြို့နယ် အတွင်း ဖမ်းဆီးရမိ



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၄) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၅၂၆)ခြေမြန် တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ ၀င်များ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်

လမ်းပန်းအခက်အခဲကြောင့် ရေဘေးသင့်ကျေးရွာအချို့ အရေးပေါ်အကူအညီများ လိုအပ်နေ

ရေဘေးကြုံတွေ့နေရသော စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာအချို့သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အရေးပေါ်အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံအဖွဲ့ အစည်းများထံမှ သတင်းရရှိ

ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲ တောင်ကြီးတွင် ပထမဆုံးအကြိမ် ကျင်းပမည်

နိုင်ငံတကာပညာရှင်များပါဝင်ဆွေးနွေးမည့် ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဟု သတင်းရရှိသည်။ဆွေးနွေးပွဲကို တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းခန်းမတွင် ဇူလိုင် ၂၉ရက် မှ ၃၀ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်၊ ဒေသအများစု မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ရန်မရှိသော်လည်း ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် ဒေသအလိုက်ကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက

Friday, July 24, 2015

ရှလကာရည်ကို ဘယ်မှာသုံးလို့ရ

ချက်ပြုတ်ဖို့အတွက် အသုံးပြုကြတဲ့ ရှလကာရည်ကို ဟင်းချက်ဖို့ အတွက်သာမက တခြားနေရာတွေမှာ ပါအသုံးတည့်တဲ့အံ့သြလောက်စရာ အစွမ်းသတ္တိတွေသိ ထားရအောင်လို့ မျှဝေချင်ပါတယ်။ ရေခဲသေတ္တာ အတွင်းပိုင်းတွေကို ရှလကာရည်တစ်ဝက်၊ရေ တစ်ဝက်ရောပြီး သန့်ရှင်းရေးလုပ်နိုင်သလို ကော်ဖီ၊ လက်ဖက်ရည်ပန်းကန်တွေ ညစ်ထပ်ထပ်ဖြစ်နေရင် ရှလကာရည်နဲ့ဆားနဲ့ဖြစ်ဖြစ်၊ မုန့်ဖုတ်ဆော်ဒါနဲ့ ဖြစ်ဖြစ်ရောပြီး တိုက်ချွတ်ဆေးကြောနိုင်ပါ

ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ဂျွန်ဂျီဟွန်း

တောင်ကိုရီးယားနာမည် ကျော်သရုပ်ဆောင်မင်းသမီး ဂျွန်ဂျီဟွန်းက ၎င်းတွင် ကိုယ်ဝန်ဆယ်ပတ်ရှိနေပြီ ဟု ဇူလိုင် ၂၂ ရက်က ထုတ်ဖော်ပြောကြားသည်။ ဂျွန်ဂျီဟွန်း၌ ကိုယ်ဝန်ရှိနေကြောင်းနှင့် လာမည့်နှစ်ဆန်း တွင် မွေးဖွားမည်ဟုခန့်မှန်းကြောင်း အေဂျင်စီက အတည်ပြုပြောကြားခဲ့

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် တူရကီရှိ လေတပ်စခန်း တစ်ခုကို အမေရိကန် အသုံးပြုခွင့်ရ

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ အဓိကလေတပ် အခြေစိုက်စခန်းအား တူရကီက အမေရိကန်ကို အသုံးပြုခွင့် ပေးလိုက်ကြောင်း သိရသည်။လပေါင်းများစွာ ညှိနှိုင်းမှုများအပြီးတွင် ဆီးရီးယားနှင့် နယ်နိမိတ်အနီးရှိ မဟာဗျူဟာကျသော အခြေစိုက် စခန်းကို အမေရိကန် တိုက်လေယာဉ်များ အသုံးပြုရန် တူရကီက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်

ကမ္ဘာနှင့် အတူဆုံး ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိကြောင်း နာဆာကြေညာ

အသစ်ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုဟ်များထဲတွင် ကမ္ဘာနှင့်အလွန်ဆင်တူသည့် ဂြိုဟ်တစ်လုံးလည်းပါရှိခဲ့ ကြောင်း အမေရိကန်အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က အတည်ပြု ကြေညာခဲ့သည်။နာဆာ၏ Kepler နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးက ရှာဖွေဖော်ထုတ်ခဲ့သည့် Kepler-452b ဂြိုဟ်သည် ကမ္ဘာနှင့် ဝိသေသလက္ခဏာများစွာ ဆင်တူနေကြောင်း သိရသည်။ နာဆာမှ ပညာရှင်များက Earth 2.0 (ကမ္ဘာမြေ

Thursday, July 23, 2015

ပန်းဒေါင်းရုပ်ရှင်ကို ဩဂုတ်လအတွင်း စတင်ရိုက်ကူးမည်ဖြစ်သောကြောင့် ယင်းဇာတ်ကား၌ သရုပ်ဆောင် ရန် ဇာတ်လမ်းကို အချိန်ပေး၍ လေ့လာနေကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသု က ပြော

အမေရိကန်ရုပ်ရှင်ရုံတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၌ ရမ်းကားပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ သေနတ်သမား အပါအဝင် လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ

ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေရှာမယ့်သားစိုး

ကန့်ဘလူရေဘေးအတွက် ဖိုးချစ်နှင့်ပေါင်း၍ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ရန်ပုံငွေဖျော်ဖြေပွဲများ ပြုလုပ် သွားရန် အစီအစဉ်ရှိကြောင်း အဆိုတော် သားစိုးကပြော

မျက်လုံးကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းများ

(၁) အေးမြပြီး သန့်ရှင်းနေသောရေများနှင့် မျက်လုံးကို သန့်ရှင်းပေးပါ။ ဒီလိုပုံမှန် လုပ်ပေးခြင်းဟာ မျက်လုံး ကျန်းမာရေး အတွက် သာမက ရောဂါမဖြစ်အောင် ထိန်းသိမ်း ပေးရာလည်း ရောက်ပါ

Wednesday, July 22, 2015

ကသာခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် မီးရထားလမ်း၊ ကားလမ်းများ ပိတ်နေပြီး လူလေးဦးသေဆုံးကာ လူနေအိမ်များ မျောပါပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်တွင် ဇူလိုင် ၁၄ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူလေးဦးသေဆုံးကာ လူနေအိမ် ၁၄ လုံး မျောပါပျက်စီးခဲ့ကြောင်း သိရသည်။ မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်များ ခေတ္တရပ်နားထားရပြီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ

အီရန်နျူကလီးယား သဘောတူညီမှု ဆော်ဒီထောက်ခံ

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားမယ့် သမိုင်းဝင် သဘောတူညီချက်ကို ထောက်ခံ မယ်လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံ ခေါင်းဆောင်တွေက သူ့ကို အာမခံချက်ပေးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ဗုဒ္ဓဟူးနေ့မှာ ပြောပါ

သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက် စီရင်ခံရမှု တရုတ်သံရုံးတုံ့ပြန်

မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်လုပ်မှုနဲ့ ဒီနှစ်စောစောပိုင်းက မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၃ ယောက်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ ပြင်းထန်လွန်းကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါ

တလင်တမယားစနစ် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်အတည်ပြု

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို မနေ့က ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်ပါ တယ်။ ဒီဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆက်လက် ဆွေးနွေးသွားဦးမှာပါ။

ဒီဥပဒေဟာ တလင်တမယားစနစ်ကို လက်ခံကျင့်သုံးနိုင်ဖို့ တိုက်တွန်းထားတဲ့ ဥပဒေဆိုပေမဲ့ ဥပဒေမှာ ပါဝင်တဲ့ ပုဒ်မတွေဟာ ပြည့်စုံမှုမရှိဘူးလို့ လွှတ်တော်အမတ်တချို့က

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ