Tuesday, July 7, 2015

တပ်နဲ့ ပြည်သူ ကွဲနေတယ်တဲ့လား??

မနေ့က လွှတ်တော်အစည်းအဝေးမှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ် အတိုက် အခံပါတီမှ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးလှတဲ့ မင်္ဂလာတောင်ညွန့် ကိုယ်စားလှယ်က ...တပ်မ တော် ဟာ ...ပြည်သူလူထုနဲ့ စိတ်ဝမ်းကွဲနေတယ် ။ ပြည်သူနဲ့ တစ်သားတည်းမကျဘူးလို့ အတည်ကြီး ဝေဖန်ပြောကြား သွားခဲ့တယ် လို့ သိရပါတယ် ။

တပ်မတော်ဟာ ကာကွယ်ရေးတာဝန် လေ့ကျင့်ရေးတာဝန် ပြည်သူ့အကျိုးပြုတာဝန် ဆိုတဲ့ တာဝန်သုံးရပ် ကို အစဉ်အမြဲ ဖော်ဆောင်လျှက် ရှိနေပါတယ် ။

ကာကွယ်ရေးနဲ့ လေ့ကျင့်ရေး အကြောင်း ဒီနေရာမှာ မသက်ဆိုင်လို့ မရေးတော့ပါဘူး။ ပြည်သူ့ အကျိုးပြုတာဝန် အကြောင်း အနည်းငယ်လောက်ရေးမှဖြစ်မယ်ထင်တယ်။

နိုင်ငံတဝန်း ဘယ်နေရာမှာဖြစ်ဖြစ် ပြည်သူတွေ သဘာဝဘေးအန္တရာယ် ... သို့မဟုတ် ကြီးမားသော မ တော်တဆ ဘေးဒုက္ခများ ကျရောက်တဲ့အခါ ...ဥ ပ မာ ... မိုးရွာရေကြီး မီးဘေးသင့် လေမုန်တိုင်း တောင်ပြိုလမ်းပျက် သင်္ဘောမှောက် လေယာဉ်ပျောက် အစရှိတဲ့ ဘေးအန္တရာယ် ကျရောက်နေတဲ့ အချိန်တွေမှာ တပ်မတော်သားတွေ ဝင်ရောက်ကယ်ဆယ်ခြင်း မပြုခဲ့ဘူးဆိုတာရှိရင်ပြပါ ။ သိရက်နဲ့ ကယ်ဆယ်ခြင်း မလုပ်ခဲ့တာရှိရင်ပြောပါ ။ ဘယ် လူမှုအဖွဲ့အစည်းမှ မကယ်နိုင်မီ တပ်မတော်သားတွေက ရောက်အောင် သွားပြီးကယ်ခဲ့တဲ့သာဓက တွေဘဲတွေ့ရမှာပါ ။

ဒါဟာ ပြည်သူကို ကိုယ့်သွေးသားလိုသဘောနဲ့ ကယ်တင်စောင့်ရှောက်နေတာမဟုတ်ရင် ဘယ်လို သတ်မှတ် ပါမလဲ ။ ပြည်သူနဲ့ တစ်သားတည်း မရှိဘူးဆိုတာ ဘာကို ဆိုလိုတာလဲ ။

နောက်ပြီး ခုရက် ပိုင်းတွေမှာ တပ်ရင်း တပ်ဖွဲ့တွေက ရဲမေတွေ တန်ဘိုးသင့် ထမင်းဟင်းတွေချက်ပြီး လူနေ ရပ်ကွက်တွေထဲ လှည့်လည်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေတာဟာလည်း တကယ်တော့ စားရေးအတွက် အခက်အခဲရှိနေသူ ပြည်သူတစ်ချို့အတွက် စာနာထောက်ထားမှုတွေ စိတ် ရင်း စေတနာတွေနဲ့ ကူညီဆောင်ရွက်ပေးနေခြင်း လို့ ရှုမြင်နိုင်ပါတယ် ။

နောက်ပြီး တပ်မတော်သားများ လိုက်နာကျင့်ကြံဖို့ ပြည်သူလူထုအပေါ် ပြုကျင့်ရမဲ့ကျင့်ဝတ်များကိုလည်း ရှင်းလင်းတိကျစွာ လမ်းညွှန်ချမှတ် ထားသည်အတိုင်း လိုက်နာဆောင်ရွက်ကြရတာဖြစ် လို့လည်း ပြည်သူနဲ့ ကွဲပြားကွာဟသွားစရာ အကြောင်း မရှိလှဘူးလို့ ယူဆပါတယ် ။

သာဓက တွေအများကြီး ထုတ်မပြလိုတော့ပါ ။ပြီးခဲ့တဲ့ လောက်ကိုင်တိုက်ပွဲကာလတွေ ပြန်သတိရပေးပါ ။ ပြည်သူတွေဆိုတာ နယ်ပယ်စုံ အလွှာစုံက တတ်စွမ်းတဲ့ဘက်က အားတက်သရော ထောက်ခံကူညီ ပံ့ပိုးခဲ့ကြတာဖြစ်ပါတယ် ။

ငွေကြေးသာမက စားသောက်စရာတွေအပြင် စစ်ဆေးရုံတွေမှာ တက်ရောက်နေတဲ့ စစ်သည်လူနာများထံ အရောက်အားပေးခဲ့ကြတာတွေဟာ ပြည်သူနဲ့တပ်မတော်တစ်သားတည်းဖြစ်ကြောင်းသာဓက တွေဘဲဖြစ် ပါတော့တယ် ။

ဒီအထဲမှာ တစ်သားတည်းမဖြစ်ဘူးလို့ ပြောနေတဲ့ ခင် ဗျားတို့ အုပ်စုတော့ မပါ ဘူး ပေါ့ ဗျာ ။တကယ်တော့ တပ် မ တော် နဲ့ ပြည်သူ စိတ်ဝမ်းမကွဲခဲ့ ပါဘူး ။ခင် ဗျား တို့ကသာ တပ်မ တော် နဲ့ စိတ်ဝမ်း ကွဲအောင် ပြည်သူကို သွေးထိုးနေတာပါ ။

oppositeye myanmar

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ