Friday, July 24, 2015

ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ဂျွန်ဂျီဟွန်း

တောင်ကိုရီးယားနာမည် ကျော်သရုပ်ဆောင်မင်းသမီး ဂျွန်ဂျီဟွန်းက ၎င်းတွင် ကိုယ်ဝန်ဆယ်ပတ်ရှိနေပြီ ဟု ဇူလိုင် ၂၂ ရက်က ထုတ်ဖော်ပြောကြားသည်။ ဂျွန်ဂျီဟွန်း၌ ကိုယ်ဝန်ရှိနေကြောင်းနှင့် လာမည့်နှစ်ဆန်း တွင် မွေးဖွားမည်ဟုခန့်မှန်းကြောင်း အေဂျင်စီက အတည်ပြုပြောကြားခဲ့သည်။ ဂျွန်ဂျီဟွန်းနှင့် ခင်ပွန်းဖြစ် သူ ချွဲဂွန်ဟော့တို့ လက်ထပ်ပြီးနောက် သုံးနှစ်အကြာတွင် ပထမဆုံးရင်သွေးလေး ရရှိခြင်းဖြစ်သည်။

ဂျွန်ဂျီဟွန်း ပါဝင်သရုပ်ဆောင်ထားသော Assassinati- on ရုပ်ရှင်ဇာတ်ကားသစ်သည် ဇူလိုင် ၂၂ ရက် တွင် တောင်ကိုရီးယားနိုင်ငံ၌ စတင်ရုံတင်ပြသခဲ့သည်။ ဂျွန်ဂျီဟွန်းသည် ရုပ်ရှင်ဇာတ်ကားသစ်ထွက်ရှိမှုကို အနှောင့်အယှက်မဖြစ်စေရန် ကိုယ်ဝန်ရှိနေသည့်သတင်းအား ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ လျှို့ဝှက် ထားခဲ့သည်။

ဂျွန်ဂျီဟွန်းသည် ကိုယ်ဝန်သတင်းကို မကြေညာမီအချိန်အထိ ရုပ်ရှင်ဇာတ်ကားသစ်ပရို မိုးရှင်းပွဲများနှင့် အင်တာဗျူး ၅၀ ကျော်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

‘‘ဂျွန်ဂျီဟွန်းရဲ့ ကိုယ်ဝန်ဟာ အခုမှအစပဲရှိသေးလို့ အရမ်းဂရုစိုက်နေကြပါတယ်။ လက်ရှိမှာ ဂျွန်ဂျီဟွန်းဟာ သူ့ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးကို အဓိက အာရုံစိုက်ဖို့ စီစဉ်ထားပါတယ်။ ပရိသတ်တွေအားလုံးကို ကျေးဇူး တင်ပါတယ်’’ဟု အေဂျင်စီက ပြောကြားသည်။

အသက် (၃၃)နှစ်အရွယ် ဂျွန်ဂျီဟွန်းသည် ၂၀၁၄ ကထုတ် လွှင့်ပြသခဲ့သော My Love From the Star ဇာတ်လမ်းတွဲဖြင့် သရုပ်ဆောင်ထူးချွန်ဆု ခုနစ်ဆုရရှိထားသူဖြစ်သည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ