ကျူးဘားအသင်း ကို ၆-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဒမ်ဆေးက အမေရိကန် အသင်းအတွက် ဟက်ထရစ် သွင်းယူပြီး ကွန်ကာကတ်ဖ်ရွှေဖလားဆီမီးဖိုင်နယ်တွင် ဂျမေကာအသင်းနှင့်အမေရိကန် ရင်ဆိုင်ရမည် ဖြစ်သည်။
ပွဲအစ ၄ မိနစ်တွင် ကျူးဘားအသင်းဘက်သို့ ဒမ်ဆေးက အဖွင့်ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပြီး လက်ရှိချန်ပီယံ အမေရိကန်က ပထမပိုင်းပြီးချိန်တွင် ၄-၀ ဂိုးဖြင့် ဦးဆောင်ထားသည်။
ဒုတိယပိုင်းတွင် ဒမ်ဆေးကပင် နောက်ထပ်နှစ်ဂိုးသွင်းယူခဲ့သဖြင့် အမေရိကန်က ကျူးဘား ကို ၆-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
အမေရိကန်အသင်းသည် အုပ်စုပွဲစဉ်သုံးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ဖြင့် ခြေစွမ်းပိုင်း အထင်ကြီးစရာ ရှိသော်လည်း သုံးပွဲတွင် တစ်ဂိုးသာသွင်းယူနိုင်ခဲ့သည့် ကျူးဘားအသင်းကို ဂိုးဒါဇင်ဝက်သွင်း၍ အနိုင်ယူခဲ့ ခြင်းဖြစ်သည်။
ရွှေဖလားဗိုလ်လုပွဲသို့ ဆဋ္ဌမအကြိမ်တက်လှမ်းရန် ကြိုးစားမည့် အမေရိကန်အသင်းသည် စနေနေ့က ဟေတီအသင်းကို ၁-၀ဂိုးဖြင့် နိုင်ထားသည့် ဂျမေကာအသင်းနှင့် ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမည်ဖြစ်သည်။
ရွှေဖလားဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်ရန်ကြိုးစားမည့် ဂျမေကာအသင်းနှင့် အမေရိကန်တို့၏ ဆီမီးဖိုင်နယ်ပွဲ ကို ဇူလိုင် ၂၂ ရက်တွင် ယှဉ်ပြိုင် မည်ဖြစ်သည်။
မြန်မာ့သားကောင်း
No comments:
Post a Comment