Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Showing posts with label ပေးစာကဏ္ဍ. Show all posts

Thursday, January 1, 2015
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ချစ်ခင်လေးစားရပါသော တိုင်းရင်းသား ပြည်သူလူထု အပေါင်းခင်ဗျာ-
တိုင်းရင်းသား ပြည်သူတို့ရဲ့ မျိုးဆက်များဖြင့် ဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ အကြီးအကဲ တစ်ယောက် အနေဖြင့် တပ်မတော်ကိုယ်စား တိုင်းရင်းသား ပြည်သူများ အားလုံးကို ၂၀၁၄ နှစ်ဟောင်းကုန်လို့ ၂၀၁၅ နှစ်သစ်ကူး အခါသမယမှာ “ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ” “မင်္ဂလာအပေါင်းနှင့် ခညောင်း ပြည့်စုံပါစေ”လို့ ဦးစွာ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ ပါတယ်။
ကျွန်တော်တို့ တပ်မတော်သားများဟာ ပြည်သူကြားမှ ပေါက်ဖွား လာသူများပီပီ မွန်မြတ်တဲ့ စိတ်ထားဖြင့် နိုင်ငံတော်နဲ့ ပြည်သူကို အသက်ခန္ဓာ အပ်နှင်းပြီး အလုပ်အကျွေး ပြုလျက် ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အနေနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် ပြောင်းလဲ လျှောက်လှမ်းခဲ့ရာမှာ အောင်မြင်မှုများ ရရှိခဲ့ သလို စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ခဲ့ရပါတယ်။
ယနေ့ လျှောက်လှမ်းနေတဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မလွှဲမသွေ ခိုင်ခိုင်မြဲမြဲ ရှိစေရေးအတွက် တပ်မတော် အနေဖြင့် တည်ငြိမ် အေးချမ်းရေး စည်းလုံး ညီညွှတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ရပ်တည်ချက်များနှင့် အတူ ပူးပေါင်း ပါဝင်လျက်ရှိကြောင်း လေးလေး နက်နက် ပြောကြား လိုပါတယ်။
ကျွန်တော်တို့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောင်ရာမှာ နိုင်ငံတော်ရဲ့ တည်ရှိမှု၊ သမိုင်း အစဉ်အလာနဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အခြေအနေအပေါ် မူတည်ပြီး တတ်နိုင် သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိပါတယ်။
၂၀၁၅ ခုနှစ်မှာ နိုင်ငံသားအားလုံး ဆက်လက် လုပ်ဆောင်ရမဲ့ လုပ်ငန်းရပ်များစွာ ရှိပါတယ်။ တပ်မတော် အနေနဲ့ အဆိုပါ လုပ်ငန်းရပ်များကို တိုင်းရင်းသား ပြည်သူတို့နှင့် ခိုင်မြဲစွာ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လေးနက်စွာ ပြောကြား လိုပါတယ်။ တိုင်းရင်းသား ပြည်သူများ အားလုံး ကမ္ဘာသူ ကမ္ဘာသား အားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒများ ပြည့်ဝ ပါစေကြောင်း ထပ်မံ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ။
Credit-Senior General Min Aung Hlaing Fan Page
Tuesday, November 18, 2014
“ကျီးမဲများမအာကြ တာ့ဘူးလားလား”
တပ်မတော်ရေမှ ဒုက္ခရောက်နေသည့် ငါးဖမ်းသမားများအား ကယ်ဆယ်ခဲ့စဉ်
မောင်သူရိန်လည်း ညနေစာစားရင်း ရုပ်/သံသတင်းကို အမှတ်တမဲ့ကြည့်မိလိုက်တော့ ပင်လယ်ပြင်မှာ သေမင်းနှုတ်ခမ်းဝရောက်နေတဲ့ ငါးဖမ်းသမား ၂၅၂ ဦးကို နိုဝင်ဘာလ ၇ ရက်နေ့က တပ်မတော်(ရေ)မှ ကယ်ဆယ်ခဲ့တယ်ဆိုတဲ့သတင်းထုတ်လွှင့်တင်ဆက်နေတာကိုစိတ်ဝင်စားဖွယ်
တွေ့လိုက်ရပါတယ်။ သတင်းအရတော့ သူတို့တွေက ကျားဖောင်သမားရေလုပ်သားများလို့ဆိုကြပါတယ်။ ရန်ကုန်မြစ်ဝနဲ့ဒဂုံမီးပြကြားမှာရှိတဲ့ ပင်လယ်ပြင်မှာအခြေပြုလို့ ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ကျားဖောင်ရေလုပ်သားများဟာ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းကတိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်း အရှိန်ကြောင့် ပင်လယ်ပြင်မှာမျောပါနေခဲ့တယ်ဆိုပဲ။ အဲ့ဒီဖြစ်စဉ်ကို ဧရာဝတီရေတပ်စခန်းက သတင်း ရရှိခဲ့ပြီး လူသားချင်းစာနာထောက်ထားစွာနဲ့ အပူတပြင်းရှာဖွေခဲ့လို့ သေကံမရောက် သက်မပျောက်ဘဲ အန္တရာယ်က သီသီလေးလွတ်မြောက်ခဲ့ရတယ်။
ဒါပေမဲ့လည်း လွတ်မြောက်ခဲ့တဲ့ရေလုပ်သားတွေက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ပင်လယ်ပြင်ထဲမှာ မျောနေဆဲပဲရှိသေးတယ်ဆိုလို့ ထပ်မံရှာဖွေတော့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှာ နောက်ထပ် ၁၇၄ ဦးကို ဒုတိယအကြိမ်ကယ်ဆယ်နိုင်ခဲ့တယ် လို့ဆိုပါတယ်။ ဒါ့အပြင် ကျန်သေးတယ်ဆိုလို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ၂၆ ဦးကို တတိယအကြိမ် ကယ်ဆယ်နိုင်ခဲ့လို့ တပ်မတော်(ရေ)ရဲ့စွမ်းဆောင်ချက်ကို မောင်သူရိန် မုဒိတာပွားမိခဲ့ပါတယ်။ မောင်သူရိန်လည်း ဤဖြစ်စဉ်လေးနဲ့ဆက်စပ်ပြီး စဉ်စားကြည့်လိုက်တော့ လူ့အခွင့်အရေး လူ့အခွင့် အရေးဆိုပြီး ၀ိုင်းအာနေကြတဲ့ ဆရာမကြီးများ၊ ဆရာကြီးများနှင့် အလုပ်မရှိယောင်ခြောက်ဆယ်နောက်လိုက်များရဲ့
အသံကို ဂျာနယ်တွေနဲ့ ဖွဘွတ်တွေမှာ ဘာကြောင့်တက်မလာလဲလို့ သိချင်ဇောပြင်းပြ နေခဲ့မိတယ်။
အထူးသဖြင့် တပ်မတော်ထမင်းဟင်းစားပြီး တပ်မတော်ကိုကျေးဇူးကန်းတဲ့ မြန်မာ့လူမှုဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်က လွယ်အိတ်တစ်လုံးနဲ့ ဘိန်းတောဆရာရောင်ရောင်၊ နွားပွဲစား ရောင်ရောင်လုပ်နေ တဲ့ နေမျိုးဇင်ဆိုတဲ့ကောင် ဘယ်ရောက်နေသလဲ။ မအာတော့ဘူးလား။ မင်းပါးစပ်ကို ဘယ်သူအာစေး ထည့်ထားသလဲ။ မင်း ရှက်တက်ရင် သေတောင်သေသင့်တယ်။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့မီဒီယာကလည်း အစိုးရနှင့်တပ်မတော် တို့ရဲ့အကျိုးပြုလုပ်ငန်းများဆိုရင် ကလောင်မင်မထွက်တော့ဘူး။ ရှုတ်ချအပြစ်တင်ဖို့ ဆိုရင်တော့ ကလောင်ရှင်တစ်ဦးရေးပြီးသားအကြောင်းအရာကိုပဲထပ်တလဲလဲမိတ္တူပွားနေတာကတော့
အော့နှလုံးနာဖို့ကောင်းပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးဆိုပြီး တကြော်ကြော်အာ နေတဲ့ ဂုရုများနှင့်စတုတ္ထမဏ္ဍိုင်ဆိုပြီး မဏ္ဍပ်တိုင်တက်ပြနေတဲ့ ကိုရွှေစာနယ်ဇင်းတို့ကလည်း ယခုလိုတန်ဖိုး
မဖြတ်နိုင်တဲ့ လူ့အသက်ရာပေါင်းများစွာကို ကယ်တယ်ခဲ့တဲ့ တပ်မတော်(ရေ) ရဲ့ အံ့မခန်း ဖွယ်လုပ်ရပ်ကို အသိအမှတ်ပြုသောအားဖြင့် ခင်ဗျားတို့လုပ်ရိုးလုပ်စဉ်အတိုင်း ပွဲဆူအောင်မအာကြတော့ ဘူးလားလို့ပဲ မေးလိုက်ချင်ပါတော့တယ်ဗျာ........
မောင်သူရိန်
Saturday, November 8, 2014
မောင်သုတနှင့်ဆင်ဆာဥပဒေ
ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေဆင်ဆာပြန်လည်တည်းဖြတ်တော့မည်ဆိုတဲ့သတင်းကသုတတို့ လေထန်ကုန်း
တွင် ရေပန်းအစားဆုံးသတင်းဖြစ်လာသည်။ဆင်ဆာတွေ ပြန်လည်တည်းဖြတ်တော့မည်ဆိုတော့
ကောင်းသည်ဟု ပြောသူကပြောသည်။ဖိနှိပ်တာဟု ပြောသူက ပြောကြပြန်သည်။ဒါတွေကိုဟိုလူကြီးကကြိုး
ကိုင်နေတာပါဟုလည်း ပြောကြပြန်သည်။ ကောင်းမကောင်းတော့သုတတို့မသိ။သုတတို့သိတာကတော့ခု
တလောထွက်လာတဲ့MTV နှင့်ဗွီဒီယိုခွေတွေကအလွန်ကြည့်၍ ကောင်းသည်ပင်။ဆယ်တန်းကျောင်းသူ
မင်းသမီးလေး၏သရုပ်ဆောင်ပုံများဆိုမျက်လုံးထဲမှမထွက်သူ့ထက်သရုပ်ဆောင် ကောင်းတာရှိသေးသည်။
တက်သစ်စမင်းသမီးလေးနဲ့ဝါရင့်မင်းသားတစ်ဦး၏သရုပ်ဆောင်ပုံများဆိုအကယ်ဒမီကိုကျော်၍ အော်စကာဆု
ပင်ရနိုင်သည့်သရုပ်ဆောင်ချက်ဖြစ်သည်။MTVမှာဆိုတိရိစ္ဆာန်နာမည်ခံအဆိုတော်ရဲ့MTVကလည်းအလွန်
ပေါက်သည့် MTVတစ်ခွေဖြစ်လာခဲ့ပြန်သည်။ချစ်သူနှစ်ဦး၏ပျော်မြူးနေပုံကိုအတိအကျဖော်ကျူး
ထားပြီး ခေတ်ကာလသမီးပျိုလေးများကိုသင်ပေးနေသယောင်သုတတို့လိုပုရိသတွေအတွက်ကတော့
ပြဿနာမရှိ။မိသားစုနှင့်ကြည့်မည်ဆိုပါကဟိုးအရင်တိတ်ခွေခေတ်ကဆိုရင်တစ်ဂျစ်ဂျစ်နှင့်ကျော်၍ရစ်နေပေတော့
မည်။ကိုရီးယားကားထုတ်ကြည့်နေရင်းမိသားစုနှင့်မသင့်တော်တာတွေပါတယ်ဆိုရင်အခွေမရစ်တတ်သည့်
အတွက် TV ရှေ့မှာအဖေကပုဆိုးဖြန့်ပြီးကာပေးခဲ့သည်ကိုလည်းအမှတ်ရမိပြန်ပါသည်။
ဒီလိုအခြေအနေတစ်ရပ်အထိဖြစ်လာပြီဆိုတော့အစိုးရကမထိန်းလို့ဘယ်သူကများထိန်းလို့ဘယ်ဝါကများပဲ့ပြင်
မည်နည်း။ထိန်းသိမ်းကြပ်မတ်ရတော့မည်။ ''ဆင်ဆာပြန်လည်တည်းဖြတ်မှာကိုမကြိုက်ပါဘူးဒါတွေဟာတစ်ချို့သောအနုပညာရှင်တွေကြောင့် ဖြစ်ရတာပါ
ဟု''Superမင်းသားတစ်ဦးကဆိုသည်။ဒီအချိန်ရောက်မှတော့မကြိုက်၍လည်းမဖြစ်ခဲ့။ကြိုက်ရပေတော့မည်။
ဒီထက်ပိုပြီးလွှတ်ထားပေးရင်ဗိုလ်ချုပ်ပြောခဲ့သလိုအဝှာနိုင်ငံဖြစ်ပေတော့မည်။အမျိုးဘာသာသာသနာပျောက်၍
မျိုးချစ်စိတ်ပျောက် ပေတော့မည်။ဤသို့ဆိုလျှင်မဖြစ်မနေဆောင်ရွက်သင့်ပြီးဖြစ်သည့်ဆင်ဆာဥပဒေကိုကြိုဆိုရ
မည်သာဖြစ်ပါကြောင်း ကြေညာမောင်းခတ်လိုက်ရပါသည်ခင်ဗျား။
မောင်သုတ

Sunday, January 12, 2014
မြို့ဝင်ကြေးသာမက မြို့ထွက်ကြေးပါပေးဆောင်နေရသော ဘီးခွန်ဂိတ်များ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ တောင်ကြီး-ဟိုပုံး ကားလမ်း မပေါ်ရှိ စည်ပင်သာယာဘီးခွန်ဂိတ်သည် မြို့ဝင်ကြေး သာမက မြို့ထွက်ကြေး ပါ ပေးဆောင်နေ ရကြောင်း သိရှိရပါသည်။
ဟိုပုံးမြို့တွင် ဒေသအခေါ် (၅)ရက်တစ်ဈေးရှိရာ ဈေးနေ့ရောက်တိုင်း ပတ်ဝန်းကျင်ကျေးရွာများ မှ ဒေသခံ ပအိုဝ်းတိုင်းရင်းသားများသည် ဟိုပုံးမြို့သို့ လာရောက်၍ ရောင်းဝယ်ဖေါက်ကားကြရာ ဆိုင်ကယ်များနှင့် တစ်မျိုး၊ ထော်လာဂျီများနှင့် တစ်တန် အရောက်လာကြရသော တိုင်းရင်း သားပြည်သူများသည် မြို့ဝင်ကြေး ဘီးခွန်ကောက်ခံသူများ၏ တားဆီးကောက်ခံခြင်းကို ခံနေရကြောင်း၊ မြို့တွင်း ဆိုင်ကယ် မောင်းနှင်သူများလည်း ဘီးခွန်ကောက်ခံသူများနှင့် မကြာခဏ အချင်းများကြရလေ့ရှိကြောင်း သိရှိရပါသည်။
“အရင်တုန်းက ကျွန်တော်တို့ မြို့မှာ ဂိတ်ကြေး တစ်ဂိတ်ပဲရှိတယ်။ အခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် လာမှ ဟိုပုံး-ဆီဆိုင် အထွက်မှာလည်း တစ်ဂိတ် ထပ်တိုးလာတယ်။ သာမန် သာရေး၊ နာရေး၊ လူမှုရေး ကိစ္စနဲ့ တောင် ဟိုပုံးမြို့ထဲ ၀င်ဖို့က မလွယ်တော့ဘူး။ သူတို့က ဇွတ်တားတာ ပြောလည်း မရဘူး။ မတော်တဆ တိုက်မိခိုက်မိရင် မကောင်းဘူး။ ကျွန်တော်တို့က ဥပဒေ အကြောင်းတော့ သိပ်နား မလည်ပါဘူး။ ပိုက်ဆံပေးနေရတာပဲ ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့က တောသူတောင်သားတွေပါ။ ဘယ်အစိုးရ တက်တက် ကျွန်တော်တို့ပြည်သူတွေ စိတ်အေးလက်အေး စီးပွားရှာစားလို့ရ ရင် ကျေနပ်တယ်။ အခုဆို ဂိတ်မှာ သီးနှံခွန် ပေးဆောင်ပါ ဆိုပြီး ဆိုင်းဘုတ်တစ်ခု ထပ်တိုးလာပြန်ပြီ။ ဒီဒေသနဲ့ ဒီဒေသ ကိုယ့်နိုင်ငံထဲမှာ ကုန်ကူးရင်လည်း သီးနှံခွန်ပေးရမယ်ဆိုတော့ ဦးကြီးတို့ လယ်သမား တွေ ဘယ်လိုလုပ် ချမ်းသာတော့မှာလဲ” ဟု အမည်မဖေါ်လိုသူ ဒေသခံ တောင်သူ တစ်ဦးမှ ပြောကြားသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ဒေသခံ လူငယ်တစ်ဦးမှလည်း ယခုလို ပြောကြား ခဲ့သည်။ “ဒါက ဒေသဦးစီးတို့ ထွေ/အုပ် တို့နဲ့ ဆိုင်တာပေါ့ဗျာ။ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ လည်း ဆိုင်တာပဲ။ အခု ဟိုပုံးမြို့ လွှတ်တော်ကိုယ်စားလှယ်တွေက PNO ပါတီတွေက ကြီးပဲလေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၇၆ အရ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ ပါနေတာပဲ။ တစ်ခြားမြို့နယ်တွေနဲ့မှ မတူတာ။ ပြည်သူ့အတွက် တကယ်လုပ် မယ်ဆိုရင်တော့ တကယ်လုပ်ပိုင်ခွင့်ရတဲ့ အခွင့်အရေးကြီးပေါ့။ အခြေခံလူတန်းစားတွေအတွက် တကယ် အကျိုးရှိလား၊ မရှိလား၊ ပြည်သူတွေအတွက် အကျိုးမရှိနိုင်တဲ့ ဥပဒေတွေ၊ အခြားနည်းဥပဒေတွေ ပယ်ဖျက်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးရမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့ အများကြီးဆိုင်ပါတယ်။ ဘယ်လိုပဲပြောပြော အခုလက်ရှိ အစိုးရက ဦးသိန်းစိန် အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မကောင်းဘူးလို့ အပြောခံရတာ ဦးသိန်းစိန် အစိုးရ မကောင်းဘူးလို့ အပြောခံရတာနဲ့ အတူတူပဲ။ လက်ရှိဒေသတွင်း ပါတီတွေကလည်း ဘာမှ မတတ်နိုင်ဘူး။ ဆိုင်းဘုတ်ထောင်၊ ပိုစတာကပ် နေတာနဲ့ပဲ ပြီးနေတယ်။ အဓိက ၂၀၁၅ မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အရည်အချင်းကို ကြည့်မှရလိမ့်မယ်။ ပြည်သူတွေကလည်း ပါတီ ပဲကြည့်ပြီး ကိုယ်စားလှယ် အရည်အချင်းကို မကြည့်တတ်ဘူး ဆိုရင်တော့ ဒီလိုမျိုး ဆက်ဖြစ်နေဦးမှာပဲ။”
လက်ရှိဟိုပုံးမြို့တွင် ဒေသတွင်း ပါတီ (၆)ခုရှိကြောင်း သိရပြီး ၎င်းတို့မှာ-
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)၊
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဖြစ်ကြောင်းသိရှိရပါသည်။
အလင်းစက်

Friday, January 10, 2014
ပေးစာကဏ္ဍ အဖွင့်စာမျက်နှာ
"ပြည်သူ့ပုံရိပ်" မှ ပြည်သူများ၏ အခက်အခဲများ၊ ခံစားချက်များကို သက်ဆိုင်ရာမှ သိရှိစေရန် ရည်ရွယ်၍ ပေးစာကဏ္ဍ အား စတင်လိုက်ပြီ ဖြစ်ပါသည်။ ပြည်သူ့ပုံရိပ် ၀ိုင်းတော်သားများ အနေဖြင့် ပြည်သူကို ဗဟိုပြု၍ မီဒီယာကဏ္ဍအား တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီရန် ကြိုးစားလျှက်ရှိပါသည်။ နည်းပညာ အခက်အခဲများ၊ စီမံမှု အားနည်းချက်များ ရှိနေသေးသည်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် နှင့် ပြည်သူများ၏ အကြံပြုချက်များအား လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်ရန် - theimageofpeople@gmail.com, khunnanda6@gmail.com
(အမည်၊ ဖုန်းနံပါတ်၊ Email များ ထည့်သွင်းရေးသား ပေးပို့နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။)

Subscribe to:
Posts (Atom)