Monday, August 31, 2015

(၄၄)နှစ်ပြည့် မွေးနေ့ရှင် စိုးမြတ်သူဇာ




 ဩဂုတ် ၃၁ ရက်တွင် ကျရောက်သည့် အသက် (၄၄) နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ် သရုပ် ဆောင် စိုးမြတ်သူဇာက ရေဘေး သင့်ဒေသများအတွက် အလှူငွေ ကျပ်၁၅ သိန်းနှင့် ဘိလပ်မြေအိတ်များ လှူဒါန်းခဲ့သည်။

စိုးမြတ်သူဇာသည် မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေ နှင့် ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ခြင်ဖြစ်သည်။

ယင်းအလှူမှာ မွေးနေ့ အကြိုလှူဒါန်းမှုအနေဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိခင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ   တစ် ဆင့်    အတည်ပြုပြောကြား ထားသည်။ ထို့အပြင် ဩဂုတ် ၃၁ ရက်နံနက်တွင်လည်း လွန်ခဲ့သည့် (၂၁)နှစ်ကတည်းက နှစ်စဉ်မပြတ် ပြုလုပ်ခဲ့သော မွေးနေ့အလှူတစ် ခုဖြစ်သည့် သံဃာတော်များနှင့် သီလရှင်အပါး ၄၀၀ ခန့်ကို အရုဏ်ဆွမ်းလောင်းလှူဒါန်းခဲ့ ကြောင်း စိုးမြတ်သူဇာ၏ မိခင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထား သည်။

ယခုနှစ်ကျရောက်သည့် စိုးမြတ်သူဇာ၏ (၄၄)နှစ်မြောက် မွေးနေ့အတွက် ပရိသတ်များ၊ ၎င်းနှင့်ရင်းနှီးသည့် အနုပညာလုပ် ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေ များက စိုးမြတ်သူဇာအတွက် မွေး နေ့ဆုတောင်းများကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားပေးခဲ့ကြ သည်။

7day

ဘဏ်ငွေစာရင်းတစ်ခုမှလွဲ၍ ကျန်ပိုင်ဆိုင်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် လိမ်ညာခြင်းသာ ဖြစ်ဟု ဆို

သြဂုတ်လ ၃၀ ရက်က နေပြည်တော်ခရိုင်အတွင်း မဲဆွယ်စည်းရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းတွင် ဘဏ်ငွေစာရင်း တစ်ခုမှလွဲ၍ ကျန်ပိုင်ဆိုင်မှုများ မရှိကြောင်း ၊ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေပြည်တော်ရှိ နှင်းဆီစံအိမ်တို့မှာ ၄င်းပိုင်ဆိုင်ခြင်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို နိုင်ငံရေးလေ့လာသူများက ဝေဖန်ကြသည်။

“အပြောကတော့ ရွှေမန်းပဲဆိုတဲ့ စကားပုံကိုတောင် ပြောင်းရမလိုပဲ။ ဒေါ်စုက ကျွန်မပိုင်တာ ငွေစာရင်း တစ်ခုကလွဲရင် ဘာမှမရှိဘူးဆိုတော့ ဟာသပုံပြင်တစ်ပုဒ်ကို သတိရမိတယ်။ သန်းကြွယ်သူဌေးကြီး တစ်ယောက်က ဧည့်ခံပွဲတစ်ခုမှာ လွန်ခဲ့တဲ့ ၁၀ နှစ် ကျွန်တော် ဒီမြို့ကို ရောက်လာတဲ့အချိန်မှာ ကျွန်တော့်မှာ ပိုင်ဆိုင်တာဆိုလို့ အိတ်တစ်လုံးပဲပါတယ် လို့ အတိတ်ကို လွမ်းလွမ်းဆွေးဆွေး ပြောပြတယ် တဲ့။ အဲဒီတော့ အားလုံးက ဒီသူဌေးကြီးက လက်ဖဝါးခြေဖဝါးကနေ ဆယ်နှစ်အတွင်း သန်းကြွယ်သူဌေး ဖြစ်အောင် ကြိုးစားနိုင်တဲ့ တကယ့်လူတော်ဆိုပြီး ဝိုင်းချီးကြတယ်။ အဲဒီအချိန်မှာ စပ်စုတတ်တဲ့သူ တစ်ယောက်က အဲဒီတုန်းက ခင်ဗျားအိတ်ထဲမှာ ဘာတွေပါသလဲဗျ လို့မေးတော့ သူဌေးကြီးက

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန် အပါအဝင် ရခိုင်ပြည်နယ်အနှံ့ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်






လာမည့် စက်တင်ဘာလ ၉ ရက်တွင် ကျရောက်မည့် ဆရာတော် ဦးဥတ္တမနေ့ ၇၆ ကြိမ် မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့၌ ယခင်နှစ်က ထက်ပို၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆရာတော်နေ့ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဟု ပြောသော်လည်း မည်သည့်နေရာတွင် ကျင်းပမည်ကို အတိအကျ မသိရသေးဟု ဆိုသည်။

"ဆရာတော် ဦးဥတ္တမဟာ အာရှနေဝန်း ဖြစ်တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက်ကို ပထမဆုံး တိုက်တွန်းခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကိုပါ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ တာတွေ ရှိပါတယ်။ အာဇာနည် ပုဂ္ဂိုလ်တစ်ဦးရဲ့ အခမ်းအနားကို ကျင်းပတာဟာ ဆရာ တော်ကြီးရဲ့ ကျေးဇူးကို ဆပ်ရာလည်း ရောက်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ကျင်းပခြင်း အားဖြင့် စည်းလုံး ညီညွတ်မှုကို ပြရာလည်း ရောက်ပါတယ်" ဟု ပြောသည်။
ဗြိတိသျှဘုရင်ခံ ဆာ ရယ်ဂျီနယ် ကရက်ဒေါက်ကို မြန်မာပြည်မှ ထွက်သွားရန် နှင်ထုတ်ခဲ့ သည့် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် အထိမ်းအမှတ်နေ့ကို နှစ်စဉ် ရခိုင်ပြည်နယ် အတွင်းပြုလုပ်ခဲ့ပြီး အစိုးရ၏ လုံခြုံရေးချ စောင့်ကြည့်ခြင်းများ ပြုလုပ်ခံခဲ့ရသည်ဟု ရခိုင်တိုင်းရင်းသားများက ပြောဆိုကြသည်။
သံတွဲခရိုင် ငပလီမြို့တွင်လည်း သုံးကြိမ်မြောက်အဖြစ် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကို ကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီဝင် ကိုစိန်ချစ် က ပြောကြားသည်။

"ဆရာတော်ရဲ့ သမိုင်းကြောင်းကို သိဖို့ရယ်၊ ဆရာတော်လိုမျိုး နောက်ထပ် မျိုးဆက်သစ်တွေ ပေါ်ပေါက်ဖို့ရယ်ကြောင့်ပါ။ ဆရာတော်ဟာ အမှန်တရားဘက်က ရပ်တည်ပေးတယ်။ ကိုယ့်တိုင်းရင်း သား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဘက်က ရဲဝံ့စွာ ရပ်တည်ပေးတဲ့ စိတ်ဓာတ်မျိုးတွေကို လူငယ်တွေကို သိစေချင်တယ်" ဟု ပြောသည်။

မြန်မာ့လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့သည့် ဆရာတော်နေ့ကို ကျင်းပရန် မြန်မာအုပ်ချုပ် သူ အစိုးရအဆက်ဆက်က ပိတ်ပင်ထားခဲ့ရာမှ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကမှ စစ်တွေမြို့အပါ အဝင် ရခိုင်ပြည်နယ်အဝန်းတွင် ကျင်းပခွင့်ပေးခဲ့ပြီး ယခုနှစ်တွင် အာဏာပိုင်များမှ တစ်ပြည်နယ်လုံး အတိုင်းအတာအားဖြင့် တရားဝင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ပေါက်တောမြို့နယ်တွင်လည်း ဆရာတော်နေ့ကို ၅ ကြိမ်မြောက်အဖြစ် ကျင်းပသွားရန် စီစဉ် ဆောင်ရွက်နေကြောင်း ကျင်းပရေးကော်မတီဝင် ဦးကျော်ဝင်း က ပြောကြားသည်။

"ဆရာတော်ဟာ ရခိုင်လူငယ်တွေအတွက် အတုယူစရာ ဖြစ်တယ်။ ကျနော်တို့အတွက် အမြဲ တမ်း သတိရစေတယ်။ ဆရာတော်ကို ဂုဏ်ပြုခြင်းအားဖြင့် အနာဂတ်လူငယ်တွေ အတုယူပြီးတော့ကောင်းမွန် တဲ့ ရခိုင်ပြည် အနာဂတ်တစ်ခုကို ပြန်တည်ဆောက်ဖို့ ဖြစ်တယ်။ ပြီးတော့ တကယ့်အမှတ် ရစေတဲ့ ဆရာတော်ရဲ့ စကားက ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ယူတတ်တဲ့သူမှ လူနဲ့တူတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်" ဟု ပြောသည်။
ဆရာတော် ဦးဥတ္တမသည် အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို အုပ်ချုပ်ခဲ့စဉ် မြန်မာအမျိုးသား များ နိုင်ငံရေးစိတ်ဓာတ် မြင့်မားလာစေရန် ဟောပြောမှု၊ နှိုးဆော်မှုများကြောင့် ထောင်ဒဏ် အကြိမ်ကြိမ် အပေးခံခဲ့ရသည့် သံဃာတော်တစ်ပါး ဖြစ်သည်။
ဆရာတော်ကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရွာ တွင် မိခင် ဒေါ်အောင်ကြွသူ နှင့် အဖ ဦးမြတို့မှ မွေးဖွားခဲ့ပြီး သက်တော် ၆၀ ပြည့်သော ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ရန်ကုန်ဘတ်စ်ကား ယာဉ်စီးခ ကျပ်တစ်ရာမှ လေးရာအတွင်း ကောက်ခံတော့မည်





ရန်ကုန်မြို့တွင်းပြေးဆွဲ နေသည့် ခရီးသည်တင်ယာဉ်များ ၏ ယာဉ်စီးခကို အနည်းဆုံးကျပ် တစ်ရာမှ အများဆုံးကျပ်လေးရာ အထိ တစ်ပြေးညီကောက်ခံရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သဘောတူညီမှုရရှိပြီး မကြာမီ စတင်အကောင်အထည်ဖော်မည် ဟု မထသ(ဗဟို)မှ သတင်းရရှိ သည်။
မထသ လက်အောက်ရှိ ယာဉ်လိုင်းများအားလုံးကို အထူး ကား၊ ရိုးရိုးကား မခွဲခြားတော့ဘဲ ယာဉ်လိုင်းများအားလုံး တစ်မိုင် လျှင် ကျပ်နှစ်ဆယ်နှုန်းဖြင့် ယာဉ်စီးခတစ်ပြေးညီစနစ် ကောက်ခံရန် မထသ(ဗဟို)က စီစဉ်ခဲ့သည်။

အဆိုပါ အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရာမူအားဖြင့် သဘောတူညီမှုရရှိပြီး ခရီးစဉ်မိုင်နှုန်းများနှင့် ခရီးစဉ်ပိုင်းဖြတ်မှုများကို စစ်ဆေးနေကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။

‘‘တစ်မိုင်ကို နှစ်ဆယ်ကျပ် နှုန်းပိုင်းဖြတ်တာနဲ့ ကျွန်တော်တို့ မထသဘက်က တွက်ချက်ထား တဲ့ ခရီးစဉ်မိုင်နှုန်းတွေမှန်ကန်မှု ရှိ၊ မရှိကို လက်ရှိမှာ တိုင်းဒေသ ကြီးက စစ်ဆေးနေပါတယ်။ မူ အားဖြင့်တော့ သဘောတူလိုက်ပါ ပြီ’’ဟု ဦးလှအောင်ကပြောသည်။

သို့သော် တစ်မိုင်လျှင် နှစ် ဆယ်ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်သော်လည်း ခရီးမိုင်များသည့် တိုက်ကြီးမှ ဆူးလေလမ်းကြောင်း ကဲ့သို့ ယာဉ်လိုင်းများတွင် တစ် မိုင်လျှင် နှစ်ဆယ်ကျပ်နှုန်းဖြင့် ကောက်ခံမည်မဟုတ်ဘဲ ယာဉ်စီး ခနှုန်းထားများကို ပြန်လည်လျှော့ ပေါ့ ကောက်ခံပေးမည်ဟုမထသမှ သိရသည်။

‘‘ထောက်ကြန့်ကနေ ၀ါယာ လက်မှတ်တိုင်ထိဆိုရင် ငါးမိုင်အ တိမဟုတ်ပေမယ့် ငါးမိုင်ကျော် ရင်ကျော်မယ် လိုရင်လိုမယ်။ ဒါပေမဲ့လည်း ကားမှတ်တိုင်တွေ အရ ငါးမိုင် ပိုင်းဖြတ်ထားပြီး တစ်ရာပဲ ကောက်ခံပေးမယ်။ ယာဉ်လုပ်သားတွေလည်း ယာဉ် စီးခတွေ ပိုမကောက်ဖို့ကို ကား တိုင်းမှာ ယာဉ်စီးခနှုန်းထားစာ ရွက်တွေကပ်ထားပေးဖို့ လုပ်ထား ပါတယ်’’ ဟု မထသ(ဗဟို) အ တွင်းရေးမှူးက ပြောသည်။
လိုင်းကားများ အားလုံးကို ယာဉ်စီးခတစ်ပြေးညီ ကောက်ခံ မည်ဆိုလျှင် လက်ရှိတွင် တစ်ရာ ခရီးမိုင်နှုန်းကို နှစ်ရာကျပ်ပေးစီး နေရမှု ပျောက်ကွယ်မည်ဖြစ်၍ ကြိုက်နှစ်သက်သော်လည်း နေ့ စဉ်စီးနင်းလျက်ရှိသည့် မြို့ပြင် တွင် နေထိုင်သော ခရီးသွားများ အတွက် ခရီးစဉ်မိုင်နှုန်းဖြင့် သတ် မှတ်လျှင် အနည်းဆုံးကျပ်ခြောက် ရာ ကုန်ကျနိုင်သဖြင့် ပိုမိုဒုက္ခ ရောက်နိုင်ကြောင်း လှိုင်သာယာ မြို့နယ်မှ ဦးစိုးညွန့်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း များမှာ ရိုးရိုးကား ၅၀ ကျပ်မှ ၂၅၀ ကျပ်နှင့် အထူးကား ၂၀၀ မှ ၃၀၀ ကျပ်အထိ ကောက်ခံပြေး ဆွဲနေပြီး အချို့ယာဉ်လိုင်းများမှာ ည၇နာရီကျော်လျှင် ငါးရာကျပ် ထိ ယာဉ်စီးခပိုမိုကောက်ခံခြင်း များရှိနေသည်ကို မထသက စစ် ဆေးအရေးယူကာ ထပ်မံကောက် ခံမည့် ယာဉ်စီးခနှုန်းကို ခရီးသွား ပြည်သူများ လက်ခံသိရှိရန်ထုတ် ပြန်မည်ဟုဆိုသည်။
‘‘မိုင်နှုန်းနဲ့ ခရီးစဉ်တွေကို ကောက်ခံမယ်ဆိုရင်တော့ ပုံမှန် စီးနေကျအထူးကား ဘယ်စီးစီး နှစ်ရာကို အခုမိုင်နဲ့ တွက်လိုက်ရင် ပိုများသွားတယ်။ နေရာဒေသအ လိုက် ခရီးစဉ်နီးပြီး အထူးကားပဲ ပြေးတဲ့ နေရာတွေဆိုရင်တော့ ကိုက်တယ်။ အဓိကကတော့ ရိုး ရိုးကားတွေ၊ အထူးကားတွေမ ထားဘူးဆိုရင်တောင် ယာဉ်စီးခ တွေကို ပုံမှန်ထက် ပိုမကောက်ဖို့ ကိုပဲ မထသက သေချာကြီးကြပ် ပေးသင့်ပါတယ်’’ ဟု မင်္ဂလာဒုံ မြို့နယ်နေ ကျောင်းဆရာမတစ်ဦး ကပြောသည်။


7 day

နှာစေးခြင်း၊နှာပိတ်ခြင်းများအတွက် အိမ်တွင်းကုထုံး

အသက်ရှုဖို့ လေကိုရှူသွင်းလိုက်ချိန်မှာ တခုခုပိတ်ဆို့နေသလို ခံစားရပြီး အခက်အခဲကြုံလိုက်ရတဲ့အခါ နှာပိတ်တယ် လို့ ခေါ်ဆိုကြပါတယ်။ အဲလို နှာပိတ်ချိန်မှာ နှာခေါင်းပေါက်အတွင်းမှာ အချွဲတွေနဲ့ပိတ်ဆို့ နေတတ်တာပါ။တခါတလေ နှာပိတ်လွန်းလို့ ခေါင်းပါကိုက်ခဲလာတဲ့အထိ ခံစားချက်က ဆိုးရွားတတ်ပါ တယ်။ အဲလို ကြုံလိုက်ရပြီဆိုရင်တော့ အိမ်ကမီးဖိုချောင်ထဲကိုသာ အပြေးသွားပြီး နှာရည် အမြန်ပျော်ကျပြီး အသက်ရှူလွယ်အောင် လုပ်ပါလေတော့။ နည်းလမ်းတွေကိုတော့ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ မျှဝေပေးလိုက်ပါရစေေ

ရေဘေးသတင်းအမှားများ ထုတ်လွင့်သူများကို ဖော်ထုတ် အရေးယူမည်ဟု ဦးရဲထွဋ်ပြော

ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးကြီးရေထန်မှုကြောင့် ရေဘေးသင့်ခဲ့သည့် အချိန်အတွင်း ရေဘေးသတင်းအမှားများ ထုတ်လွင့်သူများ ကိုဖော်ထုတ်အရေးယူမည်ဟုပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ တရားဝင်လူမှုကွန်ယက်တွင် သြဂုတ် ၃၁ရက် နေ့လည် ၁နာရီခန့်က ရေးသားသည်။

"ရေဘေးသင့်ပြည်သူတွေကို စိတ်ဒုက္ခရောက်အောင် သတင်းမှားတွေ အကြိမ်ကြိမ်ထုတ်လွှင့်နေတဲ့ ဆိုဒ်များကို report လုပ်ကြပါ။ ကျွန်တော်တို့ဘက်ကလည်း ဖော်ထုတ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃ ) အရ အရေးယူနိုင်ဖို့ဆောင်ရွက်ပါ့မယ်။" ဟု ၄င်းကရေးသားထား

Sunday, August 30, 2015

ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း အာရှလမ်းမကြီး ဒုသမ္မတတက်ရောက် ဖွင့်လှစ်

ခြိမ်းခြောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ဒုတိယ သမ္မတဦးဉာဏ်ထွန်းဦးဆောင်သည့် အစိုးရအဖွဲ့ နှင့် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့က အာရှလမ်း (မြ၀တီ-ကော့ကရိတ်လမ်း ပိုင်း) ကို အောင်မြင်စွာ ဖွင့်လှစ်လိုက်သည်ဟု သတင်းရရှိသည်။


သြဂုတ် ၃၀ ရက် နံနက် ၉ နာရီတွင် မြ၀တီ-ကော့ကရိတ်ကြားရှိ သင်္ကန်းညီနောင်ဂိတ်အနီး ဖွင့်ပွဲကျင်းပ ခဲ့ပြီး လူအင်အား ၁၅၀ ပါဝင်သည့် ထိုင်းအစိုးရအဖွဲ့လည်း တက်ရောက်သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြား

ပြင်ဆင်ပြောင်းလဲမယ့် လုံခြုံရေးဆိုင်ရာဥပဒေ ဂျပန်သောင်းချီ ကန့်ကွက်

ဂျပန်လွှတ်တော်ရှေ့မှာ ဒီကနေ့ လူတွေသောင်းနဲ့ ချီ ဆန္ဒပြခဲ့ကြပါတယ်။ နောက်လမှာ အတည်ပြုပြဌာန်း ဖို့ရှိတဲ့ လုံခြုံရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်လို့ ဆန့်ကျင်ပြီး ဆန္ဒပြကြတာပါ။

ဂျပန်ဒိုင်ယက် လွှတ်တော်ရှေ့က လမ်းတွေပေါ်မှာပိတ်ဆို့ပြီး စစ်ပွဲတွေမှာပါဝင်ခွင့်ဥပဒေ အလိုမရှိ၊ ဒီဥပဒေ ကို ဖျက်သိမ်းပစ်၊ ဝန်ကြီးချုပ် အာဘေး နုတ်ထွက်ပေးဆိုပြီးတော့ ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကျော် ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒေကို ပြင်ဆင်ပြီးပြဌာန်းမယ့် ဒီဥပဒေအရ ဂျပန်ရစစ်တပ်ရဲ့အခန်းကဏ္ဍကို ချဲ့ထွင်နိုင်မှာ

မန္တလေးတွင် တည်ဆောက်မည့် ကဇာတ်ရုံ ပန္နက်တင်အခမ်းအနား သမ္မတဦးသိန်းစိန် တက်ရောက်

နိုင်ငံတော်သမ္မတသီးသန့်ရန်ပုံငွေဖြင့် မန္တလေးမြို့တွင် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံ (အနုပညာဗ ဟိုဌာန)ပန္နက်တင်အခမ်းအနား ကို သြဂုတ် ၃၀ ရက်က ကျင်းပခဲ့ပြီး သမ္မတဦးသိန်းစိန်တက် ရောက်ခဲ့သည်။
မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ကဇာတ်ရုံတည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လကုန်၌ သမ္မတဦးသိန်းစိန်က မြို့ခံအနုပညာရှင်များအားပြောကြားခဲ့သည်။ ယင်းသို့ အသိပေးပြီး တစ်လအတွင်း အဆောက် အအုံတည်ဆောက်ရန် ပန္နက်တင်ခြင်းဖြစ်

ဖားကန့်မှာ ရေကြီးပြန်

 


 

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မိုးသည်း ထန်စွာရွာသွန်းနေတာကြောင့် ဥရုချောင်းရေကြီးလာပြီး ဖားကန့်မြို့နဲ့ ဆိပ်မူ၊ လုံးခင်း စတဲ့ကျေးရွာတွေဟာ ဒုတိယအကြိမ် ရေနစ်မြှုပ်နေပါတယ်။


ဖားကန့်မြို့ပေါ်က ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မ၊ မရှီကထောင် စတဲ့ ရပ်ကွက်တွေ ရေမြှုပ်နေသလို မရှီကထောင်ကြိုးတံတားလည်း ရေမြှုပ်နေပြီလို့ ငှက်ပျောတောရပ်ကွက်မှာ နေထိုင်တဲ့ ဦးစောနွဲ့မြင့်ဆွေ က ပြောပါတယ်။

"ချောင်းဘေးနားနီးတာတွေအကုန်မြှုပ်နေတယ်၊ တချို့ဆို အိမ်ခေါင်မိုးလေးတွေ ဘဲပေါ်နေတယ်၊ အခုကျနော် တို့ အိမ်အပေါ်ထပ်ရောက်နေတယ်၊အောက် ထပ်တော့အကုန်မြှုပ်နေပြီ၊ အနိမ့်ပိုင်းရောအကုန်မြှုပ်နေပြီ၊ ကြိုးတံတားလဲမြှုပ်သွားပြီ၊ သစ်တုံးကြီးအတုံးကြီးတွေ၊ အမှိုက်သရိုက်တွေ၊ ကြိုးတံတားမှာ သွားညိနေတယ်"

ဒီတစ်ကြိမ်ရေကြီးမှုဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ရေကြီးတာထက်ပိုဆိုးတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

ရေဘေးကြောင့် မြို့ပေါ်က လူတစ်ချို့ဟာ မြို့မရပ်ကွက်မှာရှိတဲ့ အောင်ဇေယျုံ ဘုန်းတော်ကြီး ကျောင်းမှာ ခိုလှုံနေကြပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ တူးဖော် လုပ်ကိုင်ကြပြီး မြေစာတွေ ကို စည်းကမ်းမဲ့စွန့်ပစ်တာတွေကြောင့် မိုးကြီးတိုင်း ဖားကန့်မြို့နယ်အတွင်းမှာ မကြာခဏ ရေကြီးလေ့ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့မှာလည်း တောင်ပေါ်ရေကန်ကျိုးပေါက်ပြီး ရွှံ့မြေတွေ ဖုံးလွှမ်းခံခဲ့ရတဲ့ ကျေးရွာတွေ ကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြည်နယ် လျှပ်စစ်စက်မှုဝန်ကြီး ဦးကျင်လင်းပေါင်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

ချင်းပြည်နယ်က မြေသားတွေဟာ သက်တန်းနုတဲ့အတွက် မိုးသည်းထန်ရင် ရေကန်အနီး ပတ်ဝန်းကျင်တွေ မှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနမှူးက ပြောပါတယ်။ မိုးဇလဌာနက ဒုညွန်ချုပ် ဦးကျော်မိုးဦးကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese

ဘူးသီးတောင်နှင့် မောင်တော ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦး အပယ်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦးကို ရွေးကောက်ပွဲ ဥပဒေပါနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူမဟုတ်သည့်အချက်ဖြင့် ပယ်ချခဲ့ရကြောင်း မောင်တောခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့် က မဇ္ဈိမကို ပြောသည်။

"၂ မြို့နယ်လုံး ၁၉ ယောက်၊ နာမည်အတိအကျကိုတော့ ရုံးမှာပဲသိရမယ်။ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွား သူမဟုတ်သူဆိုတဲ့ ကန့်ကွက်မှုအရပဲ၊ စိစစ်ပြီး ဥပဒေအရ ပယ်တာ" ဟု ၎င်းက ဆို

အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရိုဟင်ဂျာအဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦးရဲ့အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တာဟာ တရားမဝင်ဘူးလို့ ပြည်ပအခြေစိုက် Arakan Rohingya Union (ARU) ရဲ့ ညွန်ကြားရေးမှူးချုပ် Dr. Wakar Uddin ကပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတဖို့အတွက် အားလုံးတန်းတူ ပါဝင်မဲပေးခွင့်ရရေး အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါ

အလုပ်ပြုတ်အောင် လုပ်သဖြင့် သူငယ်ချင်းကို အက်စစ်ဖြင့် ပက်

  


 


ထိုင်းနိုင်ငံမှာ ဖူးခက်၊ ကသူဒေသမှာ မြန်မာမိန်းခလေးငယ်တဦးကို သူ၏ အရင်းနှီးဆုံးသူငယ်ချင်းက အက်ဆစ်နှင့် ပက်လိုက်သည့်အတွက် ဘယ်ဘယ်မျက်လုံးကန်းသွားပြီး မျက်နှာနှင့်ကိုယ်ပေါ်မှာ ပြင်းထန်စွာဒဏ်ရာရသွားကြောင်း သိရပါသည်။ ယခုအချိန်ထိ အဆိုပါ မိန်းခလေးသည် စိုးရိမ်စရာ အခြေအနေနှင့် ဗာဂျီရာဆေးရုံမှာ တင်ထားရဆဲဖြစ်သည်။

သြဂူတ်လ၂၇ ရက်နေ့က မနက် ၁၀ နာရီ တွင် အသက်၂၂နှစ်အရွယ် မကသာ ကို ဖောမစ်အက်ဆစ်ဖြင့် ပက်ခဲ့သည့်အတွက် အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီး မသဇင်မိုး ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါသည်။

သူက သြဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ပတွန်ဒေကစားသောက်ဆိုင်တခုရှေ့ မှာ အက်ဆစ်နှင့် ပက်ခဲ့တာဖြစ်ပါသည်။ မကသာ မှာ မျက်နှာမှာ ပြင်းပြင်းထန်ထန် အက်ဆစ်လောင်ခံရမှုကြောင့် မျက်လုံးနှစ်ဘက်စလုံး မမြင်ရတော့သလို နားများကလည်း မကြားရတော့ဟု ဆိုပါသည်။ မကသာ ကို ပတွန်ဆေးရုံသို့ ဒေသခံများက တင်ပေးခဲပြီး ဒဏ်ရာများဖြင့် မေ့မျောသတိလစ်နေသည့်အတွက် ဗာဂျီရာဆေးရုံကြီသို့ လွဲပြောင်း ကုသပေးနေခြင်း ဖြစ်သည်။ တရားခံ မသဇင်မိုး သည် မကသာ ကို အက်ဆစ်နှင့် ပက်ပြီးပြီးခြင်း ဟွန်ဒါဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည်ဟူ ဒေသခံများက ပြောပါသည်။

“CCTV မှာ သဇင်မိုး က မနက်ကတည်းက စားသောက်ဆိုင်ထဲက စောင့်နေတာကို တွေ့ရတယ်။ အက်ဆစ်နဲ့ ပက်ပြီးတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်။ .ကျနော်တို့ စုံစမ်းမေးမြန်းပြီး တော့ ဖုးခက်တရားရုံးက ဖမ်းဝရမ်းထုတ်တယ်” ဟု ဒေသခံရဲမှုးက ပြောကြားသည်။

မကသာ၏ ဖုန်းကနေ သဇင်မိုး၏ ဖုန်းကို ရဲများက ရခဲ့ပြီး ရာဇဒါအရပ်က ငှားထားသော အိမ်တလုံးမှာ ပုန်းနေသော သဇင်မိုး ကို ဖမ်းဆီးနိုင်ခဲ့သည်။ “ကျနော်တို့ ရောက်သွားတော့ သဇင်မိုး က သည်ကနေထွက်ပြေးဖို့ အ၀တ်တွေတောင်သိမ်းနေပြီ မသဇင်မိုး ကို ယခုအခါ ထိုင်းနိုင်ငံ ဖူးခက်ဒေသ ကသူရဲစခန်းမှာ ဖမ်းထားပါသည်။ အလုပ်ပြုတ်အောင် လုပ်ခဲ့သည့်အတွက် ယခုလို သူငယ်ချင်းကို အက်ဆစ်နှင့် ပက်ရခြင်း ဖြစ်သည်ဟု မသဇင်မိုး က ထွက်ဆိုခဲ့ပါသည်။

လင်းလင်း

ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေးသောက်နေခြင်း အန္တရာယ်ရှိ





တိုင်းရင်းဆေးဝါးတစ်မျိုး ဖြစ်သည့် ဆရာခိုအနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရော ဂါအမျိုးမျိုးအတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည်မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ်အသုံးမပြုသင့်ကြောင်း တိုင်းရင်းဆေးသမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန်အ ချို့က သတိပေးပြောကြားသည်။

အနာလိမ်းဆေးအဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊  ပျားဖယောင်းစသည့် ပစ္စည်း ရှစ်မျိုးပါဝင်ပြီး ယင်းအနက် ပရုတ်နှင့် ပျားဖယောင်းတို့မှာ လိမ်းဆေးတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း သောက်ဆေးအ ဖြစ် အသုံးပြုလေ့မရှိကြောင်း ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ သမားတော်တစ်ဦးကပြောသည်။

‘‘တိုင်းရင်းသောက်ဆေးမှာ ပရုတ်ကို နည်းနည်းသုံးလေ့ရှိပေ မယ့် ဖယောင်းကိုတော့ သုံးလေ့ မရှိဘူး။ အဲဒီနှစ်ခုကလိမ်းဆေးမှာ အဓိကသုံးတာ’’ဟု အထက်ပါ သမားတော်က ရှင်းပြသည်။လူမှုကွန်ရက်များတွင် ဆရာခိုသောက်ပါက ၀မ်းဗိုက်သိ သိသာသာချပ်သည်ဟုဆိုကာ အ ချင်းချင်းဝေမျှနေကြရာမှ ယုံ ကြည်ပြီး လိုက်ပါသောက်သုံးသူ များလည်းရှိလာသည်။ အဆီကျ ကာလှပလိုသည့် အမျိုးသမီးများ အချင်းချင်းသောက်သုံးရန် တိုက် တွန်းကြပြီး အချို့ကလည်း အန္တ ရာယ်ရှိနိုင်သဖြင့် သတိထားရန် သတိပေးကြသည်။

တိုင်းရင်းဆေးပညာတွင် လိမ်းဆေးနှင့် သောက်ဆေးကို ရောနှောလေ့မရှိဘဲ လိမ်းဆေး ဆိုလျှင် လိမ်းဆေး၊ သောက်ဆေး ဆိုလျှင် သောက်ဆေးခွဲခြားသတ် မှတ်လေ့ရှိကြောင်းနှင့် ဆရာခို ဆေးတွင် ပါဝင်သည့် ပစ္စည်းရှစ် မျိုးအနက် ငါးမျိုးမှာ သောက်သုံး နိုင်သော်လည်း ဒုတ္ထာနှင့် ပရုတ် မှာ အနည်းငယ်ပြင်းပြီး ပျားဖ ယောင်းပါဝင်မှုများပြားပါက အန္တ ရာယ်ရှိနိုင်ကြောင်း ကိုယ်ပိုင်တိုင်း ရင်းဆေးကုခန်း ဖွင့်လှစ်ထားသူ ဆရာမဒေါ်ဇင်နီလာက သုံးသပ် သည်။

အနောက်တိုင်းဆေးပညာ အရ ပျားဖယောင်းသည် ရေနံထွက် ဓာတုပစ္စည်းဖြစ်သဖြင့် သောက် သုံးသူကို အဆိပ်ဖြစ်စေနိုင်ပြီး ဆရာဝန်များက သောက်ဆေးအ ဖြစ် ညွှန်းလေ့မရှိကြောင်း အထွေ ထွေရောဂါကုဆရာဝန် ဒေါက် တာမြင့်ဦးက သုံးသပ်သည်။
ထို့အပြင် ဒေါက်တာ နိုက်တင်ဂေးကလည်း  ‘‘လိမ်းဆေးနဲ့ သောက်ဆေးနဲ့က အရေပြားကို စုပ်ယူတာ။ အစာအိမ်၊ အူလမ်းကြောင်းအတွင်းပိုင်းကို စုပ်ယူတာချင်းမတူသလို ဆေးရဲ့ ပြင်းအား၊ ပျော့အားချင်းလည်းမတူပါဘူး။ အနောက်တိုင်းဆေးဖြစ်ဖြစ်၊တိုင်းရင်းဆေးဖြစ်ဖြစ် လိမ်းဆေးကို သောက်ဆေးအဖြစ် သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ အန္တရာယ်ရှိပါ တယ်။ အရမ်းကာရောသုံးတာမျိုး မဖြစ်သင့်ပါဘူး’’ဟု အကြံပြုသည်။
ဆရာခိုအနာလိမ်းဆေး သည် ၀မ်းတွင်းဖြစ်ပွားသော ကင် ဆာရောဂါများကို သက်သာ ပျောက်ကင်းစေသည်ဟု အသုံး ပြုသူအများစုက ဖုန်းဆက်ပြော ကြားမှုများရှိပြီး ဘေးဥပဒ်အန္တ ရာယ်ဖြစ်စေသည်ဟု အကြောင်း ကြားမှု မရှိသေးကြောင်းနှင့် သောက်ဆေးအဖြစ် ထုတ်လုပ် ထားခြင်းမဟုတ်ဘဲ လိမ်းဆေးအ ဖြစ်သာ ထုတ်လုပ်ထားကြောင်း ဆရာခို၏ သမီးလတ် ဒေါ်သန်း သန်းလေးကလည်း ပြောကြား သည်။

‘‘အဖေ့လက်ထက်တုန်းက ၀မ်းမှန်အောင်၊ နေထိုင်ကောင်း အောင် သောက်ဆေးအဖြစ်သုံး တာမျိုးရှိခဲ့တယ်။ ဒါပေမဲ့ လိမ်း ဆေးအဖြစ် အဓိကထုတ်တာ။ အခုနောက်ပိုင်း သုံးတဲ့သူတွေက စွဲသောက်ရင် အတွင်းရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး ဖုန်း ဆက်ကျေးဇူးတင်ကြောင်း ပြော ကြတယ်’’ဟု ဒေါ်သန်းသန်းလေး က ဆိုသည်။

ဈေးကွက်တွင် ဆေးရောင်း အားမှာ ရေဘေးကြောင့် ရောင်း မလောက်ကြောင်းလည်း ၎င်းက ပြောသည်။
ဆရာခိုဆေးညွှန်းတွင် ခန္ဓာ ကိုယ်၌ ဖြစ်ပွားသည့် အနာအမျိုး မျိုး၊ ထိခိုက်ဒဏ်ရာအမျိုးမျိုး၊ နှာစေးချောင်းဆိုး၊ ချွဲကျပ်၊ ရင်ကယ် လေထိုးလေအောင့်၊ ၀မ်းဗိုက်ဝမ်းနာ စသည်တို့အတွက် လိမ်းဆေး အဖြစ် အဓိက ထုတ်လုပ်ထားကြောင်း ဖော်ပြထားသည်။ သို့သော် ၀မ်းတွင်းကင်ဆာ၊ အဆုတ်နာ၊ အူနာ၊ အသည်း ကျောက်ကပ်နာဖြစ်ခဲ့ပါကနံနက်၊ ညဆေးကို ဆီးကင်းခန့် ရေနွေးနှင့် သောက်လျှင် သက်သာပျောက်ကင်းရမည်ဟုလည်း ဖော်ပြထားသည်။
ဆရာခို အနာလိမ်းဆေးကို ၀မ်းချုပ်သောကြောင့် စမ်းသပ် သောက်ကြည့်ရာမှ ဗိုက်ချပ်လာ ပြီး ၀မ်းချုပ်ခြင်းမှာလည်း သုံးရက် အတွင်း သက်သာလာကြောင်း ကိုယ်တိုင်အသုံးပြုဖူးသူ မန္တလေး မြို့မှ မလီလီနိုင်ကျော်က 7 Day သတင်းစာသို့ပြောသည်။

‘‘အစ်မက ဗိုက်ချပ်ချင်လို့ သောက်တာမဟုတ်ဘူး။ ၀မ်းချုပ် လို့သောက်တာ။ ၀မ်းချုပ်တော့ ၀မ်းဗိုက်က ပူပူကြီးဖြစ်နေတယ်။ ဆရာခိုသောက်ပြီး နောက်ပိုင်းမှာ ၀မ်းချုပ်တာ သက်သာသွားပြီး ဗိုက်က သိသိသာသာချပ်သွား တာ။ အခုစွဲသောက်နေတာ ၁၂ ရက်ရှိပြီ’’ဟု ၎င်းက သြဂုတ် ၂၈ ရက်က ဆိုသည်။
ပုဂ္ဂလိက ဆေးခန်းတစ်ခု တွင် လုပ်ကိုင်နေသူတစ်ဦးကမူ အဆိုပါလိမ်းဆေးကို သောက်ဆေးအဖြစ် များစွာ သောက်သုံး၍ ဆေးခန်းလာပြသူ အချို့ရှိကြောင်းပြောသည်။

ဆရာခိုအနာလိမ်းဆေးကို ကြာပုံစံပါရှိသည့် ဆရာခိုအမှတ် တံဆိပ်နှင့် ဦးအောင်လင်း+ ဒေါ်ခင်သန်းနွဲ့၏ ပဒုမ္မာရွှေကြာ ဆရာခိုအမှတ်တံဆိပ်ဟူ၍ နှစ်မျိုး ထုတ်လုပ်နေခြင်းဖြစ်သည်။

7 day

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ဟောပြောပွဲ ကန့်ကွက်မှုများ ကြုံရ

အစိုးရရုံးစိုက်ရာ နေပြည်တော်အတွင်း ဩဂုတ် ၃၀ ရက် တွင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောသည့် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ကန့်ကွက်ဆန္ဒပြမှုများ၊ ကန့်ကွက် စာဖြန့်ဝေမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

နေပြည်တော်အတွင်းရှိ နေရာ ၅ နေရာတွင် ဟောပြောရန်လျာထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ တတိယမြောက် ဟောပြောမည့် နေပြည်တော်၊ သပြေကုန်းရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနီးတွင် အသက် ၇၀ ကျော်အရွယ် ဦးစုဆိုသူက ဦးဆောင်ပြီး စုစုပေါင်း လူ ၂၀ ဦးခန့် ဆန္ဒပြခဲ့ခြင်း ဖြစ်

Friday, August 28, 2015

နိုင်ငံရေးပါတီများနှင့် ကလေးလူငယ်များ တွေ့ဆုံမည်

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အသက် ၁၂-၁၈ နှစ် အကြား ကလေးလူငယ် ၅၀ ဦးတို့ ရန်ကုန်မြို့ Park Royal Hotel ၌ သြဂုတ် ၂၈ ရက်တွင်တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။ 

UNICEF နှင့် NCRWG အဖွဲ့တို့က ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်သည့် ယင်းတွေ့ဆုံပွဲ၌ ကလေးလူငယ်များက ၄င်းတို့၏ မျှော်လင့်ချက်များ၊ အိမ်မက်များနှင့် စိုးရိမ်ပူပန်မှုများကို နှီးနှော ဆွေးနွေးမည်ဟု သိရသည်။မြန်မာနိုင်ငံရှိ စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံမှာ ကလေးဦးရေ ဖြစ်သဖြင့် 'ကလေးများအတွက် ရင်းနှီးမြှပ်နှံခြင်းနှင့် ကလေးအရေးကို ဦးစားပေးခြင်းမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသည်။' ဟု ကလေးအခွင့်အရေးများ ဆောင်ရွက်နေသည့် UNICEF-United Nations International Children's Emergency Fund က ထုတ်ပြန်

အမေရိကန်ရှိ ဝေါလ်မတ်စတိုးများတွင် အေအာရ် ၁၅ နှင့် အခြား ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်များရောင်းချမှုကို ရပ်တန့်မည်

ဝယ်လိုအား နှေးကွေးသည့်အတွက် AR-15 နှင့် အခြားဆီးမီးအော်တိုမက်တစ် ရိုင်ဖယ်များ ရောင်းချမှုကို ရပ်တန့်တော့မည်ဟု အမေရိကန်၏ ထိပ်တန်းသေနတ်နှင့် လက်နက်ခဲယမ်းရောင်းချ သူဝေါလ်မတ်စတိုး ကုမ္ပဏီက သြဂုတ် ၂၆က ထုတ်ပြန်ခဲ့သည်။ ယင်းသေနတ်များအစား အမဲလိုက်သေနတ်နှင့် အားကစားသမားသုံး သေနတ်များကိုသာ အာရုံစိုက်၍ ရောင်းချမည်ဟု ဆို

အင်န်စီအေ မူကြမ်းအပြီးသတ်ဆွေးနွေးရန် တိုင်းရင်းသား ကိုယ်စားလှယ်တို့ သမ္မတ၊ ကာချူပ်တို့နှင့် တွေ့ဆုံမည်


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း အပြီးသတ်ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ထိပ်သီးကိုယ်စားလှယ်တို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စက်တင်ဘာလ ၉ ရက်၌ နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

“ ကျွန်မတို့ ၈ ရက်နေ့ သွားမယ်။ နေပြည်တော်မှာ ၉ ရက်နေ့ တွေ့ဖို့ အတည်ဖြစ်ပြီ။ အဓိက အင်န်စီအေကို အပြီးသတ်ဖို့အတွက် ဆွေးနွေးရမှာ ဖြစ်တယ်။ လက်မှတ်ထိုးဖို့ အဆင့်ဆင့် ဆွေးနွေးရမယ်”ဟု ၎င်းက မဇ္စျိမကို ပြော

Thursday, August 27, 2015

ဆွေသဟာသုံးစွဲသူများအတွက် ဖုန်းပြောခ ငါးမိနစ်ဖိုးသာကောက်ယူမည့် အစီအစဉ်စတင်




 MPT မှ ၎င်းတို့၏ ဆွေသဟာအသုံးပြုသည့် GSM နှင့် WCDMA ဖုန်းသုံးစွဲသူများအတွက် ဖုန်းခေါ်ဆိုခများလျှော့ချပေးလိုက်သည့် အစီအစဉ်တစ်ခုကို သြဂုတ် ၂၈ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

‘‘တစ်နာရီပြည့်အောင် ဖုန်းခေါ်မှ ငါးမိနစ်ဖိုးပဲကျမှာဖြစ်ပါတယ်။တကယ်လို့ တစ်နာရီမပြည့်ဘဲ မိနစ်သုံးဆယ်ပဲခေါ်မယ်။ ဆယ်မိနစ်ပဲခေါ်မယ်ဆိုရင်လည်း ငါးမိနစ်စာပဲ ကောက်ခံသွားမှာပါ။ ဖုန်းပြောတာ တစ်နာရီကျော်သွားရင်တော့ တစ်မိနစ်ကို ၂၃ ကျပ်နဲ့ ပုံမှန်အတိုင်းဆက်ကောက်သွားမှာဖြစ်ပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးသိန်းဟုတ်က ပြောသည်။

အထက်ပါ အခမဲ့ဖုန်းခေါ်ဆိုမှုကို ညနေ ၆ နာရီမှ ည ၁၀ နာရီ အတွင်း၌ ရရှိမည်မဟုတ်ဘဲ ကျန်သောအချိန်များတွင်သာခေါ်ဆိုနိုင်မည်ဖြစ်ပြီး အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။

ယခုပြုလုပ်ပေးလိုက်သည့် အထူးအစီအစဉ်သည် MPT ဖုန်း အချင်းချင်းသာခေါ်ဆိုနိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘MPT သုံးစွဲသူတွေကို သူတို့ရဲ့ ချစ်ခင်သူတွေ၊ မိသားစုဝင်တွေနဲ့စကားများများပြောဆိုနိုင်အောင်လုပ်ပေးရင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးလိုက်ပါတယ်။ ဒီအထူးအစီအစဉ်ဟာ တစ်နာရီစာပြောမှ ၁၁၅ ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်’’ဟု MPT နှင့် ပူးပေါင်းထားသည့် ဂျပန်လုပ်ငန်းစုမှ CEO ဖြစ်သူ မစ္စတာတာဂါရှိနာဂရှိမက ပြောသည်။

MPT ၏ ဖုန်းခေါ်ဆိုခလျှော့ချသည့် အစီအစဉ်သစ်ကို အသုံးပြုလိုပါက ဆွေသဟာအစီအစဉ်ကို လျှောက်ရန်လိုအပ်ပြီး ဆွေသဟာမသုံးစွဲသူများအနေဖြင့် ရရှိနိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)

ုမုတ်သုံ အထူးဈေးနှုန်း T300M 3G ဟန်းဆက် ကို ၁၉၉၀၀ကျပ်သာ ကျသင့်မှာဖြစ်ပြီး လစဉ် တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုခွင့် ၁၀၀ မိနစ် နှင့် ၁၀၀ SMS. အင်တာနက် ၁၀၀ မီဂါဘိုက်တို့ ကို ၆လတိတိ ရရှိမှာဖြစ်တာကြောင့် အခုပဲ အပြေးသွားဝယ်လိုက်ရအောင်။

ဆော်ဒီဘုရင် ရှေ့သီတင်း ပတ် အမေရိကန် လာမည်

အရှေ့အလယ်ပိုင်းဆိုင်ရာ အကြောင်းအရာ အများအပြားကို အမေရိကန်သမ္မတ Barack Obama နဲ့ ဆွေးနွေးဖို့အတွက် ဆော်ဒီအာရေးဘီးယားဘုရင် Salman ဟာ ရှေ့သီတင်းပတ်ထဲ ၀ါရှင်တန်ဒီစီမြို့ကို လာရောက်မှာ ဖြစ်ပါတယ်။

ဆော်ဒီဘုရင် အဲဒီလို လာလည်တာဟာ နှစ်နိုင်ငံအကြား မဟာဗြူဟာမြောက် ဆက်ဆံရေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ပြသလိုက်တာပဲလို့ စက်တင်ဘာလ ၄ ရက်နေ့မှာ ရောက်လာမယ့် ဆော်ဒီဘုရင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ကြာသပတေးနေ့ မှာ ပြောပါ

ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျပ်ငွေ သန်း ၂၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ဟု ဆို






ဧရာဝတီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် ကျပ်ငွေ ၂၃,၆၀၁ ဒသမ ၂၂၉ သန်း ဆုံးရှုံးခဲ့ကြောင့် တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစန်းမောင်က မဇ္ဈိမကို ပြောသည်။

သြဂုတ်လအတွင်း မြစ်ရေတက်ပြီး ရေကြ်ီးမှုကြောင့် မြို့နယ် ၁၉ မြို့နယ်တွင် အိမ်ထောင်စု ၁၂၀,၀၀၀ ကျော်၊ လူဦးရေ ၅၀၀,၀၀၀ ကျော် ခံစားရပြီး၊ လယ်မြေ ဧက ၃၀၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကာ၊ လယ်မြေ ဧက ၂၀၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူးရေးဝန်ကြီး ဦးစန်းမောင်က “တိုင်းအတွင်းအခြေအနေ နှင့် ပတ်သက်ပြီး အခု ပြန်လည်ထူထောင်ရေးထက် ကယ်ဆယ်ရေးတွေ လုပ်နေရတုန်း၊ အခု အပေါ် ကရေတွေ ဆင်းလာတာလေ။ အောက်မှာရေတွေ မဆင်းသေးဘူး။ လယ်သမားတွေအတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်၊ အခု ပြန်စိုက်ချိန်မှီအောင် သက်ငယ်စပါးပဲ စိုက်လို့ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

တိုင်းဒေသကြီးအစိုးရက ခရိုင်အလိုက်တွင် ဖြန့်ဝေပေးရန် မျိုးစပါးစုစုပေါင်း ၄၄၉,၈၆၆ တင်း ကို စုထားပြီးဖြစ်သည်ဟုလည်း တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက မဇ္ဈိမကို ပြောသည်။
သြဂုတ် ၂၇ အထိ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင် စာသင်ကျောင်း ၄၀ ပိတ်ထားရပြီး ရေကြီးနစ်မြုပ်မှုကြောင့် အမက ကျောင်းခုနစ်ကျောင်း အသစ်ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။

မဇ္ဈိမ

သံဓာတ်ချို့တဲ့သည့် လက္ခဏာများ

အောက်ဖော်ပြပါရောဂါလက္ခဏာများကို သတိပြုမိပါက ဒေါက်ခွရွက် (Spinach)နှင့် အမဲသားသုပ် စတင် စားသုံးပေးပါ။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDCP ၏ လက်ရှိ စာရင်းဇယားများအရ အမျိုးသမီးများ၏ ၉ ရာခိုင်နှုန်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဆိုးကျိုးများခံစားနေရကြောင်း သိရသည်။ သို့သော် သံဓာတ်ချို့တဲ့ နေသည့် ရုပ်ပိုင်းဆိုင်ရာတက်တက်ကြွကြွရှိသော အမျိုးသမီးများအရေအတွက်မှာ ပို၍ပင်မြင့်မားကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။ သံဓာတ်ချို့တဲ့မှုကို အောက်ပါလက္ခဏာရပ်များကိုကြည့်၍

မဲပေးမည့်သူများ ဖတ်ဖို့

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသား တိုင်း မဲပေးခွင့်ရမှာပါ။ ရွေးကောက်ပွဲနေ့ကျ ဘယ်သူကို ဘယ်လို မဲပေးရမယ်၊ ဘယ်နှစ်ကြိမ်မဲပေးရမယ် ဆိုတာကို သေချာမသိတဲ့သူတွေအတွက် မျှဝေခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လွှတ်တော် သုံးရပ်ရှိပါတယ်။ ပြည်သူလွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တို့ ပဲဖြစ်ပါတယ်။ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ် တော် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုတာရှိပေမယ့် တကယ့်တကယ် မဲပေးရမှာက ခုဏပြောတဲ့ လွှတ်တော်သုံးရပ်ကပြည်သူလွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦးနဲ့ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း၃ဦးကို  မဲ ပေးရမှာ

နေ့ရောညပါ မော်တော်ဆိုင်ကယ် ရှေ့မီးဖွင့်ပြီး မောင်းနှင်စေရန် အစိုးရ စီစဉ်နေ

အာဆီယံနိုင်ငံအချို့တွင် ပြဋ္ဌာန်းထားသကဲ့သို့ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ရှေ့မီး(အနိမ့်)ကို နေ့ရောညပါထွန်း၍ သွားလာကြရန်နည်းဥပဒေတွင် ထည့်သွင်းထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ရထား ပို့ဆောင်ရေးဝန်ကြီးက လွှတ်တော်အမတ်တစ်ဦး၏ မေးမြန်းချက်ကို စာဖြင့် အကြောင်းပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်ကြောင့် ထိခိုက်သေဆုံးမှုများ အလွန်များပြားနေသဖြင့် ဆိုင်ကယ် မောင်းနှင်ရာတွင် ရှေ့မီး(အနိမ့်)ကို နေ့/ညထွန်း၍ သွားလာကြရန် လိုအပ်သောညွှန်ကြားချက်၊ နည်း ဥပဒေများ ထုတ်ပြန်ပေးနိုင်ပါရန် အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်၏ မေးမြန်းမှုကို ရထား ပို့ဆောင်ရေးဝန်ကြီးက စာဖြင့် အကြောင်းပြန်ကာ ဖြေကြားခဲ့ခြင်း ဖြစ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား



ဘူးသီးတောင်မြို့နယ် အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးတွင် ရက္ခိုင့်တပ်မတော် နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်တို့ သုံးနာရီခန့်ကြာအောင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ နယ်စပ်မိုင်တိုင် အမှတ် (၆၀) အနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

 ‘‘ထိခိုက်တာတော့ ကျွန် တော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ သူတို့မီဒီယာ တွေရေးတာတော့ တစ်ယောက် ဒဏ်ရာရတယ် ကြားတယ်။ ရွာ တွေမှာ ပြောတာတော့ သူတို့ ဘက်က နှစ်ယောက်ထပ်ကျတယ် ပြောတယ်’’ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ ရက္ခိုင့်တပ်မတော်အဖွဲ့ဝင်များက ၎င်းတို့ လှုပ်ရှားရာဒေသ အနီးဝန်းကျင်တွင် ရေဘေး ရင် ဆိုင်နေရသူများအား ထောက်ပံ့ ရေးပစ္စည်းများ သွားပို့စဉ် ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်က ကုန်ပစ္စည်းသယ်ယူရာ၌ အသုံးပြု သည့် လားနှင့် မြင်းအချို့ကို ဖမ်း ဆီးခြင်းကြောင့် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်း စာများတွင် တိုက်ပွဲကြောင့် နှစ် နိုင်ငံနယ်စပ်ဒေသများ လုံခြုံရေး တိုးမြှင့်ထားပေးရန် ဒေသတွင်း မြန်မာအစိုးရတာဝန်ရှိသူများ အား တောင်းဆိုထားသည်ဟု ရေးသားထားသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ နယ်စပ်ဒေသလုံခြုံ ရေးကိစ္စမှာ တပ်မတော်ကသာ အဓိက တာဝန်ယူထားသော ကြောင့် အသေးစိတ်မရှင်းပြနိုင် ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာဒေသဖြစ် သည့် ဘူးသီးတောင်နှင့် မောင် တောမြို့အနီး မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်နေရာများတွင် မြန် မာ့တပ်မတော်က လုံခြုံရေးယူ ထားပြီး အစိုးရက မတရားအသင်း ကြေညာထားသည့် ရက္ခိုင့်တပ်မ တော်လှုပ်ရှားရာဒေသ ဖြစ်သည်။

၈၂ နှစ်ကြာ ရပ်တည်လာခဲ့တဲ့ ရွှေမန်းရဲ့မျိုးဆက် တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံခြင်း





ရွှေမန်းသဘင်လို့ကြားလိုက်တာနဲ့ ဇာတ်သဘင်ကို ယနေ့တိုင် ချစ်ကြိုက်အားပေးနေကြတဲ့ ဇာတ်သဘင်ချစ်ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်မှာပါ။ ရွှေမန်းသဘင်ဟာဆိုရင် လက်ရှိရပ်တည်မှုအရ နှစ်ပေါင်း ၈၂ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်ပြောင်းလဲလာတာနဲ့အမျှ ပရိသတ်ကို တင်ဆက်တဲ့ ဇာတ်ရဲ့ အနှစ်သာရတွေကိုလဲ ပြောင်းလဲတင်ဆက်ဖြစ်တယ်လို့ ဆိုလာတဲ့ ရွှေမန်းရဲ့ မျိုးဆက် တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံဖြစ်တဲ့အခါ

-ပထမဆုံး အနေနဲ့ ဗီဒီယိုဇာတ်ကားလေးမှာ ပါဝင်ရတဲ့ ကာရိုက်တာလေးကိုလဲ သိချင်ပါတယ်။

ဒီနေ့ရိုက်တဲ့ကားလေးက ပြုံးရွှင်ရေ ပျော်ရဲ့လားဆိုတဲ့ ရုပ်ရှင်ကားကြီးပေါ့။ ဒီကားလေးထဲမှာ အစ်ကိုက ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်ရတယ်။ ကိုနေတိုးက လူရွှင်တော်ပေါ့။

-အရင်က ဇာတ်ကတာပဲ တွေ့ရတယ်။ ကားရိုက်တွေမှာ သိပ်မတွေ့ရဘူး။ ဒီကားလေးမှာ ပါဝင်ဖြစ်ခဲ့ပုံက။

ဦးဝင်းထွန်းထွန်း ရိုက်ခိုင်းတာပေါ့။ သူနဲ့ က သူ့တူလိုဖြစ်နေတဲ့အတွက် သူခိုင်းသမျှ အကုန်လုပ်မယ်ဆိုပြီး ၀င်ရိုက်ဖြစ်တာပါ။ ပြီးတော့ ဇာတ်ကို အခြေခံတဲ့ ကားဖြစ်တဲ့အတွက် ကိုယ်နဲ့လဲ အဆင်ပြေတယ်ဆိုပြီး ကိုယ့်ရုံမှာပဲ ရိုက်ဖြစ်တယ်။

-အစ်ကို့သားလေးလဲ ဇာတ်ဝင်ကတာတွေ့ရတယ်။ သူကရော ၀ါသနာကြီးတာပဲလား။

အင်းဟုတ်တယ်။ သူ့အသက်က ၂နှစ်နဲ့ ၉လပဲ ရှိသေးတယ်။ သူ့ကို သင်လဲ မသင်ထားဘူး။ သူ့ရဲ့ဝါသနာကိုက အဲ့ဒီလိုဖြစ်နေတာ။ မွေးကတည်းက ပါလာတဲ့ ဗီဇပေါ့။ အဲ့ဒါကြောင့်ကိုကသူ့ဗီဇပေါ်မူတည်ပြီး ပံ့ပိုးပေးသွား မှာပေါ့။ အခု လက်ရှိမှာတော့ သူကအရမ်းကို ၀ါသနာကြီးနေတယ်။ အဲ့ဒါကို မတားလဲ မတားချင်ဘူးဆိုတော့ သူ့ကို အကောင်အထည် ဖော်ပေးလိုက်တယ်။ ကသမျှ အကုန်လုံးက အစ်ကို့အတိုင်းပဲ။ သူ့ဆရာက အစ်ကိုလိုဖြစ်နေတယ်။ ကြီးလာမှ အသားကျမှာပေါ့။ သူ၁၀တန်းအောင်ပြီးတဲ့အခါလောက်ကျမှ သူ့ရဲ့ဒီဇာတ်နဲ့လိုက်ဖက်မှုရှိမရှိ၊ အသားကျမှု ရှိမရှိသိရမှာပါ။ သူ့ကို စောင့်ကြည့်ရဦးမှာပေါ့။

-အခုမကြာခင်မှာလဲ ဇာတ်ပွဲရာသီရောက်တော့ မယ်ဆိုတော့ ပွဲအနေနဲ့ဘယ်မြို့တွေမှာ သွားကဖို့ ရှိဦးမလဲ။

မန္တလေးနဲ့မြစ်ကြီးနားမှာကဖို့ရှိပါတယ်။

-အခုခေတ်ဇာတ်သဘင်လောကအပေါ် အစ်ကို့အမြင်လေး နည်းနည်းလောက်ပြောပြပေးပါဦး။

အခုခေတ်မှာ လူငယ်ပိုင်းက ဇာတ်ဆိုတာကို ဘာမှန်းမသိကြဘူး။ အဲ့ဒီတော့ အစ်ကိုတို့ ရှိတဲ့နေရာကို သူတို့လိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ရှိတဲ့ နေရာကို အစ်ကိုတို့ကသွားပြီးဇာတ်ပွဲတွေလုပ်ပေးရမယ်။ ဒါလဲမြှင့်တင်ရေးတစ်ခုပဲ။ အစ်ကိုဇာတ်နဲ့ပတ်သက်ပြီး ကလေးတွေအကြိုက်ရော၊ လူကြီးအကြိုက်ရောကို မျှပြီးပြဖြစ်တယ်။ လမ်းဖောက်ခြင်းတစ်ခုပဲပေါ့။

-အရင်ကတော့ ဇာတ်မှဇာတ်ပဲ။ ဒါပေမဲ့အခုနောက်ပိုင်းမှာ ဖျော်ဖြေရေးနဲ့ပတ်သက်ပြီးမျိုးစုံ ပေါ်လာတဲ့အတွက် ဇာတ်အပေါ်မှာ လူအများရဲ့စိတ်ဝင်စားခြင်းတွေ လျော့နည်းလာတာကိုတွေ့ရတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။

စိတ်မ၀င်စားတာမဟုတ်ဘူး။ စိတ်ဝင်စားမှုနည်းအောင် လုပ်တဲ့သူတွေအပေါ်မှာ မူတည်တယ်။ စိတ်ဝင်စားအောင် လုပ်တတ်ရင် လူတိုင်းက စိတ်ဝင်စားတယ်။ ကြိုက်တာနဲ့မကြိုက်တာပဲကွာမယ်။ အားလုံးကတော့ စိတ်ဝင်စားပြီး လာကြည့်ကြမှာပဲ။ ကိုယ့်အနုပညာပြောင်မြောက်ဖို့ အရေးကြီးတယ်။ ပရိသတ်များတာထက် ကိုယ့်အနုပညာပြောင်မြောက်မှုကိုပဲ အစ်ကိုကတော့ ဦးစားပေးတယ်။ မည်သူ့မည်သူမှတော့ မရည်ရွယ်ပါဘူး။ အစ်ကိုတို့ ဇာတ်သဘင်က ဘာလုပ်လုပ် အပြောခံရတယ်။ အမှားနဲ့မကင်းဘူး။ ကိုယ့်ရုံလူပြည့်ရင်ပြီးရော မဟုတ်ပဲ။ ကိုယ်ပြတဲ့အရာတွေအားလုံးက လူအများရဲ့ အားရကျေနပ်မှုရအောင် ဆွဲယူကြည့်ပါလို့အစ်ကိုကတော့ပြောချင်ပါတယ်။

-ရွှေမန်းဇာတ်သဘင်ရဲ့ သက်တမ်းကရော ဘယ်လောက်ရှိပြီလဲ။

၈၂ နှစ်ရှိပါပြီ။

-နှစ်ရှည်လများ ရပ်တည်နိုင်တာကရော ဘာကြောင့်လို့ထင်မိပါသလဲ။

ကွာလတီပေါ့။ ဘယ်အရာမဆိုပေါ့။ ကွာလတီထိန်းနိုင်ရင်နှစ်ရှည်ခံတယ်။ ဒီကွာလတီကိုပဲ လုပ်ခိုင်းတာ မဟုတ်ဘူး။ ရွှေမန်းမူကိုပဲ ကွာလတီမပျက်အောင် ထိန်းသိမ်းတဲ့အတွက်နှစ်ရှည်ခံတယ်ပဲ ထင်ပါတယ်။ နောက်အစ်ကိုတို့ကလဲ ဒါကို ၀ါသနာကြီးတဲ့အတွက် ဒါလေးကနှစ်ရှည်ခံနေတာပါ။

-ပြောင်းလဲလာတဲ့ ခေတ်အရ အစ်ကိုတို့ရွှေမန်းဇာတ်ရဲ့တင်ဆက်မှုတွေကိုရော ဘယ်လိုမျိုးလေးပြောင်းလဲဖြစ်လဲ။

ပြောင်းလဲမှုကလုပ်ပေးရတယ်။
 ခေတ်ပြောင်းသလိုဇာတ်သဘင်ရဲ့တင်ဆက်မှုမှာလိုက်ပြီးပြောင်းလဲပေးရတယ်။ အရင်ကဇာတ်ဆိုတာ မိုက်မရှိတဲ့အတွက်အော်မှဇာတ်ဖြစ်တာ။ အခုကမိုက်ရှိလာပြီဖြစ်တဲ့ အတွက် ဇာတ်အသံတွေ နည်းနည်းပျောက်သွားသလိုဖြစ်လာတယ်။ အဲ့ဒါကြောင့်ပါ။ တတ်လွန်းအားကြီးလွန်းလို့ မဟုတ်ပါဘူး။ အစ်ကိုသိသလောက်လေးကိုပြောပြတာပါ။

-တချို့ကျတော့လဲ ဇာတ်သဘင်ကနေ အနုပညာလောကထဲကို ပြောင်းလာတာမျိုးတွေရှိကြတယ်။

ကောင်းပါတယ်။ ဒါလဲတိုးတက်မှုတစ်ရပ်ပဲ။ ပြောင်းလဲသွားတဲ့အခါ ရွှေ့သွားတာတော့ လွယ်ပါတယ်။ ပြန်လာဖို့ခက်တယ်။ ပြန်လာတဲ့အခါကျရင်ပေါက်မြောက်အောင်ပြန်လာရင်တစ်မျိုး၊ မဟုတ်ပဲ လုပ်စားရုံသက်သက်ပြန်လာရင်တော့ အဲ့ဒါကရေရှည်မခံနိုင်ပါဘူး။ ခဏတော့ရမှာပါ။ အကြာကြီးတော့ မခံပါဘူး။ ဖန်သားပြင်မှာမြင်ရတာ တစ်မျိုးအမြင်မှာမြင်ရတဲ့အခါ လူကဘယ်လောက်ကြည့်နိုင်မလဲ။ ကြာလာရင် ကိုယ့်အနုပညာမကောင်းလာတဲ့အခါ ဘယ်သူမှ မခံစားချင်ကြတော့ဘူးလေ။

-ဇာတ်သဘင်နဲ့ပတ်သက်ပြီး အသစ်အသစ်တွေ ပေါ်ထွက်လာတဲ့အပေါ် အစ်ကို့အမြင်လေးကိုလဲ ပြောပြပေးပါဦး။

အသစ်တွေအနေနဲ့လဲ တတ်လို့လုပ်စားတာဖြစ်စေချင်တယ်။ ဥပမာရလို့လုပ်စားတာမဖြစ်စေချင်ဘူး။ ရလို့လုပ်စားတာတွေလဲရှိတယ်။ စီးပွားရေးသမားရဲ့လှည့်ကွက်ကြောင့် ဇာတ်ထောင်တယ်။ ဇာတ်ကို ခုတုံးလုပ်ပြီး မင်းတို့ကချင်တာကဆိုပြီး ရုံပြည့်ရင်ပြီးရော အဲ့ဒါတွေလဲရှိတယ်။ အဲ့ဒါတွေကိုလဲရှောင်ရှားသင့်တယ်။ သူတို့ကပံ့ပိုးမှုပေးလာပြီဆိုရင်လဲသူတို့ပံ့ပိုးမှုကိုမူတည်ပြီး ဘသင်စစ်အောင်ကစေချင်တယ်။ သဘင်အစစ်ဆိုတာ ပါဝင်တဲ့ဖျော်ဖြေ တင်ဆက်မှုမှာ သဘင်ဆန်ပါစေ။ အ၀တ်အစားဝတ်တာကအစပေါ့။ အနောက်တိုင်းဆန်ပြီးသဘင်ကပါတာ နည်းရင် သဘင်လို့နာမည်မတပ်နဲ့။ အဲ့ဒီလိုလေးတော့ဖြစ်စေချင်ပါတယ်။

-ဇာတ်သဘင်ကို ယနေ့အထိ အားပေးလာတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်ပါသလဲ။

အစ်ကိုတို့ ရပ်တည်နေတာမြန်မာနိုင်ငံဖြစ်တဲ့အတွက်နိုင်ငံ့ရဲ့ ကိုယ်စားပြုတယ်လို့ အမည်ရပါတယ်။ ဇာတ်နဲ့ပတ်သက်ပြီး အစ်ကိုခံယူထားတာပေါ့။ ဇာတ်သဘင်ပညာဆိုတာ ဘုရားပွဲတွေရှိနေသရွေ့ရှိနေဦးမှာပါ။ ဒီဇာတ်သဘင်ကို အရင်ကထက်လဲစိတ်ဝင်စားမှုပိုစေချင်တယ်။ ကိုယ့်နိုင်ငံကို သူများတွေကြည့်ပြီးသိက္ခာမကျအောင်မြှင့်တင်ပေးစေချင်တယ်။ ဒီ့ထက်မကအားပေးပါလို့။ ပရိသတ်များမှအစ်ကိုတို့အားပေးလို့ရမှာကိုး။ မကြိုက်ရင်နေပါ။ စိတ်ဝင်တစားနဲ့ခဏတဖြုတ် လာအားပေးလှည့်ပါလို့၊ အစ်ကိုလဲ ၀င်ငွေတိုးသလို စားဝတ်နေရေးအတွက်လဲ အဆင်ပြေတယ်။ ပြီးတော့ ဖျော်ဖြေရတဲ့အခါမှာလဲ အားရှိပါတယ်လို့။

၂၀၁၅ ​မှာ ​သွေး​လွန်​တုပ်​ကွေး ​စံ​ချိန်​တင်​အောင် ​အ​ဖြစ်​များ

 




ဒီ​နှစ် ၂၀၁၅ ​မှာ ​နိုင်​ငံ​တ​ဝှမ်း ​သွေး​လွန် ​တုပ်​ကွေး ​ရော​ဂါ ​ဖြစ်​ပွား​မှု ​စံ​ချိန်​တင် ​အောင် ​မြင့်​တက် ​နေ​ပြီး ​အ​များ​ဆုံး ​ဖြစ်​ခဲ့​တဲ့ ​နှစ် ​လို့ ​သတ်​မှတ် ​ထား​တဲ့ ၂၀၀၉ ​ခု​နှစ် ​တစ်​နှစ်​လုံး ​ထက် ​ကို ​တစ်​သောင်း​ကျော် ​ပို​များ​နေ ​ပြီ ​ဖြစ်​ပါ​တယ်။

အ​ခု​နှစ် ​မှာ ​သွေး​လွန် ​တုပ်​ကွေး​ကြောင့် ​သေ​ဆုံး​သူ ​အ​ရေ​အ​တွက် ​လည်း ၁၀၀ ​ကျော် ​နေ​ပြီ ​ဖြစ်​ပါ​တယ်။

သွေး​လွန်​တုပ်​ကွေး ​ဖြစ်​နေ​သူ ​တွေ ​ဆေး​ရုံ ​တွေ ​ကို​ရောက် ​လာ​တဲ့ ​အ​ခါ ​ပြန်​လွှတ် ​လိုက်​လို့ ​ရ​တဲ့ ​ရော​ဂါ ​မ​ဟုတ်​တဲ့ ​အ​တွက် ​လာ​သ​မျှ ​လက်​ခံ ​ထား​ရ ​လို့ ​ဆေး​ရုံ ​တွေ ​မှာ ​သွေး​လွန် ​တုပ်​ကွေး ​ရော​ဂါ ​ရှင် ​တွေ ​နဲ့ ​ပြည့် ​နေ​တယ် ​ဆို​ပြီး ​ကျန်း​မာ​ရေး ​ဝန်​ကြီး ​ဌာ​န ​သွေး​လွန် ​တုပ်​ကွေး ​စီ​မံ​ချက် ​မန်​နေ​ဂျာ ​ဒေါ်​ခင်​နန်း​လုံ ​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။

လော​လော​ဆယ် ​သွေး​လွန် ​တုပ်​ကွေး ​ရော​ဂါ ​ဖြစ်​ပွား​မှု ​မြင့်​တက် ​နေ​တဲ့ ​မုံ​ရွာ​မြို့ ​ပြည်​သူ့ ​ဆေး​ရုံ​က ​ဆေး​ရုံ​အုပ်​ကြီး ​ဒေါက်​တာ ​ဦး​ညွန့်​သန်း​က ​လော​လော​ဆယ် ​အ​တွင်း​လူ​နာ ​အ​ဖြစ် ​လက်​ခံ ​ထား​ရ​တဲ့ ​က​လေး​ငယ် ၁၅၀ ​ပတ်​ဝန်း​ကျင် ​ရှိ ​နေ​တဲ့ ​အ​တွက် ​ကု​တင် ​မ​လုံ​လောက်​ပဲ ​က​လေး​တွေ ​ဟာ ​ကြပ်​ကြပ် ​တည်း​တည်း ​နေ​နေ ​ရ​တယ် ​ဆို​ပြီး ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။

မုံ​ရွာ ​မြို့ ​လို​ပဲ ​ဧ​ရာ​ဝ​တီ​တိုင်း​ထဲ​က ​ဟ​င်္သာ​တ ​နဲ့ ​မွန်​ပြည်​နယ် ​မော်​လ​မြိုင် ​တို့​မှာ​လဲ ​ရော​ဂါ ​ဖြစ်​နှုန်း ​မြင့်​တက် ​နေ​တယ် ​လို့ ​စီ​မံ​ချက် ​မန်​နေ​ဂျာ ​ဒေါ်​ခင်​နန်း​လုံ ​က ​ပြော​ပါ​တယ်။

သွေး​လွန် ​တုပ်​ကွေး ​ရော​ဂါ​ဟာ ​ဇွန်၊ ​ဇူ​လိုင်၊ ​သြ​ဂုတ် ၃​လ​တာ ​ကာ​လ​မှာ ​အ​များ​ဆုံး ​ဖြစ်​ပွား​တာ ​ဖြစ်​ပြီး ​ဒီ​ကာ​လ ​လွန်​သွား ​ရင်​တော့ ​ဖြစ်​ပွား​နှုန်း ​ပြန်​ကျ ​သွား​လိမ့်​မယ် ​လို့​တော့ ​ဒေါ်​ခင်​နန်း​လုံ ​က ​ဆို​ပါ​တယ်။

သွေး​လွန်​တုပ်​ကွေး​ကြောင့် ​သေ​ဆုံး​မှု ​စံ​ချိန် ​တင်​ခဲ့​ရ​တဲ့ ၁၉၉၄ ​ခု​နှစ် ​တုန်း ​က​တော့ ​လူ​နာ ​အ​ဖိတ်​အ​စင် ၄၅၀ ​နီး​ပါး ​ထိ ​ရှိ​ခဲ့ ​ပါ​တယ်။

BBC Burmese

ဝိညာဉ်သရဲဇာတ်ရုပ်အတွက် မိတ်ကပ်အထူးပြုလုပ်ချက်တွေ လက်စွမ်းပြထားတဲ့ Hanna Yuri




လူငယ်အဆိုတော် ဘန်နီဖြိုး၏ ချစ်သူဖြစ်ပြီး ကြော် ငြာနှင့် ဖက်ရှင်ဓာတ်ပုံများရိုက် ကူးနေသည့်
လူငယ်မိတ်ကပ် ပညာရှင် Hanna Yuri က ၎င်း၏ ပထမဆုံးအတွေ့အကြုံအဖြစ် ကျော်သူ၊ ရန်အောင် စသည့် ဝါရင့်သရုပ်ဆောင်ကြီးများအ တွက် သရဲဇာတ်ကောင်မိတ်ကပ် အထူးပြုလုပ်ချက်ကို ဇာတ်ကား တစ်ကားစာ တာဝန်ယူပြင်ဆင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘မိတ်ကပ်ပညာကို ဘန် ကောက်မှာသွားရောက်သင်ယူခဲ့ တာပါ။ မိတ်ကပ်ပြင်တယ်ဆိုရင် အများစုက နဂိုရုပ်ထက်ပိုလှတာ ကိုပဲပြင်ကြတာ။ ညီမက ရိုးရိုး မိတ်ကပ်ပညာရော ခပ်ဆိုးဆိုး သရဲဇာတ်ကောင်လိမ်းခြယ်ခြင်း ကိုပါ သင်ယူထားတယ်။ သရဲ ဇာတ်ကောင်လိုမျိုးလိမ်းခြယ်ပေး ရတာကိုလည်း ညီမက ဝါသနာပါ တယ်လေ’’ဟု Hanna Yuri က ပြောသည်။

‘‘ဒါရိုက်တာ ဦးဝင်းထွန်း ထွန်းရိုက်မယ့် ဝိညာဉ်စိမ်းဇာတ် ကားအတွက် ဦးကျော်သူနဲ့ ဦးရန် အောင်ကို ပိုစတာရိုက်ဖို့အတွက် အစမ်းပြင်ပေးထားပါတယ်။ ရိုးရိုး လှအောင်လိမ်းရတဲ့မိတ်ကပ်နဲ့ မတူဘူးပေါ့။ သရဲမိတ်ကပ်က ကြောက်စရာကောင်းပြီး ရုပ်ဆိုး အောင်ပြင်ပေးရတာဆိုတော့ ကိုယ့်ရဲ့အိုင်ဒီယာနဲ့လည်းဆိုင် သွားတယ်။ ဆန့်ကျင်ဘက်လည်း ဖြစ်တော့ အသေးစိတ်လိမ်းပေးရ တာပေါ့’’ဟု Myanmar Media 7 မှ စီစဉ်သော ‘ဝိညာဉ်စိမ်း’ဇာတ် ကားတစ်ကားလုံးစာအတွက် သရဲဇာတ်ကောင်များကို တာဝန်ယူပြင်ပေးခြင်းနှင့်   ပတ်သက်၍ လည်း ၎င်းက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် သရုပ်ဆောင်များဖြစ် သော မင်းမော်ကွန်း၊ မြင့်မြတ်၊ ဟိန်းဝေယံနှင့် ကျော်ကျော်ဗိုတို့ ကိုလည်း သရဲဇာတ်ကောင်များ အဖြစ် ၎င်းက မိတ်ကပ်လိမ်းခြယ် ပေးမည်ဖြစ်သည်။
မိတ်ကပ်အမျိုးအစားစုံလိမ်း ခြယ်ခြင်းဆိုင်ရာများကိုလည်း စက်တင်ဘာလဆန်းတွင် ကိုယ် ပိုင်သင်တန်းကျောင်းဖွင့်လှစ်ပြီး သင်တန်းသားများအား  ပြန်လည် သင်ပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘မိတ်ကပ်ပညာကို အရမ်း ဝါသနာပါလို့ သင်ယူဖြစ်ခဲ့တာပါ။ ကျောင်းစစတက်တော့ အိမ်က သဘောမတူဘူး။ မယုံကြည်ဘူး ပေါ့။ ကိုဘန်နီဖြိုးကတော့ အား ပေးတယ်။ ကျောင်းတက်ဖြစ် အောင်လည်း သူပဲအားပေးခဲ့တာ။ အခု မိတ်ကပ်စတူဒီယိုကိုလည်း သူပဲအစအဆုံး  လိုက်ကူညီပေး တယ်’’ဟု Hanna Yuri က ပြော သည်။

7 day

ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ရွေးကောက်ပွဲဝင်တာလို့ ဦးအောင်မင်းပြော

လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်သောကြောင့် ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဩဂုတ်၂၇ က ပြည်ထောင်စု လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းသည် ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၇)တွင် အမျိုးသားလွှတ်တော်နေရာ အတွက် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရန် အမတ်လောင်းစာရင်း တင်ထားပြီးဖြစ်

ဘင်္ဂါလီ ၁၀ ဦးနှင့် ယာဉ်မောင်းတစ်ဦးအား မှော်ဘီမြို့နယ်၌ ဖမ်းဆီးမိ

ရန်ကုန်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်-ပြည်လမ်းအတိုင်း တိုက်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ပရိုဘောက်အငှားယာဉ် အား သြဂုတ် ၂၂ ရက်နေ့က ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ပြီး ယာဉ်မောင်း သန့်ဇင်ထွန်းနှင့် ဘင်္ဂါလီ ၁၀ ဦးအား လ၀ကမှ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းမိထားသည့် ဘင်္ဂါလီ ကျား ၅ ဦးနှင့် မ ၅ ဦးတို့သည် ရခိုင်ပြည်နယ်၊ သက္ကယ်ပြင်နှင့် သဲချောင်းကျေးရွာ တို့မှဖြစ်ပြီး ရန်ကုန်မြို့သို့ ၀င်ရောက်ရန် ပွဲစားဖြစ်သူ အာလီထံ တစ်ဦးလျှင် ငွေကျပ် ၁၀/၁၂ သိန်းပေးရ သည်ဟု ရဲသတင်းက ဖော်ပြ

ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာ ဥက္ကဌ ဝါကာအူဒင်ကို ဘာစာပေးသလဲ??

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာ (ဘင်္ဂါလီ) များ အခွင့်အရေးကို ဆောင်ရွက်ပေး မည်ဟု ကတိပြုပြီး NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကူအညီပေးပါရန် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေး တက်ကြွဆောင်ရွက်သူ ပါမောက္ခ ဝါကာဥူဒင်ထံသို့ ပေးစာ

ချစ်ခင်လေးစားရပါသော ပါမောက္ခကြီးဝါကာဥူဒင် ရှင့်

ကျန်းမာပကတိ ချမ်းသာအတိ ရှိလိမ့်မယ်လို့ မျှော်လင်ပါတယ် ရှင့်

ကျွန်မက ဒီစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ တစ်ယောက်အနေနှင့်ရော ကော့မှူးမြို့နယ်ကိုယ် စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနှင့်ရော ကျွန်မရဲ့လုပ်ငန်းတာဝန် လုပ်ပိုင်ခွင့်များထဲကနေ ပါမောက္ခကြီးဆီ ရေးသားပေးပို့တာ ဖြစ်ပါတယ်ရှင့် လာမယ့် နိုဝင်ဘာလရွေးကောက်ပွဲကြီးမှာ ကျွန်မတို့ရဲ့ မူဝါဒကြေငြာစာတမ်းက မည်သည့်လူမျိုး၊ မျိုးနွယ်စု၊ ဘာသာဝင်ဖြစ်စေ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးတူညီမှု အတွက် တိုက်ပွဲဝင်သွားမည် ဆိုတဲ့အချက်နှင့် စတင်ထားပါတယ် ရှင့် ဘယ်နေရာမဆိုရှိနေတဲ့ အဂတိလိုက်စားမှု နှင့် ခွဲခြား ဆက်ဆံမှုတွေကို ကောင်းကောင်းရင်ဆိုင်သွားနိုင်မယ်လို့ ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ ယုံကြည်တယ်

Wednesday, August 26, 2015

ခရီးသည်သေသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက ယာဉ်လိုင်းရှိ ကားအားလုံးပြေးဆွဲခွင့် ငါးရက်ပိတ်မည်



မထသလက်အောက်ရှိ ခရီးသည်တင်ယာဉ်များ ယာဉ်မ တော်တဆဖြစ်၍ လူသေဆုံးခဲ့ပါ က ယာဉ်ပြေးဆွဲခွင့် ခြောက်လ ပိတ်သိမ်းမည့်အပြင် အဆိုပါ ယာဉ်လိုင်းရှိ ယာဉ်များအားလုံးကို ပြေးဆွဲခွင့် ငါးရက် ထပ်မံပိတ် သိမ်းအရေးယူမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ ယခင်က မထသလက် အောက်ရှိ ခရီးသည်တင်ယာဉ်များ လူသေဆုံးသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက အဆိုပါယာဉ်ကိုသာ ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်းအရေးယူခြင်း ဖြစ်သည်။ ယခု သြဂုတ် ၂၆ ရက်မှစတင်၍ ယာဉ်လိုင်းရှိ အခြားယာဉ်များအားလုံးကိုလည်း ပြစ်ဒဏ်အနေဖြင့် ငါးရက်တာ ပြေးဆွဲခွင့်ရပ်နားအရေးယူမည်ဟု မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

‘‘အရင်က ပြစ်မှုကျူးလွန်တဲ့ ယာဉ်တွေကိုပဲ ခြောက်လပြေးဆွဲ ခြင်း ပိတ်သိမ်းအရေးယူမှုလုပ် တယ်။ အခုထပ်မံသတ်မှတ်လိုက် တာက ဒီလိုင်းပေါ်မှာကျန်ရှိတဲ့ ယာဉ်တွေကလည်း တစ်ဝက်ကို ငါးရက်စီ နှစ်ပိုင်းခွဲပြီး ပိတ်သိမ်း မယ်။ ယာဉ်တိုင်းယာဉ်တိုင်းငါးရက်ပြေးဆွဲခွင့်မရခြင်း ပြစ်ဒဏ်ခံရမယ်’’ဟု ၎င်းကပြောသည်။

ယာဉ်မတော်တဆဖြစ်၍ လူသေဆုံးမှုဖြစ်ခဲ့သော (၄၉) ယာဉ်လိုင်း၊(၅၁)ယာဉ်လိုင်း နှင့် (၅၇)ယာဉ်လိုင်းတို့ကို ယခုပြစ်ဒဏ်ဖြင့် စတင် အရေးယူထားပြီးဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။

ထို့ပြင် အဝေးပြေးခရီးသည် တင်ယာဉ်များမှာလည်း ယာဉ်မ တော်တဆဖြစ်၍ လူသေဆုံးပါက ယာဉ်တိုက်မှုဖြစ်သည့် ယာဉ်ကို ခြောက်လပြေးဆွဲခွင့်ရပ်နားခြင်း အပြင် အဆိုပါယာဉ်လိုင်းမှ ယာဉ် များအားလုံးကို ပြေးဆွဲခွင့်တစ်လတိတိထပ်မံပိတ်သိမ်း အရေးယူမည်ဟုဦးလှအောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း သြဂုတ် ၁ မှ ၁၅ ရက်အတွင်း ယာဉ် မတော်တဆဖြစ်မှု ခြောက်ကြိမ် တွင် တစ်ဦးသေဆုံးပြီး တိုင်ကြားမှုပေါင်း အကြိမ် ၁၆၀ အနက်၁၀၄ မှာ ယာဉ်စီးခပိုမိုတောင်းခံခြင်းဖြစ်၍ ယာဉ်နောက်လိုက်ကခရီးသည်ကို မချေမငံပြောဆိုဆက်ဆံမှုကြောင့် တိုင်ကြားမှု ၁၉ကြိမ်ရှိကြောင်း မထသ (ဗဟို) ထုတ်ပြန်ချက်အရ သိရသည်။

‘‘ယာဉ်စီးခပိုမိုတောင်းခံတာ တွေ၊ ယာဉ်နောက်လိုက်တွေ အ ပြောအဆိုရိုင်းစိုင်းတာတွေက အမြဲလိုလိုဖြစ်နေတုန်းပဲ။ သူတို့ ဒီလိုလုပ်တာက သက်ဆိုင်ရာကို လည်း သူတို့ဂရုမစိုက်လို့ ဖြစ်နေ တာပါ။ ဒါကြောင့် မထသက စည်းကမ်းချက်တွေထုတ်ပြီး အရေးယူ မှုကို ထိထိရောက်ရောက်လုပ် ဆောင်ရင် ခရီးသည်တွေ အခု ထက်ပိုပြီး အဆင်ပြေလာမှာပါ’’ ဟု အလုံမြို့နယ်နေခရီးသည် ဒေါ် ခင်လှကြည်က ပြောသည်။

Credit : 7Day Daily 

အမြန်လမ်းဂိတ်ကြေး တစ်ရက် ကျပ်သိန်း ၇၅၀ ကျော် ရရှိ



 ယာဉ်မတော်တဆ မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ သည့် ရန်ကုန်-မန္တလေးအမြန် လမ်းတွင် လမ်းအသုံးပြုဂိတ်ကြေး မှ တစ်ရက်လျှင် ကျပ်သိန်း ၇၅၀ ကျော်ရရှိကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောသည်။

‘‘အကြမ်းအားဖြင့် သိန်း ၇၅၀ကြားရှိတယ်။ စုစည်းပြီးတော့ နေ့စဉ် ဗဟိုဘဏ်ကို သွင်းပြီး နိုင်ငံတော်ဘတ်ဂျက်ထဲကို ဝင်ဖို့ လုပ် ပေးနေပါတယ်’’ဟု ဦးဝင်းဖေက ပြောသည်။
ယင်းဝင်ငွေ အတက်အကျ အပေါ် အချိန်နှင့်မပြတ် စောင့် ကြည့်ရန် ကော်မတီတစ်ရပ်ဖွဲ့ စည်းထားပြီး ထိန်းသိမ်း၍ နိုင်ငံ အတွက် ဝင်ငွေရှာပေးနေသည်ဟု ဆိုသည်။

လက်ရှိတွင် လမ်းအသုံးပြုခဂိတ်ကြေးများကို ရန်ကုန်မြို့ဝင်မြို့ထွက်၊ နေပြည်တော်မြို့ဝင်၊ မြို့ ထွက်နှင့် မန္တလေးမြို့ဝင်၊မြို့ထွက် ဂိတ်များတွင် အဓိကကောက်ခံနေ ပြီး မည်သည့်ကုမ္ပဏီကိုမှ လမ်း အသုံးပြုခွင့် ကောက်ခံခွင့်မပေး ထားဘဲ ဆောက်လုပ်ရေးဝန်ကြီး ဌာနကသာ ကောက်ခံလျက်ရှိ ကြောင်း သိရသည်။
အမြန်လမ်းကို အဆင့်မြှင့် တင်ရန်နှင့် ရှစ်လမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်ရန် လက်ရှိတွင် စိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီ ရှစ်ခုမှ တင်ဒါလာ ရောက်တင်ပြထားခြင်းများကို စိ စစ်ဆဲသာဖြစ်ပြီး မကြာမီ ရွေး ချယ်မည်ဖြစ်သည်။

ထို့ပြင် အမြန်လမ်းကို အ ဆင့်မြှင့်တင်ရန် ဂျပန်၊ အမေရိ ကန်၊ ကိုရီးယားနိုင်ငံများမှ နည်း ပညာအကူအညီ၊ ငွေကြေးအကူ အညီများရယူပြီး လုပ်ဆောင်နေ သည်ဟု သတင်းရရှိသည်။
ငါးနှစ်ကျော် တည်ဆောက်ခဲ့ပြီး မိုင် ၄၀၀ ကျော်ရှည်လျားသည့် အမြန်လမ်းတွင် ယာဉ်မတော်တ ဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ သွားရောက်သည့် ခရီးသည်တင် ယာဉ်အများစုမှာ အမြန်လမ်းကို ဖြတ်သန်းအသုံးပြု မှုလျော့ကျသွားခြင်းမရှိကြောင်း အဝေးပြေး ယာဉ်လိုင်းပိုင်ရှင် အချို့က ဆိုသည်။

‘‘လမ်းဟောင်းထက်စာရင် လမ်းမိုင်က တိုတယ်။ အချိန်မြန် တယ်။ လမ်းကြေးကောက်တာ လည်း စနစ်ကျတယ်။ တခြား လမ်းပိုင်းတွေနဲ့မတူဘူး။ လမ်းကအန္တရာယ်များတာလေးတစ်ခုပါပဲ။ လမ်းက ထပ်ပြီး အဆင့်မြှင့် တင်ရမယ့် အပိုင်းတွေတော့ အများကြီးကျန်သေးတယ်’’ဟု အမြန်လမ်းအသုံးပြုမောင်းနှင်နေသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ကရင်နဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ၂ ဦး ရာထူးမှအနားယူ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးတွေကနေ အငြိမ်းစားယူခွင့် ပြုလိုက်ကြောင်း သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သူတို့ ၂ ဦးစလုံးကို တပ်မတော်ကနေ အငြိမ်းစားယူခွင့် ပြုထားခဲ့ပြီး ဖြစ်တယ်လို့လည်း အဲဒီ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ - မြန်မာ

ဘင်္ဂါလီ ၁၀ ဦးနှင့် ယာဉ်မောင်းတစ်ဦးအား မှော်ဘီမြို့နယ်၌ ဖမ်းဆီးမိ



ရန်ကုန်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်-ပြည်လမ်းအတိုင်း တိုက်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ပရိုဘောက်အငှားယာဉ်အား သြဂုတ် ၂၂ ရက်နေ့က ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ပြီး ယာဉ်မောင်း သန့်ဇင်ထွန်းနှင့် ဘင်္ဂါလီ ၁၀ ဦးအား လ၀ကမှ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းမိထားသည့် ဘင်္ဂါလီ ကျား ၅ ဦးနှင့် မ ၅ ဦးတို့သည် ရခိုင်ပြည်နယ်၊ သက္ကယ်ပြင်နှင့် သဲချောင်းကျေးရွာတို့မှဖြစ်ပြီး ရန်ကုန်မြို့သို့ ၀င်ရောက်ရန် ပွဲစားဖြစ်သူ အာလီထံ တစ်ဦးလျှင် ငွေကျပ် ၁၀/၁၂ သိန်းပေးရသည်ဟု ရဲသတင်းက ဖော်ပြသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည့် သတင်းအရ ရန်ကုန်မြို့သို့ ၀င်ရောက်မည့် ဘင်္ဂါလီ စုစုပေါင်း ၁၈ ဦးအား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ သန့်ဇင်ထွန်း မောင်းလာသည့်ကားအပါအ၀င် စုစုပေါင်း ကား ၃ စီးဖြင့် တင်လာခြင်းဖြစ်သည်။

သြဂုတ် ၂၆ တွင် ထုတ်ပြန်သည့် ရဲတပ်ဖွဲ့ သတင်းအရ ယာဉ်မောင်း ဦးဌေးအောင်နှင့်အတူ ဘင်္ဂါလီ ကျား ၃ ဦး၊ မ ၁ ဦး။ ယာဉ်မောင်း ဥာဏ်လင်းအောင်နှင့်အတူ ဘင်္ဂါလီ ကျား ၄ ဦးတို့အား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မဇ္ဈိမက ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်စုံစမ်းရာ တာဝန်ရှိသူများ မအားအပ်သေးသဖြင့် သတင်းအသေးစိတ်နှင့် နောက်ဆက်တွဲကို မသိရှိရသေးပါ။

ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြုစာချုပ်ရေးထိုးရန် လွှတ်တော်အတည်ပြု

လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား လက်မှတ်ရေးထိုးခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ မြန်မာနိုင်ငံအား ပယ်ဖျက်နိုင် ရန် အထောက်အကူ ဖြစ်စေမည်ဟု သိရသည်။

ယင်းသို့ လက်မှတ်ထိုးလိုက်ပါက "ကလေးသူငယ်များ၏ အခွင့်အရေးကို တိုးမြှင့်ကာကွယ်စောင့်ရှောက်ရန် ခိုင်မာစွာ ပြသရာရောက်မည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ရှင်းလင်း ပြောဆို

တရုတ်သမ္မတအမေရိကန်ခရီးစဉ် Republican တွေဝေဖန်

တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုးချလိုက်တဲ့ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့အစုရှယ်ဈေးတွေ တဟုန်ထိုးကျ သွားနေတဲ့ အချိန်မှာပဲ မကြာခင် အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင်းပင်အပေါ် အမေရိကန်နိုင်ငံက ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းတွေက ဝေဖန်ပြောဆိုမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

ရှေ့လအတွင်း သမ္မတ ရှီကျင်းပင် အမေရိကန်ကို နိုင်ငံတော်ဧည့်သည်တော်အဖြစ် လာရောက်မယ့် အစီအစဉ်နဲ့ အိမ်ဖြူတော်မှာ ကျင်းပဖို့ရှိတဲ့ ညစာစားပွဲတွေကို ဖျက်ပေးဖို့ Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker က တိုက်တွန်းလိုက်ပါတ

ငရုတ်သီးဘူးလေးဆောင်ပါ

မကြာသေးမီက ရန်ကုန်မြို့ လမ်းလယ်ကောင်တွင် အမျိုးသမီးလေးတစ်ဦးကို အခြားအမျိုးသမီးနှစ်ဦးက ဓားထောက်လုယက်ခဲ့သည့်သတင်းက မြန်မာတွေအကြားက ဆိုရှယ်အင်တာနက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်းလာသူမိန်းကလေးတစ်ဦးကို အမျိုးသား တစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့ ကြိုးစားသည့်သတင်းကိုလည်း ကြားရပြန်သည်။

ထို့အပြင် ဘတ်စ်ကားပေါ်မှာ မိန်းကလေးတစ်ဦးကို အကာအကွယ်ယူပြီး အသားယူဖို့ကြံစည်သူ အမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရ သ

နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ်



ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရပ် ကျေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူ လေး ဦးနှင့် ခိုင်းစေညွှန်ကြားသူ မတ် ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး၊ စုစုပေါင်းငါးဦးကို နမ့်စန် မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သတင်းရရှိ သည်။
၎င်းတို့ငါးဦးကို နမ့်စန်မြို့ နယ်တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကတရား လိုပြုလုပ်၍ ပုဒ်မ ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တ ရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ ခြင်းဖြစ်သည်။
သို့သော် ၎င်းတို့ ငါးဦးမှာ တရားရင်ဆိုင်ရန် မလာရောက် သဖြင့် သြဂုတ် ၂၁ ရက်စွဲဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက် ကြောင်း သတင်းရရှိသည်။

‘‘တရားရုံးကိုမလာဘူး။ ရုံး ချိန်းကိုမလာတော့ နမ့်စန်မြို့နယ် တရားရုံးကနေ ခိုင်းစေသူတစ်ဦး နဲ့ ကျူးလွန်လူ လေးဦးပေါင်းငါး ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာပါ’’ ဟု ဦးနေဇော်နိုင်ကပြောသည်။
အဆိုပါဖမ်းဝရမ်းကို နမ့်စန် မြို့နယ်တရားရုံးမှတစ်ဆင့် နမ့် စန်မြို့မရဲစခန်းသို့ လွှဲပြောင်းထား ၍ဖမ်းဝရမ်းထုတ်ပြီးဖမ်းမိခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုရဦးမည် ဖြစ်ကြောင်း နမ့်စန်မြို့နယ် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်မှ သ တင်းရရှိသည်။

‘‘ဖမ်းဝရမ်းရထားတာတော့ မှန်ပါတယ်။ ဌာနေပြည်သူ့စစ်အ ဖွဲ့ကဖြစ်နေတဲ့အတွက် ၀ရမ်းကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်အထိ ပြန်ပြီးတော့တင်ပြထား ပါတယ်’’ ဟု နမ့်စန်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြော ကြားသည်။

နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်ကွက် နှင့်ကျေးရွာဆိုင်းဘုတ် (၂၆) ခုကို ဇူလိုင် ၂၁ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ဓားရှည်ကိုင် လူငယ် လေးဦးက လိုက်လံဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ညတွင်းချင်းပင် ရဲများကဖမ်းဆီးခဲ့သည်။

ထို့နောက် ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းတွင် ရဲအရေးမပိုင်၍ ဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့ သည်ဟု နမ့်စန်မြို့နယ် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်မှ သ တင်းရရှိသည်။

ပြန်လည်လွှတ်ပေးခဲ့သည့် လူငယ်လေးဦးမှာ စိုင်းမောင် (၂၂) နှစ်၊ စိုင်းစံ (၁၈) နှစ်၊ စိုင်း ထွန်းခိုင် (၂၅) နှစ်နှင့် အိုက်ဆာ (၁၉)နှစ်တို့ဖြစ်ပြီး နမ့်စန်မြို့နယ် ရှိ မတ်ကျန်းဌာနေပြည်သူ့ဆက် ဆံရေးရုံးမှ ဦးအောင်သန်း(ခ) ဦး လုံးသန်း၏ ခိုင်းစေချက်အရ ပြု လုပ်ခြင်းဖြစ်သည်ဟု ၀န်ခံထား ကြောင်း ဦးနေဇော်နိုင်က ပြော ကြားသည်။

နမ့်စန်မြို့တွင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့ လေးဖွဲ့ခန့်ရှိပြီး နားပွဲဌာနေပြည်သူ့စစ်၊ PNA ပ အိုဝ်းအမျိုးသားဌာနေပြည်သူ့စစ်၊ နားရိုင်း (SSS) ဌာနေပြည်သူ့စစ် နှင့် မတ်ကျန်းဌာနေပြည်သူ့စစ် တို့ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့သည်တပ်မ တော်၏ ကွပ်ကဲမှုအောက်တွင်ရှိ ပြီး ယခင်မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့များကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းထားခြင်း ဖြစ် သည်။

7 day

ရွေးကောက်ပွဲ ကော်မရှင်က နောက်ထပ် ကိုယ်စားလှယ်လောင်းတွေ ပယ်

  


 ကယားပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀)ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တစ်ဦးကို သက်ဆိုင်ရာ ကော်မရှင်က ပယ်ချ လိုက်ပါတယ်။

အမျိုးသား လွှတ်တော်က ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ် တစ်ဦးဟာ ဥပဒေအရ အသက် ၃၀ ပြည့်ရမှာ ဖြစ်ပါတယ်။

ကော်မရှင်က ပယ်ချလိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ အခုချိန်မှာ အသက် ၃၀ မပြည့်သေးပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာ အသက် ၃၀ ပြည့်မှာ ဖြစ်တဲ့အတွက် ကော်ရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံ ဝင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၃၀ ပြည့်တယ် ဆိုရင် ဥပဒေကြောင်းအရ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ရှေ့နေကြီး ဦးသိန်းညွန့်က ပြောပါတယ်။

အလားတူပဲ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် သင်္ကန်းကျွန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်ကိုလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ဆိုပြီး ကော်မရှင်က ပယ်ချခဲ့ပါတယ်။
ဒေါ်စန်းစန်းမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်စန်းစန်းမြင့် ၁၅နှစ် သမီးကတည်းက သူ့မိဘ ကွယ်လွန်သွားခဲ့ကြောင်းနဲ့ မိခင်က ကရင်၊ ဖခင်က မွတ်ဆလင် ဖြစ်လို့ ဘင်္ဂါလီ မြန်မာလို့ ရေးထားတာအပေါ် မူတည်ပြီး မိဘရဲ့ မှတ်ပုံတင် မပြနိုင်လို့ ဆိုပြီး အပယ်ခံခဲ့ရတာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။

အရင် ၅နှစ်၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ခွင့်ပြုခဲ့ပြီး အခုကျမှ ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ဦးနဲ့ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတဲ့ ဘူးသီးတောင် မြို့နယ်က ဝင်ရောက်ယှဉ် ပြိုင်မယ့် ဦးရွှေမောင်း ကိုလည်း ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီတဲ့အတွက် သက်ဆိုင်ရာ ကော်မရှင်က ပယ်ချထားပါတယ်။

ဒီလို ပယ်ချတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကတော့ အယူခံ ဝင်သွားမယ်လို့ သိရပါတယ်။

အယူခံဝင်လို့ ရှုံးနိမ့်သွားတယ်ဆိုရင်တော့ အဲဒီ မဲဆန္ဒနယ်အတွက် အစားထိုး ဝင်ပြိုင်လို့ ရတော့မှာ မဟုတ်ပါဘူး။

BBC Burmese

အရည်အသွေး မပြည့်မီသည့် ပဲဆီ ၁၀ မျိုး ဈေးကွက်ရုပ်သိမ်းရန် ကြေညာ


 
အရောအနှောများပါဝင်သည့် ပဲဆီ ၁၀ မျိုး၏ အမှတ်တံဆိပ်များကို ဩဂုတ် ၂၂ ရက်၌ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး အဆိုပါဆီများကို ဈေးကွက်မှ အမြန်ဆုံးရုပ်သိမ်းပေးရန် ကြေညာလိုက် သည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဦးစီးဌာန၏ စစ်ဆေးမှုအရ မြေပဲဆီဟု တံဆိပ် ကပ်ထားသော်လည်း အရောအနှောများဖြင့် စံနှုန်းမညီသည့်အတွက် ဈေးကွက်မှရုပ်သိမ်းရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်

အောင်သူ အာဆီယံအကောင်းဆုံး လူငယ်ကစားသမားဆုရ



၂၀၁၄ အာဆီယံ လူငယ်အကောင်းဆုံးဘောလုံးသမားဆုကို အောင်သူ လက်ခံရယူနေစဉ် (ဓာတ်ပုံ − နစ်ကီ)

မြန်မာ ယူ-၂၀ ဘောလုံးအသင်း၏ တိုက်စစ် မှူး အောင်သူသည် ၂၀၁၄ အတွက် အာဆီယံအကောင်း ဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သည်။

ရန်ကုန်မြို့ နိုဗိုတယ်မက်စ် ဟိုတယ်တွင် ကျင်းပသော အာဆီ ယံ အကောင်းဆုံး ဘောလုံးဆုများ ချီးမြှင့်ပွဲတွင် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ဘက် များကို အခက်တွေ့အောင် ခြေ စွမ်းပြခဲ့သည့် တိုက်စစ်မှူးအောင် သူက အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ သည်။
အောင်သူသည် ဗီယက်နမ် လူငယ် ကစားသမား ငုရင်ခုန် ဖောင်နှင့် မြန်မာယူ-၂၀ အသင်း မှ ကွင်းလယ်ကစားသမား ကျော် မင်းဦးတို့ကို ဖြတ်ကျော်ပြီး အ ကောင်းဆုံးဆု  ရရှိခဲ့ခြင်း  ဖြစ် သည်။
‘‘အာဆီယံ မက်ဆီလို့ တင် စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါ တယ်။ ကျွန်တော်ကြိုက်နှစ်သက် တဲ့ ကစားသမားနဲ့ နှိုင်းယှဉ်ခြင်းခံခဲ့ရတဲ့အတွက် အရမ်းပျော်ပါ တယ်။ ဒီဆုကြောင့် ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာပိုပြီး ခွန်အား ဖြစ်စေပါတယ်။ နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း အသင်းဖော် တွေနဲ့ အတူတူအကောင်းဆုံးကြိုး စားပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြှင့် တင်သွားဖို့အတွက် ရည်ရွယ်ထား ပါတယ်’’ဟု လူငယ်အကောင်းဆုံး ကစားသမားဆုရ အောင်သူက ပြောသည်။

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သို့ အာဆီယံနိုင်ငံများထဲမှ မြန်မာတစ်သင်းသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး၊ အာရှတိုက်မှ လေးသင်းသာ ၀င်ပြိုင်ခွင့်ရကာ လေးသင်းစလုံး အုပ်စုမှ ထွက်ခဲ့ရသည်။
ထို့အပြင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က ၂၀၁၄ အတွက် အာဆီယံအကောင်းဆုံးအဖွဲ့ချုပ် ဆုကို ရရှိခဲ့သည်။

၂၀၁၄အတွက် ဘောလုံးနှင့် ပတ်သက်သည့် ထူးချွန်ဆု ၁၈ဆု ချီးမြှင့်ရာ အာဆီယံအကောင်းဆုံး လူငယ်ကစားသမားဆုကို အောင် သူကရရှိပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က အကောင်းဆုံးအဖွဲ့ ချုပ်ဆု ထပ်မံရရှိခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက နည်းပြအမျိုး သားနှင့် အမျိုးသမီး၊ ကစားသမား အမျိုးသားနှင့် အမျိုးသမီး၊ လက် ရွေးစင်အသင်း အမျိုးသားနှင့် အမျိုးသမီးဆုများအပါအ၀င် ဆု ကိုးခုဖြင့် အများဆုံးရရှိခဲ့ပြီးမလေးရှားနိုင်ငံက ငါးဆု၊ မြန်မာ နိုင်ငံက နှစ်ဆု၊ စင်ကာပူနှင့် ဗီယက်နမ်တို့က တစ်ဆုစီအသီးသီးရရှိခဲ့သည်။

အကောင်းဆုံးဂိုးသွင်းသူစာ ရင်းတွင် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူးကျော်ဇေယျာဝင်း၏ သွင်းဂိုးမှာ ပဏာမစာရင်း၌ ပါဝင် ခဲ့သော်လည်း ဗီယက်နမ်နှင့်ဖိလစ် ပိုင်ပွဲတွင် သွင်းယူခဲ့သောဂိုးဖြင့် ဗီယက်နမ်မှ လီဟောင်ဘတ်က အကောင်းဆုံးဂိုးသွင်းဆုကို ရရှိခဲ့ သည်။

7 day

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ