မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အထောက်ကူတွေ ပေးထားတဲ့ EU ဥရောပသမဂ္ဂ ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အခြေနေအရပ်ရပ်အပေါ် မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
ဒီနေရာမှာ နည်းပညာအခက်အခဲ စိန်ခေါ်မှုတွေရှိနေတာကို တွေ့ရတယ်လို့လည်း EU သံတမန်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရှားဖေါင်က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်တဲ့ အဖွဲ့မှာပါဝင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဟာ လက်ရှိရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပါ