ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ရန်မရှိသော်လည်း ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် ဒေသအလိုက်ကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက
သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်သည် မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင် ၁၁၀ နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၁၆၀ ခန့် ပင်လယ်ပြင်ကို ဗဟိုပြု နေပြီး အဝါရောင်အဆင့်တွင်ရှိကာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရန် မရှိကြောင်း မိုးဇလက ဇူလိုင် ၂၆ ရက် ည ၇ နာရီတွင် ထုတ်ပြန်သည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မုန်တိုင်းငယ်၏အရှိန်ကြောင့် မုတ်သုံလေ အားကောင်း လာပြီး မိုးပိုနိုင်ကာ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများကျရောက်ကာ ရေပြင်မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့်မှာ ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားသတိပေးထားသည်။
သို့သော် မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင် နေရာအနှံ့မိုးရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ် ခြင်းနှင့် ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးဇလက သတိပေးသည်။
7Day Daily
No comments:
Post a Comment