Sunday, July 26, 2015

ကျပ်သိန်းပေါင်း (၃)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကျပ်သိန်းပေါင်း (၂)သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်နှင့် အခြားဆက်စပ် ပစွှည်းများအား တာချီလိတ်မြို့နယ် အတွင်း ဖမ်းဆီးရမိ



ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၄) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၅၂၆)ခြေမြန် တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ ၀င်များ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာအုပ်စု၊ မယ်လိတ်ပါကော် (အပေါ်)ရွာရှိ ဖါးဖါ၏ နေအိမ်နှင့် ရာဘာခြံအား မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းအရ ဇူလိုင် ၂၅ ရက်နေ့က ၀င်ရောက်စီးနင်း ရှာဖွှေခဲ့ကြောင်း သိရသည်။

ထိုသို့ဝင်ရောက် စီးနင်းရှာဖွေရာ ဖါးဖါ၏ နေအိမ်နှင့် ရာဘာခြံအတွင်းမှ ဖါးဖါနှင့် ဂမ်ရှဲန်၊ အားထူတို့(၃)ဦး အား ရာဘာခြံလျှိုအတွင်းရှိ တဲအတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၈၀၀ပြား၊ စိတ်ကြွ ရူးသွပ် ဆေးမှုန့် ၉၃.၉၂ ကီလို၊ မက်အက်ဖီတမင်း (အိုက်စ်) ၉ ကီလို၊ ဘိန်းဖြူ ၁၆ ဂရမ်၊ ကဖင်း ၂၄၈ ကီလို၊ စိတ်ကြွဆေးပြားရိုက်စက်(၁)စုံ၊ လုပ်သေနတ်(၁)လက်၊ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်နှင့်ဓါတု ပစွှည်းများ၊ မော်တော်ယာဉ်(၁)စီးနှင့် ဆိုင်ကယ် (၁)စီး အပါအ၀င် စုစုပေါင်း ဆက်စပ်ပစ္စည်း (၂၃)မျိုး သိမ်းဆည်း ရမိသည်။

အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်နှင့် အခြားဓါတုပစွှည်းများနှင့်အတူ ဖမ်းဆီးရမိသော ဖါးဖါ(ကျား) ၃၉ နှစ်၊ ဂမ်ရှဲန် (ကျား) ၃၂ နှစ်၊ အားထူ(ကျား) ၄၀ နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ) ဖြင့်လည်းကောင်း၊ မယ(ပ)၁၁၄/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၁၆(ခ)/၂၁ ဖြင့် လည်းကောင်း၊ မယ(ပ)၁၁၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၁၆(ခ)/၂၂(ခ)/၂၁ ဖြင့် လည်းကောင်း အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

သတင်းနှင့်ဓာတ်ပုံ - တာချီလိတ်မူးယစ်
ခရိုင်ပြန်/ဆက်
MOI
မြန်မာ့သားကောင်း

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ