Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Thursday, September 24, 2015

ဗုဒ္ဓဘာသာဝင်တိုင်း ကုလားထိရင်နာတတ်ကြတဲ့ ကုလားဘက်တော်သားတိုင်း ဖတ်ဖြစ်အောင်ဖတ်ကြပါ။

သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကား မိန့်ကြား ။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့သည် ၂၁-၈-၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့် ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်သည့် စကားများ လူကြီးမင်းများခင်ဗျား၊

ကောင်းသောနံနက်ခင်းပါ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။ တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ဘာသာတရားစတင်ပေါ်ပေါက်

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသော ဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦး လူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည်ကြောက်စိတ်ကိုအခြေခံ၍ နေကို ကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ြ

Sunday, September 13, 2015

အိမ်ပြင်ကသူခိုး အိမ်တွင်းကကြံရာပါတွေနဲ့ ရင်လေးစရာမြန်မာ့သစ်တောများ

တရုတ်တွေ မြန်မာပြည်တွင်းမှာ သစ်တွေအဆမတန်လာရောက်ခိုးထုတ်တဲ့အကြောင်းကို သတင်းစာတွေ ဂျာနယ်တွေထဲမှာ အကျယ်တ၀င့်ဖော်ပြလို့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ ဒီလို လူသိရှင်ကြားတွေ ဖြစ်လာတော့မှအချို့သောသူတွေက အစိုးရမကောင်းလို့ ဘာညာပြောကြတာကို မြင်ရတွေ့ရတယ် အမှန်တစ်ကယ်က အစိုးရတစ်ဦးတည်းကြောင့်တော့မဟုတ်ဘူး ပြည်သူတစ်ရပ်လုံးက သစ်တောသစ်ပင် တွေကို ထိန်းသိမ်းဖို့ ဆိုတာကိုခေါင်းထဲမှာထည့်မထားလို့ ဖြစ်ရတာ ဖြစ်ပါတယ်။

ဘယ်သူ့ မှာတာဝန်အရှိဆုံးလည်း ဘယ်သူက တရားခံအစစ်အမှန်လည်းဆိုတာကို အဖြေရှာကြည့်မယ် ဆိုရင် မီးခိုးကြွက်လျှောက်ဆိုသလိုပဲတစ်နွယ်ငင်လိုက်ရင် တစ်စင်လုံးပါလာမှာပါ အစိုးရမှာတာဝန်ရှိသလို
နယ်စပ်မှာ လက်နက်ကိုင်ဆောင်နေတဲ့ တိုင်းရင်းသားတွေနဲ့ သာမန်ပြည်သူ တွေလည်းပါဝင်တာကို မြင်တွေ့ ရမှာပါ နောက်ဆုံးအရင်းစစ်လိုက်ရင် ကျွန်တော်တို့ခင်ဗျားတို့ တစ်တွေမှာလည်း တာဝန်မကင်း ဘူးဆိုတာ မြင်တွေ့ သိရှိလာကြမှ

Thursday, September 10, 2015

စက်မဖတ်တဲ့ CD / DVD များကို ငှက်ပျော်သီးနဲ့ ဖတ်အောင်လုပ်မယ်

တကယ်ကိုကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့ CD / DVD တွေဟာအသစ်ထပ်မထွက်
တော့ဘူး ခွေကလည်းမဖတ်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကိုသုံးလိုက်ပါ။ သင်၏ CD / DVD 
ဟာကောင်းမွန်သွားပါလိမ့်မယ်။

အသုံးပြုပုံလေးကတော့-

Wednesday, August 26, 2015

ငရုတ်သီးဘူးလေးဆောင်ပါ

မကြာသေးမီက ရန်ကုန်မြို့ လမ်းလယ်ကောင်တွင် အမျိုးသမီးလေးတစ်ဦးကို အခြားအမျိုးသမီးနှစ်ဦးက ဓားထောက်လုယက်ခဲ့သည့်သတင်းက မြန်မာတွေအကြားက ဆိုရှယ်အင်တာနက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်းလာသူမိန်းကလေးတစ်ဦးကို အမျိုးသား တစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့ ကြိုးစားသည့်သတင်းကိုလည်း ကြားရပြန်သည်။

ထို့အပြင် ဘတ်စ်ကားပေါ်မှာ မိန်းကလေးတစ်ဦးကို အကာအကွယ်ယူပြီး အသားယူဖို့ကြံစည်သူ အမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရ သ

Friday, May 29, 2015

အမျိုးသမီးကို ဘယ်ဘက်မှာ ထားရခြင်း

အနောက်တိုင်းမှာ မင်္ဂလာဆောင်တဲ့အခါ သတို့သမီးကို ဘယ်ဘက်မှာပဲထားကြ ပါတယ်။ အကြောင်း က တော့ အခြားသော ယောင်္ကျားများက၊ ရန်သူများက မိမိရဲ့ ချစ်သူကို လာရောက် လုယူတဲ့အခါ ဓားထုတ်ပြီး အဆင်သင့် တိုက်ခိုက်နိုင်အောင် ဖြစ်ကြောင်း

Thursday, May 28, 2015

အသွေးအသားနဲ့ ဆောက်တည် ငါတို့ရဲ့မြန်မာပြည်

"ဒီလို နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးချိန်၊ အကြပ်အတည်းလုပ်ချိန်၊ အနိုင်ကျင့်ချိန်မှာ၊ မြန်မာ ပြည်တွင်းသာမက ပြည်ပမှာရှိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေထဲကလည်း မြန်မာနိုင်ငံကို ဘယ်လောက် အစစ်အမှန် ချစ်ကြသလဲဆိုတာ ထင်ထင်ရှားရှားပေါ်လာမယ်။ မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေသူ၊ အနာဂါတ်မှာအုပ်ချုပ်ချင်ကြသူ တွေထဲကလည်း မြန်မာနိုင်ငံကို ဘယ်လောက်ချစ်ကြသလဲ၊ မြန်မာပြည်သူပြည်သားတွေလုံခြုံရေးကို ဘယ်လောက်အလေးထား ဆောင်ရွက်ကြသလဲ၊ ကိုယ့်မြန်မာနိုင်ငံ နှင့် အမိမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ဘယ်အတိုင်းအတာအထိ ဦးဏှောက်ရှိရှိ ကာကွယ်နိုင်မလဲ... ဆိုတာ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ပြိုင်တဲ့ ပွဲလိုပါပဲ။။

Thursday, February 5, 2015

ရေနဲ့မောင်းမယ့် Mercedes-Benz Ener-G-Force


ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။


တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: autoblog
Aung Kham (ရိုးရာလေး)

Wednesday, January 21, 2015

ခေါင်းဆောင်နှင့် ခေါင်းရှောင်


ဖူးကျော်ဇင် (Future Wave)
JOB seekers Journal Vol.2,No.52
အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။
တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။
ခေါင်းဆောင်မှန်ရင် တာဝန်ယူမှု အပြည့်ရှိရပါမယ်။ တချို့သော ခေါင်းဆောင်လုပ်နေသူတွေကတော့ တာဝန်ယူမှုထက် အခွင့်အရေး ယူမှု ကိုသာ ဦးစားပေးတတ်တယ်။ ဒီလို ဦးဆောင်သူမျိုးဟာ ခေါင်းဆောင် မဟုတ်ပါဘူး။ တာဝန်ကို ရှောင်ပြီး အခွင့်အရေးကိုသာ ယူတတ်လို့ သူတို့ကို “ခေါင်းရှောင်”လို့သာ ခေါ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင် နဲ့ ခေါင်းရှောင် ဘာတွေကွာခြားသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။
“ခေါင်းဆောင်” ဟာ တာဝန်ယူတတ်တယ်။ “ခေါင်းရှောင်”ဟာ အခွင့် အရေး ယူတတ်တယ်။ “မှန် နဲ့ ပြတင်းပေါက်” ဆိုတဲ့ သာဓကလေး တစ်ခုကို ကြားဖူးပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာရင် “ခေါင်းရှောင်” ဟာ မှန်ကြည့် တတ်တယ်တဲ့။ မှန်ကြည့်တော့ သူ့မျက်နှာ သူမြင်ရတာပေါ့။ အဖွဲ့အစည်းတိုးတက်လာတာ “ငါ့ကြောင့်ကွ” လို့ အမှတ်ယူတတ်တယ်။ သူက အဖွဲ့အစည်းတိုးတက်နေရင်သာ အမှတ်ယူတတ်တာ။ အဖွဲ့ အစည်းအခက် အခဲနဲ့ ပြဿနာတွေကြုံနေပြီဆိုလို့ရှိရင် တာဝန်မယူချင်တော့ဘူး။ ဒီအခါ သူကမှန် ကိုမှောက်ထားပြီး ပြတင်း ပေါက်ကို ဖွင့်ကြည့်ပါတယ်။ ပြီးရင် တွေ့သမျှလူကို တာဝန်လွှဲချလေ့ ရှိတတ်ပါတယ်။ အပြစ်ပုံချလေ့ရှိတတ်ပါတယ်။
ခေါင်းဆောင်ဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖွဲ့ အစည်း အောင်မြင်တိုးတက်လာရင် ခေါင်းဆောင်က ပြတင်းပေါက်ကြည့်တယ်။ လူတွေကို အားပေးဂုဏ်ပြုတယ်။ အခုလို အောင်မြင်လာတာ မင်းတို့ကြောင့်လို့ ချီးကျူးတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာ တွေ ကြုံလာပြီဆို ရင် ခေါင်းဆောင်ဟာ မှန်ကိုကြည့်ပါတယ်။ ငါ့အဖွဲ့ အတွက် ငါ့မှာ တာဝန်အပြည့် ရှိတယ်ဆိုတာ အမှတ်ရအောင်ပေါ့။ ဒါမှ ခေါင်းဆောင်အစစ်ဖြစ်မှာပါ။ ပြဿနာကြုံ လို့ ခေါင်းရှောင်ပြီး တာဝန်ကို သူများအပေါ် ပုံချတတ်တာ ဟာ ခေါင်းရှောင်ကောင်းတွေ လုပ်လေ့ရှိတဲ့ အချက်ပါ။
အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်မှု ပုံစံလေးတွေ (Leadership Style) အမျိုးစုံရှိပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ လည်း ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုပုံစံ (Style) နဲ့ ဦးဆောင်ရမယ်ဆိုတာ သိရှိနေ ဖို့လိုပါတယ်။ အဖွဲ့အစည်းရဲ့ ရှေ့ဆုံးမှ ဦးဆောင်ခြင်း၊ အလယ်မှ ဦးဆောင်ခြင်း နဲ့ အနောက်က ဦးဆောင်မှုပေးခြင်းဆိုပြီး အကြမ်းဖျင်း အနေနဲ့ မှတ်သားနိုင်ပါ တယ်။
ခေါင်းဆောင်လုပ်သူဟာ အဖွဲ့အစည်းအရှိန်ရလို့ ကောင်းကျိုးတွေနဲ့ တွေ့ ကြုံနေချိန်မှာ အနောက်ကနေ ဦးဆောင်မှုပေးပါတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာတစ်စုံတစ်ရာ ကြုံလာပြီဆိုရင်တော့အရှေ့ကိုတက်လာပြီး ရှေ့ ဆုံးက မားမားမတ်မတ်ရပ်တည် ဦးဆောင်ပါတယ်။
ခေါင်းရှောင်သူဆိုတာကတော့ အဖွဲ့အစည်း ကောင်းစားချိန်မှာ ရှေ့ဆုံး ကနေ လက်မထောင်ပြီး လူလုံးပြလေ့ရှိပေမယ့် အဖွဲ့အစည်းမှာ အခက်အခဲ တစ်စုံတစ်ရာကြုံလာတဲ့အခါ နောက်ဆုံးကိုပြေးပြီး ရှောင်ပုန်း တတ်တဲ့သူပါ။ အဓိကကတော့ တာဝန်ယူဖြေရှင်းရဲတတ် သတ်္တိမရှိတာပေါ့။ အဖွဲ့အစည်းအပေါ် စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မရှိ တာပေါ့။ခေါင်းဆောင်ဟာ ကိုယ်အနစ်နာခံပြီး အဖွဲ့အစည်းကောင်းစား အောင်ကြိုးစားတတ် တယ်။ ခေါင်းရှောင်ကတော့ အဖွဲ့အစည်းကို နစ်နာ အောင်လုပ်ပြီး (နင်းတက်ပြီး) ကိုယ်ကောင်းစားအောင် ကြိုးပမ်းအား ထုတ်တတ်တယ်။
တာဝန်ကိုရှောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အကြီးအကဲဟာ ဘယ်လိုမှ ခေါင်းဆောင်မတင်ထိုက်တဲ့သူပါ။ ခေါင်းဆောင် မဖြစ်ထိုက်တဲ့ ခေါင်းရှောင်သူဟာ လိပ်လို လူမျိုးပါ။ လိပ်ဟာ ကိုယ့်ဘက်သာ ကိုယ်ယက်တတ်ပြီး အန္တရာယ်အခက်အခဲကြုံလာရင် ခေါင်းကိုဝှက်ထားတတ်ပါ တယ်။ ဒီလိုခေါင်းဆောင်မျိုးဆိုရင်တော့လက်ရှိမှာအဆင့်တစ်နေရာရောက်နေပေ မယ့် မကြာခင်မှာ ခေါင်းဆောင်အဖြစ်က ကျရှုံးမှာဖြစ်ပါတယ်။
ခေါင်းဆောင်လုပ်သူကိုယ်တိုင်က တာဝန်တွေရှောင်၊ ပြဿနာဖြေ ရှင်းမှုတွေ ကို ရှောင်ဖယ်ပြီးနေရင် သူဦးဆောင်နေတဲ့ အဖွဲ့သားတွေ ကိုယ်တိုင်ကလည်း သူ့လိုပဲ ခေါင်းရှောင်တွေဖြစ်လာကြမှာပါပဲ။ ဒီလို ခေါင်းရှောင်သူတွေ အဖွဲ့ အစည်းတွေမှာ ၊ နိုင်ငံတွေမှာ များပြားလာပြီ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ခေါင်းဆောင်အမည်ခံထားပြီးတာဝန်မယူတတ်တဲ့ ခေါင်းရှောင်သူ မဖြစ်စေဘဲ ခေါင်းဆောင်ကောင်းတွေဖြစ်စေဖို့ ကျင့်သုံးရ မယ့် အချက်လေးတွေ ကို မျှဝေပါရစေ။
၁။ ခေါင်းဆောင်ကောင်းအဖြစ် ယူထိုက်တဲ့ တာဝန်တွေကို သတ်္တိရှိရှိယူရဲပါ။ ဆင်ခြေဆင်လက်တွေပေးပြီး တာဝန်ရှောင်ဖို့ မစဉ်းစားပါနဲ့။ အဖွဲ့အစည်းရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ခေါင်းဆောင်မှာ တာဝန်ရှိ တယ်လို့ ခံယူထားပါ။
၂။ အဖွဲ့အစည်းရဲ့ ပန်းတိုင်အတွက်သာမက နောက်လိုက်ငယ်သားများရဲ့ လိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။ ဒါမှသာ နောက်လိုက်ငယ်သားများက ခေါင်းဆောင်ဖြစ်သူကို ယုံကြည် ကိုးစားလာပြီး ခေါင်းဆောင်ကောင်းအဖြစ် အသိမှတ်ပြုခြင်း ရှိလာမှာဖြစ်ပါတယ်။
၃။ တာဝန်ကို ရှောင်တတ်တာဟာ ခေါင်းဆောင်မှု ကျဆုံးခြင်းရဲ့ လမ်းစဖြစ် တယ်ဆိုတာကို အမြဲသတိတရရှိနေဖို့ လိုအပ်ပါတယ်။
၎။ အဖွဲ့အစည်းရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အဖွဲ့သားတွေ အားလုံးရဲ့ စံပြပုဂ်္ဂိုလ်တစ်ယောက်ဖြစ်အောင် နေထိုင်ပါ။
၅။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို အဖွဲ့အစည်းမကောင်း ခေါင်းဆောင်ခေါင်းဆိုတာကို သတိရပြီး အဖွဲ့အစည်း အတွက် အနစ်နာခံ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါစေ။

Thursday, January 8, 2015

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုသူများသိထားရန်


ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။ 

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့်တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။ 

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး) 

Wednesday, January 7, 2015

ယောက္ခမကို တိုက်တဲ့ဆေး


အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။
တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဥာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါ တယ်။ ပြီးတော့ ဆေးလဲ ပေးလိုက်ပါသတဲ့။ ဒါမှလည်း သေကြောင်းကြံကြောင်းကို မသိမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန် စွာ ပြောဆိုဆက်ဆံ ပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေး တတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ် လာပြီး အတ္တတွေ နည်းလို့ အဆင်ပြေလာကြ ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလည်း လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်း များ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာ အဆင်ပြေ နေပါပြီ။
ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရနေတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။
"ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ"
သင်ခန်းစာ -
လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်က အလိုအလျောက် ပြောင်းလဲ လာလိမ့်မယ်။ သင်ကောင်းလျှင် ကျိုးမဆိုးပါ မဟုတ်။ သင်ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ လိုအပ်သည်။ ကိုယ်ကောင်းဖို့ လိုအပ်သည်။ လုံးဝ ပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ရလျှင်တောင် "လူတိုင်းဟာ မေတ္တာနှင့် မထိုက်တန်လျှင်တောင် မိမိကိုယ်ကိုက မေတ္တာနှင့် ထိုက်တန်သည်ဟု သတ်မှတ်ယူ၍ အမြဲ ကောင်းအောင် နေရပါမည်"။ မေတ္တာဟူက ရောင်ပြန်ဟပ်သည်။
အောင်ခမ်း (ရိုးရာလေး)

Monday, January 5, 2015

ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်တွင် ၂၀၁၄ တစ်နှစ်လုံး၏ ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ်အဖြစ် Huawei ဆက်လက်ရပ်တည်

ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်တွင် ၂၀၁၄ တစ်နှစ်လုံး၏အရောင်းရဆုံး မိုဘိုင်းဖုန်းအမှတ်တံဆိပ် အဖြစ် Huawei က ဆက်လက် ရပ်တည်နေကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း လုပ်ငန်းမှစုံစမ်း သိရသည်။
တရုတ်နိုင်ငံထုတ် အဆိုပါ အမှတ်တံဆိပ်မိုဘိုင်းဖုန်းများသည် ပြည်တွင်းဈေးကွက်အတွင်း၌ ယခုအချိန်ထိ ကာလကြာမြင့်စွာ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အရောင်းရဆုံးအမှတ်တံဆိပ်အဖြစ် ဆက်လက် ရည်တည်နိုင်သည့် အဓိက အကြောင်းရင်းမှာ မည်သူမဆို တတ်နိုင်သည့် အမျိုးမျိုးသော ဈေးနှုန်းများရှိခြင်းနှင့် အခြေခံလူတန်းစားများ အတွက် အဆင်ပြေသည့် အမျိုးအစား များစွာရှိနေခြင်းတို့ကြောင့်ဟု အထက်ပါမိုဘိုင်းဖုန်းလုပ်ငန်းမှ ဈေးကွက် ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားသည်။
“Huawei ရဲ့ဈေးနှုန်းတွေက အခြေခံလူတန်းစာတွေတတ်နိုင် တဲ့အနေအထားကနေစပြီးတော့ ဈေးကွက်ထဲမှာရှိတဲ့အတွက် လူတန်းစားမရွေးအတွက် ရှိနေတဲ့သဘောပါ။ အများဆုံး ဝယ်ယူသူ တွေကတော့  အခြေခံလူတန်းစားနဲ့ ဝင်ငွေလခအသင့်အတင့်ရှိကြတဲ့ ဝန်ထမ်းတွေများတယ်”ဟုလူကြီးမင်း မိုဘိုင်းဖုန်းလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂၀၁၄  တစ်နှစ်လုံးတွင်  ရောင်းအားအကောင်းဆုံး မိုဘိုင်းအမှတ် တံဆိပ်အဖြစ် Huawei ဆက်လက် ရပ်တည်နေနိုင် သကဲ့သို့  တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် Samsung အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ၏ ဝယ်လိုအားသည်လည်း ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
Android OS  ဖြစ်သည့် အဆိုပါ အမှတ်တံဆိပ် နှစ်မျိုးစလုံး၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်းဖုန်း အမျိုးအစားများသည် ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းသည့်အပြင် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကိုလည်း ထည့်သွင်းထားခြင်းကြောင့် Samsung  အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များ၏ ဝယ်လိုအားလည်း တက်လာခဲ့ခြင်းဖြစ်ကြောင်း  အထက်ပါ မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။
“ဈေးကွက်မှာ Samsung ကလည်းလိုက်တက်လာတယ်။  သုံးစွဲသူတွေအတွက်ကတော့ ရွေးချယ်စရာတွေ ပိုများလာတာပေါ့။ ရွေးချယ်စရာ များလာတဲ့အတွက် ဈေးကွက်ယှဉ်ပြိုင်မှု ကလည်း ပိုပြင်းထန်လာတယ်”ဟု  Mobile  Mother မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
ပြည်တွင်းမိုဘိုင်းဖုန်းသုံးစွဲသူများ အနေဖြင့်လည်း မိုဘိုင်းဖုန်းတစ်လုံး မဝယ်ယူမီအချိန်တွင် ဈေးနှုန်းအမျိုးအစား အမျိုးမျိုးရှိသည့် Huawei အမှတ်တံဆိပ်ကို ဦးစားပေးစဉ်းစားကြပြီး ဒုတိယဦးစား ပေးအနေဖြင့် Samsung အမှတ်တံဆိပ်ကို ဝယ်ယူရန် စဉ်းစားကြကြောင်းသိရသည်။
“ကိုယ့်ရဲ့လခဝင်ငွေနဲ့ဆို Huawei လောက်ကို ကောင်းကောင်းကိုင်နိုင်တယ်။ နောက်ဆုံးထွက် model အသစ်လောက်ဆို ဈေးက အရမ်းမြင့်ပေမယ်လို့ ကိုယ့်ဝင်ငွေနဲ့ချိန်နိုင်တယ်။ အများဆုံး သုံးဖြစ်တာက Huawei ပါပဲ။ Samsung ကိုလည်းသုံးကြည့်ဖူးပါတယ်။ နောက်ဖုန်းတစ်လုံး ပြောင်းရင်တော့ Samsung နဲ့တခြား အမှတ်တံဆိပ်တွေကို ပြောင်းသုံးကြည့်ဖို့ စဉ်းစားထားတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် Android OS မိုဘိုင်းဖုန်းများကို အများဆုံးအသုံးပြုကြပြီး ယင်းတို့အနက် Huawei နှင့်  Samsung အမှတ်တံဆိပ်များပြီးလျှင် LG အမှတ်တံဆိပ်သည်လည်း ဈေးကွက်အတွင်း သုံးစွဲသူ တိုးတက် လာနေကြောင်း စုံစမ်း သိရသည်။ လက်ရှိ မိုဘိုင်းထုတ်ကုန်များတွင် ဈေးနှုန်းအမြင့်ဆုံးနှင့် စွမ်းဆောင်ရည်ပိုမိုသာလွန်သည့် Apple အမှတ်တံဆိပ်၏ iOS ထုတ်ကုန် မိုဘိုင်းဖုန်းကို အသုံးပြုသူ အရေအတွက်လည်း တိုးတက်လာနေပြီး  နောက်ဆုံးထွက်ရှိထားသည့် iPhone 6 နှင့် iPhone 6 Plus အမျိုးအစားများ၏ ဝယ်လိုအားများလည်း ကောင်းမွန်နေကြောင်း  အထက်ပါဈေးကွက်မှ သိရသည်။
အင်တာနက်ဂျာနယ်

Tuesday, December 23, 2014

စည်းကမ်း


“စည်းကမ်းသည် လူ၏တန်ဖိုး ” ဆိုသည့် အသိအမြင်ခံစားချက်ကို လူသားတို့ ကျောက်ခေတ်ကိုကျော်လွန်ပြီး ယဉ်ကျေးမှုကို စောင့်သိလာသည့်အချိန်မှစတင်၍ လက်ခံယုံကြည်လာကြသည်။
စည်းကမ်းကိုချုပ်ချယ်သည်။ ထိန်းကွပ်သည်ဟူ၍ယူဆလာရမှတစ်ဆင့်မြှင့် ဗိုလ်ကျစိုးမိုးသည်၊ အနိုင်ကျင့်သည်  အထိ ထင်မြင်လာကြသည်။
စည်းကမ်းဆိုသည်မှာ လူသားအားလုံးထိန်းသိမ်းကြရမည့် မွေးရာပါတာဝန်၊ အနိမ့်ဆုံးတမ်းရွက်ရမည့် တာဝန်တစ်ခု အနေအဖြင့်သာ သိသင့်ပါသည်။ လူ၏တန်ဖိုးပိုင်းဖြတ်မှု “ စံ” တွင် စည်းကမ်းလိုက်နာမှုအတိမ်အနက်ဖြင့်သာ စံထိုးသင့်၊ ပေတိုင်းသင့်ပါသည်။
 “အိမ်မှာနေစဉ် အိမ်စည်းကမ်း၊ ကျောင်းမှနေစဉ် ကျောင်းစည်းကမ်း၊ လမ်းပေါ်ရောက်လျှင် လမ်းစည်းကမ်း၊ ရုံးဌာန ရောက်လျှင် ရုံးတွင်းစည်းကမ်း” နေရာတိုင်းမှာထားရှိနေသော စည်းကမ်းများကို လိုက်နာကျင့်ကြံကြပါက အန္တရယ် ကင်းပမည်။ မထီမမဲ့ပြုခြင်း၊ ချိုးဖောက်ခြင်းပြုလာက ပြုမှုသူ၏အတိုင်းအတာအလိုက် တုံ့ပြန်ပေးဆပ်ကြရပေမည်။
စည်းကမ်းလိုက်နာမှုကို တဒင်္ဂ၊ တစ်ခဏ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်တာအချိန်တိုအတွင်း လိုက်နာဆောင်ရွက်ခြင်း မဟုတ်ဘဲ ထာဝရသေတစ်ပန်သက်ဆုံး လိုက်နာကျင့်ကြံအပ်သော စည်းကမ်းဖြစ်သည်။
သမိုင်းဦးဘုံမြေခေတ်မှသည် ယနေ့တိုင်ယဉ်ကျေးမှုအသိုင်းအဝိုင်း၌ လူသားတိုင်းကလိုက်နာကျင့်ကြံခဲ့သော “စည်းကမ်း” သည်သာဖြစ်သည်။ ကမ္ဘာဝယ် စင်ကာပူသည် စည်းကမ်းထိန်းသိမ်းမှု၌စံအဖြစ်ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ခဲ့သည်။ လူ့တန်ဖိုးကို စည်းကမ်းလိုက်နာမှုစံအဖြင့် ထိန်းကျောင်းပေးနိုင်ခဲ့သည်။
စည်းကမ်းသည် လူသားတို့လိုက်နာရန်သတ်မှတ်ထားအချက်ဖြစ်သည်။ လူတစ်ဦးချင်း၏ ကြီးပွားရေး၊ နိုင်ငံနှင့်လူမျိုး တိုးတက်ရေး၊ လူ၏တန်ဖိုးကို အဆုံးအဖြတ်ပေးသည်။
“စည်း” ဟူသော ဝေါဟာရသည် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ သင့်တင့်မျှတအောင်ကာရံဘောင်ခတ်ထား ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ “ကမ်း” ဟူသောဝေါဟာရသည် ကမ်းစပ်၊ ကမ်းရိုးတန်း၊ ဘောင်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆို ထားသည်။
“စည်း” သည်နယ်မြေကို သတ်မှတ်ချက်ဖြစ်သည်။ ရွာတွင်စည်းထားရှိသည်။ လုပ်ငန်းခွင်တွင် စည်းတားထားသည်။
“ကမ်း”သည်ချောင်း၊ မြောင်းတို့၏ နယ်မြေကိုသတ်မှတ်သည်။ ကမ်းမရှိသော ချောင်း၊ မြောင်း၊ မြစ်တို့မှရေသည် နိမ့်ရာသို့ ဥဒဟိုစီးဆင်းနိုင်စွမ်းသည်။
ရွာနယ်နိမိတ်သည် “ စည်း” ၊ ချောင်းမြောင်းမြစ်တို့၏နယ်မြေသတ်မှတ်ချက်သည် “ကမ်း” ဖြစ်သည်။ လူသားတို့၏ယဉ်ကျေးမှုနယ်ပယ်တွင် တိုင်းထွာသတ်မှတ်ချက်သည် “ စည်းကမ်း” ပင်ဖြစ်သည်။
“ စည်းကမ်းသည် လွတ်လပ်မှုနှင့်မျှတမှုတို့ပေါင်းစပ်ထားခြင်းဖြစ်သည်”ဟူ၍ စာဆိုဆရာတက်တိုးက အနက်ဖွင့်ဆို ခဲ့သည်။ လွတ်လပ်မှု၌ နယ်နိမိတ်ရှိသည်။ သတ်မှတ်နယ်နိမိတ်ကို ကျူးကျော်လျှင် ဒဏ်ခတ်ခြင်းခံရမည်။
ပျော်ရွှင်ခြင်းနယ်နိမိတ်ကို ကျော်လွန်၍ စည်းကျော်သွားပါက အပျက်သဘောသို့ဦးတည်သွားသည်။ တန်ဆေး လွန်ဘေးဟူ၍ ဆိုရိုးစကားထားရှိခဲ့ပြီးဖြစ်သည်။ သူတစ်ပါး၏ လွတ်လပ်မှုကိုထိပါးလာပါက၊ လွန်ကျူးလာပါက ရမ်းကား ဆိုးသွမ်းခြင်းအသွင်ဆောင်သွားသည်။ လူ့ဘဝ၊ လူ့ခန္ဓာကိုယ်ဝယ် စည်းကမ်းမရှိခဲ့လျှင် လွတ်လပ်မှု၊ လွတ်လပ်ခွင့်မရှိ၊ မျှတမှု ကင်းလျှင် လူဖြစ်ရှုံးရပေမည်။
စည်းကမ်းက လူ့ဘဝ၊ လူသားအားလုံးကို တိုးတက်မှု၏ “သော့ချက်” ဖြစ်သည်။ သက်ရှိသတ္တဝါများတွင် လူနှင့်တိရစ္ဆာန်တို့ဘဝအနေအထားနှစ်ခုပိုင်းခြားထားသောစည်းတံတား၊ တံတိုင်း၊ပိုင်းခြားမှုနယ်နိမိတ်ပင်ဖြစ်သည်။
လူ့ဘောင်အလွှာအသီးသီးတွင် ဘောင်ချင်းတူသော်လည်း မြင်းမိုရ်တောင် နှင့်ခြတောင်ပို့သည်ကွာခြားသည်။ ရေချင်းတူသော်လည်း သမုဒ္ဒရာနှင့်လက်ယက်တွင်းသည် ကွာခြားသည်။ အလင်းရောင်ချင်းတူသော်လည်း လမင်းနှင့် ပိုးစုန်းကြူးသည် ကွာခြားသည်။ လူချင်းတူသော်လည်း စည်းကမ်းလိုက်နာသူနှင့်စည်းကမ်းမဲ့သူကွာခြားသည်။
စည်းကမ်းသည် “ အိမ်” ပမာ နွေးထွေးရမည်။ စည်းကမ်းသည် ထောင်ပမာကျဉ်းကျပ်၍မဖြစ်ပါ။ စည်းကမ်းက “ချုပ်ချယ်မှု” နှင့်“ထိန်းသိမ်မှု” နှစ်ခုကို တိုင်းဆပေသည်။ “မလျော့မတင်း စောင်းကြိုးညှင်း” ဟု ခိုင်းနှိုင်းစကားက စည်းကမ်း၏အနေအထား၊ အတင်းအလျော့ကိုပြဆိုသော ပြယုဂ်ဖြစ်သည်။
          စည်းကမ်းနှင့်စပ်လျဉ်း၍ မြန်မာစာဆို အချုပ်တန်းဆရာဖေက “မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ် ပြီ၊ မှီငြမ်းထောင်အသစ်မှီသည်၊ ညစ်ပလီလူမျိုး၊ မိပစ်လို့ဖရှောင်သွေသည်၊ ခွကောင်တွေခွေးဖြစ်ပေါ့ဗျို့” ဟူ၍ နာကြည်းစွာ ရေးစပ်ခဲ့သည်။ နယ်ချဲ့ဗြိတိသျှသံဖနောင့်အောက်နှင့်ဖက်ဆစ်ဂျပန်တို့၏ ဓားအောက်ကျရောက်စဉ်က မြန်မာတို့ကို အမျိုးဂုဏ်၊ ဇာတိမာန်နိုးထအောင် လေသက်ပေးခဲ့သော တေးထပ်ဖြစ်ခဲ့သည်။ စည်းကမ်း၏တန်ဖိုးကို မီးမောင်းထိုးပြ ထားသော စာတစ်ပုဒ်အနေဖြင့် မြန်မာစာပေလောကဝယ် နေရာယူနိုင်ခဲ့သည်။ စည်းကမ်းသည် လူတို့၏အသက်၊ လူမျိုးတို့၏တန်ဖိုး၊ တိုင်းပြည်၏ ဂုဏ်သိက္ခာအဖြစ်ဖြင့် သိစေ၊ မြင်စေသည်။
          လွတ်လပ်ရေးရပြီးနောက်ပိုင်း တေသံရှင်အဆိုကျော်မေလှမြိုင်က -
          “စည်းကမ်းဆိုတဲ့သည်စကား ကြားရသူတိုင်းမှာ၊ အတွေးဂယက်မှာ၊ အလေးအနက်သာ၊ ထားသင်ကြတာ၊ စာလုံးလေးတွေ အက္ခရာတစ်လုံးတည်းသာအဖြေရှာ၊ တွေးကြည့်ပါမှသာ တန်ဖိုးအနဂ္ဃထိုက်တန်ပါပေတာ” ဟူသော နားဝင်ပီယံမြောက်ပြီး မှတ်သားဖွယ်စာသားလှလှကလေးများက အနာဂတ်ခေတ်ကာလဝယ် လူငယ်မျိုးဆက်သစ်များကို မီးမောင်းထိုးလက်တွဲခေါ်နေမည်သာဖြစ်သည်။
          “ အကွပ်မရှိသောကြမ်း ပရမ်းပတာ” မဖြစ်ရလေအောင် ထိန်းကျောင်းပဲ့ပြင်ပေးရမှာက မိဘအုပ်ထိန်းသူနှင့်ဆရာ များ၏ အဓိကတာဝန်ဖြစ်သည်။
          မြန်မာစာပေတွင် မြန်မာအဘိဓာန်ကျမ်း၌ ”စည်းကမ်းကို လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်” စည်းဟူသည် ပိုင်းခြား သတ်မှတ်ထားသော ခြံဝင်း၊ အကာအရံ၊ ကမ်းဟူသည် ပင်လယ်၊ မြစ်၊ ချောင်း၊ တောင်တို့၏နံပါးအရပ်” ဟူ၍ ဖွင့်ဆိုထားပေ သည်။

မြန်ဂုဏ်ဆောင်

Tuesday, December 9, 2014

အဖေတစ်ယောက်ရဲ့ ခံစားချက်


အိမ်ထောင်ကြပြီ ဆိုတည်းက ကျွန်တော့ အမျိုးသမီး ဖြစ်သူကို မပူမပင်နဲ့ အေးအေး
ဆေးဆေး နေစေချင်တယ်။ တစ်ခါ တစ်လေမှာ ကျွန်တော်ဟာ ဝင်ငွေ အများကြီး မရှာနိုင်ပေမယ့် ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်စေဖို့ အမြဲတန်း ဖန်တီးချင်တယ်။
သားသမီးတွေ ကိုလည်း အစစအရာရာ အများနှင့် တန်းတူနေနိုင် စားနိုင်အောင် ဘယ်လိုကြိုးစား ရမလဲ ဆိုတာကို အမြဲတန်းစဉ်စား နေရပါတယ်။ တကယ်တော့
အဖေဆိုတာဟာ မိသားစု တစ်ခုလုံးအတွက် အဓိက တာဝန်ရှိသူ တစ်ယောက် ဆိုလည်း မှားမယ် မထင်ဘူး။ တစ်ခါတစ်လေမှာ အမျိုးသမီး အပေါ် စိတ်အလိုမကျတာလေးတွေ ရှိနေပေမယ့်လည်း နားလည် ခွှင့်လွှတ်ရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်နေရတယ်။ နားလည်မူ ဆိုတာ အိမ်ထောင် တစ်ခု အတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်တယ်လေ။
ဖခင်တစ်ယောက် အနေနဲ့ ငွေရအောင် ရှာပေးရုံနဲ့ မိသားစုကို တာဝန်ကျေတာ မဟုတ်ပါဘူး။ မိသားစုမှာ ဖြစ်နေတဲ့ ပြဿနာ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးနိုင် ရမယ်။ ဒါ့အပြင် သားသမီးတွေနဲ့ ရှေးရေး အတွက်လည်း အကောင်းဆုံး လမ်းပြပေးနိုင် ရလိမ့်မယ်။ ဖခင် တစ်ယောက်ရဲ့ မိသားစု အပေါ် တာဝန်တွေကတော့ ကြီးလေး လှပါတယ်။
Photo By -carfillustration
ကျော်လင်းနိုင် (ရိုးရာလေး)

Wednesday, November 12, 2014

iPhone 6 ၉၉ လုံးနဲ့ ချစ်ခွင့်ပန်ပေမယ့်




တရုတ်ပြည်မကြီးမှာ ၁၁ ရက်၊ ၁၁ လ ဟာ Single Day ဖြစ်ပါတယ်။ အဲ့ဒီနေ့ကို celebrate မလုပ်ချင်သူများက ယင်းနေ့မတိုင်ခင်က ချစ်သူ ရအောင် ကြိုးစားကြပါတယ်။ ယင်းကဲ့သို့ ကြိုးစားသူများထဲမှာ ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသားလည်း ပါဝင်ပါတယ်။
ကွန်ပြူတာ ပရိုဂမ်မာ တစ်ဦး ဖြစ်ပြီး ငွေကြေးအားဖြင့်လည်း ချမ်းသာတဲ့သူပါ။ Single Day တစ်ရက်မတိုင်ခင် သူ ကြိုက်နေတဲ့ မိန်းကလေးတစ်ဦးကို iPhone 6 ၉၉လုံးနဲ့ ချစ်ခွင့် ပန် ပါတယ်။ ၉၉ လုံးကို အသည်းပုံ ပုံစံ ဖြစ်အောင် ပုံမှာ မြင်တွေ့ရသလို ဝိုင်းထားပါတယ်။ ပြီးတော့ ယင်း အလည်ခေါင်သို့ ခေါ်ပြီး ချစ်ခွင့်ပန်ပါတယ်။ ရလဒ်ကတော့ ဝမ်းနည်းစရာ ပါပဲ။ ရူးကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်နဲ့ ဖန်တီးတဲ့ လုပ်ရပ်ကြောင့်မို့ မိန်းကလေးက ငြင်းဆိုကြောင်း ဆိုပါတယ်။ ကောင်လေးကတော့ အမေရိကန်ဒေါ်လာ ၈၅၀၀၀ (၈သောင်းခွဲ) အကုန်ကျခံပြီးတော့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကောင်မလေးက လက်မခံဘူး ဆိုောတ့ ဒီ iPhone 6 ၉၉ လုံးကို သူဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားနေကြ ပါတယ်။
Give away များ လုပ်လေမလားဆိုတော့ မျော်သူကလည်း မျော်လို့ ပေါ့။ ကောင်လေးဟာ သူ့အနေနဲ့ ငွေကြေး အမြောက်အများ ရှိကြောင်းကို ကြွားဝါချင်ပုံ ရပါတယ်။ အမှန်တော့ Dinner ဖိတ်ပြီး လက်ဆောင်တစ်ခုခု ပေးရင်တော့ ရနိုင်တဲ့ အနေအထားမို့လို့ ကောင်လေးရဲ့ ကြိုးစားမှုဟာ ခဲလေသမျှ သဲလေကျခဲ့ရတယ်လို့ပဲ ဆိုရပါတော့မယ်။
အောင်ခမ်း (ရိုးရာလေး)

Tuesday, November 4, 2014

မေမေတစ်ယောက်တည်းပဲ .......


မူကြို
ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက "အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်"
အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို စိတ်ဒုက္ခအပေးဆုံး... ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။
"ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့ မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့"
အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။
၂)
မူလတန်း
ဆရာမိဘအစည်းအဝေးမှာ ဆရာမက "ကျောင်းသား ၅ဝမှာ အစ်မရဲ့သားက အဆင့်၎ဝ၊ သူ့အသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့်ပါဦး"
အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို "ဆရာမက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့် စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကိုတောင် ကျော်နိုင်တယ်တဲ့" လို့ ပြောလိုက်တယ်။
သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့ သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။
နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့တယ်။
၃)
အလယ်တန်း
ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ သားနာမည်ဟာ မပါမဖြစ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို သူမေးလိုက်တယ်။
"အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး"
စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ဝမ်းသာအားရတဲ့ အသံနဲ့ " သား... သားရဲ့အတန်းပိုင် ဆရာမက ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်တယ်တဲ့"
၎)
သား အထက်တန်းအောင်ခဲ့ပါပြီ။
တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။
သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့ သားကို သူပြောခဲ့လို့ဖြစ်တယ်။
အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြားစာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။
"မေမေ... သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ"
သားစကားကြောင့် ၁ဝနှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ မိခင်ဖြစ်သူ၏ ပူဆွေးသောကတွေက သူ့ပါးပြင်ပေါ် ဝမ်းသာကြည်နူးတဲ့ မျက်ရည်အသွင်ဖြင့် စီးကျလာခဲ့လေသည်
ထိုကလေးသည် နောင်တစ်ချိန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ၂၄ ဆက်မြောက်သမ္မတ ဘီလ်ကလင်တန်ဟူသောအမည်ဖြင့် ထင်ရှားလာခဲ့လေသည်
Credit - Original Writer

Thursday, September 25, 2014

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ရန်


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။
Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -
- အားသွင်းစဉ် ဖုန်းပြောခြင်း
Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။
- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း
ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။
- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း
အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။
- အားအလွန်အကျွံသွင်းခြင်း
အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။
- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း
အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။
.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
aung kham

Wednesday, September 24, 2014

ကလေးများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက အပြစ်ရှာခြင်းမပြုဘဲ မည်သည့် အတွက်ကြောင့် ဖြစ်သည်ဆိုခြင်းကိုသာ အဖြေရှာရန်လိုအပ်ဟု စိတ်ပညာပါရဂူဆို


ရန်ကုန်၊ စက်တင်ဘာ ၂၃-
ကလေး များတွင် ပြဿနာ တစ်စုံတစ်ရာဖြစ် ပွားပါက အပြစ်ရှာခြင်း မပြုဘဲ မည်သည့် အတွက်ကြောင့် ဖြစ် သည်ဆိုခြင်းကိုသာ အဖြေရှာရန် လိုအပ်သည်ဟု စိတ်ပညာပါရဂူ ဒေါက်တာသိန်းလွင်က အကြံပြုပြော ကြားသည်။
''မိဘတွေကတစ်ခုခုကို ပြုပြင် ပေးလိုက်ပြီဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေနောက်ပိုင်း ဖြစ်မလာ ဖို့ အရေးကြီးပါတယ်။ အဲဒီလိုထပ် ဖြစ်လာပြီဆိုရင် မိမိတို့ကလေးကို ပြုပြင်တဲ့နေရာမှာ လိုသေးတယ်။ ဒါကြောင့် ဘာပြင်ရမလဲဆိုတာကို ပြန်စဉ်းစားရမယ်'' ဟုဒေါက်တာ သိန်းလွင်ကဆိုသည်။
ယင်းသို့ပြုပြင်ပေးသည့်ကာ လတွင် ကလေး၌အကောင်းမြင်စိတ် တစ်စုံ တစ်ခုရရှိရန်လိုအပ်ကြောင်း၊ ယင်းကာလတွင် ကလေးသည် ငြို ငြင်သွားခြင်း၊ မျက်နှာမကြည်မသာ ဖြစ်သွားခြင်းစသည့် လက္ခဏာများ မဖြစ်စေဘဲ ကောင်းသည့်အမြင် တစ်ခုခုကို ရရှိသွားရန် လိုအပ်ကြောင်း နှင့် မဟုတ်ပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများရရှိစေနိုင် ကြောင်းရှင်းပြ ပြောသည်။
''ကလေးတစ်ယောက်ကို ကောင်း မွန်စွာပြုပြင်ပေးနိုင် ခဲ့တယ်ဆိုရင် နောင်အနာဂတ်မှာ အဲဒီကလေးက ငါ့မိဘက ငါ့ကိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့တာပဲဆိုတာကို အဲဒီ ကလေးက သိသွားဖို့လိုအပ်တယ်''ဟုဆိုသည်။
ကလေးအားဆုံးမရာတွင် ဖိ အားများအသုံးပြုပါက ဆုံးမရခြင်း မှာ အရာမရောက်တော့ကြောင်း၊ သို့ဖြစ်ရာ လက်ရှိ ဖြစ်ရပ်ကိုသာ အလေးထားပြီး ယခင်က ဖြစ်ခဲ့ သည့် ကိစ္စရပ်များအား ပြန်လည် အစဖော်ပြောကြားဆုံးမခြင်းများ လုံးဝမပြုလုပ်သင့်ကြောင်းသိရသည်။
''အလုပ်မဖြစ်တဲ့ ပြုပြင်နည်း ဆိုရင် မသုံးပါနဲ့။ ကျွန်တော်တို့ ကလေးတွေကို ပြုပြင်တဲ့နေရာမှာ လတ်တလော ကောင်းဖို့ အရေး ကြီးသလို ရေရှည်အတွက်ပါ စဉ်း စားပြီးတော့ လုပ်ဆောင်သင့်ပါ တယ်။ လတ်တလောတစ်ခုပဲကောင်းပြီး တော့ ရေရှည်မှာမကောင်းဘူးဆိုရင် အဲဒီနည်းလမ်းကို မသုံးသင့်ပါဘူး'' ဟုယင်းကဆိုသည်။
ထို့ပြင် ကလေးများကို ရိုက် နှက်ဆုံးမခြင်းများ မလုပ်သင့် ကြောင်း၊ အပြုအမူများ ကောင်းစေ ချင်၍ ဆုံးမသည့်အခါတွင်လည်း အေးအေးဆေးဆေး နာခံမည့်အချိန် များကို ရွေးချယ် ဆုံးမသင့်ကြောင်း နှင့် ပြဿနာဖြစ်ကာမှ ဆူပူဆုံးမ ခြင်းမျိုး မပြုလုပ်သင့်ကြောင်း စိတ်ပညာပါရဂူကြီး ဒေါက်တာသိန်း လွင်ကပြောကြားခဲ့သည်။
KTM
YMG

Wednesday, September 17, 2014

“ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက် ”


“ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက် ”
အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်မှာ အဆန်းတကြယ် မဟုတ်။ လူတိုင်းလိုလိုသိပြီး ဖြစ်သည်။ လိုက်နာကျင့်သုံး ဆောင်ရွက်ရန်သာလို၏ ။ အောင်မြင်လိုသူတိုင်း၌...........
၁။ ပြင်းပြသောစိတ်ဆန္ဒ ရှိရမည်။
၂။ ကိုယ် ဘာလိုချင်သလဲဆိုတာ အသေအချာ စဉ်းစားဆုံးဖြတ် သတ်မှတ်ထားပြီးသော ရည်မှန်းချက်ပန်းတိုင် ရှိရမည်။
၃။ ထိုပန်းတိုင်သို့သွားရန် ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်။
၎။ အချိန်ကို စနစ်တကျအသုံးချတတ်ရမည်။
၅။ သင်ဆရာ၊ မြင်ဆ၇ာ၊ ကြားဆရာ စသည့် ဆရာကောင်းသမားကောင်း ရှိရမည်။
၆။ ကိုယ့်ကို အထောက်အကူပြုနိုင်သော မိတ်ဆွေကောင်း ရှိရမည်။
၇။ ကိုယ့်ဝါသနာရည်မှန်းချက်ကို အထောက်အကူပြုနိုင်သောအလုပ်ကို စဉ်ဆက်မပြတ် လုပ်ရမည်။
၈။ ဘ၀အားမာန်ဖြစ်စေသော စာအုပ်များကို ဖတ်ရမည်။
၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ရှိရမည်။
၁၀။ အခက်အခဲအကျပ်အတည်းနှင့် ရှုံးနိမ့်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရမည်။
နည်းစနစ်ကျကျအတွေးအခေါ်

Wednesday, August 27, 2014

မီးလောင်မှု ဖြစ်ပွားနိုင်သည့် laptop ပါဝါကြိုး ၆ သန်းကျော်ကို HP ပြန်လည်သိမ်းဆည်း


အပူလွန်ကဲမှု ဖြစ်ပွားပြီး မီးလောင်နိုင်သောကြောင့် Compaq notebook များ၊ အသေးစား notebook ကွန်ပျူတာများနှင့် docking station များကဲ့သို့ AC adapter ဆက်စပ်ပစ္စည်းများနှင့် ချိတ်ဆက် အသုံးပြုနိုင်သော ပါဝါကြိုး ၆ သန်းကျော်ကို ကမ္ဘာတစ်ဝန်းမှ ပြန်လည်သိမ်းဆည်းသွားမည်ဟု Hewlett-Packard မှ ကြေညာခဲ့သည်။
အဆိုပါ ပါဝါကြိုးကို LS-15 ဟုခေးဆိုပြီး ၎င်းသည် အနက်ရောင်ဖြစ်ကာ AC adapter ၏ အဆုံးတွင် LS-15 ဟု တံဆိပ် ရိုက်နှိပ်ထားသည်။ ၎င်း ပါဝါကြိုးများသည် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် ဇွန်လအထိ ထုတ်လုပ်ခဲ့သော HP laptop များနှင့် ဆက်စပ်ပစ္စည်းများတွင် ပါဝင်သည်။
“ံHP က အပူလွန်ကဲမှုကြောင့် အရည်ပျော်ပြီး အသေးစား မီးလောင်မှုဖြစ်ပွားတဲ့ တိုင်ကြားချက် ၂၉ ခုနဲ့ အသေးစား ပျက်စီးဆုံးရှုံးမှု ဖြစ်ပွးတဲ့ တိုင်ကြားချက် ၁၃ ခုကို လက်ခံရရှိခဲ့ပါတယ်” ဟု HP ကုမ္ပဏီမှ ထုတ်ပြန်ပြောကြားခဲ့သည်။
ယခုကဲ့သို့ HP က ပါဝါကြိုးများ ပြန်လည် သိမ်းဆည်းခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ၂၀၁၃ ခုနှစ်ကလည်း HP Chromebook 11 ၏ ပါဝါကြိုးသည် အပူလွန်ကဲမှု ဖြစ်ပွားသောကြောင့် ဆိုင်များမှ ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း Google နှင့် HP တို့မှ ဝန်ခံပြောကြားခဲ့သည်။ ထို့အပြင် အပူလွန်ကဲမှုကြောင့် ဒဏ်ရာရရှိပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးခဲ့ရပြီးနောက် HP notebook ဘက်ထရီများကိုလည်း ပြန်လည် သိမ်းဆည်းခဲ့ရသည်။
HP ကုမ္ပဏီကမူ LS-15 ပါဝါကြိုး သုံးစွဲသူများ အနေဖြင့် ၎င်းတို့ကို သုံးစွဲနေမှုအား ချက်ချင်းရပ်ဆိုင်းပြီး ကုမ္ပဏီနှင့် ဆက်သွယ်ကာ အခမဲ့ လဲလှယ်သင့်ကြာင်း အကြံပြုထားသည်။
Ref: CNET
Internet 

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ