Tuesday, July 14, 2015

ထောင်ဒဏ်ငွေဒဏ်များ တိုးမြှင့်ထားသည့် မော်တော်ယာဉ်ဥပဒေကြမ်း ထုတ်ပြန်

လက်ရှိဥပဒေထက် ထောင်ဒဏ်ငွေဒဏ်တွေ တိုးမြှင့်ထားတဲ့မော်တော်ယာဉ်ဥပဒေကြမ်းကို ဇူလိုင်လပထမ ပတ်က ထုတ်ပြန်လိုက်ပါတယ်။ဇူလိုင်လ ပထမပတ်ကထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ်ဥပဒေကြမ်းမှာ အခန်း ၁၄ ခန်း ပုဒ်မ ၈၆ ခုပါဝင် ပါတယ်။

ဒီဥပဒေကြမ်းရဲ့ အခန်း ၁၀ ပြစ်ဒဏ်တွေမှာ ယာဉ်ကိုဘေးအန္တရာယ်ဖြစ်အောင် မောင်းနှင်တာအပါအဝင် မော်တော်ယာဉ်နဲ့ ပတ်သတ်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အနည်းဆုံးထောင်ဒဏ် ၃ လ၊ ကျပ် ၃ သောင်းက နေ အမြင့်ဆုံး ကျပ် ၁၀ သိန်းထိ ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

မော်တော်ယာဉ်ဥပဒေကြမ်းပါ ပြစ်ဒဏ်တွေဟာ ယာဉ်စည်းကမ်းထိန်းသိမ်းမှု၊ ယာဉ်မောင်းတွေ စည်းကမ်း ဖောက်ဖျက်မှုကိုကာကွယ်ဖို့ အထိုက်အလျောက် အထောက်အကူပြုနိုင်တယ်လို့ မထသဗဟို ဥက္ကဋ္ဌက သုံးသပ်ပါတယ်။

ဒါပေမယ့် ဥပဒေကြမ်းပါ ပြစ်ဒဏ်တွေဟာ ယာဉ်မောင်းတွေအတွက် ပြင်းထန်နေတယ်လို့ ယာဉ်မောင်း တစ်ဦးက ဆိုပါတယ်။

ဒီဥပဒေရဲ့ နည်းဥပဒေမှာတော့ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရေး အချက်အပါအဝင် စက်ဘီး၊ ဆိုင်ကယ် မောင်းနှင်သူတို့ လိုက်နာရမယ့် အချက်တွေကိုပါ ထပ်မံထည့်သွင်း သွားမယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ