Wednesday, July 8, 2015

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးမောင်အေး လေဖြတ်ဝေဒနာခံစားနေရ

တောင်သာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း)ဦးမောင်အေး လေဖြတ်ရောဂါဝေဒနာ ခံစား နေရသော်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကပြော သည်။

သူက ''ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက လေတော့ဖြတ်ထားတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဘာမှနိုင်ငံရေးလဲ စိတ်မဝင်စားပါဘူး။ သူ့အခန်းကဏ္ဍပြီးခဲ့ပြီ။ သူလုပ်ခဲ့တာ တွေလဲပြီးခဲ့ပြီလို့ ပြောတယ်။ အားလုံး အေးအေးဆေးဆေးပါပဲ။ ဟိုဘက်မှာ ကောင်းတာရှိရင် သူခံစားရမယ်၊ မကောင်းတာရှိရင်လဲ သူခံစားရမယ်။ သူကတော့ နိုင်ငံရေးကိုဝင်စွက်ဖက်ခြင်း၊ စိတ်ဝင်စားခြင်းမရှိတော့ဘူး။ အဲဒီတော့ တစ်စုံတစ်ရာ ဝေဖန်ခြင်းလဲမရှိဘူး။ သူက အေးဆေးပါပဲ''ဟု ပြောသည်။

ယခင် နဝတ၊ နအဖအစိုးရသက် တမ်းနှစ်ခုတွင် ဦးမောင်အေးသည် ဒုတိယဥက္ကဋ္ဌရာထူးဖြင့် အစိုးအဖွဲ့တွင် တာဝန်ယူခဲ့သည့်အပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးရာထူးဖြင့်လည်း နိုင်ငံ၏ ဒုတိယသြဇာအာဏာအရှိဆုံး တပ်မတော်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ် အရပ်သားအစိုးရကူးပြောင်းချိန်တွင် ဦးမောင်အေးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ ရာထူးမှအနားယူခဲ့ပြီး လူမြင်ကွင်းမှ အပြီးပိုင် ကွယ်ပျောက်သွားသည့် ထိပ်တန်းစစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ယခုအခါ သူသည် နေပြည်တော်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိကြောင်း ခမည်းခမက်တော်စပ်သူ ယခင်စက်မှု (၁)ဝန်ကြီးနှင့် ယခုအခါ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်ယူထားသူ ဦးအောင်သောင်းက ပြောသည်။

TheYangonTimes

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ