Thursday, July 23, 2015

ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေရှာမယ့်သားစိုး

ကန့်ဘလူရေဘေးအတွက် ဖိုးချစ်နှင့်ပေါင်း၍ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ရန်ပုံငွေဖျော်ဖြေပွဲများ ပြုလုပ် သွားရန် အစီအစဉ်ရှိကြောင်း အဆိုတော် သားစိုးကပြောသည်။

‘‘ကန့်ဘလူကလည်း ဖိုးချစ် ဇာတိဆိုတော့ သူ့ကိုဖုန်းလှမ်းဆက်ရင်း ပွဲလုပ်ဖို့စီစဉ်ဖြစ်တာ။ ရန်ကုန်မှာတော့ ဇူလိုင် ၃၁ ရက် လုပ်ဖို့သေချာသွားပြီ’’ဟု ၎င်းက ပြောသည်။

ဖျော်ဖြေပွဲပြုလုပ်မည့်နေရာကို ရွေးချယ်ဆဲဖြစ်ပြီး ဖျော်ဖြေမှုအစီအစဉ်များကို ဖိုးချစ်၏ဇာတ်အဖွဲ့နှင့် ပေါင်း၍ တင်ဆက်သွားမည်ဟု ၎င်းကပြောသည်။

‘‘MCC နဲ့ ကန်တော်ကြီး မျှော်စင်ကျွန်း ဘယ်နေရာမှာလုပ် ဖြစ်မလဲမသိသေးဘူး’’ဟုသားစိုး ကပြောသည်။ ရန်ကုန်ပွဲပြီးနောက် ရန်ပုံငွေကို မန္တလေးမြို့တွင် သြဂုတ် ၂ ရက်၌ပြုလုပ်နိုင်ရန် ကြိုးစားနေပြီး အသေးစိတ် အစီအစဉ်များကို ဖိုးချစ်နှင့်တိုင်ပင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

ရန်ပုံငွေဖျော်ဖြေပွဲဖြစ်သောကြောင့် လက်မှတ်ရောင်း၍ ဖျော်ဖြေခြင်းထက် ပရိသတ်များထဲမှ အလှူခံရန် စဉ်းစားထားပြီး အခြားအနုပညာရှင်များလည်း ဖျော်ဖြေပွဲတွင်ပါဝင်ရန် ကြိုးစားသွားမည် ဟု သားစိုးကပြော သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ