Showing posts with label တိုင်းရင်းသားရေးရာ. Show all posts
Showing posts with label တိုင်းရင်းသားရေးရာ. Show all posts

Thursday, September 10, 2015

တိုင်းရင်းသားပါတီကြီး တချို့ ပြည်နယ် အစိုးရ ဖွဲ့ရေးမျှော်မှန်း

ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ လူနည်းစု တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးအတွက် အပြည့်အ၀ တာဝန်ယူမယ်လို့ အင်အားကြီး တိုင်းရင်းသားပါတီကြီးတွေက ပြောဆိုလိုက်ပါတယ်။ ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ယှဉ်ပြိုင်နေကြတဲ့ အင်အားကြီး တိုင်းရင်းသားပါတီကြီးတွေအနေနဲ့ ဒေသတွင်းက တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို ဘယ်လောက် အာမခံပေးနိုင်ပါသလဲ ဆိုတာနဲ့ လူနည်းစု တိုင်းရင်းသားတို့ရဲ့ ယုံကြည်အားထားမှုကို ဘယ်လောက်ထိရရှိထားလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်စုစည်း တင်ပြထားပါတယ်။

လပိုင်းအတွင်း ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော် ရှိပြီး အများစုကတော့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်စားပြုခွင့်အတွက် ဖွဲ့စည်းယှဉ်ပြိုင်နေကြတာပါ။ အင်အားကြီး တိုင်းရင်းသားပါတီကြီး တစ်ခုဖြစ်ပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ပြည်နယ်တွင်းက တိုင်းရင်းသား လူနည်းစုတွေရဲ့ တန်းတူခွင့်အပေါ်မှာ အပြည့်အ၀ အာမခံတယ်လို့ ပါတီအကြီးအကဲ တစ်ဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က ပြော

Wednesday, July 15, 2015

ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ မဲဆန္ဒနယ် ၂၀ ၌ ၀င်ရောက်ယှဉ်ပြိုင်မည်

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ထားဝယ်တိုင်းရင်းသားများပါတီသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် ၂၀ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိ

Tuesday, July 14, 2015

ကော့ကရိတ် ရဲစခန်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ


ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ရဲစခန်းဝင်းအတွင်း မနေ့ည ၈ နာရီလောက်က လက်နက်ကြီးကျည် ၂လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ ဦးအောင်တိုးက

Monday, June 22, 2015

ခရီးသွားမော်တော်ယာဉ် ၁ စီးအား RCSS/SSA အဖွဲ့မှ မိုင်းထောက် ဖောက်ခွဲမှုကြောင့် ဒေသခံခရီးသွားပြည်သူ များ စိုးရိမ်ထိတ်လန့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်၊ ပင်လုံ-လဲချားကားလမ်း၊ ၉ မိုင်တိုင်အနီး၌ ဇွန်လ ၁၈ ရက်နေ့တွင် RCSS/SSA အဖွဲ့မှ ခရီးသွားမော်တော်ယာဉ် ၁ စီးအား မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ယင်းဒေသခံ ပြည်သူများ ထံ

Sunday, June 14, 2015

လှေစီးရွှေ့ပြောင်းသူတွေကို နေရပ်ပြန်ပို့ရန် ရခိုင်ဒေသခံများ အစိုးရကို တိုက်တွန်း ဆန္ဒပြ

 ပင်လယ်ပြင်ကကယ်ဆယ်ထားသည့် လှေစီးရွှေ့ပြောင်းဒုက္ခသည်များအားလုံးကို ၎င်းတို့နေရပ်ကို ပြန်ပို့ရန် ရခိုင်ဒေသခံများက အစိုးရကို တိုက်တွန်းကာ ဇွန် ၁၄ရက်က

ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်

ဒီနေ့မနက်စောစော ဂျာနယ်တစ်စောင်မှာဖော်ပြထားတဲ့ "အမုန်းဘယ်လိုဖြေပါ့မယ်" ဆိုတဲ့သတင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးတဲ့အခါမှာ စိတ်ပင်ပန်းကြီးစွာနဲ့ သက်ပြင်းချမိပါရဲ့။ အဲဒီဆောင်းပါးထဲမှာ ဖော်ပြထားတာက ဒုက္ခသည်စခန်းတစ်

Monday, June 1, 2015

အကွဲအပြဲများနဲ့ လော်ခီးလာရလဒ် ဘယ်လိုထွက်ပေါ်မလဲ?

လာမယ့် ဇွန် ၂ ရက်နေ့မှာ လော်ခီးလာတွေ့ဆုံဆွေးနွေးပွဲ စတင်တော့မှာဖြစ်ပါတယ်။ ကြားထားရတဲ့သတင်းက ငြိမ်းချမ်း ရေးအတွက် အပစ်အခတ်ရပ်စဲရေး ရောင်နီသန်းတော့မယ်ဆိုတဲ့ အပေါင်းလက္ခဏာပါ။ NCCT ခေါင်းဆောင်တွေက NCA Final draft ကို အပြီးသတ် ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အစိုးရနဲ့ NCCT တို့အပြီးသတ်လက်မှတ်

Tuesday, June 17, 2014

ကချင်ပြည်နယ်နေ့



“ ကချင်ပြည်နယ်” နေ့
 ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ၁၉၄၈-ခု၊ ဇန္နဝါရီလ(၄)ရက်နေ့ နံနက်(၄)နာရီတိတိ တွင် ဗြိတိသျှအစိုးရ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် (၆)ရက် အကြာတွင် ဇန္နဝါရီလ(၁၀)ရက်နေ့၌ ကချင်ပြည်နယ်ကို တရားဝင် မွေးဖွားခဲ့ပြီး “ ကချင်ပြည်နယ်နေ့” ဟု သမိုင်းဝင် သတ်မှတ် ခေါ်တွင်ခဲ့ပါသည်။ ထိုနေ့တွင် မြစ်ကြီးနားမြို့ စီတာပူ၊ မနောကွင်း၌ ပထမဆုံးအကြိမ် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ထို မနောပွဲသို့ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတကြီး (ဦး) စဝ်ရွှေသိုက် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နံနက်(၈)နာရီတွင် မနော မဏ္ဍပ်ကြီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ချင်းပြည်နယ် မြို့တော်ကားလမ်းမကြီး လာမည့်နှစ်အတွင်း အပြီးဖောက်လုပ်မည်

ချင်းပြည်နယ် မြို့တော်ကားလမ်းမကြီး လာမည့်နှစ်အတွင်း အပြီးဖောက်လုပ်မည်
********************************************************
 တနင်္လာနေ့၊ဇွန်လ16ရက်2014ခုနှစ်ခိုနူမ်းထုန်သတင်းခိုနူမ်းထုန်သတင်းဌာနမိုင်ပေါင်း၃၀၀ခန့်ရှိမည့်ချင်းပြည်နယ် မြို့ တော် ဟားခါးမှမတူပီ -ပလက်ဝမြို့ အထိဆက်သွယ်သွားလာသည့် ပြည်ထောင်စုအစိုးရမှစတင် ဖောက်လုပ်နေ သည့် လမ်းမကြီးကို၂၀၁၅၁၆ခုနှစ်အတွင်းအပြီး ဖောက်လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ”အခု မတူပီ- ပလက်ဝ လမ်းမကြီး ၂၈ မိုင်ဖောက် လုပ်နေပြီ၊ နောက်နှစ်မှာ ဆိုရင် အတတ်နိုင်ဆုံး မော်တော် ဆိုင်ကယ် တွေ၊ ကားတွေ သွားနိုင်အောင်ဆောင် ရွက်နိုင်တော့ မှာ ပါ” ဟု ဖနိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောသည်။ ချင်းပြည်နယ်မြောက်ပိုင်း နှင့် တောင်ပိုင်း ဆက်သွယ်သည့် ဟားခါးမှ မတူပီ အကြား ကားလမ်းကို အကျယ် ၂၈ ပေမှ ပေ ၄၀ အထိတိုးချဲ့ ပြီး ထိုမှတဆင့် ကတ္တရာလမ်း အဖြစ် တိုးချဲ့ ဆောက်လုပ်သွားမည်ဟု ချင်းပြည်နယ် ဆောက်လုပ် ရေး ၀န်ကြီးဌာန၊ လက်ထောက် ညွှန်းကြား ရေးမှူး ဦးမျိုးအောင်က သည်။ 

 ” ကားလမ်းဘတ်ဂျက်ထဲက ၇၅ ရာခိုင်နှုန်းကို မြို့တော်ဟားခါးမှ မတူပီ – ပလက်ဝ ကားလမ်းတိုးချဲ့ရေး အတွက် ရာထားပါတယ် ” ဟု ပြော သည်။ ကားလမ်းကို ကုမ္ပဏီ များမှ တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းအကောင်အ ထည်ဖေါ်ဆောင် စဉ်တွင် ကျေးရွာ အတွင်း ရှိ အများပြည်သူအကျိုးပြုမည့် ရပ်ရွာအတွင်း လမ်းတိုးချဲ့ခြင်း၊ ကျောင်းဧရိယာတိုးချဲ့ ပေးခြင်းများလည်း သက်ဆိုင် ရာနှင့် ညှိနှိုင်းလျက် တပါတည်း အခမဲ့လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း လည်း သိရသည်။ ” အဲဒီလုပ်ငန်းဆောင်ရွက်ရာမှာ ကျေးရွာအတွက် အကျိုးပြုသည့်လုပ်ငန်းများကို တောင်းဆိုကြပါ၊ကျတော့်အနေနဲ့ လုပ်နိုင်တာရှိသလို၊ ပြည်နယ်အစိုးရအထိလည်း တင်ပြနိုင်ပါတယ်။ အခွင့်အရေးရှိ တုန်း ကျေးရွာ အတွင်း တိုင်ပင်ဆွေး နွေးပြီး ဆုံးဖြတ်ကြပါ။ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့  ကြိုးစားမှာပါ” ဟု ညွှန်ကြားရေး မှူးကဆိုသည်။ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ် တိုးတက် ဖွံ့ ဖြိုးရေး အတွက် ကားလမ်းလို အပ်ကြောင်း လမ်းပန်းဆက်သွယ်ရေးကောင်း လာယင် ဒေသ ထွက် စားသောက်ကုန်များ၊ ရခိုင်ပြည်မှ ထွက်ကုန်များ ချင်းပြည်နယ်အနှံ့ ကုန်းကြော င်းဖြင့် ရောင်းဝယ်ဖောက် ကားနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူများက သုံးသပ် ကြသည်။ ချင်းပြည်နယ်ေ တာင်ပိုင်း အစွန် ပလက်ဝမြို့မှ တခြား ချင်းပြည်နယ်မြို့များ သို့သွားလာ လိုပါက ရခိုင်ပြည်နယ်ကို ဖြတ် သန်းကြရပြီး ချင်းပြည်နယ်မြောက်ပိုင်း မှ တောင် ပိုင်း သို့ သွားလိုပါက စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ကို ဖြတ်သန်း ရသည်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ