Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Tuesday, October 6, 2015

ကားချင်းတိုက်မိရာက ၅၃ အထူးယာဉ် အုတ်နံရံဖောက်ထွက်ပြီး လယ်ဆည် ၀န်ကြီးဌာနခြံဝင်းထဲရောက်သွား



လုပ်ငန်းသုံးယာဉ်တစ်စီးနဲ့ ခရီးသည်တင်မထသ ၅၃ အထူးယာဉ်တစ်စီးတို့ ကိုးမိုင်အေ၀မ်း မှတ်တိုင်အနီးတိုက်မိရာက အရှိန်မထိမ်းနိုင်တဲ့ ၅၃ အထူးယာဉ်ဟာ လမ်းဘေးအုတ်နံရံကို ဖောက်ထွက်ပြီးလယ်ယာ စိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန ပိုင်ဝင်းထဲဝင်ရောက်သွားပါတယ်။ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ မျက်မြင်တွေရဲ့ပြောပြချက်အရ လုပ်ငန်းသုံးကန်တာယာဉ်ဟာ ဆောက်လုပ်ရေးကုမ်္ပဏီ တစ်ခုကဖြစ်ပြီး ကမ္ဘာအေး ပုလဲကွန်ဒိုအနီးကနေ အင်းစိန်ဘက်ကို ပြည်လမ်း အတိုင်း မောင်းနှင်လာတာပါ။

Sunday, September 27, 2015

ယာဉ်ထိန်းရဲများ လက်ကိုင်ကျဉ်စက် စတင်အသုံးပြု

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေစဉ် တစ်စုံတစ်ရာနှောင့်ယှက်ရန်ပြုမှုများ ကြုံတွေ့လာပါက ကာကွယ်ခုခံနိုင်ရေးနှင့် ယာဉ်ထိန်းရဲများလုံ ခြုံရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်အား စက်တင်ဘာ ၂၅ ရက်တွင် လက်ကိုင် ကျဉ်စက်တုတ်များ စတင်အသုံးပြုခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တာဝန်ထမ်း ဆောင်နေသော ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့၍ သေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး နောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအား လက်ကိုင်ကျဉ်စက် တုတ်များ စတင်အသုံးပြုခွင့် ပေး ခဲ့ခြင်းဖြစ်သည်။ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများစစ်ဆေးအရေးယူစဉ် တာဝန်ဝတ္တရား နှောင့်ယှက်မှုများ နှင့် အသက်အန္တရာယ်ထိခိုက်လာ သည်အထိ ရန်ပြုမှုများဖြစ်ပေါ် လာပါက အသုံးပြုနိုင်ရန်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းယာဉ်ထိန်းရဲအရာရှိ တစ်ဦးကပြော

Tuesday, September 22, 2015

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်မှုနှင့် အလုပ်ရှင် အလုပ်သမားတို့ အခက်အခဲ ဘယ်လိုဖြစ်လာမလဲ

မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာ ၃၆၀၀ ကျပ်ကို စက်တင်ဘာလ အစောပိုင်းမှာ အတည်ပြုပြီးတဲ့ နောက် အထည်ချုပ်လုပ်ငန်းကဲ့သို့ လုပ်သားအရေအတွက် အများဆုံးအသုံးပြုရသည့် စက်ရုံများ ဆက်လက် လည်ပတ်ရန် ရုန်းကန်နေရပြီး အကောင်းဆုံး ပုံစံရောက်အောင် အချိန်ယူသွားရမယ်လို့ လုပ်ငန်းရှင်များက ပြောသည်။

“ကိုယ့် လုပ်သားအရေအတွက်ကို ထိန်းထားဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်၊ ဒါပေမယ့် အထည်ချုပ်ရဲ့ တိုးတက်နေတဲ့နှုန်းက ခြောက်လလောက် ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ပထမ ခြောက်လ လောက်ကတော့ ကျွန်တော်တို့လည်း အလဲလဲအကွဲကွဲပါပဲ” ဟု လက်ဝါး ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြော

Monday, September 21, 2015

ရွေးကောက်ပွဲရလဒ်ကြောင့် အာဏာပြန်သိမ်းဖို့မရှိ ကာချုပ်ကတိပေး

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြဋ္ဌာန်းချက်အတိုင်းသာ လုပ်ဆောင်လိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတရေးအတွက် တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အာဏာပြန်သိမ်းဖို့ တပ်မတော်မှာ လုံးဝအစီစဉ် မရှိကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းသတင်းထောက် မေခက ပေးပို့ ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က ခုလို  ပြောကြားခဲ့ တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့  ဘယ်လိုသဘောထားသလဲဆိုတာ သူကခုလိုပြောခဲ့ ပါတယ်။

“၅၉ (စ) နဲ့ပတ်သက်ပြီး ကျနော့သဘောထားက - ဒါကလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရိုးရိုးတန်းတန်းပဲ ပြောချင်ပါတယ်။ အနာဂတ်တိုင်းပြည်ကို တာဝန်ယူမယ့် ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသယကင်းကင်းနဲ့ သံသယရှင်းရှင်းနဲ

Friday, September 18, 2015

ရန်ကုန်ဘက်စ်ကားပြဿနာ အစိုးရဘက်က လုံးဝအလျှော့မပေးသင့်

"ဒီကိစ္စမှာတော့ အာဏာပိုင်ဘက်က၊ အစိုးရဘက်က လိုက်ရလိမ့်မယ်" မထသဘတ်စ်ကားလိုင်းတွေ ယာဉ်စည်းကမ်းချိုးဖေါက်ခဲ့ရင်၊ အရေးယူမှုကို တန်ပြန်တဲ့အနေနဲ့ သပိတ်မှောက်မှုကို ကျနော်ကတော့ ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်ပါတယ်။

အဲဒီမထသရဲ့ သပိတ်ကို တန်ပြန်တဲ့အနေနဲ့  အစိုးရနဲ့သက်ဆိုင်ရာ အာဏာပိုင်တွေက ပြင်းထန်တဲ့ အရေးယူမှုတွေ၊ ခရီးသွားပြည်သူတွေ လတ်တလောအဆင်ပြေချောမွေ့အောင် ကြားဖြတ်အစားထိုး စီစဉ်ပေးမှုတွေကို လုပ်ဆောင်စေချင်တယ်။နယူးယောက်ခ်မှာ ရထားလိုင်းဘူတာ ရုံတရုံပိတ်ထားရင်၊ အဲဒီကြားကလေးကို ပိုက်ဆံပေးစရာမလိုတဲ့ ဘတ်စ်ကားလိုင်းတိုလေး ပြေးပေး

Thursday, September 17, 2015

ရန်ကုန်မြို့မှာ ဘတ်စ်ကားတွေ သပိတ်မှောက်လို့ ကျောင်းသား နဲ့ ပြည်သူတွေ အခက်အခဲတွေ့နေ

လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ကြီးမှာအများပြည်သူနေ့စဉ်အသုံးပြုနေရတဲ့ ဘတ်စ်ကား အစင်းရေ ၃ ပုံ ၁ ပုံလောက် သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။

မော်တော်ယာဉ် ဥပဒေသစ်ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်း လိုက်ပြီး၊အဲဒီဥပဒေသစ်အရ စည်းကမ်းချိုးဖောက်ရင်အရင်က ဒဏ်ငွေ ၁၅၀၀ ကျပ်ပေးရမယ်လို့ သတ်မှတ် ထားပေမယ့် အခုတော့ ကျပ်ငွေ ၃ သောင်းထိ ပေးဆောင်ရမယ်လို့ပါရှိတဲ့အတွက် အဲဒီဒဏ်ငွေဟာ များလွန်းနေလို့ဆိုပြီး သပိတ်မှောက်နေကြတာလို့ သိရပါတယ်။ ဒီလိုသပိတ်မှောက်လိုက်တဲ့အတွက် အလုပ်သွားအလုပ်ပြန်ပြည်သူတွေ၊ဈေးသွားဈေးလာတွေ၊ကျောင်းသားတွေ အခက်အခဲ ကြုံတွေ နေရ ပါတယ်။ 

Wednesday, September 16, 2015

စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များအကြောင်း Viber မှ တိုင်ကြားမှု နေ့စဉ်မြင့်တက်

ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့မောင်းနှင်နေသည့် မော်တော်ယာဉ်များရှိနေကြောင်း Viber မှ တစ်ဆင့် တိုင်တန်းလာသည့် အမှုအရေအတွက်သည် နေ့စဉ်မြင့်တက်မှုရှိနေကြောင်း နေပြည်တော်အခြေစိုက် ယာဉ်ထိန်းတပ်ဖွဲ့မှူး ကပြောသည်။ စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များရှိပါက Viber (0997120328) မှ တစ်ဆင့်တိုင်ကြားနိုင်သည့် Online Complaint Center အားပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် စတင်၍ ဖွင့်လှစ်ပြီးနောက်ပိုင်းတိုင်တန်းလာသည့် အမှုအရေအတွက်ကိုကိုးကားကာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

Monday, September 14, 2015

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး လွိုင်ကော်မြို့ တည်းခိုခန်းပိုင်ရှင် သတိပေးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ်လွိုင်ကော်မြို့ နန်းထိုက်စံတည်းခိုခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တည်းခိုခဲ့တာကို ဧည့်စာရင်းမတိုင်ခဲ့တာ ကြောင့်တည်းခိုခန်းပိုင်ရှင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကသတိပေးပြီး ခံဝန်လက်မှတ်ရေးထိုး ခိုင်းကြောင်း သိရပါတယ်။

နန်းထိုက်စံတည်းခိုခန်းမှာ ဒေါ်အောင်ဆန်းစုကြည်တည်းခိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကမသိရဘဲ အထက်ကအကြောင်းကြားလာမှသိရတာဖြစ်တာကြောင့် နောက်နောင်ဒါမျိုးမဖြစ်စေရဘူးဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း နန်းထိုက်စံတည်းခိုခန်းပိုင်ရှင် ဒေါ်မင်အင်းက RFA ကိုပြောပါတယ်။

ဒုတိယအကြိမ် မဲစာရင်း နှစ်ပတ်အတွင်း ပြင်ဆင်ချက် လျှောက်နိုင်


၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့က စပြီး ရပ်ကွက်ကျေးရွာမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေနဲ့ ဓမ္မာရုံတို့မှာ ၂ ပတ်တာ ကြေညာသွားမှာဖြစ်ပါတယ်။ အသက် ၁၈ နှစ် ပြည့် သူတိုင်း မဲပေးနိုင်အောင် အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ မဲစာရင်းကို သွားရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ဒုတိယအကြိမ် မဲစာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ကစပြီး စက်တင်ဘာလ ၂၇ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်ကြာ ရပ်ကွက်၊ ကျေးရွာအုပ်စု

Wednesday, September 9, 2015

ကားနောက်မှန်များတွင် LED ကြော်ငြာဘုတ် တပ်ဆင်မှုများကို အရေးယူမည်

ကားနောက်မှန်တွင် အယ်လ်အီးဒီကြော်ငြာဘုတ်များတပ်ဆင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်လိုက်ခြင်းကြောင့် စက်တင်ဘာ ၉ ရက်မှစ၍ ယင်းကြော်ငြာတပ်ဆင်ထားသည့်ယာဉ်များကို မထသ (ဗဟို)က စတင်အရေးယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 

ရန်ကုန်မြို့တွင်းမောင်းနှင်သွားလာနေကြသည့် အချို့ယာဉ်များမှာကားနောက်ဘက်မှန်၌ အယ်လ်အီးဒီ ကြော်ငြာဘုတ်များတပ်ဆင်ထားသဖြင့် ယင်းယာဉ်နောက်မှမောင်းနှင်လာသည့်ယာဉ်ကို အမြင်အာရုံ အနှောင့်အယှက်ဖြစ်စေနိုင်ကာယာဉ်အန္တရာယ်ရှိနိုင်ခြင်းကြောင့် တားမြစ် လိုက်ခြင်း ဖြစ်သည် ဟုမထသ (ဗဟို)ဒုဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။ 

ရွေးကောက်ပွဲသတင်း ဖေါ်ပြပုံ ဘက်လိုက်မှု ရှိ မရှိ MID စောင့်ကြည့်မည်

လာမယ့် နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ ဘက်မလိုက်တဲ့ ရေးသားဖေါ်ပြကြဖို့အတွက် Myanmar Institute for Democracy (MID) အဖွဲ့က စောင့် ကြည့်လေ့လာပြီး အစီရင်ခံစာထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ MID အဖွဲ့ရဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော်က ပြည်တွင်းပြည်ပနဲ့ အစိုးရမီဒီယာအားလုံးကို စောင့်ကြည့်သွားမှာဖြစ် တယ်လို့ ပြောပါတယ်။

"ရွေးကောက်ပွဲသတင်းနဲ့ ပတ်သက်တဲ့ ဖော်ပြမှု၊ ပါတီတွေရဲ့ သတင်းနဲ့ ပတ်သက်တဲ့ ဖော်ပြမှု၊ ရွေးကောက်ပွဲကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဖော်ပြမှုတွေကို ကျနော်တို့က သတင်းမီဒီယာတွေ ကနေ ပြည်သူလူထုဆီကို သတင်းအချက်အ

Tuesday, September 8, 2015

သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ မိုင်းခွဲမှုများကြောင့် ကျေးရွာအတွင်း ကျောက်ခဲများကျရောက်

ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ဒဟတ်ရေးကျေးရွာအနီးတွင် ရွှေဖူးအိမ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရွာအနီးကပ်လျက် ဖောက်ခွဲတူးဖော် နေမှုများကြောင့် လူနေအိမ်များ၊ လမ်းမများပေါ်တွင် မိုင်းစကျောက်ခဲကြီးငယ်များကျရောက်ကာ နေအိမ်အမိုးအကာများထိမှန်ပေါက် ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် ဒဟတ် ရေးကျေးရွာနေ ဒေသခံများနှင့် ကျောက်ဆည်မြို့နယ် ၈၈ (ငြိမ်း၊ ပွင့်)အဖွဲ့အစည်းတို့ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးမြို့ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သည်။

ရွှေဖူးအိမ်ကုမ္ပဏီသည် တူးဖော်ရေးလုပ်ငန်းများကို ၂၀၁၃ မှစ၍ ရွာအနီးတွင် လာရောက်လုပ်ကိုင်ခဲ့ပြီး ကျေးရွာအနီး၌ ဖောက်ခွဲရေးခဲယမ်းပစ္စည်းများအသုံးပြု၍ ဖောက်ခွဲတူးဖော်နေမှုကြောင့် ရွာထဲသို့ မိုင်းစကျောက် ခဲကြီးငယ်များကျရောက်ပြီး နေအိမ်များပျက်စီးရကြောင်း၊ ယင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအာဏာပိုင်များကို သွားရောက်တိုင်တန်းသော်လည်း အရေးယူမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သတင်းစာ ရှင်းပွဲတွင် ဒေသခံတောင်သူများ က ပြော

ရခိုင်ပြည်နယ်ရေဘေး နိုင်ငံတကာကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ဆောင်ရွက်

စက်တင်ဘာ ၈ ရက် ။ ။ မိုးကြီးခြင်းကြောင့် မြန်မာနိုင်ငံတွင်ရေကြီးမြေပြိုမှုဘေးများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဘင်္ဂလားပင်လယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ကိုမန်တိုက်ခတ်သည်မှာ တစ်လကြာပြီလည်းဖြစ်သည်။

နိုင်ငံတကာကြက်ခြေနီအသင်းအဖွဲ့ကြီး (ICRC) နှင့် မြန်မာကြက်ခြေနီ (MRCS) တို့သည် ရခိုင်ဒေသတွင် လူပေါင်း ၆၀,၀၀၀ အတွက် အစားအစာနှင့် လိုအပ်သည့်ပစ္စည်းများကို ဖြန့်ဖြူးပေးလျက်ရှိသည်။

ရန်ကုန်စတော့အိတ်ချိန်းမှ အရောင်းအဝယ်အားလုံးအပေါ် -ခွန်ကောက်ခံမည်

စက်တင်ဘာ ၈ ရက် ။ ။ မကြာမီဖွင့်လှစ်တော့မည့် ရန်ကုန်စတော့အိတ်ချိန်း YSX၌ ရောင်းဝယ်မှု မှန်သမျှကို ကုန်သွယ်ရေးအခွန်ကောက်ခံသွားမည်ဖြစ်သည်ဟု မြန်မာအာမခံနှင့် စတော့ အိတ်ချိန်း ကော်မရှင် (SECM) က ထုတ်ပြန်ထားကြောင်းaseanbriefing.com တွင် စက်တင်ဘာ၇ ရက်က ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်မည့် စတော့ရှယ်ယာရောင်းဝယ်ရာဌာနကို ယခုနှစ် ဒီဇင်ဘာတွင် ဖွင့်ရန်လျာထားသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်သည့် Daiwa Institute of Research Ltd က ရှယ်ယာ ၃၀ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် Japan Exchange Group က ရှယ်ယာ ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အကျိုးတူဖွင့်လှစ်ရန် ဆောင်ရွက်နေသည်။

Monday, September 7, 2015

ပယ်ချခံ ကိုယ်စားလှယ်လောင်းတချို့ အရွေးခံခွင့်ပြန်ရ

ပြည်နယ်နဲ့ခရိုင် ရွေးကောက်ပွဲကော်မရှင်တွေကနေ ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း တချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။ ပြန်လည်ခွင့်ပြုချက်ရရှိသူ အများစုကတော့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ပြီး နောက်ထပ်လည်း အယူခံဝင်ထားကြသူတွေ ရှိနေဆဲပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မတရားအသင်းနဲ့ဆက်သွယ်မှုနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်းနှစ်ဦးနဲ့ တိုင်းရင်းသားစစ်မစစ် အငြင်းပွားမှုကြောင့် ပယ်ချခံရတဲ့ မန္တလေးတိုင်းက NLD ကိုယ်စားလှယ်လောင်း ၁ ဦးတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်ပြီး ရွေးကောက်ခံခွင့်ပေးလိုက်တယ်လို့ NLD ပြောခွင့်ရ လွှတ်တော်အမတ်ဦးဝင်းမြင့်က ပြောပါ

Sunday, September 6, 2015

အ​လုပ်​ရုံ ​ပိတ်​သိမ်း​ပြီး ​လုပ်​သား ​လျှော့​ချ​ခံ​ရ

တ​ရက်အ​နိမ့်​ဆုံး ​လ​စာ ၃၆​ဝ​ဝ ကျပ် ​သတ်​မှတ်​ပြီး​နောက် ​အ​လုပ်​ရုံတ​ချို့ပိတ်​သိမ်း​တာ ၊ ​အ​ခွင့်​အ​ရေးတ​ချို့ ​လျှော့​ချတာ​တွေ ​လုပ်​နေ​လို့ ​အ​လုပ်​သ​မား ​ဆ​န္ဒပြ​မှု​တွေ ​ဖြစ်​ပွားနေ​ပါ​တယ်။

စက်​ရုံ ၁ ​ရုံ ​ပိတ်​သိမ်း​ပြီး ​အ​လုပ်​သ​မား ​တ​ထောင်လောက် ​အ​လုပ်​လျှော့ခံ​ရ​သ​လို ​အ​ကြို​အ​ပို့ ​ကား​တွေ ​ထား​မ​ပေးတော့​တာ​တွေ ​ရှိ​တယ်​လို့ ​အ​လုပ်​သ​မား ​သ​မ​ဂ္ဂအ​ဖွဲ့​ချုပ် ​ဥ​က္က​ဋ္ဌဦး​အောင်​လင်းက ​ပြော​ပါ​တယ်။

Thursday, September 3, 2015

မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်းမီဒီယာကောင်စီအဖြစ် ပြန်ဖွဲ့မည့် လုပ်ငန်းစဉ်ရှင်း

အသစ်ဖွဲ့စည်းမည့် သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြောက်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲကို စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည်။

'သတင်းမီဒီယာကောင်စီဝင်များကို သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ရွေးချယ်မည် ဟု ရှင်းလင်းပြောဆိုကြသည်။

'သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြောက်ရေးအဖွဲ့' ကို သတင်းမီဒီယာ နည်းဥပဒေ အခန်း ၃၊ ပုဒ်မ ၅ က အရ ရွေးချယ်ထားသည်ဟု သိရသည်။

ရွေးချယ်မှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရားမျှတမှုနှင့် စနစ်ကျစေရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာစာနယ်ဇင်းကောင်းစီ (ယာယီ) နှင့် ညှိနှိုင်း၍ ဖွဲ့စည်းနိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထား

Wednesday, September 2, 2015

နိုင်ငံတွင်း သိန်းချီ ရွှေ့ပြောင်းအလုပ်သမားတွေ မဲစာရင်းမပါ

ရွေးကောက်ပွဲတွေကျင်းပဖို့ လပိုင်းပဲလိုတော့တဲ့အချိန်မှာ နိုင်ငံတွင်း ရွှေ့ပြောင်းအခြေချသူတွေ မဲပေးခွင့် မဆုံးရှုံးစေဖို့ မဲစာရင်းတွေ စစ်ဆေးကြဖို့ မဲဆန္ဒရှင်ပညာပေးရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

နိုင်ငံတွင်းမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေကြသူတွေကိုလည်း အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့ မဲစာရင်းမှာ ဖြည့်စွက်နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပြီး မဲစာရင်းတွေကို စစ်ဆေးကြဖို့ကိုလည်း ကော်မရှင်ဥက္ကဌက တိုက်တွန်းပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

လွှတ်တော်ရွေးကောက်ပွဲတွေကို လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မယ့်အချိန် အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရရှိရေးနဲ့ အထူးသဖြင့် နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြတဲ့ သန်းနဲ့ချီတဲ့ လုပ်သားထုကြီး မဲပေးခွင့်ရရှိရေးအတွက် မဲစာရင်းတွေစစ်ဆေးကြဖို့ ရွေးကောက်ပွဲ ပညာပေးရေး အဖွဲ့တွေက လှုံ့ဆော်နေကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိတဲ့

အနည်းဆုံး လုပ်ခသတ်မှတ်ပြီးနောက် စက်ရုံအချို့ လုပ်သားစတင်လျှော့ချ


အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် ရက်ပိုင်းအတွင်း စက်ရုံအချို့လုပ်သားလျှော့ချမှုများ စတင်ပြုလုပ်လာကြကြောင်း အလုပ်သမားအခွင့်အရေးကူညီစောင့်ရှောက်နေသူများက ပြောသည်။

အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ၃၆၀၀ ကျပ် စတင်အသက်ဝင်သည့် စက်တင်ဘာ ၁ ရက်မှစ၍ လှိုင်သာယာစက်မှုဇုန် ရှိ စက်ရုံလေးရုံက လုပ်သားလျှော့ချခဲ့ပြီး စက်ရုံတစ်ရုံမှာ ပိတ်သိမ်းရန် ပြင်ဆင်နေကာ အခြားစက်ရုံအချို့မှာလည်း လုပ်သားလျှော့ချမှုများပြုလုပ်ရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။ 

‘‘သတင်းအရ လှိုင်သာယာ အထည်ချုပ်စက်ရုံတွေမှာ လုပ်သားလျှော့ချမှုတွေ တောက် လျှောက်ဖြစ် နေတယ်။ အချို့စက်ရုံတွေက အချိန်ပိုလျှော့လိုက်လို့ အလုပ်သမားတချို့ မကျေမနပ် ဖြစ်နေတယ်’’ဟု အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦး က ပြောသည်။

Tuesday, September 1, 2015

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်မှတ်ကျော်လွန်၍ စာသင်ကျောင်းနှင့် ဈေးဆိုင်များ ပိတ်ထားရ

ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေလျှံမှုမှာ စိုးရိမ်ရေမှတ်ကျော်လွန်လာပြီးမြို့တွင်းသို့ ရေများဝင်ရောက်လာ၍ စာသင်ကျောင်းများနှင့် ဈေးဆိုင်များ ပိတ်ထားရကြောင်း ခန္တီးမြို့ခံတစ်ဦးက ပြောသည်။

မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေလျှံတက်လာပြီး ခန္တီးမြို့ရှိ အောင်သာရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်များ ရေလျှံနေ၍ စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့မနက်ပိုင်းကစပြီး ရေတွေတိုးလာတယ်။ အထက်ဘက်ကို ရေတွေလျှံတက်လာတယ်။ အခုက မြို့ထဲ ကို တော်တော်လည်း ရေတွေဝင်လာတဲ့အနေအထားဖြစ်နေတယ်။ စိုးရိမ်ရေမှတ် ကျော်လွန်ပြီးတော့ မြို့ထဲ ကို ရေတွေ တောက်လျှောက်ဝင်လာတယ်’’ဟု ခန္တီးမြို့ခံ ဦးနော်အောင်ဆန်းက ပြော

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ