Wednesday, July 29, 2015

မုန်တိုင်းငယ် ပိုမိုအားကောင်းလာသဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လို

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး ရခိုင်ကမ်းရိုးတန်း ဘက်သို့ ပိုမိုနီးကပ် လာသောကြောင့် မြန်မာနိုင်ငံရှိဒေသအချို့တွင် မိုးကြီးနိုင်ပြီး လေပြင်းများတိုက်ခတ်နိုင်သဖြင့် အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြော
သည်။

‘‘ဘင်္ဂလားပင်လယ်နဲ့ ကပ္ပလီပင်လယ်ထဲမှာ မုတ်သုံလေက အားအရမ်းကောင်းနေတယ်။ မုန်တိုင်းက မြန်မာနိုင်ငံဘက်ကို ပိုကပ်လာတော့ ကြိုတင်ပြင်ဆင် ထားသင့်တယ်။ ဦးစားပေးပြင်ဆင်ရမယ့်ဒေသ တွေက ရခိုင်၊ ချင်း၊ မကွေးအနောက်ခြမ်းတွေ ပါ’’ဟု ဒေါက်တာထွန်းလွင်က ဇူ လိုင် ၂၉ ရက်ညနေတွင် ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဇူလိုင်လလယ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေပြီး ဇူလိုင်လကုန်ပိုင်းအထိ ရေပြန်လည်ကျဆင်းခြင်းမရှိဘဲ မုန်တိုင်းကြောင့် ဆက်လက် မိုးကြီးပါက ရေကြီးရေလျှံမှုများပိုမိုဖြစ်ပွားနိုင်သဖြင့် အရေးပေါ်ပြောင်းရွှေ့မှုများ ပြုလုပ်ထားသင့်ကြောင်း ဒေါက်တာထွန်းလွင်က တိုက်တွန်းထားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဇူလိုင် ၂၆ ရက်နံနက်မှစတင်၍ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်ခဲ့ပြီး ပိုမိုအားကောင်းလာကာ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီခွဲ၌ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲသွားသည်။ဇူလိုင် ၂၉ ရက် နံနက် ၁၁ နာရီ၌ အားကောင်းသည့် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲ လာကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ် ပြန်ထားသည်။

မုန်တိုင်းငယ်မှာ ပိုမိုအားကောင်းပြီး ရခိုင်ကမ်းရိုးတန်းဘက်သို့ ပိုမိုနီးကပ်လာသော်လည်း မိုးလေ၀သပညာ ရှင်များက မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာနိုင်ခြေမရှိကြောင်း ခန့်မှန်းထားကြသည်။

မိုးဇလက အဆိုပါအားကောင်းသည့်မုန်တိုင်းငယ်သည် လာမည့် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှဖြတ်ကျော်၍ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး မိုးလေ၀သပ ညာရှင် ဒေါက်တာထွန်းလွင်က အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းငယ်၏လက်ရှိလမ်းကြောင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ဦးတည် ရွေ့လျားနေ သော်လည်း မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက် ပိုင်းစွန်းဒေသအနီးမှဖြတ်ကျော်မည့်အခြေအနေ ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၉ ရက်ည ၇ နာရီတွင် ထုတ်ပြန်ခဲ့ သည်။

သို့သော်မုန်တိုင်း၏တိမ်တိုက်မှာ ထုထည်ကြီးမားသည့်အတွက် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောမြို့များ၌ မုန်တိုင်းအဖျားခတ်နိုင်သည်။ အဆိုပါမြို့များတွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်းဒီရေအနေဖြင့် ၈ ပေမှ ၁၀ ပေအထိမြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့်ရခိုင်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း အနောက်ဘက်ပိုင်းတွင် မိုးပိုမိုရွာ သွန်းနိုင်ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်လည်း မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည့်ဒေသများမှာ ဇူလိုင်လအတွင်းရွာသွန်းခဲ့သည့်မိုးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ဒေသများဖြစ်ပြီး ထပ်မံမိုးရွာသွန်းနိုင်သည့်အတွက် ဒေသခံများအပေါ် သတိပေးနှိုး ဆော်မှုများ၊ ရွှေ့ပြောင်းနေရာချ ထားပေးမှုများ ပိုမိုလုပ်ဆောင် သင့်ကြောင်း ၎င်းက သတိပေး သည်။

‘‘မုန်တိုင်းကမ်းကို ၀င်သွား တယ်ဆိုရင်တောင် သူ့ရဲ့တိမ် တိုက်ထုပမာဏကြောင့် မိုးက ဆက်ရွာဦးမှာပဲ။ မြန်မာနိုင်ငံထဲ မှာဆို နောက်သုံး၊ လေးရက် လောက်အထိ မိုးကြီးနိုင်သေး တယ်။ ရေကတော့ကြီးမှာပဲ။ ဒေ သအာဏာပိုင်တွေရဲ့ လမ်းညွှန် ချက်တွေလိုက်နာဖို့လိုတယ်။ချင်းမှာဆို အိမ်လေးလုံးလောက်ပြို သွားတယ်။ နောက်ထပ်ပြိုနိုင်တဲ့ အိမ်အလုံး ၅၀လောက်ကလူတွေကို နေရာရွှေ့ပေးထားတယ်လို့ ကြားတယ်’’ ဟု ဦးကျော်မိုးဦးက ပြောသည်။

မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည့် ကလေးမြို့အနီးတွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်လှစ်ထားကာ လူ ၄,၂၇၇ ဦးခန့်ကို ရွှေ့ပြောင်းထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်ကပြောသည်။

‘‘မနေ့ညကတည်းက ရေတက်နေလို့ ဒီနေ့ပဲရွှေ့ထားရ တယ်။ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဆောင်ပြီး လုပ်နေ တယ်’’ဟု ၎င်းကပြောသည်။

အရေးပေါ်ကယ်ဆယ်ရေး ကော်မတီကိုလည်း တိုင်းဒေကြီး ပြည်နယ် အစိုးရအဖွဲ့၊ ကြက်ခြေနီ၊ စစ်တပ်နှင့် ဒေသခံများပူးပေါင်း ဖွဲ့စည်းထားကြောင်း၊ တိုင်းဒေသကြီးရှိ ခရိုင်အားလုံးနှင့် မြို့နယ်များကို အဆင့်ဆင့်မုန် တိုင်းသတိပေးချက်များပေးပို့ထားပြီး ပြည်သူလူထုကိုလည်းသတိပေးထားပြီး ဖြစ်ကြောင်း ၎င်းကပြော သည်။

ရခိုင်ပြည်နယ်တွင်လည်း နတ်မြစ်နှင့် ကုလားတန်မြစ်တို့၌ ရေခြောက်ပေခန့်အထိ မြင့်တက် မည်ဟုခန့်မှန်း ထားသဖြင့် ယင်းမြစ်များအနီးရှိ ဈေးသည်များ၊အပန်းဖြေသူများကို အသံချဲ့စက်ဖြင့် သတိပေးမှုများ ပြုလုပ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့အတွင်းရေးမှူး ဦးမင်းချစ်ဦးက ပြောသည်။

အဆိုပါမြစ်များအနီးရှိ စစ်တွေနှင့်မောင်တောမြို့တို့မှ ရေလွှမ်းမိုးနိုင်သည့်နေရာရှိ လူများကို ဘုန်းကြီး ကျောင်းများ၊ စာသင်ကျောင်းများသို့ ရွှေ့ပြောင်း ပေးထားရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အသင့် အနေအထား ပြင်ဆင်ထားကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် ကုလားတန် မြစ်ရေကြီးမှုကြောင့် မင်းပြားမြို့ နှင့်မြောက်ဦးမြို့ကြား ကျောက်တော်မြို့တို့တွင် ရေလွှမ်းမိုးမှုအနည်းငယ်ရှိပြီး ကားလမ်းများပေါ်တွင် ရေသုံးပေခန့်ရှိနေကြောင်း သတင်းရရှိသည်။

မုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြီး အဓိကရေကြီးနိုင်မည့်နေရာကို ရွှေဘိုခရိုင်ဟုခန့်မှန်းထားကာ ရွှေဘိုခရိုင်ရှိ အရာတော်မြို့နယ်တွင် ကယ်ဆယ်ရေးများလုပ်ဆောင်ထားကြောင်း သတင်းရရှိသည်။

အရာတော်မြို့နယ်မှာ လက်ရှိတွင်လည်း မူးမြစ်ရေလျှံမှုကြောင့် ကျေးရွာအုပ်စု ခြောက်အုပ်စုခန့် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေ၍ ရေလွတ်သည့်အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေရကြောင်း ရွှေ့ပြောင်း သူများအား အစားအသောက် ထောက်ပံ့မှုများ လုပ်ဆောင်နေကြောင်း ဦးစိုးစိုးဇော်က ပြောသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ