မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားကြီး၏ ပါဒအောက်စက် တော်ရာခြေတော်ရာမြတ်နေရာတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် မန်းချောင်းရေ မြင့်တက်လာကာ ဖန်အုပ်သျှောင်းတော်မြတ် အတွင်းထိ ရေများဝင်ရောက်ဖုံးလွှမ်းသွားသည်။
မန်းချောင်းသည် ငဖဲမြို့နယ်၏ အနောက်တောင်ဘက်မှ စတင်၍ စီးဆင်းရာ မန်းချောင်းရေလှောင်တမံမှ သိုလှောင်ထိန်းသိမ်းထားရှိပြီး မင်းဘူး (စကု)မြို့နယ်အတွင်းရှိ လယ်ယာမြေများ နွေစပါးအောင်ရေအပြည့် အဝပေးဝေနိုင်ရန် အိုင်းမရေလွှဲဆည်မှတစ်ဆင့် တောင်မန်းမြောင်းမကြီး၊ မြောက်မန်းမြောင်းမကြီးတို့ဖြင့် ဖြန့်ဝေပေးနေလျက်ရှိခြင်း၊ နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေ လုံလောက်စွာ သိုလှောင်ထားနိုင်ပြီး ရေပို လွှဲပေါက်များမှတစ်ဆင့် စီးဆင်းသော မန်းချောင်းရေသည် မန်းရွှေစက်တော်ရာဘုရား အောက်စက်တော်ရာမြတ်အား ရေဖုံးလွှမ်းသည်အထိ မြင့်တက်လျက်ရှိသဖြင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့သားကောင်း
No comments:
Post a Comment