Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

Tuesday, September 29, 2015

မလာနဲ့တော့ဆိုတဲ့ ကိုရီးယားနဲ့ တူတဲ့ မြန်မာပြည်က ခါရာ

Mr.တစ်ဦးဖြစ်တဲ့ ခါရာက “မလာနဲ့တော့” ဆိုတဲ့ သီချင်းလေးက သူ့ရဲ့အားအရဆုံး သီချင်းလေးတစ်ပုဒ် ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အခွေလေးမှာပါမယ့် “မလာနဲ့တော့”ဆိုတဲ့ သီချင်းလေးက ကျွန်တော့် အကြိုက်ဆုံး သီချင်းလေးလို့ ပြောလို့ရပါတယ်။ ခွဲခွာသွားတဲ့ ချစ်သူအတွက် အနစ်နာခံလိုက်တဲ့ ကောင်လေးတစ်ယောက် ရဲ့ အကြောင်းကို ဦးတည်ပြီး ရေးထားတာပါ။ ကျွန်တော်က MTV အနေနဲ့ တွဲပြီးထွက်ဖြစ်မှာဆိုတော့ ဒီသီချင်းလေး အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ အဲဒီ သီချင်းလေးမှာတော့ လက်ဝှေ့သမားလေး တစ်ယောက်အနေနဲ့ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင် ထားပါတယ်။ နောက်ပြီးတော့ ကျွန်တော့် သီချင်းအခွေလေးက

Wednesday, September 23, 2015

သားဦးလေးပိုင်ဆိုင်သွားတဲ့ ဝေလ

ဇနီးဖြစ်သူက သားဦးကလေးကို စက်တင်ဘာ ၂၃ ရက်တွင် ဝိတိုရိယဆေးရုံ၌ မွေးဖွားခဲ့ကြောင်းနှင့် သားဦးလေးပိုင်ဆိုင်ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း အဆိုတော်ဝေလက ပြောသည်။

‘‘အရမ်းဝမ်းသာနေတယ်။ ကိုယ့်ရှေ့မှာ ကိုယ့်ရဲ့ကိုယ်ပွားလေးတစ်ယောက် သေးသေးလေး ကိုယ့်ရှေ့မှာ ရှိနေတယ်။ အဲဒီ ကလေးလေးက ကိုယ်တစ်သက်လုံး စောင့်ရှောက်ရမယ့်ကလေးလေးဆိုတော့ အဲဒါလေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်’’ဟု ဖခင်တစ်ဦး၏ ခံစားမှုကို ပြောသည်။

ကလေးငယ်ကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ၅၇ မိနစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကိုယ်အလေးချိန်မှာ ၇ ပေါင် ၃ အောင်စရှိပြီး ကလေးရာ မိခင်ပါ ကျန်းမာကြောင်း ဝေလက ပြော သည်။ ‘‘ကိုယ်ဝန်စရှိကတည်းက ဒီ ကလေးလေးအတွက် ဘာတွေ လုပ်ပေးရမလဲဆိုတာကိုပဲ ကျွန်တော်တို့ နှစ်ယောက်တိုင်ပင်ဖြစ်တယ်။ နာမည်ကတော့ လောလောဆယ် စဉ်းစားတုန်းပဲရှိပါ တယ်’’ဟု ဝေလက ပြော

Wednesday, September 16, 2015

ပြည်သူနဲ့ နိုင်ငံအတွက် တိုးတက်မှု ဖော်ဆောင်ပေးနိုင်မယ့် ပညာရှိကိုသာ မဲပေးမယ်လို့ ဆိုတဲ့ ခင်ဝင့်ဝါ

၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြိမ်းချမ်းဆုံးနဲ့ အအေးချမ်းဆုံး ပြီးဆုံးစေချင်တဲ့ ခင်ဝင့်ဝါက ပြည်သူနဲ့နိုင်ငံအတွက် တိုးတက်မှုကို လုပ်ပေးနိုင်မဲ့ ပညာရှိကို မဲပေးမယ်လို့ဆိုလာပါတယ်။

"ညီမတို့နေတဲ့ မြန်မာနိုင်ငံကြီးတိုးတက်ပြီးတော့ ပြည်သူပြည်သားတွေအားလုံး အေးချမ်းငြိမ်းချမ်းပြီး၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်မဲ့သူကိုပဲ မဲပေးချင်ပါတယ်။ ဘယ်ပါတီရယ်လို့မဟုတ်ဘူး။ ညီမအနေနဲ့ မြန်မာတစ်နိုင်ငံလုံးအတွက်ရော ညီမတို့ပြည်သူပြည်သားတွေအားလုံးအတွက်ရော အဖက်ဖက်ကနေ ပြီးပြည့်စုံပြီး ညီမတို့ကိုခေါ်ဆောင်သွားပေးမဲ့ ပညာရှိလူတစ်ယောက်ကိုပဲမဲပေးမှာပါ။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာလဲ မြန်မာနိုင်ငံကိုဖြစ်စေချင်တာကတော့ငြိမ်းချမ်းစေချင်တယ်။အငြိမ်းချမ်းဆုံး အအေး ချမ်းဆုံးနဲ့ပဲပြီးသွားစေချင်ပါတယ်။ညီမတို့နိုင်ငံက ဗုဒ္ဒဘာသာနိုင်ငံလဲဖြစ်တယ်။ ဗုဒ္ဒဘာသာ ရဲ့အရိပ် အာဝါသအောက်မှာ ငြိမ်းချမ်းတဲ့အေးချမ်းတဲ့တည်ငြိမ်တဲ့ အပူအပင်ကင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပါတယ်"တဲ့။

Tuesday, September 15, 2015

နိုင်ငံတော်သမ္မထံ ရဲတိုက် လွတ်ငြိမ်း ချမ်းသာခွင့်အတွက် ရုပ်ရှင် ဂီတ အနုပညာရှင်များ လက်မှတ်ထိုး အသနားခံထား


သရုပ်ဆောင် ရဲတိုက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နိုင်ငံတော်သမ္မတထံ ရုပ်ရှင်ဂီတ အနုပညာရှင်များက လက်မှတ်များ ရေးထိုးသော အသနားခံစာအား ယနေ့မှာ ရဲတိုက်အမည်ဖြင့် အသုံးပြုနေသည့် ဖေ့ဘုတ်စာမျက်နှာထက်မှ ပရိသတ်များလည်း ဆုတောင်းပေးနိုင်ပါရန် တင်ပြလာသည်ကို တွေ့ရပါသည်။

အဆိုပါ ဖေါ်ပြထားသော အသနားခံစာနှင့်အတူ ပါရှိသည့် လက်မှတ်များအနက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ အကယ်ဒမီလူမင်း နှင့်အတူ ရုပ်ရှင် အနုပညာရှင်များဖြစ်သော အကယ်ဒမီ နေအောင်၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ဝေဠုကျော်၊ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ နေတိုး၊ မြင့်မြတ်၊ သူထူးစံ၊

Friday, September 11, 2015

ပရဟိတလုပ်ရင်း စိတ်ချမ်းသာလာတယ်ဆိုတဲ့ အေးမြတ်သူ

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လာပြီးပရဟိတအလုပ်တွေနဲ့ပျော်မွေ့နေတဲ့ အေးမြတ်သူနဲ့ ဆုံဖြစ်တုန်း သူမရဲ့ရဟိတလုပ်ဖြစ်တဲ့ခံယူချက်တွေကိုသိခွင့်ရခဲ့ပါတယ်။

ပရဟိတလုပ်တယ်ဆိုတာစိတ်ချမ်းသာဖို့မဟုတ်ဘူး။လုပ်ရင်းနဲ့ပျော်သွားတာပရဟိတအလုပ်ကိုလုပ်လိုက်လို့ကိုယ်စိတ်ချမ်းသာသွားတာ။ပရဟိတအလုပ်ကစွဲတယ်။လုပ်ပြီးရင်းလုပ်ချင်တယ်။တစ်ခုခုလုပ်ပပြီးပြီဆိုရင်နောက်ထက်ဘာလုပ်ရမယ်ဆိုတာအမြဲစဉ်းစားတယ်၊ပြောရရင်တော့ပရဟိတအလုပ်လုပ်ရင်း အေးမြတ်သူ စိတ်ချမ်းသာတယ်။ စိတ်ညစ်မှုတွေကို ပြေလျော့စေတယ်။ ၀န်းကျင်သစ်ကိုသွားရတယ်။

Thursday, September 10, 2015

သရုပ်ဆောင် ဟိန်းဝေယံနှင့် တစ်ခဏ

ကားရိုက်များလာတဲ့ သရုပ်ဆောင်ဟိန်းဝေယံက ၀ိညာဉ်စိမ်း ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်မှာမို့ ထူးထူးခြားခြား ပြင်ဆင်ထားပုံများနဲ့ လတ်တလော လှုပ်ရှားမှုအကြောင်းလေးတွေ မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အခုရိုက်ကူးတော့မယ့် ၀ိညာဉ်စိမ်းရုပ်ရှင်ကားကြီးမှာ ဘယ်နေရာက ပါဝင်သရုပ်ဆောင်မှာလဲ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရင်ခုန်နေပြီလား။

ဝိညာဉ်စိမ်းဇာတ်ကားကြီးမှာ ကျွန်တော်က သရုပ်ဆောင်တစ်ယောက် အရမ်းဖြစ်ချင်တဲ့ ပုံစံမျိုးသရုပ်ဆောင်မှာပါ။ ရိုက်ကူးမယ့်နေရာကလည်း နယ်ဘက်ဆိုတော့ ကာရိုက်တာအရ အံဝင်ခွင်ကျဖြစ်အောင် အင်္ကျီအ၀တ်အစားတွေကအစ လိုက်ဖက်မှုရှိအောင် စီစဉ်ထားတယ်။ ၀ိညာဉ်ကား၊ သရဲကားဆိုပေမယ့် တခြားကားတွေနဲ့ မတူဘူး။ ဇာတ်လမ်းလေးက တစ်မျိုးလေးပါ။ ကိုကျော်သူနဲ့ ကိုရန်အောင်ကလည်း ဒီကားလေးမှာ အားပြိုင်မှုလေးတွေ ရှိတယ်ဆိုတော့ ပရိသတ်တွေ ကြည့်တဲ့အခါမှာ သဘောကျမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်နဲ့တွဲရိုက်မယ့် စီနီယာတွေဆီကလည်း အတွေ့အကြုံ တွေရမှာဆိုတော့ ဒီကားနဲ့ ပတ်သက်ပြီး အတော်လည်း စိတ်ဝင်စားပြီး ရင်ခုန်ပါတယ်။ ပရိသတ်တွေ စိတ်ကျေနပ်ကြ မယ်လို့ ယုံကြည်

Sunday, September 6, 2015

‘‘ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ အရမ်းကြီးမျှော်လင့်ထားတာတော့မရှိပါဘူး။ ပရိသတ်ကြိုက်တယ်ဆိုရင် ကျွန်တော်ကျေနပ်နေပါပြီ’’

မိန်းကလေးပရိသတ်များကြား ရေပန်းစားသူဖြစ်ပြီး လူငယ်ဇာတ်ရုပ်များ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်အောင်ရဲလင်း၏ ‘‘အသက်ကို အသက်ထက်ပို၍ချစ်သည်’’ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီရုံတင်ပြသတော့မည်ဖြစ်သည်။ မာန်မာနကြီးမားပြီး မသင့်မြတ်ကြသည့် မိသားစုကြီးနှစ်ခုကြားမှ လူငယ်နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို အဓိကပုံဖော်ရိုက်ကူးထားသော ယင်းဇာတ်ကားထဲတွင် အဓိက သရုပ်ဆောင်တစ်ဦးဖြစ်သည့် အောင်ရဲလင်းနှင့်တွေ့ဆုံမေး မြန်းခဲ့ပါသည်။

‘‘အသက်ကို အသက်ထက်ပို၍ချစ်သည်’’ဇာတ်ကားကြီးရိုက်ကူးမယ်ဆိုတော့ ကြိုတင်ပြင်ဆင်ခဲ့ရပုံတွေက အရင်ဇာတ်ကားကြီးတွေနဲ့ ဘာတွေကွာခြားမှုရှိပါသလဲ။ 

Monday, August 31, 2015

(၄၄)နှစ်ပြည့် မွေးနေ့ရှင် စိုးမြတ်သူဇာ




 ဩဂုတ် ၃၁ ရက်တွင် ကျရောက်သည့် အသက် (၄၄) နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ် သရုပ် ဆောင် စိုးမြတ်သူဇာက ရေဘေး သင့်ဒေသများအတွက် အလှူငွေ ကျပ်၁၅ သိန်းနှင့် ဘိလပ်မြေအိတ်များ လှူဒါန်းခဲ့သည်။

စိုးမြတ်သူဇာသည် မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေ နှင့် ပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ခြင်ဖြစ်သည်။

ယင်းအလှူမှာ မွေးနေ့ အကြိုလှူဒါန်းမှုအနေဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိခင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ   တစ် ဆင့်    အတည်ပြုပြောကြား ထားသည်။ ထို့အပြင် ဩဂုတ် ၃၁ ရက်နံနက်တွင်လည်း လွန်ခဲ့သည့် (၂၁)နှစ်ကတည်းက နှစ်စဉ်မပြတ် ပြုလုပ်ခဲ့သော မွေးနေ့အလှူတစ် ခုဖြစ်သည့် သံဃာတော်များနှင့် သီလရှင်အပါး ၄၀၀ ခန့်ကို အရုဏ်ဆွမ်းလောင်းလှူဒါန်းခဲ့ ကြောင်း စိုးမြတ်သူဇာ၏ မိခင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထား သည်။

ယခုနှစ်ကျရောက်သည့် စိုးမြတ်သူဇာ၏ (၄၄)နှစ်မြောက် မွေးနေ့အတွက် ပရိသတ်များ၊ ၎င်းနှင့်ရင်းနှီးသည့် အနုပညာလုပ် ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေ များက စိုးမြတ်သူဇာအတွက် မွေး နေ့ဆုတောင်းများကို ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားပေးခဲ့ကြ သည်။

7day

Thursday, August 27, 2015

၈၂ နှစ်ကြာ ရပ်တည်လာခဲ့တဲ့ ရွှေမန်းရဲ့မျိုးဆက် တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံခြင်း





ရွှေမန်းသဘင်လို့ကြားလိုက်တာနဲ့ ဇာတ်သဘင်ကို ယနေ့တိုင် ချစ်ကြိုက်အားပေးနေကြတဲ့ ဇာတ်သဘင်ချစ်ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်မှာပါ။ ရွှေမန်းသဘင်ဟာဆိုရင် လက်ရှိရပ်တည်မှုအရ နှစ်ပေါင်း ၈၂ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်ပြောင်းလဲလာတာနဲ့အမျှ ပရိသတ်ကို တင်ဆက်တဲ့ ဇာတ်ရဲ့ အနှစ်သာရတွေကိုလဲ ပြောင်းလဲတင်ဆက်ဖြစ်တယ်လို့ ဆိုလာတဲ့ ရွှေမန်းရဲ့ မျိုးဆက် တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံဖြစ်တဲ့အခါ

-ပထမဆုံး အနေနဲ့ ဗီဒီယိုဇာတ်ကားလေးမှာ ပါဝင်ရတဲ့ ကာရိုက်တာလေးကိုလဲ သိချင်ပါတယ်။

ဒီနေ့ရိုက်တဲ့ကားလေးက ပြုံးရွှင်ရေ ပျော်ရဲ့လားဆိုတဲ့ ရုပ်ရှင်ကားကြီးပေါ့။ ဒီကားလေးထဲမှာ အစ်ကိုက ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်ရတယ်။ ကိုနေတိုးက လူရွှင်တော်ပေါ့။

-အရင်က ဇာတ်ကတာပဲ တွေ့ရတယ်။ ကားရိုက်တွေမှာ သိပ်မတွေ့ရဘူး။ ဒီကားလေးမှာ ပါဝင်ဖြစ်ခဲ့ပုံက။

ဦးဝင်းထွန်းထွန်း ရိုက်ခိုင်းတာပေါ့။ သူနဲ့ က သူ့တူလိုဖြစ်နေတဲ့အတွက် သူခိုင်းသမျှ အကုန်လုပ်မယ်ဆိုပြီး ၀င်ရိုက်ဖြစ်တာပါ။ ပြီးတော့ ဇာတ်ကို အခြေခံတဲ့ ကားဖြစ်တဲ့အတွက် ကိုယ်နဲ့လဲ အဆင်ပြေတယ်ဆိုပြီး ကိုယ့်ရုံမှာပဲ ရိုက်ဖြစ်တယ်။

-အစ်ကို့သားလေးလဲ ဇာတ်ဝင်ကတာတွေ့ရတယ်။ သူကရော ၀ါသနာကြီးတာပဲလား။

အင်းဟုတ်တယ်။ သူ့အသက်က ၂နှစ်နဲ့ ၉လပဲ ရှိသေးတယ်။ သူ့ကို သင်လဲ မသင်ထားဘူး။ သူ့ရဲ့ဝါသနာကိုက အဲ့ဒီလိုဖြစ်နေတာ။ မွေးကတည်းက ပါလာတဲ့ ဗီဇပေါ့။ အဲ့ဒါကြောင့်ကိုကသူ့ဗီဇပေါ်မူတည်ပြီး ပံ့ပိုးပေးသွား မှာပေါ့။ အခု လက်ရှိမှာတော့ သူကအရမ်းကို ၀ါသနာကြီးနေတယ်။ အဲ့ဒါကို မတားလဲ မတားချင်ဘူးဆိုတော့ သူ့ကို အကောင်အထည် ဖော်ပေးလိုက်တယ်။ ကသမျှ အကုန်လုံးက အစ်ကို့အတိုင်းပဲ။ သူ့ဆရာက အစ်ကိုလိုဖြစ်နေတယ်။ ကြီးလာမှ အသားကျမှာပေါ့။ သူ၁၀တန်းအောင်ပြီးတဲ့အခါလောက်ကျမှ သူ့ရဲ့ဒီဇာတ်နဲ့လိုက်ဖက်မှုရှိမရှိ၊ အသားကျမှု ရှိမရှိသိရမှာပါ။ သူ့ကို စောင့်ကြည့်ရဦးမှာပေါ့။

-အခုမကြာခင်မှာလဲ ဇာတ်ပွဲရာသီရောက်တော့ မယ်ဆိုတော့ ပွဲအနေနဲ့ဘယ်မြို့တွေမှာ သွားကဖို့ ရှိဦးမလဲ။

မန္တလေးနဲ့မြစ်ကြီးနားမှာကဖို့ရှိပါတယ်။

-အခုခေတ်ဇာတ်သဘင်လောကအပေါ် အစ်ကို့အမြင်လေး နည်းနည်းလောက်ပြောပြပေးပါဦး။

အခုခေတ်မှာ လူငယ်ပိုင်းက ဇာတ်ဆိုတာကို ဘာမှန်းမသိကြဘူး။ အဲ့ဒီတော့ အစ်ကိုတို့ ရှိတဲ့နေရာကို သူတို့လိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ သူတို့ရှိတဲ့ နေရာကို အစ်ကိုတို့ကသွားပြီးဇာတ်ပွဲတွေလုပ်ပေးရမယ်။ ဒါလဲမြှင့်တင်ရေးတစ်ခုပဲ။ အစ်ကိုဇာတ်နဲ့ပတ်သက်ပြီး ကလေးတွေအကြိုက်ရော၊ လူကြီးအကြိုက်ရောကို မျှပြီးပြဖြစ်တယ်။ လမ်းဖောက်ခြင်းတစ်ခုပဲပေါ့။

-အရင်ကတော့ ဇာတ်မှဇာတ်ပဲ။ ဒါပေမဲ့အခုနောက်ပိုင်းမှာ ဖျော်ဖြေရေးနဲ့ပတ်သက်ပြီးမျိုးစုံ ပေါ်လာတဲ့အတွက် ဇာတ်အပေါ်မှာ လူအများရဲ့စိတ်ဝင်စားခြင်းတွေ လျော့နည်းလာတာကိုတွေ့ရတယ်။ အဲ့ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။

စိတ်မ၀င်စားတာမဟုတ်ဘူး။ စိတ်ဝင်စားမှုနည်းအောင် လုပ်တဲ့သူတွေအပေါ်မှာ မူတည်တယ်။ စိတ်ဝင်စားအောင် လုပ်တတ်ရင် လူတိုင်းက စိတ်ဝင်စားတယ်။ ကြိုက်တာနဲ့မကြိုက်တာပဲကွာမယ်။ အားလုံးကတော့ စိတ်ဝင်စားပြီး လာကြည့်ကြမှာပဲ။ ကိုယ့်အနုပညာပြောင်မြောက်ဖို့ အရေးကြီးတယ်။ ပရိသတ်များတာထက် ကိုယ့်အနုပညာပြောင်မြောက်မှုကိုပဲ အစ်ကိုကတော့ ဦးစားပေးတယ်။ မည်သူ့မည်သူမှတော့ မရည်ရွယ်ပါဘူး။ အစ်ကိုတို့ ဇာတ်သဘင်က ဘာလုပ်လုပ် အပြောခံရတယ်။ အမှားနဲ့မကင်းဘူး။ ကိုယ့်ရုံလူပြည့်ရင်ပြီးရော မဟုတ်ပဲ။ ကိုယ်ပြတဲ့အရာတွေအားလုံးက လူအများရဲ့ အားရကျေနပ်မှုရအောင် ဆွဲယူကြည့်ပါလို့အစ်ကိုကတော့ပြောချင်ပါတယ်။

-ရွှေမန်းဇာတ်သဘင်ရဲ့ သက်တမ်းကရော ဘယ်လောက်ရှိပြီလဲ။

၈၂ နှစ်ရှိပါပြီ။

-နှစ်ရှည်လများ ရပ်တည်နိုင်တာကရော ဘာကြောင့်လို့ထင်မိပါသလဲ။

ကွာလတီပေါ့။ ဘယ်အရာမဆိုပေါ့။ ကွာလတီထိန်းနိုင်ရင်နှစ်ရှည်ခံတယ်။ ဒီကွာလတီကိုပဲ လုပ်ခိုင်းတာ မဟုတ်ဘူး။ ရွှေမန်းမူကိုပဲ ကွာလတီမပျက်အောင် ထိန်းသိမ်းတဲ့အတွက်နှစ်ရှည်ခံတယ်ပဲ ထင်ပါတယ်။ နောက်အစ်ကိုတို့ကလဲ ဒါကို ၀ါသနာကြီးတဲ့အတွက် ဒါလေးကနှစ်ရှည်ခံနေတာပါ။

-ပြောင်းလဲလာတဲ့ ခေတ်အရ အစ်ကိုတို့ရွှေမန်းဇာတ်ရဲ့တင်ဆက်မှုတွေကိုရော ဘယ်လိုမျိုးလေးပြောင်းလဲဖြစ်လဲ။

ပြောင်းလဲမှုကလုပ်ပေးရတယ်။
 ခေတ်ပြောင်းသလိုဇာတ်သဘင်ရဲ့တင်ဆက်မှုမှာလိုက်ပြီးပြောင်းလဲပေးရတယ်။ အရင်ကဇာတ်ဆိုတာ မိုက်မရှိတဲ့အတွက်အော်မှဇာတ်ဖြစ်တာ။ အခုကမိုက်ရှိလာပြီဖြစ်တဲ့ အတွက် ဇာတ်အသံတွေ နည်းနည်းပျောက်သွားသလိုဖြစ်လာတယ်။ အဲ့ဒါကြောင့်ပါ။ တတ်လွန်းအားကြီးလွန်းလို့ မဟုတ်ပါဘူး။ အစ်ကိုသိသလောက်လေးကိုပြောပြတာပါ။

-တချို့ကျတော့လဲ ဇာတ်သဘင်ကနေ အနုပညာလောကထဲကို ပြောင်းလာတာမျိုးတွေရှိကြတယ်။

ကောင်းပါတယ်။ ဒါလဲတိုးတက်မှုတစ်ရပ်ပဲ။ ပြောင်းလဲသွားတဲ့အခါ ရွှေ့သွားတာတော့ လွယ်ပါတယ်။ ပြန်လာဖို့ခက်တယ်။ ပြန်လာတဲ့အခါကျရင်ပေါက်မြောက်အောင်ပြန်လာရင်တစ်မျိုး၊ မဟုတ်ပဲ လုပ်စားရုံသက်သက်ပြန်လာရင်တော့ အဲ့ဒါကရေရှည်မခံနိုင်ပါဘူး။ ခဏတော့ရမှာပါ။ အကြာကြီးတော့ မခံပါဘူး။ ဖန်သားပြင်မှာမြင်ရတာ တစ်မျိုးအမြင်မှာမြင်ရတဲ့အခါ လူကဘယ်လောက်ကြည့်နိုင်မလဲ။ ကြာလာရင် ကိုယ့်အနုပညာမကောင်းလာတဲ့အခါ ဘယ်သူမှ မခံစားချင်ကြတော့ဘူးလေ။

-ဇာတ်သဘင်နဲ့ပတ်သက်ပြီး အသစ်အသစ်တွေ ပေါ်ထွက်လာတဲ့အပေါ် အစ်ကို့အမြင်လေးကိုလဲ ပြောပြပေးပါဦး။

အသစ်တွေအနေနဲ့လဲ တတ်လို့လုပ်စားတာဖြစ်စေချင်တယ်။ ဥပမာရလို့လုပ်စားတာမဖြစ်စေချင်ဘူး။ ရလို့လုပ်စားတာတွေလဲရှိတယ်။ စီးပွားရေးသမားရဲ့လှည့်ကွက်ကြောင့် ဇာတ်ထောင်တယ်။ ဇာတ်ကို ခုတုံးလုပ်ပြီး မင်းတို့ကချင်တာကဆိုပြီး ရုံပြည့်ရင်ပြီးရော အဲ့ဒါတွေလဲရှိတယ်။ အဲ့ဒါတွေကိုလဲရှောင်ရှားသင့်တယ်။ သူတို့ကပံ့ပိုးမှုပေးလာပြီဆိုရင်လဲသူတို့ပံ့ပိုးမှုကိုမူတည်ပြီး ဘသင်စစ်အောင်ကစေချင်တယ်။ သဘင်အစစ်ဆိုတာ ပါဝင်တဲ့ဖျော်ဖြေ တင်ဆက်မှုမှာ သဘင်ဆန်ပါစေ။ အ၀တ်အစားဝတ်တာကအစပေါ့။ အနောက်တိုင်းဆန်ပြီးသဘင်ကပါတာ နည်းရင် သဘင်လို့နာမည်မတပ်နဲ့။ အဲ့ဒီလိုလေးတော့ဖြစ်စေချင်ပါတယ်။

-ဇာတ်သဘင်ကို ယနေ့အထိ အားပေးလာတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်ပါသလဲ။

အစ်ကိုတို့ ရပ်တည်နေတာမြန်မာနိုင်ငံဖြစ်တဲ့အတွက်နိုင်ငံ့ရဲ့ ကိုယ်စားပြုတယ်လို့ အမည်ရပါတယ်။ ဇာတ်နဲ့ပတ်သက်ပြီး အစ်ကိုခံယူထားတာပေါ့။ ဇာတ်သဘင်ပညာဆိုတာ ဘုရားပွဲတွေရှိနေသရွေ့ရှိနေဦးမှာပါ။ ဒီဇာတ်သဘင်ကို အရင်ကထက်လဲစိတ်ဝင်စားမှုပိုစေချင်တယ်။ ကိုယ့်နိုင်ငံကို သူများတွေကြည့်ပြီးသိက္ခာမကျအောင်မြှင့်တင်ပေးစေချင်တယ်။ ဒီ့ထက်မကအားပေးပါလို့။ ပရိသတ်များမှအစ်ကိုတို့အားပေးလို့ရမှာကိုး။ မကြိုက်ရင်နေပါ။ စိတ်ဝင်တစားနဲ့ခဏတဖြုတ် လာအားပေးလှည့်ပါလို့၊ အစ်ကိုလဲ ၀င်ငွေတိုးသလို စားဝတ်နေရေးအတွက်လဲ အဆင်ပြေတယ်။ ပြီးတော့ ဖျော်ဖြေရတဲ့အခါမှာလဲ အားရှိပါတယ်လို့။

ဝိညာဉ်သရဲဇာတ်ရုပ်အတွက် မိတ်ကပ်အထူးပြုလုပ်ချက်တွေ လက်စွမ်းပြထားတဲ့ Hanna Yuri




လူငယ်အဆိုတော် ဘန်နီဖြိုး၏ ချစ်သူဖြစ်ပြီး ကြော် ငြာနှင့် ဖက်ရှင်ဓာတ်ပုံများရိုက် ကူးနေသည့်
လူငယ်မိတ်ကပ် ပညာရှင် Hanna Yuri က ၎င်း၏ ပထမဆုံးအတွေ့အကြုံအဖြစ် ကျော်သူ၊ ရန်အောင် စသည့် ဝါရင့်သရုပ်ဆောင်ကြီးများအ တွက် သရဲဇာတ်ကောင်မိတ်ကပ် အထူးပြုလုပ်ချက်ကို ဇာတ်ကား တစ်ကားစာ တာဝန်ယူပြင်ဆင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘မိတ်ကပ်ပညာကို ဘန် ကောက်မှာသွားရောက်သင်ယူခဲ့ တာပါ။ မိတ်ကပ်ပြင်တယ်ဆိုရင် အများစုက နဂိုရုပ်ထက်ပိုလှတာ ကိုပဲပြင်ကြတာ။ ညီမက ရိုးရိုး မိတ်ကပ်ပညာရော ခပ်ဆိုးဆိုး သရဲဇာတ်ကောင်လိမ်းခြယ်ခြင်း ကိုပါ သင်ယူထားတယ်။ သရဲ ဇာတ်ကောင်လိုမျိုးလိမ်းခြယ်ပေး ရတာကိုလည်း ညီမက ဝါသနာပါ တယ်လေ’’ဟု Hanna Yuri က ပြောသည်။

‘‘ဒါရိုက်တာ ဦးဝင်းထွန်း ထွန်းရိုက်မယ့် ဝိညာဉ်စိမ်းဇာတ် ကားအတွက် ဦးကျော်သူနဲ့ ဦးရန် အောင်ကို ပိုစတာရိုက်ဖို့အတွက် အစမ်းပြင်ပေးထားပါတယ်။ ရိုးရိုး လှအောင်လိမ်းရတဲ့မိတ်ကပ်နဲ့ မတူဘူးပေါ့။ သရဲမိတ်ကပ်က ကြောက်စရာကောင်းပြီး ရုပ်ဆိုး အောင်ပြင်ပေးရတာဆိုတော့ ကိုယ့်ရဲ့အိုင်ဒီယာနဲ့လည်းဆိုင် သွားတယ်။ ဆန့်ကျင်ဘက်လည်း ဖြစ်တော့ အသေးစိတ်လိမ်းပေးရ တာပေါ့’’ဟု Myanmar Media 7 မှ စီစဉ်သော ‘ဝိညာဉ်စိမ်း’ဇာတ် ကားတစ်ကားလုံးစာအတွက် သရဲဇာတ်ကောင်များကို တာဝန်ယူပြင်ပေးခြင်းနှင့်   ပတ်သက်၍ လည်း ၎င်းက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်မည့် သရုပ်ဆောင်များဖြစ် သော မင်းမော်ကွန်း၊ မြင့်မြတ်၊ ဟိန်းဝေယံနှင့် ကျော်ကျော်ဗိုတို့ ကိုလည်း သရဲဇာတ်ကောင်များ အဖြစ် ၎င်းက မိတ်ကပ်လိမ်းခြယ် ပေးမည်ဖြစ်သည်။
မိတ်ကပ်အမျိုးအစားစုံလိမ်း ခြယ်ခြင်းဆိုင်ရာများကိုလည်း စက်တင်ဘာလဆန်းတွင် ကိုယ် ပိုင်သင်တန်းကျောင်းဖွင့်လှစ်ပြီး သင်တန်းသားများအား  ပြန်လည် သင်ပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘မိတ်ကပ်ပညာကို အရမ်း ဝါသနာပါလို့ သင်ယူဖြစ်ခဲ့တာပါ။ ကျောင်းစစတက်တော့ အိမ်က သဘောမတူဘူး။ မယုံကြည်ဘူး ပေါ့။ ကိုဘန်နီဖြိုးကတော့ အား ပေးတယ်။ ကျောင်းတက်ဖြစ် အောင်လည်း သူပဲအားပေးခဲ့တာ။ အခု မိတ်ကပ်စတူဒီယိုကိုလည်း သူပဲအစအဆုံး  လိုက်ကူညီပေး တယ်’’ဟု Hanna Yuri က ပြော သည်။

7 day

Monday, August 24, 2015

သားငယ်ကြောင့် အနုပညာအလုပ်တွေလျှော့ လိုက်တဲ့ ချောရတနာ

တစ်ဦးတည်းသောသားလေးကို ငဲ့ညှာသည့်အနေဖြင့် အနုပညာအလုပ်များ ဆက်လက်လှုပ်ရှားခြင်း မရှိတော့ဟု သရုပ်ဆောင် ချောရတနာက ပြောသည်။

‘‘သားလေးမွေးပြီးနောက်ပိုင်းမှာ သားလေးအတွက်ကိုပဲ အချိန်ပေးဖြစ်တော့တယ်။ ဒါကြောင့် အနုပညာ လှုပ်ရှားမှုတွေ နည်းနေတာပါ။ သားလေးက အခုချိန်မှာ အမေမရှိလို့မရဘူး။ သူက အမေပဲကပ်တာလေ။ ရတဲ့အချိန် ကြိုးကြားလေးမှာပဲ မဂ္ဂဇင်းဓာတ်ပုံရိုက်တာလောက်ပဲလုပ်တယ်’’ဟု ချောရတနာက ပြော

Monday, August 10, 2015

မွေးရပ်မြေ ချင်းပြည်နယ်မှာ ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်မယ့် သက်မွန်မြင့်

ချင်းပြည်နယ်ရှိ ရေဘေးသင့်ပြည်သူအချို့သည် စားနပ်ရိက္ခာများ ပြတ်လပ်လာသောကြောင့် ထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းများကိုယ်တိုင်သွားရောက် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့်က ပြောသ

Sunday, August 9, 2015

သရုပ်ဆောင်မင်းအုပ်စိုးက ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများကို ထောက်ပံ့မည်ဟုဆို

သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ်ကို အသတ်ခံရမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသော သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုးက ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီလို သောကြောင့် ၎င်း၏မိသားစုဝင်များက ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ လှူဒါန်းမည် ဖြစ်ကြောင်း မင်းအုပ်စိုး၏ဇနီး ဒေါ်သက်ထားစုက The Voice သို့ ပြောကြား

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် လေဒီဂါဂါ


အမေရိကန်အဆိုတော် လေဒီဂါဂါသည် အမေရိကန် FX ရုပ်သံလိုင်း၏ American Horror Story: Hotel သည်းထိတ်ရင်ဖိုဒရာမာ ဇာတ်လမ်းတွဲ၌ ဟိုတယ်ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု ဇာတ်လမ်းတွဲ ဖန်တီးသူ ရိုင်ယန်မာဖီက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့

Monday, August 3, 2015

တေးဂီတစာရင်းတွေမှာ ထိပ်ဆုံးရောက်နေတဲ့ SHINee အဖွဲ့

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအဖွဲ့ SHINee သည် Married to the Music သီချင်းသစ် ဖြင့် တောင်ကိုရီးယားတေးဂီတစာရင်းများတွင် ထိပ်ဆုံး၌ ရပ်တည် လျက်ရှိသည်။

SHINee အဖွဲ့၏ Married to the Music အထူးအယ်လ်ဘမ်သည် ဩဂုတ် ၃ ရက် နေ့လယ်၁၂ နာရီတွင် ထွက်ရှိပြီးနောက် Melon, Genie, Naver Music, Bugs Music နှင့် Mnet အပါအဝင် တေးဂီတစာရင်း ခုနစ်ခု၌ ထိပ်ဆုံးမှရပ်တည်လျက်ရှိ

ရေဘေးသင့်သူများအတွက် အသင့်ရှိတဲ့ အနုပညာရှင်များ

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ကြုံတွေ့နေရသော ရေဘေးသင့်ဒေသများအတွက် အနုပညာရှင်များက ရန်ပုံငွေပွဲများကပြ၍ အလှူငွေများရှာဖွေပေးနေသည်။ ထို့ကြောင့် ရေဘေးနှင့် ပါဝင် ကူညီနေကြသော အနုပညာရှင်အချို့၏ကူညီမှုများကို စုစည်းဖော်ပြပေးလိုက် ပါ

လီယောင်အေးရဲ့ ပြိုင်ဘက်အဖြစ် သရုပ်ဆောင်မယ့် အိုယွန်းအာ

တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး အိုယွန်းအာ သည် SBS ရုပ်သံလိုင်း၏ Saim-dang, the Herstory ဒရာမာ ဇာတ်လမ်းတွဲ၌ ပါဝင်သရုပ် ဆောင်မည်ဟု ဇာတ်လမ်းတွဲ သတင်းရင်းမြစ်တစ်ခုက Ilgan Sports သတင်းအား ပြော

Sunday, July 26, 2015

ရုပ်ရှင်ဇာတ်ကားသစ် သတင်းစာရှင်းလင်းပွဲမှာ တွမ်ခရုဇ်နဲ့တွေ့မယ့် Infinite အဖွဲ့

တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအဖွဲ့ Infinite သည် ဆိုးလ်မြို့တွင်ပြုလုပ်မည့် Mission Impossible: RogueNation ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ ဟောလိဝုဒ်မင်းသားတွမ်ခရုဇ် နှင့်တွေ့ဆုံမည်ဖြစ်

မျိုးကြီး၊ နောနော်၊ ဂျေမီတို့ပါဝင်မည့် ခရစ်ယာန် ဓမ္မသီချင်းခွေ ထွက်ရှိမည်

ရော့ခ်အဆိုတော် မျိုးကြီး၊ နောနော်တို့နှင့် ပူးပေါင်းကာ ခရစ်ယာန်ဓမ္မသီချင်းခွေတစ်ခွေ ထွက်ရှိနိုင်ရန် စီစဉ်နေကြောင်း ဂျေမီက ပြောကြားသည်။‘‘သီချင်းတွေတော့ တော်တော်ပြီးနေပြီ။ ကိုမျိုးကြီး၊ နောနော်၊ ကိုညီပုလေးလည်း ပါချင်ပါမယ်’’ဟု ယင်းအခွေနှင့် ပတ်သက်၍ ၎င်း

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ