ချက်ပြုတ်ဖို့အတွက် အသုံးပြုကြတဲ့ ရှလကာရည်ကို ဟင်းချက်ဖို့ အတွက်သာမက တခြားနေရာတွေမှာ ပါအသုံးတည့်တဲ့အံ့သြလောက်စရာ အစွမ်းသတ္တိတွေသိ ထားရအောင်လို့ မျှဝေချင်ပါတယ်။ ရေခဲသေတ္တာ အတွင်းပိုင်းတွေကို ရှလကာရည်တစ်ဝက်၊ရေ တစ်ဝက်ရောပြီး သန့်ရှင်းရေးလုပ်နိုင်သလို ကော်ဖီ၊ လက်ဖက်ရည်ပန်းကန်တွေ ညစ်ထပ်ထပ်ဖြစ်နေရင် ရှလကာရည်နဲ့ဆားနဲ့ဖြစ်ဖြစ်၊ မုန့်ဖုတ်ဆော်ဒါနဲ့ ဖြစ်ဖြစ်ရောပြီး တိုက်ချွတ်ဆေးကြောနိုင်ပါတယ်။ ပလတ်စတစ်ဘူးတွေ အလုံပိတ်ထားရင်း အနံ့အသက် မကောင်းရင် အ၀တ်စလေးကိုရှလကာရည်ဆွတ်ပြီး ဘူးထဲထည့်ထားရင် အနံ့ပျောက်စေပါတယ်။ ရေချိုးဇလုံတို့၊ ဘေစင်တို့ ပိုးမွှားကင်းချင်ရင် ရှလကာရည်ဖျန်း ပြီးဆေးကြောနိုင်သလို အ၀တ်အထည် တွေမှာ စွန်းပေတာတွေကိုလည်း ရှာလကာရည်လေးနဲ့ချွတ်နိုင်ပါတယ်။
ပန်းချီဆွဲစုတ်တံတွေဆေးတွေနဲ့ အကြာကြီးထားမိရင်လည်း တစ်နာရီလောက် ရှလကာရည်စိမ်လိုက်ရင် ဆေးရောင်တွေကျွတ်ပြီး သန့်ရှင်းစေပါတယ်။ နောက်ပြီး ဘုံပိုင်ခေါင်းတွေကြေးချွတ်မယ်ဆိုရင်လည်း ရှလကာရည်နဲ့ ဆားနဲ့ခပ်နှစ်နှစ်ရောပြီးပွတ်တိုက် ဆေးကြောနိုင်ပါတယ်။
ခြေအိတ်အဟောင်းအညစ်တွေ သန့်ရှင်းသစ်လွင်သွားအောင် ရှလကာရည်စိမ်ပြီး လျှော်နိုင်ပါတယ်။ ပန်းအိုးထဲကိုရေချည်းပဲမထည့်ဘဲ ရှလကာရည်လေးပါထည့်ပြီး ပန်းအိုးထိုးရင် ပန်းတွေကြာကြာ လန်းဆန်း နေစေပါတယ်။ ခြင်၊ အင်းဆက်ကိုက်လို့ ယားယံရင် ရှလကာရည်တို့ပေးလို့ရသလို သွားတွေဖြူချင်ရင် သွားပွတ်တံကိုရှလကာရည်စိမ်ပြီး သွားတိုက်နိုင်ပါတယ်။
အက်နေတဲ့ကြက်ဥကိုပြုတ်မယ်ဆိုရင် ပြုတ်မယ့်အိုးထဲကို ရှလကာရည်နှစ်ဇွန်းလောက်ထည့်ပြုတ်ရင် ကြက်ဥကွဲထွက်သွားတာ မျိုးမဖြစ်တော့ပါဘူး။ အသီးအနှံဟင်းသီးဟင်းရွက်တွေဆေးကြောတဲ့အခါ ရေထဲ ကို ရှလကာရည်ပါထည့်ပြီးဆေးကြောရင်ကပ်ပါးပိုးမွှား တွေသေစေနိုင်ပါတယ်။ အရမ်းကျပ်နေတဲ့ ၀က်အူကိုလွယ်လွယ် ကူကူလှည့်လို့ရအောင် ရှလကာရည်လောင်းချပြီး လှည့်လို့ရသလို သစ်သား ပရိဘောဂတို့၊ ကြမ်းခင်းတွေပေါ်တို့ ဖယောင်းရည်ကျထားတာကို သန့်ရှင်းဖို့ဆိုရင်လည်း ရှလကာရည်ကို သုံးနိုင်ပါတယ်။
ဒါတင်မက ဆံပင်တွေနက် မှောင်သန်စွမ်းဖို့၊ ဗောက်ကင်းစေ ဖို့ဆိုရင်လည်း ရှလကာရည်နဲ့ ခေါင်းလျှော်လို့ ရပါသေးတယ်။နောက်ပြီး ခြေဖ၀ါး၊ ဖနောင့်ကွဲ အက်တာတွေ သက်သာစေဖို့ဆိုရင်လည်း ရေနွေးနွေးလေး ထဲကို ရှလကာရည်ထည့်ပြီး မိနစ် ၂၀လောက် ခြေထောက်စိမ်ထားပေးမယ်ဆိုရင် အရေပြားဆဲလ်သေတွေ ဖယ်ရှား ပေးတာကြောင့် နူးညံ့ချောမွေ့စေပါတယ်။
7Day Daily
No comments:
Post a Comment