Saturday, January 25, 2014
ရာသက်ပန် ပြည်ခိုင်ဖြိုး
ပြည်ခိုင်ဖြိုးလူငယ်များ ယုံကြည်ချက်ကောင်း ခံယူချက်ကောင်းများဖြင့် မိမိရပ်ရွာ အကျိုး ပြည်သူ့အကျိုး၊ပါတီအကျိုးကို  ထာဝရ သယ်ပိုးနိုင်စေရန် ရည်ရွယ်ရင်း......
အခွင့်အရေး လိုချင်သလား...? တာဝန်ကျေပွန်ဖို့ အရင်စဉ်းစား...
အခွင့်အရေး လိုချင်သလား…? တာဝန်ကျေပွန်ဖို့အရင်စဉ်းစား…..
        Human Right ခေါ်လူ့အခွင့်အရေး ဟူသည်ကို အချို့ကလိုလျှင် ထုတ်သုံး၊မလိုလျှင် ကွယ်ဝှက် ထားသော လက်နက်အဖြစ် သုံးစွဲတတ်၏။ ထို့ကြောင့် သတိမူသင့်လှသည်။ 
          တကယ်တမ်းဆိုပါမူ လူ့အခွင့်အရေးဟူသည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ မွေးရာပါ အခွင့် အရေးဖြစ် ၏။လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုနှင့် အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုတို့အပေါ် အခြေခံသည်။ သို့သော် လူ့အခွင့်အရေး၏ အထက်တွင် Community’s  Right ခေါ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ အခွင့် အရေး၊ ၄င်းအထက်တွင်  Nation’s  Right ခေါ် အမျိုးသားရေးဆိုင်ရာ (နိုင်ငံနှင့်ဆိုင်ရာ) အခွင့်အရေးတို့ ရှိကြောင်းကို ပြည်သူအားလုံးမသိကြပေ။ သိအောင်လည်း ထောက်ပြသင့်ပါလျက် သူတို့က ဖုံးကွယ်ထား တတ်ကြ သည်။ 
       ပြည်သူတစ်ယောက်အနေဖြင့် မည်သည့်အခွင့်အရေးကို ဦးစားပေးရပါမည်နည်း။ ကိုယ်တစ်ဦးချင်း အခွင့်အရေးရရန်အတွက် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို အထိအခိုက် အပွန်းအပဲ့ခံရပါမည် လော …? ထို ထက်ပိုကာနိုင်ငံနှင့်အမျိုးသားတစ်ရပ်လုံး အန္တရာယ်ကျရောက်စေမည်လော…?? ဘယ်သူသေသေ ငတေ မာရင်ပြီးရောဟူသည့် တစ်ကိုယ်ကောင်းစိတ်ထားဖြင့် လူ့အခွင့်အရေးကို ဗန်းပြကာ အတ္တကို ဖက်တွယ် ထားမည်လော..? 
        နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများသည် ပြည်သူ (သို့မဟုတ်) နိုင်ငံသားများဖြစ်သည်။
ြ ပည်သူနှင့်နိုင်ငံသားမှာ အဓိပ္ပါယ်တူသယောင်ယောင်နှင့်အနက်မှာခြားနားသည်။ နိုင်ငံတကာက လက်ခံ ကျင့်သုံးနေသော အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ- 
ပြည်သူ-People= All Persons who live in a particular place or belong to a particular country .    (နေရာတစ်ခု၊ နိုင်ငံတစ်ခုတွင် နေထိုင်သူအားလုံး) 
နိုင်ငံသား-Citizen= A Person who has legal right to belong to a particular country. (နိုင်ငံရေးအခွင့်အရေးရယူထားသူ)-ဟု သတ်မှတ်သည်။ 
       အထက်ပါဖွင့်ဆိုချက်များအရ ပြည်သူသည် လူမှုရေးရပိုင်ခွင့် (Social Rihgt )သာ ရနိုင်ပြီး နိုင်ငံသား မှာ လူမှုရေး ရပိုင်ခွင့်အပြင် နိုင်ငံရေးရပိုင်ခွင့် (Political Right)ကိုပါရနိုင်ပေသည်။ ထို့ကြောင့်လည်း နိုင်ငံ တကာ တွင် ပြည်သူနှင့်နိုင်ငံသားသတ်မှတ်မှုကို တင်းကြပ်စွာ စည်းခြားထားလေ့ ရှိသည်။ မြန်မာနိုင်ငံ ၏အခြေခံဥပဒေတွင်မူ မလျော့လွန်းမတင်းလွန်းသော စည်းနှောင်မှုဖြင့် ကန့်သတ်ထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၄၅တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးက မွေး ဖွားသူ ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူကို နိုင်ငံ သားများအဖြစ်သတ်မှတ်သည်။ 
       နိုင်ငံသားဖြစ်လာလျှင် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များကိုလည်း လိုက်နာရန်လိုအပ်ပါသည်။ အထူးသဖြင့်ပုဒ်မ-၃၈၃ အရ   ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိလာပါသည်။ ထို့ အပြင်  
ပုဒ်မ-၃၈၅အရ -နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာ ကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်။ 
ပုဒ်မ-၃၈၆အရ ဥပဒေပြဌာန်းချက်နှင့်အညီစစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိလာပြန်ပါသည်။ 
ပုဒ်မ-၃၈၇အရ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုး အချင်းချင်းစည်းလုံးညီညွတ်   ရေးနှ င့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရပေ ဦးမည်။ 
ပုဒ်မ-၃၈၈ အရ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းရေးသည်လည်း နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်၍ ဦးလည်မသုန်ထမ်းရွက်ကြရန်လိုပြန်ပါသည်။ 
       ဆိုလိုသည်မှာ နိုင်ငံသားတစ်ဦးသည် သာမန်ပြည်သူထက် နိုင်ငံရေးရပိုင်ခွင့်များရရှိသည့် နည်းတူ  နိုင်ငံရေး တာဝန်များလည်း ရှိပြန်ပေရာ… 
       နိုင်ငံရေးတာဝန်ရှိသူသည် နိုင်ငံသားတစ်ဦးအနေဖြင့် ဖော်ပြပါတာဝန်များကို ထိခိုက်ပွန်းပဲ့စေမည့် ကာယကံမှု၊၀စီကံမှုတို့ကို ကျူးလွန်ခွင့်မရှိချေ။နိုင်ငံသားတစ်ဦး၏ တာဝန်ကိုဖောက်ဖျက်မိသည်နှင့် နိုင်ငံ သား အရည်အချင်းပျက်ယွင်းသွားတော့သည်ကို သတိစွဲသင့်လှသည်။
       ထို့ကြောင့်…အခွင့်အရေး လိုချင်သလား…? တာဝန်ကျေဖို့ အရင်စဉ်းစား…
                                                                                      ကျော်ကျော်(ပညာရေး)
Tuesday, January 21, 2014
ယုန်နှင့်လိပ်တို့အပြေးပြိုင်
ယုန်နှင့်လိပ်တို့အပြေးပြိုင်
 ပုံပြင်အမှတ်(၁)
ယုန်နှင့်လိပ်တို့အပြေးပြိုင်ကြသည်။
ယုန်သည် မိမိ၏လျင်မြန်သွက်လက်မှုကို အထင်ကြီးကာ ပြေးလမ်းတစ်ဝက်အရောက်တွင် တစ်ရေးအိပ် လိုက်သည်။
လိပ်သည် မိမိ၏အသွားနှုန်းနှေးကွေးသည်ကို အားမငယ်ဘဲ မလျော့သောဇွဲလုံလနှင့် ပန်းတိုင်အရောက် မနားတမ်း ပြေးလှမ်းခဲ့သည်။
တစ်ရေးအိပ်နေသော ယုန်သည် နိုးလာ ၍ ဖုတ်ဖက်ခါကာ ပြေးလာသော်ငြားလည်း ပန်းတိုင်အရောက်နေ ကျ ခဲ့လေသည်။
ထိုပွဲတွင် လိပ်ကနိုင်ခဲ့သည်။
ပုံပြင်အမှတ်(၂)
ယုန်နှင့်လိပ်တို့အပြေးပြိုင်ကြပြန်သည်။
ယုန်သည် မိမိ၏လျင်မြန်သွက်လက်မှုကို အားကုန်အသုံးပြုကာ ပန်းတိုင်အရောက်ပြေးခဲ့သည်။
လိပ်သည် မိမိ၏ပုံမှန်အသွားနှုန်းဖြင့်သာ နှေးကွေးစွာဖြင့် ပန်းတိုင်သို့ရောက်လာခဲ့သည်။
ထိုပွဲတွင် ယုန်ကနိုင်ခဲ့သည်။
ပုံပြင်အမှတ်(၃)
ယုန်နှင့်လိပ်တို့အပြေးပြိုင်ကြပြန်ပြီ။
သည်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်သော ပြေးလမ်းကို ရွေးချယ်ပါရစေဟု လိပ်ကတောင်းဆို၏။ လိပ်၏အစွမ်းအစကို အထင်သေးသော ယုန်ကခွင့်ပြုလိုက်၏။
ပြိုင်ပွဲကားစလေပြီ။ တာအထွက်တွင်ယုန်ကဦးဆောင်ခဲ့၏။ မနားတမ်းပြေးလာသော ယုန်သည် အဟန့် အတားတစ်ခုကြောင့် ရပ်လိုက်ရ၏။ ပြေးလမ်း၏ ရှေ့တွင်ချောင်းပြင်ကျယ်ကြီးက ကာဆီးနေ၏။ ယုန်ကားရေမကူးတတ်ပေ။ ချောင်းရိုးတွင် မှိုင်ကာထိုင်နေရ၏။ မကြာမီ လိပ်ရောက်လာသည်။
ရေကူးတတ်သောလိပ်က ချောင်းကို ကျင်လည်စွာဖြတ်၍ ကူးသွားနိုင်ခဲ့သည်။
ထိုပွဲတွင် လိပ်ကနိုင်သည်။
ပုံပြင်အမှတ်(၄)
ယုန်နှင့်လိပ်တို့ အပြေးပြိုင်ပွဲပင်။
ပြေးလမ်းမှာ လိပ်ရွေးချယ်ခဲ့သည့်ချောင်းကန့်လန့်ခံနေသောပြေးလမ်းပင်ဖြစ်သည်။
ပြိုင်ပွဲကား စလေပြီ။
ယုန်သည် တစ်ရွေ့ရွေ့သွားနေသော လိပ်ကို မိမိ၏ကျောပေါ်တွင် တင်ကာပြေးခဲ့သည်။
ချောင်းဆီသို့ရောက်လာသည်။ သည်အခါတွင် လိပ်၏အလှည့်ဖြစ်သည်။ လိပ်သည် ယုန်ကိုမိမိကျောပေါ် တွင် တင်ကာ ချောင်းကိုဖြတ်ကူးခဲ့သည်။
အဆုံးတွင်နှစ်ဦးစလုံးပန်းတိုင်သို့ရောက်ခဲ့ကြသည်။
ဥပဒေသ
ပုံပြင်(၁)သည် ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ
ပုံပြင် (၂)သည် ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲ
ပုံပြင်(၃)သည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ
ပုံပြင်(၄)သည် ၂၀၁၅အထွေထွေရွေးကောက်ပွဲကိုညွှန်းသည်ဟု ဆိုပါမူ…သင်မည်သို့သဘောရပါသနည်း ။
                                                                                             ဘကြီးဖြိုး
ဘက်
                    ဘက်
- သည်ဘက်ကကြည့်တော့ ခေါင်း
   ဟိုဘက်ကကြည့်တော့ ပန်း
-သည်ဘက်ကကြည့်တော့ လက်ဖ၀ါး
ဟိုဘက်ကကြည့်တော့ လက်ဖမိုး
-သည်ဘက်ကကြည့်တော့    ဒီမိုကရေစီအရေး
ဟိုဘက်ကကြည့်တော့ ဆူပူလှုံ့ဆော်ရေး 
-သည်ဘက်ကကြည့်တော့ လူ့အခွင့်အရေး
ဟိုဘက်ကကြည့်တော့ ဥပဒေချိုးဖောက်ရေး
-သည်ဘက်ကကြည့်တော သူရဲကောင်း
ဟိုဘက်ကကြည့်တော့ သစ္စာဖောက်
-ဟိုဘက် သည်ဘက်၊ကြည့်သည့်ဘက်ကြောင့်
မြင်လျက်ပုံလွှာ၊ ဆန့်ကျင်စွာနှင့်
စရိုက်ကွဲပြား၊ လွန်ခြားနားသည်
သင်ကား ကြည့်တတ်နိုင်ပါစေ။        ။
                                                                  ရွှေတူးလေး
Thursday, January 16, 2014
ပြည်ခိုင်ဖြိုးအားမာန်
ပြည်ခိုင်ဖြိုးအားမာန်
ပြည် သူ့အတွက် ရည်ရွယ်ချက်ဖြင့်
ခိုင် သွက်ရပ်တည် နှလုံးပီတိ
ဖြိုး စည်တိုးပွား အပြုံးများနှင့်
တို့ ကားကြိုးစား ပြည်သူ့သားမို့
အား ထားချက်စံ စည်းရုံးရန်တွက်
မာန် ဟန်ခြင်္သေ့ ထုံးဓလေ့နှင့်
ဝင့် ထည်ဆက်လက် အနာဂတ်သို့
ဟန် ချက်ညီညီ ချီတက်မည်ဟု
ရဲ သည်စိတ်ထား စွမ်းပကားနှင့်
ရင့် ကျက်တည်ငြိမ် နှလုံးအိမ်ထဲ
မာန် ဟုန်မြှင့်လျက် ခရီးဆက်မည်။
                                                         စိုင်းမြင့်ဝင်းလှ(ရှမ်း/ရှေ့)
လူငယ်နှင့်သူတို့ရဲ့အနာဂတ်
                  လူငယ်နှင့်သူတို့ရဲ့အနာဂတ် 
        လူဆိုတာမှားတတ်တဲ့သတ္တ၀ါမျိုးပါ။ မှားတတ်သည်ဆိုတိုင်းလည်း ခဏခဏမှား နေဖို့မဟုတ်သက့ဲ သို့  မှားနိုင်သည်ဆိုတိုင်းလည်း  အမှားအတွက်ခွင့်လွှတ်ဖို့ဆင်ခြေ မဟုတ်ပြန်ပါ။   အမှားဆိုသည်မှာ အသက် အရွယ် အလုပ်အကိုင် ရာထူးအဆင့်အတန်း  တာဝန်နဲ့ အတွေ့ အကြုံတွေ  ပေါ်မှာမူတည် ကာ  ဖြစ်သင့် တဲ့ အမှား  အများကခွင့်လွှတ်နိုင်တဲ့ အမှားမျိုးလောက်ဆို  မထောင်းသာသော်လည်း ကိုယ့်အမှားတစ်ခု အတွက် အများက ပေးဆပ်ရတာ မျိုးဆိုရင်တော့ မကောင်းပြန်ပါ။
       သစ်ပင်တစ်ပင်ကြီးထွား သန်ရှင်သန်စေရန်မှာ ရေကောင်း ၊မြေကောင်း၊ မျိုးစေ့ကောင်းများ လို သည်ဖြစ် ရာ ရေမြေမည်မျှ ကောင်းစေကာမူ မျိုးစေ့မမှန်က အပင်သန်မည်မဟုတ်ပါ။  မျိုးစေ့က ပိုးထိုးနေ လျှင်သော်လည်း မည်သို့မျှအပင်ပေါက်လာစရာမရှိပါ။ ထို့အတူပင် မျိုးဆက်သစ် လူငယ်များ အနေနှင့် မိဘဆွေမျိုးသားချင်း ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်းရရှိဖို့လိုအပ်လှပါသည်။  ကိုယ့် ပတ်ဝန်းကျင် က ကောင်းပါသော် လည်း  ကိုယ်တိုင်က ပိုးထိုးနေသည့်  မျိုးစေ့မျိုးဖြစ်နေမည်ဆိုပါက  မည်သို့မျှ မကောင်းနိုင်ပါ။  အနာဂတ်အတွက် ထွန်းလင်းတောက်ပမည့်ကြယ်ပွင့်တစ်ပွင့်မဖြစ်နိုင်ပါ။ ထို့ကြောင့်ြ မတ် စွာ ဘုရားက  အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာကိုးကွယ်ရာဟု  မိန့်ကြား တော်မူခဲ့ပါသည်။       တစ်ချို့လူငယ်လေးများသည် တော်ကြပါသည်။  စွန့်လွှတ်စွန့်စားလိုစိတ်ရှိသည်။  အသိပညာဗဟု သုတ ကြွယ်ဝသင့်သလောက်ကြွယ်ဝပါသည်။  သို့သော် လက်တည့်စမ်းချင်သည့် စိတ်ကလည်းရှိပြန်ပါသေး သည်။ ကိုယ့်ကိုယ်ကိုယ်ဖျက်သံချေးတက်ဆိုသကဲ့သို့ မိမိ၏ဘ၀တိုးတက် ရာတိုးတက်မည့် လမ်းကြောင်း မှ သွေဖည်သွား တတ်ကြပါသည်။
       စိတ်ဓာတ်ပျော့ညံ့သောသူများသည်  အမှားကို အောက်သို့ ဆင်းသော လှေကားထစ်အဖြစ် အသုံး ချကြ၏။ စိတ်ဓာတ်ခိုင်မာသောသူများသည် အမှားကို အထက်သို့ တက်သောလှေကားထစ်အဖြစ် အသုံး ချကြသည် ။လောကဓံလှိုင်းသည်  မြင့်ချည်တစ်ခါနိမ့်ချည်တစ်လှည့်ဖြစ်သည်။  မည်သည့်အခါမှ အနိမ့်တွင် မရှိသလို မည်သည့်အခါမှလည်း အမြင့်တွင်မရှိတတ်ကြကြောင်း  သိရှိထားဖို့လိုပါသည်။  တစ်ချို့ လူငယ် လေးများသည် (လူတိုင်းကိုမဆိုလိုပါ) စိတ်မလိုမကျမှု မွန်းကြပ်မှုများကို စိတ်ထွက်တစ်ခုအနေဖြင့် မူးယစ်ဆေးများကို သုံးစွဲတတ်ကြသည်။
       လူငယ်ဆိုတဲ့ သဘာဝဟာ သူများလုပ်တဲ့အရာ ဆန်းဆန်းပြားပြားဆိုရင် လိုက်ပြီး စမ်းသပ်ချင်ကြ သည့်အတွက် တစ်ချို့ လူငယ်လေးတွေဟာ သူတို့ဘ၀လေးတွေ ပျက်သွားခဲ့ရတာတွေ ကိုယ့်ပတ်ဝန်း ကျင်မှာ ကြုံတွေ့ခဲ့ကြရမှာပါ။  တစ်ချို့လူငယ်လေးများသည်  ရာမ  ရာဘ  ဆေးခြောက်  စသည်ဖြင့် မူးယစ်ဆေး ၀ါးကိုသုံးစွဲကြသည်။  တစ်ချို့ဆိုကော်ရှူကြသည်ကိုတွေ့ရသည်။ ထို့အပြင် ထရမဒေါ (Tramadol) ဆိုတာကိုလည်းအသုံးပြုကြသေးသည်။ ထရမဒေါ (Tramadol) မူးယစ်ဆေး အပျော့စားလေး ပါ။  မူးယစ်အနွယ်ဝင်ဆေးတွေရဲ့ ထုံးစံအတိုင်း ဇိမ်ရှိတာ၊ မအိပ်ချင်တာ၊  အလုပ်လုပ်လို့ကောင်းတာ စတာတွေကြောင့် သုံးနေကြသည်ကိုတွေ့နေရပါသည်။ သုံးစွဲသူကလည်း သုံးစွဲ ဖြန့်ဖြူးသူကလည်းဖြန့့် ဖြူးနေသည့်အတွက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများက သံသရာကလည်နေရခြင်းဖြစ်ပါသည်။                 ထိုမူးယစ်ဆေး များကို လွယ်လွယ်ကူကူနှင့်ရနေသည်မှာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ ၀ိသမလောဘသားတွေကြောင့် ဖြစ်ကာ ဒီလိုလူမျိုးတွေရှိနေတဲ့အတွက်လည်း လူငယ်တွေပိုပြီး လမ်းမှားရောက်နေ ရခြင်းဖြစ်ပါသည်။ အတ္တကိုရှေ့တန်းတင်ပြီး စီးပွားရှာနေသည့် တစ်ဘို့တည်းသမား များကြောင့်လည်း လူငယ်များ လမ်းမှားရောက်ဖို့တွန်းအားပေးသကဲ့သို့ဖြစ်နေရပါသည်။ တကယ်ဆို ကိုယ့်သားအရွယ်၊ ကိုယ့်တူအရွယ်၊ ကိုယ့်ညီအရွယ်လေးတွေကို တားမြစ်ဖို့တော့မစဉ်းစား၊ ကိုယ်ပိုက်ဆံ ရရင်ပြီးရောဆိုတာမျိုးတာဝန်ယူတတ်တဲ့စိတ်မရှိဘဲ ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်ကြပါသည်။
      လူငယ်တွေဘက်ကလည်း ဘာမပာုတ်တာလေးတွေနဲ့ ကိုယ့်ဘ၀ကိုအနစ်မွန်းမခံပါနဲ့။ စဉ်းစားကြည့် ပါ လူငယ်ဆိုတဲ့ဘ၀ပာာ တက်လမ်းတွေနဲ့ အညွန့်တလူလူ တက်နေတာပါ။   အဲလိုအချိန်မှာ မူးယစ်ဆေး ကြောင့်  အနစ်မွန်းခံမယ်ဆိုရင် ဘ၀တစ်သက်တာလုံး သူများတံတွေးခွက်ထဲမှာပဲ နေသွား ရ မှာဖြစ်ပြီး သူများအခိုင်းအစေခံဘ၀နဲ့ ရေစုန်မျောသွားရပါလိမ့်မည်။ ကိုယ့်ဘ၀ကို နှမြောရင် ကိုယ့်ကို ကိုယ် ချစ်ရင် မူးယစ်အနွယ်ဝင်တွေကို တတ်နိုင်သမျှသာရှောင်ရှားပေးကြစေချင်ပါသည်။      လူဆိုတာမှား တတ် သည်ဆိုပေမယ့်  မိမိအမှားကြောင့်  မိမိရော မိမိပတ်ဝန်းကျင်မှာ  ထိခိုက်နစ်နာရ မည်ဆိုလျှင် မကောင်းပြန်ပါ ။လူ့ဘ၀၏သက်တမ်းသည် သံသရာကြီးနှင့်ယှဉ်လိုက်လျှင် ရေပွက်ပမာ တစ်ခဏသာဖြစ်ပါ သည်။  ထိုတစ်ခဏလေးအတွင်းမှာ မိမိအကျိုး သူတစ်ပါးအကျိုး  မိမိပတ်ဝန်းကျင် အကျိုးကို အတတ်နိုင် ဆုံး ဆောင်ရွက်သင့်ပါသည်။
       လူငယ်များသည် ပညာသင်ချိန်မှာ ပညာကိုသာကြိုးစားသင်ယူသင့်သည်။ လူငယ်တို့၏ဘ၀အညွန့် တုံးစေမည့်  မူးယစ်ဆေးဝါးများကိုရှောင်ရှားသင့်သည်။  အတ္တကိုရှေ့တန်းတင်ကာ စီးပွားရှာနေသည့် ၀ိသမ လောဘသားများရှိနေသည်ဖြစ်ရာ မူးယစ်ဆေးကိုရောင်းဝယ်ဖောက်ကား သယ်ဆောင်ဖြန့်ဖြူးနေကြ ဦးမှာအမှန်ပါ။ ထို့ကြောင့် လိုသလိုဝယ်ယူနိုင်မှာဖြစ်သည့်အတွက် မသုံးစွဲမိအောင် မိမိကသာ ရှောင်ကြဉ်ရ မှာဖြစ်ပါ သည်။
      လူငယ်တိုင်းမှာအနာဂတ်ရှိသည်။ မနက်ဖန်ပေါင်းများစွာသော နေ့သစ်များကကြိုဆိုနေကြပြီ။ ကိုယ့် ဘ၀ အတွက် အကောင်းဆုံးနေ့ သစ်ကို ဖန်တီးမလား။  ဖျက်ဆီးမည်လားဆိုသည်မှာက မိမိရွေးချယ်မှု အပေါ် မှာ သာ မူတည်နေပါသည်။  လူငယ်တိုင်းသည် မနက်ဖြန်သော နေ့သစ်များကို အတောက်ပဆုံး အထွန်းလင်းဆုံးကြယ်လေးများဖြစ်နေမှသာ သူတို့တွေ၏  အနာဂတ်ဟာ သာယာလှပမည်ဖြစ် ပါသော ကြောင့် ထာဝရ ထွန်းလင်းတောက်ပပါစေဟု ဆုတောင်းမိပါသည်။
                                                                                                             ပြည်သူ့ပုံရိပ်
Wednesday, January 15, 2014
ကာရန်လွဲနေသော ကဗျာတစ်ပုဒ်
ကာရန်လွဲနေသော ကဗျာတစ်ပုဒ် 
   သားဖြစ်သူက အမေကို ရိုသေစွာဦးချကန်တော့လိုက်သည်။ အမေကဆုကောင်းဆုမြတ်များကို ရှည် လျား စွာချီး မြင့်သည်။ ပြီးသော်… …မင်းဆေးလိပ်တွေသိပ်သောက်တယ်ဆို၊ကွမ်းစားတာကလဲ ပါးစပ် တစ်ခုလုံး ရဲပတောင်းလိုက်နေပြီ ၊ဆေးလိပ်ကော ကွမ်းပါဖြတ် ကြားလား။ ဆေးလိပ်သောက်တယ်၊  ကွမ်းစား တယ်ကြားလို့ က တော့ သေပြီသာ မှတ်…
…ဟုတ်ကဲ့ပါ အမေ..
( အသက်ခြောက်ဆယ်နားကပ်နေပြီဖြစ်သော အရာရှိကြီးကို အသက်ရှစ်ဆယ်ကျော် အဖွားကြီးက ဆုံးမနေခြင်း ဖြစ်သည်။ စည်းကမ်းကောင်းမှု လုပ်ငန်းကျွမ်းကျင်မှု တာဝန်ကျေပွန်မှုကြောင့် ၀န်ထမ်းအားလုံး၏ ချစ်ကြောက်ရိုသေမှုကိုခံယူရသော အရာရှိကြီးသည် မိခင်၏ရှေ့ ၀ယ် ခြေသုပ်ပုဆိုးမြွေစွယ်ကျိုး၍ ပိဘိကလေးငယ်လေးတစ်ဦးမျှသာ)          လူငယ်တစ်သိုက်ဂစ်တာတီး၍ တေးတကြော်ကြော် အော်ဟစ်နေကြသည်။ ထိုစဉ်လူကြီး တစ်ဦးရောက် လာသည်။
…လူလေးတို့..ညဥ့်နက်နေပြီလေ။ ကနေ့ညတော့ ဒီလောက်နဲ့တော်ရောပေါ့ကွာ။ ကိုယ့်အတွက် အများပြည်သူ အိပ်မပျက်စေနဲ့ ..ဟုတ်လား… …ဟုတ်ကဲ့ပါ..လေးလေး၊ကျွန်တော်တို့လဲပြန်ကြတော့မလို့ပါ… …အေး..အေး.. ကောင်းပါလေ့ကွယ်။အော်..ဒါထက် မင်းတို့တွေ မူးယစ်ဆေးကိုတော့ လုံးလုံးရှောင် ကြ  နော်..
…ဟုတ်ကဲ့ပါ လေးလေး…
(သွေးမတော် သားမစပ်ငြားသော်လည်း ကြီးသူ၏ဆိုဆုံးမမှုကို လူငယ်လေးများက နားထောင်ကြသည်။)  လူရွယ်လင်မယားခွန်းကြီးခွန်းငယ်ဟစ်ကာ ရန်ဖြစ်နေကြသည်။ အမြင်မတော်အကြားမတော်သောကြောင့် အိမ်နီးချင်းအဒေါ်ကြီးတစ်ဦးက၀င်ရောက်ဟန့်တားသည်။
…ဟဲ့..ကောင်လေး ကောင်မလေးတွေ မတော်ကြသေးဘူးလား။ဘယ့်နှယ် မကြားဝံ့မနာသာတော်၊ မိမ ဆုံးမ ဖမဆုံးမတွေကြနေတာပဲ။ ငါ တက်ရိုက်လိုက်ရ သေတော့မယ်…
(ရန်ဖြစ်နေသော လင်မယား၏အသံတိတ်သွား သည်။ကြီးသူကို ရိုသေ လေးစား တတ်သည့် မြန်မာတို့၏ ဓလေ့ စရိုက်သဘာဝပင်ဖြစ်သည်။)
အသက် နှစ်ဆယ်ခန့်သားဖြစ်သူကို ဖခင်ကဆုံးမနေသည်။ အကျိုးအကြောင်း အဆိုးအကောင်းကိုရေရေ လည်လည်ရှင်းပြသွန်သင်နေသော်လည်း သားကလက်မခံ။ ကြာသော် ဖခင်ကစိတ်တိုလာသည်။ဒေါသ အ လျောက် ရိုက်နှက်မည်ပြင်သောအခါ… …အဖေနော်၊ပါးစပ်ကပြောနေတာတောင်လွန်နေပြီ။ကျွန်တော်ကအရွယ်ရောက်နေပြီဗျ။ လူ့အခွင့်အရေးအ ရ ကျွန်တော့်ဘာသာ ကျွန်တော်လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်။ကျွန်တော့်ကိုရိုက်လို့ကတော့ ရဲစခန်း တိုင်လိုက် မှာပဲ…
(အနောက်နိုင်ငံများတွင်ကျင့်သုံးလျက်ရှိသည့် သားသမီးနှင့်မိဘဆက်ဆံရေးဖြစ်သည်။)
" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝ ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊  ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှ လည်း တာဝန်မရှိတော့ဘူး၊ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့ လည်း မညီဘူး၊  ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်"(နိုင်ငံ့ခေါင်းဆောင်လုပ်ချင်နေသူတစ်ဦး၏စကားတစ်ခွန်း)
မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံနယ်ပယ်တွင် စဉ်လာမပျက်သုံးစွဲလျက် ရှိသော ပြုမူပြောဆိုကျင့်ကြံနေ ထိုင်မှုများသည် ကာရန်ပြေပြစ်သော ကဗျာကောင်းများဖြစ်ပေရာ ကာရန်လွဲနေသော ကဗျာများမရွတ် ဆိုမိကြပါမူ အဟောဝတ ကောင်းလေစွ…။
                                                                                                            ဘကြီးဖြိုး
Sunday, January 12, 2014
မြို့ဝင်ကြေးသာမက မြို့ထွက်ကြေးပါပေးဆောင်နေရသော ဘီးခွန်ဂိတ်များ
     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ တောင်ကြီး-ဟိုပုံး ကားလမ်း မပေါ်ရှိ စည်ပင်သာယာဘီးခွန်ဂိတ်သည် မြို့ဝင်ကြေး သာမက မြို့ထွက်ကြေး ပါ ပေးဆောင်နေ ရကြောင်း သိရှိရပါသည်။
      ဟိုပုံးမြို့တွင် ဒေသအခေါ် (၅)ရက်တစ်ဈေးရှိရာ ဈေးနေ့ရောက်တိုင်း ပတ်ဝန်းကျင်ကျေးရွာများ မှ ဒေသခံ ပအိုဝ်းတိုင်းရင်းသားများသည် ဟိုပုံးမြို့သို့ လာရောက်၍ ရောင်းဝယ်ဖေါက်ကားကြရာ ဆိုင်ကယ်များနှင့် တစ်မျိုး၊ ထော်လာဂျီများနှင့် တစ်တန် အရောက်လာကြရသော တိုင်းရင်း သားပြည်သူများသည် မြို့ဝင်ကြေး ဘီးခွန်ကောက်ခံသူများ၏ တားဆီးကောက်ခံခြင်းကို ခံနေရကြောင်း၊ မြို့တွင်း ဆိုင်ကယ် မောင်းနှင်သူများလည်း ဘီးခွန်ကောက်ခံသူများနှင့် မကြာခဏ အချင်းများကြရလေ့ရှိကြောင်း သိရှိရပါသည်။
     “အရင်တုန်းက ကျွန်တော်တို့ မြို့မှာ ဂိတ်ကြေး တစ်ဂိတ်ပဲရှိတယ်။ အခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ် လာမှ ဟိုပုံး-ဆီဆိုင် အထွက်မှာလည်း တစ်ဂိတ် ထပ်တိုးလာတယ်။ သာမန် သာရေး၊ နာရေး၊ လူမှုရေး ကိစ္စနဲ့ တောင် ဟိုပုံးမြို့ထဲ ၀င်ဖို့က မလွယ်တော့ဘူး။ သူတို့က ဇွတ်တားတာ ပြောလည်း မရဘူး။ မတော်တဆ တိုက်မိခိုက်မိရင် မကောင်းဘူး။ ကျွန်တော်တို့က ဥပဒေ အကြောင်းတော့ သိပ်နား မလည်ပါဘူး။ ပိုက်ဆံပေးနေရတာပဲ ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့က တောသူတောင်သားတွေပါ။ ဘယ်အစိုးရ တက်တက် ကျွန်တော်တို့ပြည်သူတွေ စိတ်အေးလက်အေး စီးပွားရှာစားလို့ရ ရင် ကျေနပ်တယ်။ အခုဆို ဂိတ်မှာ သီးနှံခွန် ပေးဆောင်ပါ ဆိုပြီး ဆိုင်းဘုတ်တစ်ခု ထပ်တိုးလာပြန်ပြီ။ ဒီဒေသနဲ့ ဒီဒေသ ကိုယ့်နိုင်ငံထဲမှာ ကုန်ကူးရင်လည်း သီးနှံခွန်ပေးရမယ်ဆိုတော့ ဦးကြီးတို့ လယ်သမား တွေ ဘယ်လိုလုပ် ချမ်းသာတော့မှာလဲ” ဟု အမည်မဖေါ်လိုသူ ဒေသခံ တောင်သူ တစ်ဦးမှ ပြောကြားသည်။
     ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ဒေသခံ လူငယ်တစ်ဦးမှလည်း ယခုလို ပြောကြား ခဲ့သည်။ “ဒါက ဒေသဦးစီးတို့ ထွေ/အုပ် တို့နဲ့ ဆိုင်တာပေါ့ဗျာ။ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ လည်း ဆိုင်တာပဲ။ အခု ဟိုပုံးမြို့ လွှတ်တော်ကိုယ်စားလှယ်တွေက PNO ပါတီတွေက ကြီးပဲလေ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၇၆ အရ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ ပါနေတာပဲ။ တစ်ခြားမြို့နယ်တွေနဲ့မှ မတူတာ။ ပြည်သူ့အတွက် တကယ်လုပ် မယ်ဆိုရင်တော့ တကယ်လုပ်ပိုင်ခွင့်ရတဲ့ အခွင့်အရေးကြီးပေါ့။ အခြေခံလူတန်းစားတွေအတွက် တကယ် အကျိုးရှိလား၊ မရှိလား၊ ပြည်သူတွေအတွက် အကျိုးမရှိနိုင်တဲ့ ဥပဒေတွေ၊ အခြားနည်းဥပဒေတွေ ပယ်ဖျက်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးရမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့ အများကြီးဆိုင်ပါတယ်။ ဘယ်လိုပဲပြောပြော အခုလက်ရှိ အစိုးရက ဦးသိန်းစိန် အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မကောင်းဘူးလို့ အပြောခံရတာ ဦးသိန်းစိန် အစိုးရ မကောင်းဘူးလို့ အပြောခံရတာနဲ့ အတူတူပဲ။ လက်ရှိဒေသတွင်း ပါတီတွေကလည်း ဘာမှ မတတ်နိုင်ဘူး။ ဆိုင်းဘုတ်ထောင်၊ ပိုစတာကပ် နေတာနဲ့ပဲ ပြီးနေတယ်။ အဓိက ၂၀၁၅ မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အရည်အချင်းကို ကြည့်မှရလိမ့်မယ်။ ပြည်သူတွေကလည်း ပါတီ ပဲကြည့်ပြီး ကိုယ်စားလှယ် အရည်အချင်းကို မကြည့်တတ်ဘူး ဆိုရင်တော့ ဒီလိုမျိုး ဆက်ဖြစ်နေဦးမှာပဲ။”
လက်ရှိဟိုပုံးမြို့တွင် ဒေသတွင်း ပါတီ (၆)ခုရှိကြောင်း သိရပြီး ၎င်းတို့မှာ-
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)၊
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဖြစ်ကြောင်းသိရှိရပါသည်။
အလင်းစက်
Friday, January 10, 2014
ပေးစာကဏ္ဍ အဖွင့်စာမျက်နှာ
"ပြည်သူ့ပုံရိပ်" မှ ပြည်သူများ၏ အခက်အခဲများ၊ ခံစားချက်များကို သက်ဆိုင်ရာမှ သိရှိစေရန် ရည်ရွယ်၍ ပေးစာကဏ္ဍ အား စတင်လိုက်ပြီ ဖြစ်ပါသည်။ ပြည်သူ့ပုံရိပ် ၀ိုင်းတော်သားများ အနေဖြင့် ပြည်သူကို ဗဟိုပြု၍ မီဒီယာကဏ္ဍအား တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီရန် ကြိုးစားလျှက်ရှိပါသည်။ နည်းပညာ အခက်အခဲများ၊ စီမံမှု အားနည်းချက်များ ရှိနေသေးသည်ကို နားလည်ခွင့်လွှတ်ပေးကြပါရန် နှင့် ပြည်သူများ၏ အကြံပြုချက်များအား လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်ရန် - theimageofpeople@gmail.com, khunnanda6@gmail.com
(အမည်၊ ဖုန်းနံပါတ်၊ Email များ ထည့်သွင်းရေးသား ပေးပို့နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။)
Sunday, January 5, 2014
ခြင်္သေ့အားမာန်
ခြင်္သေ့အားမာန်
- ပြည်ခိုင်ဖြိုးတို့….
  အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး
  နိုင်ငံအကျိုးတွက် ခရီးဆက်စို့….။
- တို့တပ်လှန့်သံ ဦးထိပ်ပန်လျက်
  ရင်ဝယ်နှိုးဆွ စည်းရုံးကြ၍
  လက်ကမ်းကြိုနေ ရောင်းရင်းဆွေတို့
  လူငယ့်စွမ်းအား ပြည့်စွမ်းအားမို့
  ကျစ်လျစ်အားအင် တိုင်းနယ်တစ်ခွင်လုံး
  မိုးသို့ခြုန်းမျှ စုစည်းဆောင်ရွက်
  နိုင်ငံအကျိုးတွက် ခရီးဆက်လော့…. ။
- ပြည်ထောင်စုစိတ်ဓာတ်….
  အရေးသုံးပါး ဦးတည်ချက်များ
  ခံယူဆုပ်ကိုင် မြဲမြဲခိုင်လျှက်
  ခြင်္သေ့စိတ်ထား စွမ်းပကားဖြင့်
  ရည်ချင်းပြည့်မီ လက်တွဲညီစေ
  တို့တစ်တွေသည် စည်းကမ်းကိုက်ညီ
  ဒီမိုကရေစီ နိုင်ငံဆီသို့
  ကြိုးပမ်းချီတက် ခရီးဆက်စို့…။
- ပြည်ခိုင်ဖြိုးတို့…
  နောက်မဆုတ်တမ်း တို့လှမ်းစွမ်းဆောင်
  အားမာန်အောင်ပွဲ တို့ဆင်နွှဲဖို့
  အမာခံစု ရှေ့ဆောင်ဦးလော့….။
စိုင်းမြင့်ဝင်းလှ (ရှမ်းအရှေ့)
(၃၀.၄.၂၀၀၆) ရွှေနိုင်ငံ အတွဲ(၄) အမှတ်(၂၄) စာမျက်နှာ ၃ မှာ ဖေါ်ပြခံရပြီး ဖြစ်ပါတယ်။ ဟိုးစဉ်ကတည်းကတိုင် ယခုချိန်ထိ ရှင်သန်နေတဲ့ ပြည်ခိုင်ဖြိုးရဲ့ စိတ်ဓာတ်ကို ပြည်သူတွေ သိစေလိုတဲ့အတွက် ဖော်ပြခြင်း ဖြစ်ပါတယ်။
ဘက်စုံစွမ်းဆောင်ရည်မြှင့်တင်ရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ဇန်န၀ါရီလ၆ရက် နံနက် ၈.၀၀တွင် ဘက်စုံစွမ်းဆောင်ရည်မြှင့်တင်ရေးစီမံခန့် ခွဲမှုသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ သင်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ သင်တန်းဖွင့်ပွဲ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Friday, January 3, 2014
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍....
       ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးသည်မှ ယနေ့အထိ မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ကံကြမ္မာကို အဓိကထားဖန်တီး ဖော်ဆောင်နိုင်သော အချုပ်အခြာအာဏာဆိုင်ရာ ပဋိဥာဉ်စာချုပ်ဟုခေါ်ဆို အပ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို(၃)ကြိမ်၊ (၃)ခါ ပြောင်းလဲကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓလေ့ထုံးတမ်းဥပဒေများ၊ပြဌာန်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ ဥပဒေသဘော သက်ရောက်သည့် ကွန်ဗင်းရှင်းအမျိုးမျိုးရှိရာ ယင်းဥပဒေများအနက် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်မှုကို မဏ္ဍိုင်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတော်အတွက် အခြေခံအကျဆုံး ဥပဒေဖြစ်ပါသည်။ အခြေခံ ဥပဒေသည် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး၊ နိုင်ငံရေးအဖွဲ့အစည်း များ လူထုလူတန်းစား အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနှင့် နိုင်ငံသားအားလုံးနှင့် ခြုံငုံ သက်ဆိုင်လျက်ရှိသော ပဋိဥာဉ်စာချုပ်လည်းဖြစ်ပါသည်။
       ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲပြဌာန်းခဲ့ပြီး ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီပေါ်ပေါက်လာသည်အထိ ကျင့်သုံးခဲ့ပါသည်။ ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုအောင်မြင်စွာရေးဆွဲပြဌာန်းနိုင်ခဲ့သည့် အဓိကအချက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်နိုင်ပြီး လွတ်လပ်ရေးအမြန်ရရှိရန်ဆိုသည့် မျှော်မှန်းချက်ဖြင့် မှန်ကန် စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကာ ထိုအခြေခံဥပဒေသည် ကိုလိုနီစနစ်ကို နိဂုံးချုပ်စေပြီး မြန်မာနိုင်ငံ ကို လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ၀ံ့ထယ်စေခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နိုင်ခဲ့သဖြင့် မြန် မာနိုင်ငံနှင့် နိုင်ငံသားများသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ပထမဆုံးအကြိမ်ထိတွေ့ခွင့်ရရှိခဲ့ပါသည်။
၁၉၇၄ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ပါတီစနစ်ကျင့်သုံးမှုနှင့်အတူ ဆိုရှယ်လစ်စနစ်ထူထောင်နိုင် ရန် ပြည်သူ့ ဆန္ဒသဘောထားကို အကြိမ်ကြိမ်ရယူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြ ဌာန်းခဲ့ပါသည်။ ယင်းအခြေခံဥပဒေသည် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ချုပ်ငြိမ်းစေလျက် ဆိုရှယ်လစ်ဒီမိုကရေစီ လမ်းကြောင်းသစ်ကို ဖော်ညွှန်းနိုင်သည့် နိုင်ငံတော်၏ ဒုတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပါသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာ ရေးဆွဲပြဌာန်းနိုင်ခြင်းမှာ လည်း နိုင်ငံတော်၏ အတိတ်သမိုင်းသင်ခန်းစာများကိုရယူပြီး ထိုခေတ်ထိုကာလအခြေအနေအရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရနိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် စုစည်းကာ ဆိုရှယ်လစ် ပန်းတိုင် ကို နိုင်ငံတော်ရည်မှန်းချက်အဖြစ် ပီပြင်စွာ ချမှတ်နိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ တတိယအကြိမ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ် ကာ ယင်းဥပဒေကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ထူထောင်နိုင်ရန် လူထုလူတန်းစား အလွှာအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားညီလာခံက ချမှတ်ပေးသည့် အခြေခံမူများနှင့် အညီ ရေးဆွဲခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဌာန်းခဲ့ပါသည်။ အမျိုးသား စည်းလုံးညီညွတ်မှု ကို အခြေပြုကာ ဒီမိုကရေစီခေတ်သစ်တစ်ခုသို့ ကူးပြောင်းနိုင်ရေးဟူသည့် ဦးတည်ချက်ဖြင့် ၂၀၀၈ခုနှစ် အခြေခံ ဥပဒေအရ ဒီမိုကရေစီအခြေခံ အဆောက်အဦများကို အောင်မြင်စွာထူထောင်နိုင်ပြီး တရား မျှတခြင်း လွတ်လပ်ခြင်းနှင့် ညီမျှခြင်းစသည့် သဘောတရားများ လက်တွေ့ပွင့်လင်း စွာ ဖော်ဆောင် နိုင်အောင် ကြိုးပမ်းလျက်ရှိပါသည်။ယခုအခါ ဒီမိုကရေစီစနစ်ပြောင်းကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိ ရာ လွှတ်တော်သက်တမ်း၏ ထက်ဝက်ကျော် ကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါသည်။ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာညှိနှိုင်း ပူးပေါင်းဖြေ ရှင်းရမည်ဆိုသည့် နိုင်ငံရေးအယူအဆတစ်ခုသို့ ကူးပြောင်းလျက်ရှိပါသည်။ ဒီမိုကရေစီနှင့် စပ်လျဉ်းသည့် အကောင်းအဆိုး သင်ခန်းစာများကိုလည်း အထိုက်အလျောက် ရရှိနေကြပြီ ဟု ဆိုရမှာဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးအကောင် အထည် ဖော်ရာတွင် ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများနှင့်လျော်ညီစွာ နိုင်ငံတော်တည်တံ့ခိုင်မြဲ မှု တည်ငြိမ်အေးချမ်းမှု အမျိုးသားစည်းလုံးညီညွတ်မှု ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေ စီ ပြုပြင် ပြောင်လဲမှုစသည့်လုပ်ငန်းများကို ပိုမိုထိရောက်စွာ အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက် နိုင်ရေးအတွက် လိုအပ်သောအကြံဥာဏ်များပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ (၂၅.၇.၂၀၁၃)ရက် စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၁/၂၀၁၃)အရ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ် စားပြုကိုယ်စားလှယ်များက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်လျက်ခေတ်အခြေ အနေနှင့် ကိုက်ညီမည့် နည်းလမ်းများကို စဉ်းစားကာ ပြင်ဆင်သင့်သည်များ၊ ပြုပြင်သင့်သည်များ ကို စဉ်းစားဆောင်ရွက်လျက်ရှိပါသည်။လက်ရှိဖွဲ့စည်းပုံ ဥပေဒေကို ဖျက်သိမ်းကာ အသစ်ရေးဆွဲ မည်ဆိုပါက တိုင်းပြည်၏ လက်ရှိ အခြေအနေနှင့် အချိန်အခါအရ သင့်မြတ်မှုမရှိသည့်အပြင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီစုံ ဒီမိုကရေစီ စနစ်ဖော်ဆောင်လျက်ရှိသည့် လက်ရှိဆောင်ရွက်ထားမှု အားလုံးကို လုံးဝပစ်ပယ်ရာ လျစ်လျူရှုရာ ရောက်ပါလိမ့်မည်။ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု စည်းလုံးညီညွတ်မှုနှင့် အနာဂတ်ကို ထိခိုက်စေသော အန္တရာယ်ကြီးမားသည့် အစွန်းတရားမျိုးဖြစ်ပါသည်။ ထို့အတူ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ခေတ်နှင့်အညီ ပြင်ဆင်ဖြည့်စွက်မှု လုံးဝမလက်မခံဘဲ လက်ရှိအတိုင်း ကျင့်သုံးရန် ဆိုသည့် အယူအဆသည်လည်း ပြောင်းလဲလျက်ရှိသော ခေတ်စနစ် အခြေအနေကို မျက်ကွယ်ပြုရာ ရောက်ရှိသည့် အစွန်းတရား တစ်မျိုးဖြစ်ပါသည်။လူ့အရေးကိစ္စ အားလုံးသည် မည်သည့် အချိန်အခါမျှ ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ ခတ်စနစ်များသည် လည်းကောင်း၊  ခေတ်စနစ်အလိုက် ဖြစ်ပေါ်နေသော ဥပဒေစည်းမျဉ်း စည်းကမ်း အစဉ်အလာများနှင့် အယူ အဆများသည် လည်းကောင်း ပြည့်စုံမှုမရှိနိုင်ပါ။ ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေ အချိန်အခါ နှင့်အညီ ပိုပြီးပြည့်စုံအောင် ပြင်ဆင်သင့် ပြင်ဆင်ထိုက် ဖြည့်စွက်သင့် ဖြည့်စွက်ထိုက်သည် များကို လေ့လာညှိနှိုင်း သုံးသပ်ပြင်ဆင်သွားနိုင်ရန် ကြိုးပမ်းနေရမည် ဖြစ်ပါသည်။ ဗဟိုဦးစီးစနစ် ချုပ်ကိုင် မှု လွန်ကဲခြင်း လူမျိုးအလိုက် ဒေသအလိုက် လွတ်လပ်မှု တန်းတူညီမျှမှု အားနည်းခြင်း ဗဟိုစုစည်းမှု အင် အားပျော့ပြီး တစ်တော တစ်ကြက်ဖ ပုံစံဖြစ်နေခြင်း တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထိခိုက်နိုင်ခြင်း စ သည့်အားနည်းချက်များရှိပါက အချိန်မီ ဦးစားပေးကာ ပြင်ဆင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါ သည်
      ပြည်ခိုင်ဖြိုးပါတီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် စပ်လျဉ်းကာ အသင်း ဘ၀မှ စတင်ပြီး ယနေ့အထိ ဖြစ်စဉ် အားလုံးတွင် ပါဝင်ခဲ့သည့် ပါတီဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ အ ဖွဲ့အစည်းများ ထင်ထင်ရှားရှား ဖြစ်ပေါ်လာရေးကိုလည်း ဦးစီးဦးဆောင် တာဝန်ယူခဲ့သော ပါတီဖြစ်ပါ သည်။ ထို့ကြောင့် ပြောင်းလဲလာသည့်ခေတ်နှင့်အညီ  အခြေခံဥပဒေမှ ပြင်သင့်သည်များကို ပြင်ဆင်နိုင်ရန် အလေးထားပါသည်။ ပြင်ဆင်ရာတွင်လည်း ပုဂ္ဂိုလ်စွဲ  လူမျိုးစွဲ ပါတီစွဲ ဦးစားမပေးပဲ နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး  ဒီမိုကရေစီကျင့်စဉ် ခိုင်မြဲရေး စသည့် ပြည်ထောင်စုလွှတ်တော်က ချမှတ်ပေးထားသည့် ဦးတည်ချက် (၃) ရပ်နှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး အချိန်ကာလအရ ဦးစားပေးသတ်မှတ်ကာ ပြင် ဆင်ဆောင်ရွက်သွားရန် အရေးကြီးသည်ဟု ခံယူပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလျက် ရှိ သော အခြေအနေများနှင့်အညီ လိုက်လျော ညီစေရန် ယခုပြင်ဆင်သကဲ့သို့ နောင်များတွင်လည်း လိုအပ်သလို ပြင်ဆင်သွားရမည်သာ ဖြစ်ပါသည်။ ပြင်ဆင်ရာတွင် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊  လွှတ်တော်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တပ်မတော်တို့သည် ညီညီညွတ်ညွတ် ပွင့်လင်းစွာ ညှိနှိုင်း ပူးပေါင်း ဆောက်ရွက်သွား မည်ဖြစ်ပါသည်။
  သို့ဖြစ်ပါ်၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်သင့်သည်ဟု ယူဆ  သော ပြဌာန်းချက်များကို ပြည် ထောင်စုလွှတ်တော်က ဆွေးနွေးဆုံးဖြတ်ရန် အလို့ငှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်သင့်သည် ပြဌာန်းချက်များနှင့် အခြေအနေအချိန်အခါ အရ ပြင်ဆင်သင့်သည်များကို ပြည်သူ့အကျိုးရှေ့ရှုပြီး ပြင်ဆင်သွားမည်ဖြစ်ပါသည်။
န၀မအကြိမ် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ရန် လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးများ စတင်ကျင်းပ
 ဆောင်ရွက်လျှက်ရှိ
 နေပြည်တော်  ဇန်ဝါရီ ၂ 
ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ပြည်ထောင်စုလွှတ်တော်အသီးသီး၏ န၀မမြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ၁၃ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ် ရာ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ဥပဒေကြမ်းကော်မတီများသည် လုပ်ငန်းများ စတင်ဆောင် ရွက်နေကြပြီ ဖြစ်သည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအစည်းအဝေးများကို ၃၁.၁၂.၂၀၁၃ ရက်နေ့မှ စတင်ကျင်းပလျှက်ပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအစည်း အဝေးများကိုမူ ၆.၁.၂၀၁၄ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအစည်းအဝေးကို ၇.၁.၂၀၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ၂.၁.၂၀၁၄ရက်နေ့  နေ့လည် ၁၂ နာရီ အချိန်တွင် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမတွင်ကျင်းပရာကော်မတီ ဒုတိယဥက္ကဌ ဦးဇော်မြင့်ဖေ၊ အတွင်းရေးမှူး ဦးစောလှထွန်း၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေး မှူး ဒေါက်တာမြတ်ဥာဏစိုးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော အထူးစီးပွားရေးဇုန် ဥပဒေကြမ်း၊  ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဆိုင်ရာဥပဒေကြမ်းနှင့် နိုင်ငံတော်သမ္မတက ပေးပို့လာသော သ၀ဏ်လွှာတို့ကို ကြို တင် လေ့လာစိစစ်ခဲ့ကြကြောင်း သိရှိရသည်။
Thursday, January 2, 2014
(၆၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု
(၆၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပြည်သူတို့ပူးပေါင်းဆောင်ရွက်သည့် ဟင်္သာတမြို့ ဦးဝိစာရလမ်း၊ ကွန်ကရိလမ်းသစ်ဖွင့်ပွဲအခမ်း အနားအား ယနေ့(၂.၁.၂၀၁၄)ရက်နေ့ နံနက်(၈)နာရီတွင် ပြုလုပ်ရာ လမ်းနှင့်ပတ်သက်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌဦးတင်နိုင်လင်းမှရှင်းလင်းတင်ပြလျက် ပြည်သူများကိုယ်စား ဘုရားကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းမှ ကျေးဇူးတင်စကားပြောကြားပြီး၊ လမ်းပြီးမြောက်ခြင်းအထိမ်း အမှတ်အလံများပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ၊ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တောနှင့်သတ္ထုဝန်ကြီး ဦးစိုးမြင့်အား လည်းကောင်း၊ အင်ဂျင်နီယာမှူး ဦးအောင်စိုးမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့်လမ်းဖြစ်မြောက်ရေးကော်မတီ နာယကဦးခင်မောင်သန်းတို့အားလည်းကောင်း အသီးသီးပေးအပ်ကြပြီး၊ မင်္ဂလာအချိန်တွင်ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး၊မြို့ နယ်စည်ပင် သာယာ ရေးကော်မတီ ဥက္ကဌဦးတင်နိုင်လင်းနှင့် လမ်းဖြစ်မြောက်ရေးကော်မတီ နာယက ဦးခင်မောင်သန်း တို့ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လမ်းတလျှောက်လိုက်လံစစ်ဆေးကြည့်ရှုပြီး အခမ်းအနားအား နံနက်(၈း၃၀) နာရီ တွင် ရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးသိမ်းစိုးနှင့်ခရိုင်/မြို့နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊မြို့နယ်အထောက်အကူပြု
ကော်မတီဝင်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့်မြို့မိမြို့ဖများ၊ပြည်သူများ(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ပညာမြင့်မှ လူမျိုးတင့်မည် စေတနာအသိနှင့် တင်ပြပါသည်
ယခုရက်ပိုင်းအတွင်းကျွန်တော်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ကျတဲ့ကျောင်းမှာ ဆဌမတန်းအတန်းပိုင် ဆရာမ နေမကောင်းတာကြောင့်ကော ကျောင်းမှာဝန်ထမ်းအင်အား နည်းနေတဲ့အတွက်ပါ ကျွန်တော် ဆဌမတန်းကို ၀င်ရောက်သင်ကြားခဲ့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဆဌမတန်းကို ကျွန်တော့်အနေနဲ့ အလျဉ်းသင့်သလို စစ်ဆေးကြီးကြပ် အကြံပြုတာလောက်ဘဲ ဆောင်ရွက်လေ့ရှိတာပါ။ ဒါပေမယ့် ယခု ၀င်ရောက်တဲ့အခါမှာတော့ တစ်နှစ်တာ သင်ခန်းစာတွေအများစု ပြီးဆုံးနေတဲ့ကာလဖြစ်တာကြောင့် သင်ခန်းစာအသစ်တွေကို သင်ခြင်းမပြုသေးဘဲ ကလေးတွေရဲ့တတ်မြောက်မှုကို အကဲခတ်ဖို့ဆုံးဖြတ် လိုက်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး တတ်မြောက်မှုတွေ စစ်ဆေးတဲ့အခါလက်တွေ့ အသုံးချနိုင်မှုနဲ့ နားလည်မှုပိုင်းမှာ ထင်သလောက် မပေါက်ရောက်သေးတာကို သိရှိနားလည် လိုက်ပါ တယ်။ ဒါပေမယ့် ကလေးတွေဟာ ကွက်လပ်ဖြည့်၊ မှားမှန်ရွေး၊ မှားမှန်စတဲ့ objective typeတွေကို ထဲထဲ ၀င်ဝင်နားမလည်ဘဲ ကောင်းစွာ ဖြေနိုင်တာကိုလည်း အံ့သြစွာ သိလိုက်ရပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာ နဲ့ပတ်သတ်ရင် သူတို့မသိနားမလည်သေးတာတွေကို အကျဉ်းချုပ်လို့ မှတ်စုတွေပေး ရှင်းလင်းရင်း ဘာတွေကို ကျက်မှတ်ထားရမယ်၊ ဘာတွေကိုနားလည်ရမယ်ဆိုတာကို သူငယ်တန်းကလေးတွေကို လက်ထပ်သင်ပေးသလို အသေးစိတ်ရှင်းပြခဲ့ရပါတယ်။ ဒီနေ့တော့ အဲ့ဒီဆရာမနေကောင်းတာနဲ့ လိုအပ်တဲ့လမ်းညွှန်မှုတွေပေးရင်း ဆရာမကိုပါ ပြန်သင်ပေးခဲ့ရပြန်ပါတယ်။ စာတွေဖတ်ဖို့ ၊ လေ့လာဖို့ မသိရင်မေးဖို့ သေချာသင်ကြား ဆောင်ရွက်ဖို့ လိုအပ်ရင်မိမိထံမေးဖို့ ဆုံးမရပြန်ပါတယ်။ အလွတ် ကျက်မှတ်မှုအားကောင်းတဲ့ကလေးတွေရဲ့ စွမ်းအားကို မှန်ကန်တဲ့နေရာမှာအသုံး ချဖို့သေချာပြောပြရပါ တယ်။ ကျွန်တော် ၂၀၁၀ ခုနှစ်မှာ သက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုက ကထိကဆရာတစ်ဦး နဲ့ ဆွေးနွေးလို့သိုခဲ့ရတာလေးတစ်ခုရှိပါတယ်။ သူတို့ရဲ့တက္ကသိုလ်မှာ ၁၀တန်းကို ဂုဏ်ထူးများစွာ နဲ့ အောင်လာပေမယ့် သင်ခန်းစာရဲ့သဘောတရားများနဲ့ဆွေးနွေးစေတဲ့အခါဘာမှနားမ လည်တဲ့ ကျောင်း သားမျိုးတွေရှိနေကြောင်း သိခဲ့ရဖူးပါတယ်။ အလွတ်ရအောင်ကျက်ပြီး concept တွေကို ကောင်းစွာ နား မလည်ဘဲ အောင်လာတာမျိုးဖြစ်မယ်ထင်ကြောင်း ပြောပြခဲ့ဖူးပါတယ်။ ကျွန်တော့်ကျောင်းဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတာကော ထိုင်းကိုအထင်ကြီးပြီး ထိုင်းကျောင်းသွား တက်တဲ့ကလေးတွေလည်း ရှိနေ တာ ကြောင့် ကိုယ့်မြန်မာကျောင်းကို အထင်ကြီးလေးစားဖို့မှာ အင်္ဂလိပ်စာ ကောင်းစွာ သင်ကြားပေးနိုင်ဖို့ကိုလည်း နေ့စဉ်စိတ်ထဲမှာ အထူးကိစ္စတစ်ရပ် အနေနဲ့ ဆုံးဖြတ်ပြီး အမြဲမှာကြားနေ တာပါ။ ခုနကဆွေးနွေးခဲ့တဲ့ ဆဌမတန်းကတော့ အတန်းပိုင်အနေနဲ့ ဒီနှစ်မှ ကျောင်းကိုပြောင်းလာ တာ ဖြစ်ပြီး အလယ်တန်းပြ လုပ်သက်ရင့်ဆရာမဆိုပြီး အထင်ကြီးလိုက်မိတာ ကျွန်တော့်ရဲ့အားနည်း ချက် တစ်ခုဖြစ်ပါတယ်။အဲ့ဒါကြောင့် လက်ထောက်ဆရာမတွေ အားလုံး ကို ဒီမနက်မှာ ဒီကိစ္စကို ဘဲ ကျောင်းတွင်းအစည်းအဝေးကျင်းပပြီး အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ မှာကြားခဲ့ရပါ တယ်။ နိုင်ငံတကာသုံးဘာသာရပ်တစ်ခုဖြစ်ပြီး အဆင့်မြင့်သိပ္ပံပညာရပ်တွေ၊ နည်းပညာတွေ ကို အင်္ဂလိပ် လို သင်ယူနေရတဲ့အတွက် ပညာသင်ကြားရာမှာ အရေးပါလှတဲ့အင်္ဂလိပ်စာကို မူလတန်းက တည်းက စနစ်တကျ သင်ကြားပေးသင့်ပါတယ်။ မကြာသေးတဲ့ကာလက MRTV4က သတင်း ကြညာသွားတာတစ်ခုသိရှိလိုက်ရပါတယ်။ CESR Task Force အတွင်းရေးမှူး (ဘက်စုံလွှမ်းခြုံနိုင်ေ သာ ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေးအဖွဲ့) ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ တတိယတန်းကနေပြီး အင်္ဂလိပ်စာစသင်ဖို့ ဆွေးနွေးစီစဉ်နေကြောင်း သတင်းကြားလိုက်ရပါတယ်။ အင်မတန်မှ သင့်လျော်ပြီး မင်္ဂလာရှိသော အစီအစဉ်ဖြစ်ပါတယ်။ တိုင်းရင်းသားစကားကို နေ့စဉ်ပြောနေတဲ့ ကလေးငယ်များအတွက် ပိုပြီးသင့်တော်ပါတယ်။ သူတို့ အနေ နဲ့ကျောင်းတက်တက်ချင်း ဘာသာစကားအသစ်(၂)မျိုးစသင်ရတာ အခက်အခဲအင်မတန် ရှိပါတယ်။ ဒါ့အပြင် သူငယ်တန်းသင်တဲ့ ဆရာမက တိုင်းရင်းသားဘာသာစကား မသိတဲ့အခါ ပိုလို့ဆိုးပါတော့ တယ်။ ဒီအထဲမှာ ပညာရေးစနစ်ကို ကောင်းစွာ နားမလည်ဘဲ တတ်အောင်မသင်နိုင်ဘဲ တစ်နှစ်ပြည့် လို့အောင်ပေးလိုက်တဲ့အခါ အဲ့ဒီကလေးရဲ့အနာဂတ်အတွက် အခြေခံခိုင်မာမှုယိုင်နဲ့ သွားခဲ့ပါပြီ။ အဲ့ဒါမ်ျိုးတွေ တကယ်ဖြစ်နေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ တတ်အောင်သင်နိုင်မှ အောင်မယ် ဆိုတာလက်ထောက်ဆရာတွေကို အမြဲတတွတ်တွတ်မှာကြား လျက်ရှိပါ တယ်။ အခုလို တတိယ တန်းမှာ မှ အင်္ဂလိပ်စာကိုစသင်ပေးရင် မူလတန်းအောက်ဆင့် သူငယ်တန်းကနေ ဒုတိယတန်းမှာ မြန်မာစာ နဲ့မြန်မာစကားကို ကျွမ်းကျင်သွားပြီမို့ အင်္ဂလိပ်စာကို တတိယတန်းမှာစပြီး သင်ကြားခွင့်ရရင် ပိုပြီး မှတ်သားနားလည် ကျွမ်းကျင်နိုင်မှာပါ။မြန်မာစကားကို ကောင်းစွာ နားလည် လာပြီဖြစ် တဲ့ အတွက် မြန်မာလို အင်္ဂလိပ်စာကို နားလည်အောင် ရှင်းလင်းသင်ကြားလို့ကောင်းသွားမှာဖြစ်ပါတယ် ။ကျောင်း သားကလေးလည်း စိတ်ပင်ပန်းမှုမရှိတော့ပါဘူး။ တိုင်းရင်းသားကျေးရွာတွေမှာ ပိုပြီး အဆင်ပြေ မှာဖြစ်ပါတယ်။ ကျွန်တော်နေထိုင်တဲ့ တာချီလိတ်မြို့နယ်မှာ ယနေ့ထိ တိုင်းရင်းသား ဆရာတွေ အထူး သဖြင့် ရှမ်းတိုင်းရင်းသားဆရာဆရာမတွေ နည်းနေတုန်းပါ။အဓိကအားဖြင့် ကျေးလက် အခြေခံပညာ မူလတန်းကျောင်းတွေမှာ ရှားပါးလှပါတယ်။ သူတို့လေးတွေကို ကျွန်တော်ကျောင်းအုပ်ကြီးက စာတွေ အမျိုးမျိုးပညာတွေအမျိုးမျိုးတတ်စေချင်ပေမယ့် ဒသခံဆရာနည်းပါးတာရယ်၊ရွာကျောင်းမှာ တစ်နှစ်တောင် မနေချင်ကြတဲ့ ပြည်မဆရာ အများစုကြားမှာ တပည့်လေးတွေအတွက် အဆင်ပြေနိုင်အောင် နည်း လမ်း ပေါင်းစုံနဲ့ အကျိုးရှိတဲ့အချိန်တွေကို ကြိုးစားကျော်ဖြတ်ရင်း စိတ်မောမှုများစွာနဲ့တွေ့ရှိချက် တစ်ခုကိုစေတနာ အပြည့်အ၀နဲ့တင်ပြလိုက်ရပါတယ် ခင်ဗျား။
မြတ်မျိုးမြင့်မာန် (၂.၁.၂၀၁၄)
ပြည်သူ့လိုအပ်ချက်...တတ်စွမ်းသမျှဆောင်ရွက်
ပြည်ထောင်စုလွှတ်တော်နာယက၊   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် (၃၁-၁၂-၂၀၁၃ )ရက်နေ့တွင် ကညွှတ်ကွင်းမြို့  မြို့လယ်ခန်းမတွင် မြို့ရွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့များ၊ ကော်မတီအဖွဲ့ဝင်များ နဲ့ အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကညွှတ်ကွင်းမြို့၊ မြို့နယ် ဆေးရုံဖွင့်ပွဲကို တက်ရောက်ပြီး ဆေးရုံတက် လူနာများအား ကြည့်ရှု အားပေး ကာ ဆေးရုံတက်ရောက်ကုသနေသော တပ်မတော်တပ်ကြပ်ကြီးတစ်ဦးအပါ အ၀င် ဆေးရုံ တက်လူနာများအား ပါတီဥက္ကဌသူရဦးရွှေမန်းနှင့်ဇနီးတို့က အလှူငွေများပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံရန်ကုန်တိုင်းပါတီရုံး   ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
၂၀၁၄ခုနှစ်၊ဇန်၊(၂)ရက်၊နံနက် ၀၉၃၀ နာရီ မှ ၁၁ ၀၀နာရီအထိ၊ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့်ဆရာစံလမ်းထောင့်၊ခြံအမှတ်(၉၀)ရှိရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ဦးမောင်မောင်သိမ်း (ရန်ကုန်တိုင်းဒေသကြီးပါတီတာဝန်ခံ)ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးပါတီယာယီ အတွင်းရေးမှူး ဦးသာဝင်းနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များအား တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးပါတီရုံးအတွင်းရှိ ရုံးလုပ်ငန်းများ နှင့်ပါတီ ၀င်ကတ်ပြားများ ကွန်ပျူတာဖြင့် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ ရန်ကုန်တိုင်းဒေသ ကြီးပါတီရုံးတွင်ဖွင့်လှစ်ထားရှိသော ကွန်ပျူတာသင်တန်းများရှိ သင်တန်းသား/သူများ အားတွေ့ဆုံ၍ ရင်းနှီးစွာတွေ့ဆုံနုတ်ဆက်ပြီး သင်တန်းတွင် ကွန်ပျူတာ အသုံးပြုနိုင် မှုအခြေအနေများကို မးမြန်းခဲ့သည်။ ယင်းနောက် အထွေထွေအတွင်းရေးမှူးသည် ရုံးအတွင်းလိုက်လံကြည့်ရှု၍ ရုံးဥပဓိရုပ်ကောင်း မွန်ရေးး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
***ဇန်န၀ါရီလ ၂ ရက်နေ့ အတွက် ရည်ညွှန်း နိုင်ငံခြား ငွေလဲလှယ်နှုန်း***
       ယနေ့ ဇန်န၀ါရီလ ၂ ရက်နေ့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်း နိုင်ငံခြား  ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၉၈၇ ကျပ် သတ်မှတ်ကြောင်း သိရသည်။
ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို          - ၁၃၅၈.၂ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၇၈၀.၄၈ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၆၃၆.၄ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၃၇.၅၄ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၇၈.၇၄ ကျပ်၊
တရုတ်ယွမ် တစ်ယွမ်  - ၁၆၃.၀၃ ကျပ်၊
အိန္ဒိယရူပီး တစ်ရူပီး   - ၁၅.၉၄၈ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ  - ၉၃.၄၉၀ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၃၀၀.၇၈ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၃၀.၀၆၄ ကျပ် သတ်မှတ်သည်။
**(၆၆)နှစ်မြောက် အလံတင် အခမ်းအနားအတွက် ခေတ္တလမ်းပိတ်မည်**
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ အခမ်းအနား ကျင်းပမည့် နံနက် ဝ၅းဝဝ နာရီအချိန်မှ အခမ်းအနား ပြီးဆုံးသည်အထိ ပြည်လမ်း (ရှင်စောပုလမ်းဆုံမှ အလုံလမ်းဆုံ အထိ)ကို ခေတ္တပိတ်ထားမည်ဖြစ် ကြောင်း ကြိုတင်သတိပေး နှိုးဆော်အပ်ပါသည်။
                                    ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ
Wednesday, January 1, 2014
သမ္မာဒေ၀တို့ စောင့်ရှောက်ကြလေကုန်
သမ္မာဒေ၀တို့ စောင့်ရှောက်ကြလေကုန်
       နက္ခတ်ဗေဒင်ပညာဖြင့် ဟောပြောမှုသည် ပညာရှင်၏ စွမ်းရည်ကို လိုက်ကာ မှန်သည်လည်း ရှိနိုင်သည်။ ကွဲလွဲမှုလည်း ရှိနိုင်သည်။ မြတ်စွာဘုရားရှင်၏ ဇာတာကို စစ်ဆေး၍ စကြ၀တေးမင်းဖြစ်မည် (သို့မဟုတ်) ဘုရားဖြစ်မည် ခန့်မှန်းဟောပြောကြသည့်နည်းတူ ဘုရားစင်စစ် ဧကန်ဖြစ်မည်..... ဟု ဧကအဂုင်္လိ လက်ညှိုးတစ်ချောင်းတည်း ထောင်ကာ ပိုင်ပိုင်နိုင်နိုင် ဟောပြောနိုင်သော ကောဏ္ဍည ပုဏ္ဏားကဲ့သို့ ပညာရှင်များ ရှိခဲ့သည်မှာလည်း အမှန်ပင်။ ပညာပြည့်ဝ နှလုံးလှသော နက္ခတ်ဗေဒပညာရှင်များကမူ လူတစ်ယောက် ဘယ်နေ့သေမည်ကို အတတ်ဟောနိုင်ကြသော်လည်း ကာယကံရှင်ကို ငဲ့ကွက်ထောက်ထားသောအားဖြင့် အတိအကျ မမြွက်ဆိုဘဲ အရံအတားအနေနှင့် ဗုဒ္ဓယတြာများပေးသည်ဟု မှတ်သားဖူးပါသည်။
       သို့သော်.. ပြည်ထောင်စုနေ့စဉ်သတင်းစာ (၂၃.၁၂.၁၃)ပါ နက္ခတ်ဗေဒ ပညာရှင်တစ်ဦး၏ ဟောပြောချက်ကား လွန်လွန်းအံ့သည်။ သူ့အဟောအရ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသည် တစ်စက်ကလေးမှ မကောင်းနိုင်။ ကြည့်ပါ-
       ဇန်န၀ါရီလ - အစိုးရရဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်စဉ်တွေ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး မတည်ငြိမ်မှုတွေ ဖြစ်မတဲ့။
       ဖေဖော်ဝါရီ - ၂၂ရက်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်နိုင်သတဲ့။
       မတ်လ      - တပ်မတော်နှင့်အုပ်ချုပ်ရေးဘက်တွင် အပြောင်းအလဲ၊ အပြောင်းအရွှေ့ ဖြစ်နိုင်သတဲ့။
       ဧပြီ          - သင်္ကြန်လာလမှာ သွေးထွက်သံယို၊ လုံခြုံရေးနဲ့ ပဋိပက္ခဖြစ်နိုင်….
စသည်ဖြင့် ကြိုတင်နိမိတ်ဖတ်သလို Time Frame ပေးသလိုဟောပြီး နိုဝင်ဘာမှာ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း နှပ်ကြောင်းပေးထားသည်။
       ထိုသူ၏ ၂၀၁၃ဧပြီမှ ၂၀၁၄မတ် အထိ ပြည်တွင်းထူးခြားဖြစ်စဉ်ဟု ဟောပြောချက်တွင်လည်း အတိုက်အခံနှင့် ပဋိပက္ခဖြစ်မည်။ မင်းမဲ့စရိုက်ဆန်သော လုပ်ရပ်ဖြစ်မည်။ အစိုးရနဲ့ပြည်သူ နားလည်မှုလွဲမည်ဟု အစရှိသည့် အတို့အထောင် နှပ်ကြောင်းပေး ဟောပြောချက်လည်း ရှိခဲ့ဘူးသည်။
       နက္ခတ်အမြင်အားဖြင့် မည်သို့ပင်ရှိစေကာမူ ပြည်သူတည်းဟုသော ယတြာကောင်းဖြင့် အညံ့ကိုအကောင်းသို့ ပြောင်းနိုင်ပါလိမ့်မည်။ မြန်မာပြည်နဂရသည် သမ္မာဒေ၀တို့  စာင့်ရှောက်လျက်ရှိသည် ။ သမ္မာဒေ၀ဟူ သည် ပြည်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်..
သမ္မာဒေ၀ကို အနက်ဖွင့်သော်…
သမ္မာ =ကောင်းသော
ဒေ၀ =နတ်=နာထ ကိုးကွယ်ဆည်းကပ်ရာ
       ထို့ကြောင့်ကောင်းသော ကိုးကွယ် ဆည်းကပ်ရာဖြစ်သည့် ပြည်သူတို့ အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပွင့်လင်းလွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ပီပြင်စွာ ပေါ်ထွန်းလာရေးတို့အတွက် လိုအပ်သည့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို ယတြာကောင်းအနေဖြင့် လက်ကိုင်ထားရပေမည်။
ထို့ကြောင့် မြန်မာမြေ နဂရကို သမ္မာဒေ၀တို့ စောင့်ရှောက်ကြလေကုန်…။
ရေနံ့သာ ဆြာကျာ်
၂.၁.၂၀၁၄
YIC ကျန်းမာဖွံ့ဖြိုးမှုဆိုင်ရာ လူငယ်ရိပ်မွန်လူငယ်များ ဦးစီးကျင်းပသော fusal ဘောလုံးပြိုင်ပွဲ ကျင်းပ
        ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲ YIC လူငယ်များ နှင့် ကျန်းမာရေးမှူးဒေါ်မေသဇင်မွန် ၊ ကျန်းမာရေးကြီးကြပ်အဖွဲ့များ ဦးဆောင်၍ Fustal ဘောလုံးပြိုင်ပွဲ ကို ယနေ့ ၁-၁-၂၀၁၄ ရက်နေ့ နေ့လည် ၂း၃၀ အချိန် ကျွဲပွဲမြို့ ဘောလုံးပြိုင်ကွင်းတွင် ပြုလုပ်ရာ ဗဟိုကျန်းမာရေးပညာအရာရှိ ဦးအေးရီ တိုင်းကျန်းမာပညာအရာရှိ ဦးအောင်မင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း ၊ ထိုဘောလုံးပြိုင်ပွဲတွင် အသင်း( ၁၈ ) သင်းပါဝင်ယှဉ်ပြိုင်ကြောင်း သတင်းရရှိပါသည် ။
မိမိမြို့ရွာဖွံ့ဖြိုးဖွံ့ လိုအပ်ချက်တွေကူညီစို့….
       ငဖဲမြို့နယ် ကန်ပေါက်ကျေးရွာ ကျေးရွာချင်းဆက် မြေနီရော ကျောက်စရစ်ခင်းလမ်း လမ်းမကြီး ကို ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များသည် မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးပါဝင်ခဲ့ပါသည်။ ထိုသို့လမ်းခင်းရာတွင် စည်ပင်က ၅၅သိန်း၊ ကျေးရွာ ဆရာတော်နှင့် နယ်မြေခံ ပြည်လူထုမှ ၄၅သိန်း အကုန်အကျခံကာ စုစုပေါင်း သိန်း(၁၀၀)ဖြင့် မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စုပေါင်းအားဖြင့် ပြုပြင်ခြင်းဖြစ် သည်ဟုသိရပါသည်။
ကိုးကွယ်ရာ အစစ်… 
      လူ့ဘ၀သည် ရခဲလှပါသည်။ ထိုရခဲလှသော လူ့ဘ၀ကို ရရှိခိုက်တွင် တန်ဖိုးရှိရှိ နေထိုင်သွားတတ်ရန် အရေးကြီးလှပါသည်။ လူ့ဘ၀ကို တရားဓမ္မနှင့်အညီ မနေထိုင် မကျင့်သုံးတတ်ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်းတို့ဖြင့် အချည်းအနှီး မကုန်ဆုံးစေလိုပါ။ စလေဦးပုညက ယုန်မင်းဝတ္ထုတွင် ယခုခါမူ၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟာကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်နှင့်မူ …. တရား မလိုက်၊ အမှားကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဟုဆိုခဲ့ပါသည်။
       မိမိတို့၏ အဖိုးတန်ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးချလိုသူများ အနေဖြင့် စိတ်ထားဖြူစင် မှန်ကန်မွန်မြတ်ဖို့ လိုအပ်လှပါသည်။ ထို့ပြင် ကိုးကွယ်ရာအစစ်အမှန်ကိုလည်း သိဖို့လိုအပ်လှပါသေးသည်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာဟူသည့် ရတနာမြတ်သုံးပါးကို ယုံယုံကြည်ကြည်နှင့် ကိုးကွယ် ဆည်းကပ်ကြဖို့လိုပါသည်။ ကိုးကွယ်ရာရတနာသုံးပါးမှာ….
(က) ဗုဒ္ဓရတနာ
       ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာတည်းဟူသော ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပါသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးတက် သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏဟူ၍လည်း ခေါ်ဝေါ်ပါသည်။ မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တ၀ါတို့ကို ကြီးပွားချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်း နှင့် အပြစ်ဒေါသ အလုံးစုံကင်းစင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်း ကြောင့်ပင်ဖြစ်သည်။
(ခ) ဓမ္မရတနာ
       ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို လိုက်နာကျင့်ကြံသူတို့ကို ဘ၀သံသရာခရီးထဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ကြံပြီးနောက် ကာလ တို့၌လည်း သက်သာမှုကို ပေးစေခြင်းဖြင့် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေနိုင်ခြင်း ကြောင့်ဖြစ်ပါသည်။
(ဂ) သံဃာရတနာ
       သံဃာရတနာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သောဘ၀သို့ ရောက်ရမည်ဖြစ်သည့်အပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသောအကျိုးများကို ရရှိမည်ဖြစ်ပေသည်။ ထို့ပြင်.. ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ မိဘ၊ ဆရာတည်းဟူသောအနန္တငါးပါးကို တစ်ဂိုဏ်း တည်းထား၍ ပူဇော်ကိုးကွယ်ကြရသည်။
(ဃ) အနန္တောအနန္တ ၅-ပါး
(၁)ဗုဒ္ဓဂုဏော အနန္တော၊
(၂)ဓမ္မဂုဏော အနန္တော၊
(၃)သံဃဂုဏော အနန္တော၊
(၄)မာတာပိတုဂုဏော အနန္တော၊
(၅)အာစရိယဂုဏော အနန္တော၊
- ဗုဒ္ဓဂုဏော -မြတ်စွားဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။
- ဓမ္မဂုဏော -တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။
-သံဃဂုဏော -သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။
-မာတာပိတုဂုဏော -အမိအဘတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။
-အာစရိယဂုဏော -ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိ
  အနန္တော ကျယ်ဝန်းလှသည်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် မိဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည် အဆုံးမရှိကျယ်ဝန်း ကြီးမား များပြားလှပေသည်။
ဗုဒ္ဓဂုဏော အနေ န္တာ
       ဗုဒ္ဓမြတ်စွာဘုရားသည် သံသရာဝတ်ဆင်းရဲအတွင်း၌ ဒုက္ခမျိုးစုံနှင့်တွေ့ကြုံခံစားနေရသော လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းကို ထိုသံသရာဝတ်ဆင်းရဲအတွင်းမှ ထုတ်ဆောင်ကယ်တင်၍ ရာဂ၊ ဒေါသ စသော တစ်ဆယ့်တစ်သီးသော မီးတို့၏ငြိမ်းအေးရာဖြစ်သော (သို့မဟုတ်) သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင်ကယ်တင်တော်မူပေသည်။ ဤသို့ ဗုဒ္ဓမြတ်စွာဘုရားသည် သံသရာတွင် ကျင်လည်နေကြရသော သတ္တ၀ါအပေါင်းကို ၀ဋ်ဆင်းရဲမှကယ်တင်၍ ချမ်းသာရာနိဗ္ဗာန်သို့ ပို့ဆောင်တတ်သောကြောင့် သတ္တ၀ါအားလုံးတို့၏ အတိုင်းမသိသော ကျေးဇူးရှင်ဖြစ်ပါသည်။
ဓမ္မ ဂုဏော အနေ န္တာ
       သံသရာ၏ အရင်းအမြစ်ဖြစ်သော အ၀ိဇ္ဇာ (မောဟ) အမိုက်မှောင်နှင့် တဏှာသံယောဇဉ်တို့သည် သတ္တ၀ါတို့ကို သံသရာ၌ နစ်မွန်းအောင် ပြုလုပ်လျက် ဖွဲ့နှောင်ထားကြသည်။ တရားတော်သည် မိမိတရား တော်ကိုကျင့်ကြံအားထုတ်သော သတ္တ၀ါတို့ကို ထိုသို့အမိုက်အမှောင်အတွင်း၌ နစ်မွန်းအောင်ပြု လုပ်တတ်သော အ၀ိဇ္ဇာနှင့် တဏှာတို့ကို ရှင်းလင်းသုတ်သင်လွတ်မြောက်အောင် ကယ်တင်ပေသည်။ ထို့ကြောင့် တရားတော်သည် သတ္တ၀ါများအားလုံးတို့အဖို့ ဆပ်၍မကုန် နိုင်လောက်အောင် ကျေးဇူးများပါသည်။
သံဃဂုဏော အနန္တော
       အရိယာသံဃာတော်မြတ်သည် လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတရားတို့ ကင်းရှင်း၍ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော တရားတော်မြတ်တို့နှင့်သာ ပျော်မွေ့နေကြသဖြင့် သတ္တ၀ါများ၏ ကုသိုလ်ကောင်းမှု စိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ် ဖြစ်ပေသည်။ထိုသို့ အရိယာ သံဃာတော်များကို ကိုးကွယ်ဆည်းကပ် လုပ်ကျွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများစွာ ဖြစ်ထွန်း၍ ကောင်းကျိုးချမ်းသာ ခံစားကြရသည်။ သို့ဖြစ်၍ အရိယာသံဃာတော်များသည် သတ္တ၀ါတို့၏ အတိုင်းမသိသော ကျေးဇူးရှင် များဖြစ်ပါသည်။ အရိယာနွယ်ဝင် ပုထုဇဉ် သံဃာတော်များသည်လည်း ဗုဒ္ဓရှင်တော်မြတ်ဟောကြား ထားရစ်ခဲ့သော တရားတော်များကို သတ္တ၀ါတို့အား လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်ချမ်းသာကို လမ်းညွှန် သည့်အနေဖြင့် ဟောပြောပြသသောကြောင့် သတ္တ၀ါများစွာတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များ ပင်ဖြစ်ပေသည်။
မာတာပီတုဂုဏော အနန္တော
       မိခင်သည် ကာလရေကြည် တည်သည့်အချိန်မှစ၍ သားသမီးအပေါ် ချစ်ခြင်းမေတ္တာဖြင့် သန္ဓေသားကို ယုယစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ အချို၊ အချဉ်၊ အစပ်၊ အခါး အစရှိသည့် မသင့်မြတ်သော အစားအစာများကို ရှောင်ကျဉ်ခဲ့ရသည်။ အချိန်စေ့၍ ဖွားမြင်လာသောအခါတွင်လည်း ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ် သစ်အရွယ်မှစ၍ လူလားမြောက်သည့်အရွယ်အထိ ပိုးမွေးသလို မွေးမြူခဲ့ရသည်။ ထို့အတူ ဖခင်အနေဖြင့်လည်း သားသမီး၏ ကျန်းမာပျော်ရွှင်ရေး၊ စားဝတ်နေရေး၊ ပညာရေးအစရှိသည့် လိုအပ် ချက်များကို ဖြည့်ဆည်းပေးခဲ့ပေသည်။
       မိဘနှစ်ဦးတို့သည် သားသမီးများ အရွယ်ရောက်လာသည့် အခါတွင်လည်း မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ ဟူသည်နှင့်အညီ မိဘတို့၏ ၀တ္တရားများကို ပြည့်စုံအောင် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင် လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသည့်အတိုင်း သားသမီးတို့၏ လက်ဦးဆရာများလည်း ဖြစ်ကြပေသည်။ တဖန် မိဘတို့၏ သားသမီးတို့အပေါ် ကျေးဇူးကြီးမားပုံမှာ စာဖွဲ့၍ မကုန်နိုင်လောက်အောင် များပြားလှသဖြင့် မိဘကျေးဇူး မြင်းမိုရ်ဦး၊ အထူးသိလျှက် အဆပ်ခက်ဟုပင်ဆိုရိုးပြုခရဲ့သည်။ ကျွန်ုပ်တို့မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် အမိ၏ကျေးဇူးကိုဆပ်ရာ တွင် နို့တစ်လုံးဖိုးမျှသာ ကျေသည်ဟု ကျမ်းဂန်စကား မှာထားချက်ရှိပေသည်။ ဤသို့ဖြင့် မိဘတို့သည် သားသမီးတို့အပေါ် များစွာကျေးဇူး ကြီးမားလှပေသည်။
အာစရိယဂုဏော အနန္တော
        တပည့်တို့၏ အကျိုးကျေးဇူးတို့ကို ကျင့်ဆောင်တက်သောကြောင့် ဆရာဟု ခေါ်ဆိုရကြောင်း အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့်အညီ ဆရာသည် တပည့်သားတို့အပေါ် မေတ္တာစေတနာ အရင်းခံထား၍ မလိမ္မာ မယဉ် ကျေးသည်ကို လိမ္မာယဉ်ကျေးလာစေရန်လည်းကောင်း၊ မကောင်းသော အမှုကိုရှောင်ကြဉ်စေ ၍ ကောင်းသောအမှုကို ပြုလုပ်စေရန်လည်းကောင်း ချိုသာစွာ ဆုံးမသွန်သင် ပြသကြသည်။ ထို့ပြင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟူသည်နှင့်အညီ ဆရာ့ကျင့်ဝတ်များကို ပြည့်စုံစွာဆောင်ရွက်ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့ သည် တပည့်များ၏ အနန္တကျေးဇူးရှင်များ စားရင်းတွင် ပါဝင်ပေသည်။
       လူသားတို့အဖို့ ကိုးကွယ်မှုမှားလျှင် ဒုက္ခခပ်သိမ်း မကင်းငြိမ်းနိုင်ဘဲ သံသရာဝဲ သြဃအတွင်း တ၀ဲလည်လည် ကျင်လည်ကျက်စား နေရမည်သာ ဖြစ်ပေသည်။ ကိုးကွယ်မှုမှန်လျှင် အကျိုးများစွာ ရရှိနိုင်ကြောင်းကို မြတ်ဗုဒ္ဓက ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ထိုရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်း မှလွတ်မြောက်၏ ဟု လမ်းညွှန်ဟောကြားတော် မူခဲ့ပါသည်။ ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှန်လျှင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများကို ရရှိနိုင်ရုံမျှမက မဂ်ဖိုနိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင် မည် ဖြစ်ပါကြောင်း……..
ပြည်သူ့ပုံရိပ် 
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ ကူးယူဖော်ပြအပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကျူးဘားနိုင်ငံလွတ်မြောက်ရေးနေ့သဝဏ်လွှာပေးပို့
=================================
နေပြည်တော် ဇန်နဝါရီ ၁
၂၀၁၄ခုနှစ် ဇန်နဝါရီ(၁)ရက် တွင် ကျရောက်သော ကျူးဘားသမ္မတ နိုင်ငံ၏ နှစ်ပတ်လည် လွတ်မြောက်ရေးနေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ ကျူးဘားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘရူနို ရိုဒရီဂဲ့ဇ် ပါရီးလား ထံသို့ ဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့သည်။
(သတင်းစဉ်)
နျူးကလီးယား ကပ်ဘေး ဆိုက်ရောက်နိုင်ကြောင်း အမေရိကန် ကို မြောက်ကိုရီးယား ခေါင်းဆောင်က သတိပေးပြောဆို
စစ်ပွဲထပ်မံဖြစ်ပွားလာပါက ကိုရီးစယားကျွန်းဆွယ်တွင် နျူးကလီးယား ကပ်ဘေး ဆိုက်ရောက်
နိုင်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် လည်း လုံခြုံလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၄င်း၏နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အနည်းငယ်သော အခြေအနေဖြင့် ဖြစ်စေ အခက်အခဲအကြပ်အတည်းဖြင့် ရင်ဆိုင်လာရပါက စစ်ရေးအရ မတော်တဆဖြစ်မှုမှသည် စစ်ပွဲကြီးဆီသို့ ဦးတည်သွားစေနိုင်ကြောင်းလည်း ၄င်း၏နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် တောင်းပန်တိုးလျှိုးနေမည် မဟုတ်ကြောင်းနှင့် မိမိနိုင်ငံ ကာကွယ်ရေး အတွက် နျူးကလီးယား လက်နက်ကို အသုံးပြုသွား မည် ဖြစ်ကြောင်းလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဦးလေးဖြစ်သူ Jang Song-Thaek အား ကွက်မျက်ခဲ့ခြင်းသည် ပြတ်သား သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်းနှင့် အသုံးမကျသူ တစ်ဦးဖြစ်ကြောင်း လည်း လူငယ်ခေါင်းဆောင် ကင်ဂျုံအန်း က ပြောဆိုခဲ့သည်။
အာဏာရ ပါတီအတွင်း ၄င်း၏အာဏာကို အခိုင်အမာ တည်ဆောက်ရန် ကြိုးစား နေခြင်းဖြစ်ကြောင်း စွပ်စွဲချက်များလည်း ထွက်ပေါ် လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်တွင်လည်း ယင်းကဲ့သို့ အသုံးမကျ သူများကို ဖယ်ရှားသည့် သာဓက ရှိခဲ့ကြောင်း အဆိုပါ စွပ်စွဲပြောဆိုမှုများအပေါ် ရည်ညွန်းပြောဆို ခဲ့သည်။
Pages
လာရောက်ကြည့်ရှုသည့် နိုင်ငံများ