Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

Thursday, September 17, 2015

NLD ဆိုင်းဘုတ်ဖျက်ဆီးခံရ

ရခိုင်ပြည်နယ်ရမ်းဗြဲမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဗီနိုင်းပိုစတေကာကို ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေ က ပြောပါတယ်။

ရမ်းဗြဲမြို့ပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးတဲ့ ဗီနိုင်းပိုစတာကြီးနှစ်ခု ထောင်ထား တဲ့ အထဲက တစ်ခုကို ဖျက်ဆီးသွားတာလို့ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံရွှေမောင်က ပြောပါတယ်။

Tuesday, September 15, 2015

ရန်ကုန် ထားဝယ်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ ပစ်ခတ်ခံရ

ယနေ့ မနက်ပိုင်းတွင်ကားမောင်းသူရှိသည့်နေရာများကို သေနတ်များဖြင့်ပစ်ခတ်၍ ရန်ကုန် - ထားဝယ် အမြန်မှန်လုံး ကား ၅စီးခန့် အပစ်ခံခဲ့ရကြောင်း သိရပါတယ်။

ရန်ကုန်မှထားဝယ်သို့ထွက်လာကြသော ခရီးသည် Expressမှန်လုံခရီးသည်ကားများ ရေးမြိုနယ် လမိုင်း အကျော်နှင်းစုံကျေးရွာအနီး ရေးမြို့မရောက်ခင် ၅မိုင်အတွင်းလောက်မှာ အဆိုပါခရီးသည်ကား များ ကို ရပ်တားရာမှ ကားများမရပ်သောကြောင့် လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြပါကြောင်း (မည့်သည့်အဖွဲ့မှ လုပ်ဆောင်သွားကြသည်ကိုမသိရှိလိုက်ကြောင်း ကားသမားများ အပြော), အဆိုပါ ဖြစ်ပျက်မှုကြောင့် ခရီးသည်ကားများ ထားဝယ်သို့ နောက်ကျမှဝင်ရောက်နိုင်ခဲ့ကြပါသည်။

Sunday, September 13, 2015

ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားတွင် ယာဉ်တိုက်မှုဖြစ်ပွား

မရမ်းကုန်းမြို့နယ်ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားတွင်၄၅ ခရီးသည်တင်ဒိုင်နာ ယာဉ်သည် အရှိန်လွန် ကာတစ်ဖက်ယာဉ်ကြောမှမောင်းနှင်လာသည့်အငှားယာဉ်ကိုဝင်တိုက်ခဲ့သဖြင့်လူနှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းသတင်းရရှိသည်။

ယာဉ်တိုက်မှုကြောင့် အငှားယာဉ်သည်ခုံးကျော်တံတားလက်ရန်းပေါ်သို့ရောက်ရှိသွားပြီး ယာဉ်ပေါ် စီးနင်း လိုက်ပါလာသည့်ခရီးသည်အမျိုးသမီးနှင့်ယာဉ်မောင်းတို့ ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံတွင်အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်တက်ရောက်ကုသနေကြောင်း ဘုရင့်နောင်ရဲစခန်းမှတာဝန်ကျရဲအရာရှိကပြောသည်။

Thursday, September 10, 2015

အရက်နှင့် အက်စစ် မှားသောက်မိရာမှ အမျိုးသားတစ်ဦး သေဆုံး

ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ကျေးရွာတွင် ယခုလ( ရ)ရက်နေ့၌ အရက်နှင့်အက်စစ်အရည် မှားသောက်မိရာမှ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

တည်ပင်ဆိပ်ကျေးရွာနေ ဦးစိန်ချော ( ၆၃) နှစ်သည် အရက်ကြောင်ကြောင်ကာ စိတ်မူမှန်ခြင်းမရှိသည့် အချိန်၌အက်ဆစ်ရည်များအားအရက်များဟုထင်မှတ်ကာသောက်သုံးမိရာမှပါးစပ်၊၀ဲယာလည်ပင်းနှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ရကြောင်း ပထမသတင်းပေးချက်အရ သိရသည်။

Monday, September 7, 2015

"ရွှေလွန်းပျံ" Express အမြန်လမ်းမှာ တိမ်းမှောက်



၂၀၁၅-ခုနှစ် စက်တင်ဘာလ (၄)ရက် ည(၁၀း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၆/၃ နှင့် ၂၃၆/၄ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ယာဉ်မောင်း ဦးကျော်ခိုင်ဦးမောင်းနှင်လာသော ရန်ကုန်-တောင်ကြီး-လားရှိုး "ရွှေလွန်းပျံ" Express ခရီးသည်တင်မှန်လုံယာဉ်၊ ယာဉ်အမှတ် YGN 7I-8592မှာ အရှိန်လွန်၍မိုင်တိုင်အမှတ် ၂၃၆/၂ အရောက်တွင် လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ ပေ(၃၀၀)ခန့်မောင်းနှင်ပြီး တဖက်ယာဉ်ကြော အပြန် လမ်းဘက်ခြမ်းသို့ရောက်ရှိကာ မိုင် ၂၃၆/၃ အပြန်လမ်းပေါ်သို့ ဘေးတိုက်လဲကျ တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

Sunday, September 6, 2015

ဖရဲသီးတင်ကုန်ကား ဓာတ်တိုင်ဝင်တိုက်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူးတောင်ဘက်အထွက်၌ စက်တင်ဘာ ၆ ရက် နံနက် ၄ နာရီက ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းမိုင်တိုင်အမှတ် ၁၄ဝ/၃ ကြားအရောက်၌ မန္တလေးဘက်မှ ဖရဲသီးများတင်ဆောင်၍ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ပြည့်ဖြိုးမောင် (၂၅ နှစ်) ပျော်ဘွယ်မြို့သစ်နေ မောင်းနှင်လာသော ၁၂ ဘီးကုန်တင်ယာဉ် 8E/ --- သည် လမ်းယာဘက်သို့ထိုးကျကာ လမ်းဘေးရှိ ကောင်းမြတ်ဓာတ်ဆီဆိုင်မှ ဆိုင်းဘုတ်ကိုတိုက်မိပြီး ဆက်လက်၍ အရှိန်ဖြင့် လမ်းဘေးဓာတ်တိုင်ကိုတိုက်မိရာ ဓာတ်တိုင်ကျိုးသွားပြီး ကားပေါ်သို့ပိ၍ ဓာတ်ကြိုးများ ပြတ်တောက် သွားသည်။

Thursday, September 3, 2015

NLDအမတ် ဒေါ်စန္ဒာမင်း၏ ရုံးခန်း ဖောက်ထွင်းခံရ

နေပြည်တော် (မဇ္ဈိမ) ။ ။ အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၏ ပြတင်းပေါက်မှန်ကိုရိုက်ခွဲကာ ဖောက်ထွင်းခံရသည်ဟု ယင်းမြို့နယ်၏ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြောသည်။

စက်တင်ဘာ၁ရက်ညက ဖောက်ထွင်းခံရခြင်းဖြစ်ပြီး ရုံးအတွင်းရှိ အိပ်ခန်းထဲမှ အဝတ်ဗီရိုမှာ ဖရိုဖရဲဖြစ်နေသော်လည်း ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးခဲ့ခြင်းမရှိဟု ဆိုသည်။

Wednesday, September 2, 2015

ဘုရင့်နောင်တာဝါ (၂) တွင် မီးလောင်မှုဖြစ်ပွား


စက်တင်ဘာ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က ကမာရွတ်မြို့နယ် အမှတ် (၄)ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်တာဝါ (၂) ဒုတိယထပ် အခန်း ၂ဝ၂ ၌ မီးလောင်မှုဖြစ်ခဲ့သည်။
လောင်သောမီးမှာ မီးတောက်များ အပြင်သို့ထွက်ရှိခြင်းမရှိဘဲ မီးခိုးများအူထွက်၍ လှိုက်လောင် ခြင်းဖြစ်ကြောင်း ဝိုင်းဝန်းကြည့် နေသူများက ဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှ လူ ၅ ဦး စက်လှေမှောက်သေဆုံး

ရခိုင်ပြည်နယ် ပုဏ်ဏားကျွန်းမြို့နယ် မှိုဟင်းတောကျေးရွာမှ လူ၈ယောက်ပါ စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ယင်းရွာမှ ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ၂၆ ရက်နေ့ မနက်စောစောတွင် မှိုဟင်းတောရွာမှ အဆိုပါလူ ၈ ဦးသည် မြောက်ဦးမြို့နယ် သံသရာကျေးရွာသို့ စားပက်ကျိကောက်ရန်သွားရာတွင် ကုလားတန်မြစ်ကို ဖြတ်ကူးရာ၌ ဟွန်ဒါစက်လှေ ပင်လယ်လှိုင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင့် သူကဆိုသည်။

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ