Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Thursday, November 20, 2014
ဘယ်သန်မို့
ဇနီး - ကျွန်မသေရင် ရှင် ရည်စားထပ်ရှာမှာလား။ 
ခင်ပွန်း - ဘာလို့ရှာရမှာလဲကွာ။
ဇနီး - ဘာလိုလဲ။ ရှင် လက်ထက်ရတာမကြိုက်ဘူးလား 
ခင်ပွန်း - ကောင်းပြီ။ ငါနောက်တစ်ကြိမ် လက်ထက်မယ်။ (စိတ်ဆိုးတဲ့လေသံဖြင့်)
ဇနီး - အို (၀မ်းနည်းသံ) 
ခင်ပွန်း - အသံ တိတ်နေ 
ဇနီး - အဲဒီအခါ ကျရင် ရှင်တို့ ဒီအိမ်မှာ နေကြမှာလား။ 
ခင်ပွန်း - အေးပေါ့။ အိမ်က အရမ်းကောင်းတဲ့ ဥစ္စာ။
ဇနီး - ကျွန်မတို့ခုတင်မှာပဲ အိပ်ကြမှာလား။
ခင်ပွန်း - ဒါဆို ဘယ်မှာအိပ်ရမလဲ။ 
ဇနီး - ကျွန်မကားကို သူ့ကိုပေးမောင်းမှာလား။ 
ခင်ပွန်း - ဖြစ်ဖို့များတယ်။ ကားကအကောင်းကြီးရှိသေးတဲ့ဟာ။
ဇနီး - ကျွန်မ ဂေါက်ရိုက်တံတွေရော သူသုံးမယ်လို့ထင်သလား။ 
ခင်ပွန်း - ဒါတော့ မထင်ဘူး။ သူက ဘယ်သန်ကွ။
ဇနီး - အသံတိတ်နေ။
Tuesday, November 18, 2014
အသောက်အစားနဲ့ ကား
အမျိုးသမီး - သောက်တတ်သလား။
အမျိုးသား - အင်း။
အမျိုးသမီး - တစ်နေ့ကို ဘယ်လောက်များ သောက်သလဲ။
အမျိုးသား - ခြောက်ပုလင်းပါတဲ့ ပါကင် သုံးပါကင်လောက် သောက်တယ်။
အမျိုးသမီး - တစ်ပါကင်ကို ဘယ်လောက်ပေးရသလဲ။
အမျိုးသား - ၁၀ ဒေါ်လာလောက်ပေါ့။
အမျိုးသမီး - ရှင် သောက်လာတာ ဘယ်လောက်ကြာပြီလဲ။
အမျိုးသား - ၁၅ နှစ်။
အမျိုးသမီး - တစ်ပါကင်ကို ၁၀ ဒေါ်လာ။ တစ်နေ့ကို သုံးပါကင်ဆိုတော့ တစ်လကို
                 ဒေါ်လာ ၉၀၀။ တစ်နှစ်ဆိုရင် ဒေါ်လာ ၁၀,၈၀၀ ကုန်တယ်။ မှန်တယ်မဟုတ်လား။
အမျိုးသား - မှန်တယ်။
အမျိုးသမီး - တစ်နှစ်မှာ ဒေါ်လာ ၁၀,၈၀၀ သုံးတယ်ဆိုရင် ဒီ ၁၅ နှစ်အတွင်း ဒေါ်လာ ၁၆၂,၀၀၀
                 တောင် ရှင် သုံးခဲ့တာပေါ့။ မှန်တယ်မဟုတ်လား။
အမျိုးသား - မှန်ပါတယ်။
အမျိုးသမီး - တကယ်လို့သာ ရှင်မသောက်ဘူးဆိုရင် ဒီပိုက်ဆံတွေကို အတိုးနဲ့ ဘဏ်မှာ
                 စုထားနိုင်တယ်။ ၁၅ နှစ်ပြည့်လို့ အတိုးရော၊ အရင်းပါ ပေါင်းလိုက်ရင် Ferrari ကား
အမျိုးသား - မင်းရော သောက်သလား။
အမျိုးသမီး - မသောက်ဘူး။
အမျိုးသား - ဒါဆို သောက်ရေးမပါတဲ့ မင်းရဲ့ Ferrari ကား ဘယ်မှာလဲ။
Thursday, September 18, 2014
ကျွနုပ်လဲကာချုပ်လုပ်ချင်တယ်
လူမျိုးစုအကျိုးအတွက်လို့အမည်ခံပြီး တိုက်ဂါးလိုကားဒရိုက်ဘာကလည်း ဗိုလ်မှူးကြီးဖြစ်၊ နှုတ်ခမ်းမွှေးလို လွယ်အိတ်တလုံးနဲ့ လျောက်သွားနေခဲ့တဲ့အရာခံဗိုလ်ကလည်း စစ်ဦးစီးချုပ်ဆိုလားဖြစ်၊ တသက်လုံးတောင်ပေါ်တောထဲမှာ ဘိန်းစိုက်နေခဲ့တဲ့ကောင်တွေကလည်း ငြိမ်းချမ်းရေး ရှန်ပိန်ဝိုင်းမှာမိန့်မိန့်ကြီးလုပ်။
အင်း .. ကန့်ဘလူသားကလည်း ဒါမျိုးဂွင်ကို စောင့်နေတာ။ ဒီလို ကလေကချေ စာမတတ်ပေမတတ် ဂဂျောင်တွေကတောင် လူတွင်ကျယ်လုပ်နေသေးတာပဲ။ ကိုယ်လည်း သွားဘက်ဆိုင်ရာ
ဆေးတက္ကသိုလ်တက်နေတာဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒေါက်တာဆိုတာလေးဘွဲ့ရရင် လုပ်စားမယ်။ ဆေးကုမယ်တော့ မထင်နဲ့။ လက်နက်ကိုင်တော်လှန်ရေးလုပ်မှာ။
ဒါပေမယ့် ရှေးအစဉ်အဆက်က အတိအချာတွေလို သူများနယ်မြေမှာတော့ သွားပြီး မမှီခိုဘူး။ တော်လှန်ရေးတခုတည်တံ့ဖို့ဆိုတာ အမာခံနယ်မြေလိုတယ်။ ဒီတော့ ကန့်ဘလူပြန်မယ်။ ကန့်ဘလူကို အခြေပြုမယ်။ ကိုယ်တို့ရပ်ကွက်ထဲက ပြည်သူ့ရဲဘော်လက်ကျန်ကြီးက လုပ်သေနတ် လုပ်တတ်တယ်။ ဒီလူကြီးကို တောအရက်အ၀တိုက်ပြီး သေနတ် နည်းနည်းလုပ်ခိုင်းရမယ်။ ပြီးတော့ မြို့ပေါ်က လူမိုက်တွေကို စည်းရုံးပြီး ကန့်ဘလူအရှေ့ဘက်တောင်ကြောတွေပေါ်မှာ သူပုန်ထမယ်။
ကန့်ဘလူလွတ်မြောက်ရေးတပ်မတော်Kanbalu Liberation Army(KLA)ဆိုပြီး ဖွဲ့မယ်။ များများစားစားတော့ ဘာမှ မလုပ်ပါဘူး။ တောင်ကြောပေါ်ဖြတ်သွားတဲ့ ကားတွေကို ဓါးပြတိုက်မယ်။ ဘိန်းနည်းနည်းစိုက်မယ်။ ရာမနည်းနည်းထုတ်မယ်။ ကိုယ့်တပ်ဖွဲ့ဝင်တွေကိုလည်း ထမင်းချိန်တန်ထမင်း၊ ဘိန်းချိန်တန်ဘိန်း၊ ဆေးချိန်တန်ဆေး၊ မိန်းမချိန်တန်မိန်းမ မပြတ်မလပ် ပေးကမ်းရက်ရောမယ်။ တပ်ဖွဲ့ဝင်အသစ်တွေ ၀င်လာမစဲ တသဲသဲပေါ့။
ဆိုရှယ်မီဒီယာဆိုတာ အင်အားတခုလိုဖြစ်နေတော့ facebookက ကိုယ့်အကောင့်ကို Fan Pageပြောင်းမယ်။ အင်တိုက်အားတိုက်လော်ဘီလုပ်မယ်။ ကိုယ်လည်း facebookဆီလီဘရီတီတွေနဲ့ ခင်နေတာပဲ။ လော်ဘီကိစ္စက အေးဆေးပါ။ ကိုရဲမိုးတို့ ဦးယောင်တို့ ကိုရဲကျော်သူရတို့ ကိုထူးဝေတို့ ကိုဥက္ကာကိုကိုတို့ ကိုသူရမျိုးတို့ ဆရာဆယ်တို့ ယဉ်ယဉ်နှောင်းတို့ကို နည်းနည်းပါးပါးဂါပြီး လော်ဘီခိုင်းရမှာပေါ့။
On Print သတင်းဂျာနယ်တွေနဲ့လည်း ချိတ်ရမယ်။ ဂျာနယ်တိုက်တချို့နဲ့လည်း ခင်နေတာပဲလေ။ စာမတတ်ပေမတတ် သူပုန်အကြီးအကဲတွေတောင် အပြောလေးတွေချောနေသေးတာပဲ။ ကိုယ်လို
ကောင်က မပြောတတ်စရာအကြောင်းမရှိဘူး။ဗကပကိုဗဆွေလေးလို ကျောက်ရုပ်တောင် ခေါင်းငြိမ်အောင်
ပြောနိုင်တဲ့အဆင့်ထိဖြစ်လာစေရမယ်။ သဘောတရားရေးရာစကားလုံးတွေ၊ စစ်ရေးအမြင်တွေ၊ လူပိန်းကြိုက်နိုင်ငံရေးလုပ်ကွက်တွေ၊ ပေါ်ပင်ရေစီးကန်ပိန်းတွေလုပ်မယ်။ မပူနဲ့ မပူနဲ့ .. မော်စီတုန်းတို့ လီနင်တို့ စတာလင်တို့ရဲ့ ကျမ်းတွေကို အလွတ်ကျက်ပစ်လိုက်မယ်။
ပြီးရင် KIAဂွမ်မော်လို တရုတ်နဲ့ကော အမေရိကန်နဲ့ကော ချိတ်မယ်။ ထမင်းဖိုးတောင်းမယ်။ စစ်သင်တန်းလာပေးခိုင်းမယ်။ DVBတို့ BBCတို့ ဧရာဝတီတို့ရောက်လာမှာတော့ အသေအချာပဲ။ သူတို့က အစိုးရကိုသာ ဆန့်ကျင်ပါစေ .. သူတောင်းစားလည်း အားပေးမှာပဲလေ။
တော်တော်လေး ခမ်းနားလာရင် ဦးအောင်မင်းတို့ရောက်လာမှာ မလွဲမသွေပဲ။ အဲဒီကျတော့ ငြိမ်းချမ်းရေးရှန်ပိန်ဝိုင်းတက်မယ်။ ကားလောက်နဲ့တော့ လာမခေါ်နဲ့နော်။ လေဒီပျံနဲ့
လာခေါ်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မှာ .. ဟွန်း။ ကားပါမစ်၊ မြေပါမစ်တွေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ယူမယ်။ ယူနီဖောင်းက တခြားသူပုန်အဖွဲ့တွေက ဦးစီးချုပ်တို့ တပ်မတော်စစ်ဦးစီးချုပ်တို့ထက်သာစေရမယ်။ ပုခုံးမှာ ကြယ်ကော လခြမ်းကော အခွေကော အခက်ကော အ၀ိုင်းကော အကုန်တပ်မယ်။ ရာထူးကို အားလုံးထက်သာအောင် မဟာ့မဟာဗိုလ်ချုပ်မှူးချုပ်ကြီး တပ်တော်ချုပ်ကြီးလို့ ပေးမယ်။ အခြေအနေကောင်းရင် အလှည့်ကျတပ်ချုပ်ဝင်လုပ်အုံးမှာလေ။
လက်နက်တော့ တစက်ချီးမှ အဖြုတ်မခံဘူးနော်။ ကန့်ဘလူကံကြမ္မာ ကန့်ဘလူသား ဖန်တီးပိုင်ခွင့်ပဲ။ ဒါပေမယ့် ပါတီတော့ ထောင်အုံးမယ်။ မဲမပေးရင် သေနတ်ကြည့်ထားပဲ။ သား၊သမီးတွေကိုတော့ သူပုန်မလုပ်ခိုင်းပါဘူး။ နိုင်ငံခြားကျောင်းထားမယ်။
ကိုယ် အသက်နည်းနည်းကြီးလာရင် စာအုပ်တွေဘာတွေ ရေးအုံးမှာ။ ကျနော်တည်ထောင်ခဲ့သောKLAနှင့် မမျှော်လင့်သောခရီးရှည် ဆိုပြီးပေါ့။ သား၊သမီးတွေကိုတော့ မှာထားရမယ်။ ငါသေရင် ကိုယ့်အဖေကို ဟိုအဘွားကြီးလိုတော့ အသုံးမချကြနဲ့။ ဖေဖေတည်ထောင်ခဲ့တဲ့ KLAကြီးလို့ တတွတ်တွတ်မပြောနဲ့ပေါ့။ 
ကန့်ဘလူမြို့ လေးဘက်လေးလံဝင်ပေါက်တွေမှာ မဟာ့မဟာဗိုလ်ချုပ်မှူးချုပ်ကြီး တပ်တော်ချုပ်ကြီး ဒေါက်တာဥက္ကာရွှေဝင်းဆိုပြီး စာတန်းကြီးတပ်ပြီး ပေ100လောက်မြင့်တဲ့ ရုပ်ထုကြီးတွေ ထုပစ်လိုက်အုံးမယ်။
အဖွဲ့ဝင်ချင်တဲ့လူတွေ စာရင်းကြိုပေးထားနော်။ ကိုယ့်တပ်ဖွဲ့စည်းပုံမှာ .. ရဲဘော်မရှိဘူး။ အနိမ့်ဆုံးရာထူးက တပ်ရင်းမှူးလည်ဗယ် ဒုတိယဗိုလ်မှူးကြီးရာထူးပဲ။ ဟမ်း ဟမ်း။ ဒါပေမယ့် ကိုယ်က မဟာ့မဟာဗိုလ်ချုပ်မှူးချုပ်ကြီး တပ်တော်ချုပ်ကြီး ဒေါက်တာဥက္ကာရွှေဝင်းဆိုတော့ ကိုယ်က အာဏာအရှိဆုံး ဆရာ့ဆရာကြီးအဖြစ်ဆုံး အကြီးဆုံးပဲ။ ဒါပဲ။ ၀င်ချင်ဝင် မ၀င်ချင်နေ။
 ဒီငြိမ်းချမ်းရေးဆွေးအပြီး ၂၀၁၅ မှာ ကျုပ်က အလှည့်ကျ ကာချုပ်လုပ်ချင်သေးတာဗျ ။
အချိန်မီလေး ကျုပ်ကို ဆက်သွယ်ကြ ။ ကာချုပ်မဟုတ်တောင် ဗိုလ်ချုပ်ကြီး လောက်တော့
ပေးနိုင်ပါသေးတယ် ..ဟဲဟဲ ။
ကာချုပ် ရာထူး က တော့ ကျွန်ုပ်အတွက်ပဲနော်....ဟဲ...ဟဲ...ဟဲ...
Opposit Eye
Sunday, August 17, 2014
Facebook ဟုခေါ်သည်
Facebook ဟုခေါ်သည်
=================
ကောင်လေးက Status တင်လိုက်တယ် - "ငါစာသင်ခန်းထဲမှာ Facebook သုံးနေတယ်ကွ ... ဟား ဟား"
ဆရာမက ချက်ချင်း အောက်က Comment ဝင်ရေးလိုက်တယ် - "ငါ့အတန်းထဲက ခုထွက်သွားစမ်း"
ကျောင်းအုပ်ကြီးက ဆရာမရဲ့ Comment ကို Like လုပ်လိုက်တယ်။ "အတန်းထဲမှာ စာမလုပ်ဘဲ ... ဘယ့်နှယ့်အေ . ခေတ်ကာလသားသမီးတွေများ"
သူ့သူငယ်ချင်းကဆက်ရေးတဲ့ Comment က "ဒါဆို သားကြီး ဂိမ်းဆိုင်လာခဲ့ကွာ" တဲ့
သူက Like ပြန်လုပ်တော့ ကောင်လေးအမေက ဝင်ရေးတယ် - "ဟဲ့ကောင် အိမ်ကိုတန်းတန်းပြန်ခဲ့ ဘယ်မှဝင်ဖို့ စိတ်မကူးနဲ့ ငါတစ်ယောက်တည်း အိမ်ရှင်းနေရတာ ဝိုင်းလုပ်စမ်း"
အဖေကလည်း - "မိန်းမ မင်း သားကို နိုင်အောင်ထိန်းကွာ။ အလုပ်မှာ ဒါတွေဖတ်နေရတာ အာရုံနောက်တယ်။"
ကောင်လေးရည်းစားကလည်း "ကလိန်ကကျစ်ကောင်၊ နင့်အဖွားကင်ဆာဖြစ်ပြီး သေတော့မှာမို့လို့ ဆေးရုံစောင့်နေရတယ်ဆို ခုတော့ ဂိမ်းဆိုင်သွားဦးမယ် မုန်းတယ် မုန်းတယ်၊ နင်နဲ့ပြတ်ပြီ"
အဖွား ဝင်ရေးတာက "သေနာကောင်လေး အကျင့်ကိုက နင့်အဖေငယ်ငယ်ကအတိုင်းပဲ ငါအလတ်ကြီးရှိသေးတယ် မသေးသေးဘူး"
အဘိုးက ရေးလိုက်တာက "ငတ်သေတော့မှာက ငါဟ ၊ ဆေးရုံကို ထမင်းချိုင့်လာမပို့ဘဲ Facebook ထိုင်သုံးနေတယ်.. Unfriend လုပ်လိုက်ရ ... တဲ့ ..... 
Credit to: ပုတက်
KZ
Friday, June 27, 2014
မီးခိုးစော်လေးတော့ နံတယ်ထင်သား
မီးခိုးစော်လေးတော့ နံတယ်ထင်သား ...
===========================
တခါက... လင်မယားနှစ်ယောက်ရှိတယ်။
မိန်းမက ဟင်းကို ဘယ်လောက်ကောင်းအောင်ချက်ချက်၊ ယောက်ျားလုပ်သူက ဘယ်တော့မှ အကောင်းမပြောဘူးတဲ့
ဒါနဲ့ တရက်...
ထမင်းစားမယ်လုပ်တော့ မိန်းမက ပြောတယ်... ...
"ရှင်က ကျမဘာချက်ချက် မကောင်းဘူးပြောလို့၊ ဒီနေ့တော့ ဆိုင်က ထမင်းဟင်းတွေ ဝယ်ကျွေးတာ"
စားနေရင်းနဲ့ ယောက်ျားက ချီးကျူးတယ်... ...
"ကောင်းတယ်ဟေ့... ဟင်းဆိုတာ ဒါမျိုးမှ၊ မင်း ချက်တာနဲ့ ဘာမှမဆိုင်ဘူး"... ဘာညာနဲ့ ပြောတာပေါ့
မိန်းမလုပ်သူကလည်း ဘာမှပြန်မပြောဘဲ အသာထိုင်ကြည့်နေတယ်။
အဲ..
ယောက်ျားလုပ်သူလည်း ထမင်းစားပြီးရော မိန်းမက ပြောတယ်.... ...
"အဲဒီဟင်းတွေ ကျမချက်တာ၊ ဘယ်ဆိုင်ကမှ ဝယ်တာမဟုတ်ဘူး၊ ရှင့်စိတ်ကို စမ်းချင်လို့ တမင်ပြောလိုက်တာ"
..ဆိုတော့ ယောက်ျားက ပြန်ပြောသတဲ့... ....
"အင်း... ဒ့ါကြောင့် မီးခိုးစော်လေးတော့ နံတယ်လို့ထင်သား"... တဲ့။
ကျနော်ပြောချင်တာက...
တချို့သောလူတွေဟာ 'ငါပြောတာမှ အမှန်၊ ကျန်တဲ့လူတွေ ဘာပြောပြောအမှား၊ င့ါကို လာမယှဉ်နဲ့'... စတဲ့ င့ါစကားနွားရ၊ တဇောက်ကန်း နဲ့ တစ်ဖက်စွန်းရောက်အောင်ထိ အတ္တကြီးကြတယ်။
အကျိုးသင့် အကြောင်းသင့်နဲ့ ရှင်းပြလို့ သူမှားကြောင်း သူ့အသိစိတ်က လက်ခံသွားရင်တောင်မှ မှားပါတယ် ဝန်မခံဘဲ 'မီးခိုးစော်လေးတော့ နံတယ်လို့ထင်သား' လို့ လုပ်တတ်ကြတယ်။
Credit to:ThanlayKo
အဖြူရောင်လေး
Monday, June 16, 2014
သော့ပိုင်ရှင်ကြီး
သော့ပိုင်ရှင်ကြီး 
စိတ်ရောဂါအထူးကုဆေးရုံတစ်ခုတွင်ဖြစ်သည်။ ဆရာဝန်ကစိတ်ရောဂါဝေဒနာသည်ရှစ်ဦးအားနံရံတစ်ခုတွင်ရေးဆွဲထားသောတံခါးကိုဖွင့်ခိုင်းသည်။ တစ်ယောက်ပြီးတစ်ယောက် တံခါးပုံတွင်ပါသော လက်ကိုင်ကာဖွင့်ကြသည်။ သို့သော်လည်း ပုံဆွဲထားသောတံခါးက မပွင့်ပေ။ ခုနှစ်ယောက်တစ်လှည့်စီဖွင့်လို့မရ။ သို့သော်စိတ်ရောဂါဝေဒနာရှင်တစ်ဦးမှာမှု တံခါးးကိုသွား၍မ မဖွင့်ချေ။ ထိုကြောင့် ဆရာဝန်ကထိုသူအား……………. ”ခင်ဗျားတံခါးကိုဘာကြောင့် သွားမဖွင့်တာလဲ” ဟုမေးသည်။ ”သူတို့ဖွင့်နေတာကြည့်ကောင်းလို့ ကြည့်နေတာပါဆရာ။ သူတို့တံခါးကို ဖွင့်လို့ဘယ်ရမလဲ။ တံခါးသော့က ကျွန်တော့်ဆီမှာ” တဲ့
အမြင်ချို့ယွင်းသူ
အမြင်ချို့ယွင်းသူ
အမြင်ချို့ယွင်းနေသူတစ်ယောက် မျက်စိအထူးကု ဆရာဝန်ထံရောက်လာသည်။ ဆရာဝန်က……..
”ကဲမျက်စိဘယ်လိုဖြစ်တာလဲ။ ပြောပါအုံး”
”ဒီလိုပါဆရာ။ ကျွန်တော်ဘာကိုပဲကြည့်ကြည့်။ နှစ်ခုချည်းပဲမြင်နေလို့”
 ”ဒါဆိုစစ်ဆေးရအောင်။ ထိုင်ဗျာ..”
လူနာကဆရာဝန်ရှေ့မှခုံကိုကြည့်ကာ  ခေါင်းကုတ်လိုက်ပြီး….
”ကျွန်တော်ဘယ်ခုံထိုင်ရမှာလဲဆရာ…”တဲ့။
အတော်စဉ်းစားလိုက်ရသော ဆရာဝန်
အတော်စဉ်းစားလိုက်ရသော ဆရာဝန်
တစ်ရက်တွင်ဆရာဝန်တစ်ဦး၏ရုံးခန်းသို့ ၀၀ဖိုင့်ဖိုင့် အမျိုးသမီးတစ်ဦး ရောက်လာသည်။
”အဒေါ်ဘာဖြစ်လို့လဲ..”
”ကိုယ်ခန္စာတစ်ခုလုံးလိုလိုနာနေတယ်ဆရာ။
ဘယ်နေရာမှအထိမခံနိုင်ဘူး”
”အင်း”
ဆရာဝန်ကပြောပြီးနောက် လူနာ၏တစ်ကိုယ်လုံးကိုစစ်ဆေး
ကြည့်သည်။ နားကြပ်နှင့်ထောက်ကာ ကိုယ်ခန္စာအတွင်းမှ အင်္ဂါအစိတ် အစိတ်အပိုင်းများအခြေအနေကို စမ်းသပ်စစ်ဆေးသည်။ မည့်သည့်ထူးခြားမှုကိုမျှမတွေ့ရ။ ထိုကြောင့်လူနာအားခေတ္တကြည့်ကာအဖြေရှာနေစဉ်အမျိုးသမီးလူနာက……
”ဒူးကိုကိုင်ရင်လည်းနာတယ်ဆရာ။ ရင်ဘတ်ကိုဖိရင်လည်းနာတယ်ဆရာ၊ နောက်ဆုံး နားရွက်ကိုကိုင်တာတောင်နာတယ်ဆရာ…..”
ဆရာဝန်အနည်ငယ်ထပ်မံစဉ်းစားပြီးမှအဖြေကိုပြတ်ပြတ်သားသားပြောချလိုက်သည်။ ”ဒါဆို…အဒေါ်ကြီးမှာလက်ချောင်းကလေးတွေကျိုးနေတယ်တဲ့။။
Pages
လာရောက်ကြည့်ရှုသည့် နိုင်ငံများ